Friday, March 20, 2020

ရခိုင်တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတိုး

VOA
ဗွီအိုအေ (မြန်မာဌာန)
20 မတ်၊ 2020
သက်နိုင်
ရခိုင်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို အရပ်သားထိခိုက် သေဆုံး မှုတွေလည်း တိုးလာနေပါတယ်။ မနေ့က ညနေပိုင်းမှာလည်း ပုံဏ္ဏားကျွန်းမြို့နယ် ကုလားတန်မြစ် ဘေးနားကကျေး ရွာမှာပြုလုပ်နေတဲ့ ရှင်ပြုပွဲတစ်ခုကို လက်နက်ကြီးကျပြီး နေအိမ်တွေ မီးလောင်သွားခဲ့သ လို အရပ်သားသေ ဆုံး ထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။ ဒီအကြောင်း စစ်တွေမြို့ကနေ ကိုသက်နိုင်သတင်း ပေးပို့ ထားတာပါ။

ရခိုင်မြောက်ပိုင်းက ပုံဏ္ဏားကျွန်းမြို့နယ် လက်မဆိပ်ကျေးရွာအတွင်း မနေ့က ည၁၂နာရီလောက်မှာ လက် နက် ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်၂၆ နှစ်အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ် ရာရရှိ ကာ နေအိမ်တစ်ချို့ မီးလောင်သွားခဲ့တယ်လို့ လက်မဆိပ် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"ရွာမှာ အလှူပွဲရှိလို့ တရားနာနေကြတာ တရားနာပြီးတော့ ကိုယ့်အိမ်ကို ကိုယ်ပြန်တဲ့အချိန်မှာ မြန်မာတပ် မတော် နေဗီကနေပြီးတော့ မီးတွေမြင်တော့ ပစ်တယ်လို့ထင်တယ်။ အဲဒီအချိန်လက်နက်ကြီးတွေ ပစ်လို့ အလှူရှင်ရဲ့ ညီမ တစ်ယောက် ၂၆နှစ် သေသွားတယ်။ နောက်ပြီးတော့ ရှင်လောင်းတစ်ယောက်ခြေထောက် မှာ ဒဏ်ရာရတယ်။ နောက်အိမ်တစ်အိမ် မီးလောင်သွားတယ်။ စပါးတွေ အိမ်မှာရှိတဲ့ သေတ္တာ တွေပါသွား တယ်။ "

လက်မဆိပ်ကျေးရွာဟာ ပုံဏ္ဏားကျွန်းမြို့ရဲ့ မြောက်ဘက် ၁၈မိုင်လောက်အကွာအဝေး ကုလားတန်မြစ်ကမ်း ဘေးမှာ ရှိပြီး မနေ့က ပစ်ခတ်မှုတွေကြောင့် ဒေသခံကျေးရွာသူကျေးရွာသားတွေ ကြောက်လန့်ထွက် ပြေး နေ ကြတယ်လို့ သူကဆက်ပြောပါတယ်။

" မြန်မာ့တပ်မတော်ကတော့ အမြဲတမ်း နေဗီတွေ (တပ်မတော်ရေတပ်) တက်လာတယ်ဆိုရင် ရွာသားတွေ က ကြောက်လို့ မြစ်နားမှာရှိတဲ့ သူတွေလည်း ကြောက်လို့ တိမ်းရှောင်တဲ့ သူတွေလည်းရှိတယ်။ နောက်ဆို ရင် ရွာမှာလူတောင်မှ ရှိမှာမဟုတ်ဘူး။ မိန်းမတွေအားလုံးကလည်း ကြောက်လန့်နေကြတယ်။"

မနေ့က ပစ်ခတ်မှုဟာ ကုလားတန်မြစ်အတွင်းမှာရှိတဲ့ တပ်မတော်ရေတပ်က ပစ်တာဖြစ်တယ်လို့ ဒေသခံ တွေ က ပြောဆိုပြီး၊ ရခိုင်လက်နက်ကိုင် AAအဖွဲ့ဘက်ကတော့ အဲဒီနားမှာတိုက်ပွဲဖြစ်တာမရှိဘူးလို့ ပြောပါ တယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော်ပြောခွင့်ရသူတွေကို မေးမြန်းဖို့ ဆက်သွယ်ပေမယ့်၊ ဖုန်း လက် ခံဖြေဆိုခြင်း မရှိပါဘူး။ ရခိုင်မြောက်ပိုင်းမှာ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေသေဆုံးတိုင်းမှာ တပ်မ တော် ဘက်ကတော့ သူတို့အနေနဲ့ အကြောင်းမဲ့ပစ်ခတ်တာမဟုတ်ပဲ၊ ရခိုင်လက်နက်ကိုင်တွေက ရွာတွေကို အခြေပြုပြီး လှုပ်ရှားလို့ ပြန်လည်ပစ်ခတ်ရာမှာ အရပ်သားတွေ ထိခိုက်ရတာဖြစ်တယ်လို့ ဖြေကြားလေ့ ရှိပါ တယ်။

စစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ အရပ်သားသေဆုံးမှုတွေနဲ့ မတရားမှုတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ အ တွက် အင်တာနက်လိုင်းတွေလည်း ပြန်ဖွင့်ပေးသင့်သလို သတင်းမီးဒီယာတွေကိုလည်း လွတ်လပ်စွာ သ တင်း ရယူခွင့် ပေးသင့်တယ်လို့ ရသေ့တောင်မြို့နယ်အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

" ဒါကတော့ လူ့အခွင့်အရေး ဆုံးရှုံးတာပဲ ဒါက အစိုးရ တစ်ဦးတစ်ယောက်တည်းနဲ့ ဆိုင်တာ သတင်းစီးဆင်း မှု သတင်းရယူမှုက ပြည်သူလူထုမှာ အခွင့်အရေးရှိတယ်။ ဒါတွေကို လုပ်ပေးဖို့ အစိုးမှာ တာဝန်ရှိတယ်။ ဒါ မှာ မတရားမှုတွေ အရပ်သားသေဆုံးမှုတွေကို ကာကွယ်နိုင်မှာဖြစ်တယ်။ သတင်းအမှောင်ချထားတော့ နောက် ကွယ်မှာ ကွယ်ရာမှာ ဖြစ်ချင်သလို ဖြစ်နေကြတာ မတော်မတရားလုပ်တဲ့ သူတွေက အလင်းကို ကြောက် တယ် လေ။ သူတို့ကအမှောင်ထဲမှာပဲ နေချင်ကြတာ။ သတင်းမီးဒီယာတွေ ဖွင့်ပေးဖို့လိုတယ် အင် တာ နက်တွေ ဖွင့် ပေးဖို့ လိုတယ်။ ဖြစ်နိုင်ရင် နိုင်ငံတကာ သတင်းဌာနတွေကို ပါ ခွင့်ပြုလိုက်ရမှာ။"

ရခိုင်မြောက်ပိုင်းက ပုံဏ္ဏားကျွန်းမြို့နယ်အပါအဝင် မြို့နယ် တစ်ချို့ကို လုံခြုံရေးအရ အင်တာနက်လိုင်း တွေ လည်း ဖြတ်တောက်ထားသလို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */