Monday, December 2, 2019

ရခိုင်မှာ တိုက်ပွဲကြောင့်ထွက်ပြေးရတဲ့ကျေးရွာအချို့မှာ နေအိမ်တွေ ပစ္စည်းတွေယူငင်ဖျက်ဆီးခံထားရ


B B C
ဘီဘီစီ မြန်မာပိုင်း
02 ဒီဇင်္ဘာ 2019
 ရခိုင်ပြည်နယ် မြေပုံမြို့နယ် ညောင်ကန်နဲ့ စေတီတောင်ကျေးရွာတွေက ရွာသားတွေဟာ တိုက်ပွဲဖြစ် ပွား တဲ့အတွက် ကြောက်လန့်ပြီး ရွာကိုစွန့်ခွာထွက်ပြေးနေကြစဉ် အိမ်တွေအကုန်လုံးကို ရိုက်ချိုးဖျက်ဆီးပြီး တန် ဖိုးရှိတဲ့ပစ္စည်းတွေ ယူဆောင်သွားပြီး မယူနိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးခံထားရတယ်လို့ ရွာကိုပြန်ရောက် တဲ့အချိန်မှာ တွေ့ကြုံရသူတွေကပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ကညပိုင်းအချိန် မြေပုံမြို့နယ် စေတီတောင်ကျေးရွာမှာ တပ်မတော်နဲ့ အေအေ တို့ အ ကြား တိုက်ပွဲ ဖြစ်ပွားတဲ့ အတွက် စေတီတောင်ရွာနဲ့ ညောင်ကန်ရွာသားတွေဟာ ကြောက်လန့် စိုးရိမ်ပြီး ရွာ ကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီနောက် ရွာထဲကို တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာခဲ့ပြီး နေအိမ်တွေ အကုန်လုံး ချိုးဖောက် ခံရကာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူဆောင်ခံရသလို မယူဆောင်နိုင်တဲ့ ပစ္စည်းတွေကို လည်း ဖျက်ဆီး ထား ခဲ့တယ်လို့ ရွာကိုပြန်ခဲ့သူ ညောင်ကန်ရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီစွပ်စွဲချက်အပေါ်မှာ တပ်မတော်က တော့ ငြင်းဆိုထားပါတယ်။

ညောင်ကန်ရွာဟာ အိမ်ခြေ ၃၆၀ ရှိတဲ့ ကျေးရွာကြီး တစ်ရွာဖြစ်ပြီး နေအိမ်တွေသာမက ဈေးဆိုင်တွေ၊ အပ် ချုပ်ဆိုင်တွေ အကုန်လုံး ချိုးဖျက်မွှေနှောက်ခံရတယ်လို့ ပြောပါတယ်။ ပါသွားတဲ့ ပစ္စည်းတွေ အတိအကျ ကိုတော့ သူ့အနေနဲ့ မသိရှိပေမယ့် ဒီလို ယူဆောင်ခံရတဲ့ သက်သေ အထောက်အထားတွေကို ရရှိထား တယ် လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်း ကျေးရွာအတော်များများဟာ တိုက်ပွဲ တွေ ဖြစ်ပွားရင် ခုလို အခြေအနေမျိုးနဲ့ ကြုံ
တွေ့ နရပြီး နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်မြိုနယ် ကျောက်ပြင်ဆိပ်ရွာမှာ တစ်ရွာလုံး မွှေနှောက်ခံရပြီး ဆန်စပါးတွေပါ ဖျက်ဆီးခံခဲ့ရတယ်လို့ ရွာသားတွေက ပြောဆိုထားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */