RFA 
ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ တယ်လီဖုန်းကတဆင့် အင်တာနက်ဝန်ဆောင်မှုတွေ ရပ် ဆိုင်းထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-06-22မြောက်ဦးမြို့နယ်က Telenor နဲ့ အင်တာနက် အသုံးပြုသူတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ယာယီရပ်ဆိုင်းဖို့ညွှန်ကြားလာတဲ့ မက်ဆေ့ချ်ကို တွေ့ရစဉ် 
Photo credit - Citizen Journalist
Photo credit - Citizen Journalist
ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ တယ်လီဖုန်းကတဆင့် အင်တာနက်ဝန်ဆောင်မှုတွေ ရပ် ဆိုင်းထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြန်မာ့ဆက်သွယ်ရေး MPT၊ Telenor၊ Ooredoo နဲ့ Mytel ကုမ္ပဏီတွေက အင်တာနက်ဝန်ဆောင်မှုတွေ အား လုံးက ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
MPT က အကြောင်းကြားတာ မရှိပေမယ့် အင်တာနက်သုံးလို့မရတာ သုံးရက်လောက်ရှိပြီဖြစ်ကြောင်း တယ်လီနောကတော့ ဒီနေ့မနက်ပိုင်းမှာမှ အင်တာနက်ယာယီပိတ်ကြောင်း စာပေးပို့ အကြောင်းကြားလာ တယ်လို့ မြောက်ဦးမြို့နယ် ဒေသခံ ဦးစံမောင်သန်းက RFA ကို ပြောပါတယ်။
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံစတဲ့မြို့နယ်ဘက်တွေမှာလည်း အင်တာနက် လုံးဝသုံးလို့မရတော့တာ မှန်ကန်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှက ပြောပါတယ်။
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုကြောင့် အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီ ရပ် ဆိုင်းပြီး ဖုန်းခေါ်တာနဲ့ မက်ဆေ့ချ်ပို့တာကိုသာ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်ဆိုပြီး အသုံးပြု သူတွေ ထံပေးပို့တဲ့ မက်ဆေ့ချ်မှာရေးသားထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။
Link : Here
 

No comments:
Post a Comment