နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ မတ် ၃၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သလူးချောင်းကျေးရွာအနီးတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် တိုက်ပွဲ ပြင်းထန်သဖြင့် အစိုးရတပ်မှ တိုက်လေယာဉ် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု မျက်မြင် ကျေးရွာ လူကြီး တစ် ဦးမှ ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားသောနေရာမှာ ကျောက်တော်မြို့နယ် သလူချောင်း ဒေသ ဖက်ဝန်းချောင်းကျေးရွာနှင့် ခရု သစ်ကျေး ရွာအကြားတွင် ဖြစ်ပြီး ၎င်းကျေးရွာ ၂ ခု၏ နောက်ကြော တောင်ချိုင်ကြားကို တိုက်လေယာဉ် ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သူက ပြောကြားသည်။
“ တိုက်ပွဲဖြစ်တာက နံနက် ၁၀ နာရီခွဲကနေ ၁ နာရီထိ ၃ နာရီနီးပါလောက်ဖြစ်ပါတယ်။ ကျွန်တော်ရွာက တစ်မိုင်ကျော်လောက်မှာ ဖြစ်တာပါ။ အခုနကဘဲ အဲဒီ တောင်ချိုင်တွေကို တိုက်လေယာဉ်နဲ့ လာပစ်ပါ တယ်။ ၉ ချက်လောက်ကြားရပါတယ်။ လက်နက်ကြီးနဲ့ ပစ်တယ်ထင်ပါတယ်။ ဒုတ်.. ဒုတ်နဲ့ အသံကြား ရပါတယ်” ဟု ယနေ့ မွန်းလွဲ ၂ နာရီခန့်က နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်စဉ် သလူးချောင်း ကျေးရွာ လူကြီးက ပြောသည်။
၎င်းပြင် ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက် ၅၃၉ တပ်ရင်းမှလည်း အမြောက်ဖြင့် လှမ်းပစ်သဖြင့် ၎င်းတောင်ကြောတစ်လျှောက်နှင့် ကျေးရွာအနီး လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုများ ရှိနေ ကြောင်း ၎င်းက ပြောကြားသည်။
“ ရပ်ရွာ အခြေအနေတော့ အခုအချိန်ထိ တည်ငြိမ်နေပါတယ်။ အခြေအနေကို နားစွင့်နေကြပါတယ်။ လေ ယာဉ်နဲ့ တိုက်ခိုက်တော့ ရွာသားတွေက ကြောက်လန့် စိုးရိမ်နေကြပါတယ်။ လက်နက်ကြီး ကျည် တွေ လည်း ရွာအနီးနဲ့ အနီးအနားက တောင်တန်းတွေပေါ်မှာ ကျရောက်ပေါက်ကွဲတဲ့ အတွက် ဘာဖြစ်လာမ လဲဆိုပြီး စိုးရိမ်နေကြပါတယ်” ဟု ပြောကြားသည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက “ နေလယ် တစ်နာရီ ခန့်လောက် က သလူချောင်းေ ကျးရွာသားတွေကစိုးရိမ်ပြီး ကျနော်ဆီကို ဆက်သွယ် အကြောင်း ကြားထားတာ ရှိပါ တယ်။ ရွာအနီးတောင်တန်းတွေမှာ ပစ်သံ ခတ်သံတွေကြားနေရတယ်။ လက်နက်ကြီးတွေ ကျတယ်ဆိုပြီး အကြောင်းကြာလာတာရှိပါတယ်။ ရွာနားမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲနေလို့ ရွာသားတွေကြောက် လန့်နေကြတယ်ဆိုတာလောက်ဘဲ သိရပါသေးတယ်”ဟု ပြောသည်။
တိုက်ပွဲမှ သေနတ်သံများမှာ ယနေ့ မွန်းလွဲ ၂ နာရီခန့်က ရပ်တန့်သွားသည်ဟု သိရသည်။
Link: Here

No comments:
Post a Comment