Saturday, March 9, 2019

ရခိုင်စစ်ပွဲကြောင့် ရန်ကုန်မှာ အလုပ်လုပ်တဲ့ ရခိုင်လူ ငယ်တွေကို မိဘတွေ ပြန်ခေါ်

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၉ ရက်

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရန်ကုန်က စက်ရုံ တွေမှာ အလုပ် သွားလုပ်တဲ့ ရခိုင်က လူငယ်တွေကို သူတို့ရဲ့ မိဘတွေက ပြန်လာဖို့ ခေါ်နေတာကြောင့် ရခိုင်ကို ပြန်တဲ့ လူငယ်တွေ ဒီ ရက်ပိုင်း ထဲမှာ များ နေတယ်လို့ ရန်ကုန်ကနေ ရခိုင်ကို ပြန်လာတဲ့ လူငယ်တွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ စက်ရုံ၊ အလုပ်ရုံ တွေမှာ အလုပ် လာလုပ် ကြတဲ့ ရခိုင်လူငယ်တွေ အထူးသဖြင့် အမျိုးသမီးတွေဟာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ သူတို့ရဲ့ နေအိမ်တွေကို ပြန် နေကြတာ ဖြစ်ပါ တယ်။ရခိုင်ပြည်နယ်ကို မကြာခင်က ပြန်လာတဲ့ ပေါက်တောမြို့နယ် သဝင်ချောင်း ကျေးရွာ က အသက် ၁၉ နှစ် အမျိုးသမီးက သူနဲ့ သူငယ်ချင်း ၄ ယောက်က ရခိုင်မှာ စစ်ဖြစ်နေလို့ မိဘတွေက ပြန်ခေါ် လို့ ပြန်လာကြတယ်လို့ ပြောပါတယ်။

စက်ရုံမှာရှိတဲ့ ရခိုင်ပြည်နယ် ကနေ လာ အလုပ်လုပ်တဲ့ သက်တူရွယ်တူတွေလည်း အိမ်ကို ပြန်နေကြတယ် လို့ သူက ဆိုပါ တယ်။ဘူးသီးတောင်မြို့နယ် ဒိုးဝေရွာက အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မခင်ခင်ဝင်းက ရခိုင်မှာ စစ်ဖြစ်လို့ မတည်ငြိမ်ဖြစ်နေတဲ့ အတွက် ရန်ကုန်မှာလည်း အလားတူ ဖြစ်လာမှာကို မိဘတွေက စိုးရိမ်လို့ ပြန်ခေါ်တာကြောင့် သူနဲ့ အတူ ရွာက အမျိုး သမီးငယ် ၈ ဦး အတူပြန်လာတယ်လို့ ပြောပါတယ်။ဒီလို ပြန်နေ ကြတဲ့ အတွက် ကားလက်မှတ်တွေ ရောင်းမလောက် ဖြစ်နေတယ်လို့ ရခိုင်ကို ပြေးဆွဲနေတဲ့ အဝေးပြေး ကားဂိတ်တွေက ပြောပါတယ်။


အောင်ပြည့်စုံ ကားဂိတ်က တာဝန်ရှိသူ တဦးက အမျိုးသမီးငယ် အများစု ပြန်နေကြပြီး တနေ့ကို ကားနှစ်စီး ရခိုင်ကို ပြေးဆွဲ နေရာမှာ အခု ရက်ပိုင်း ကားလက်မှတ်တွေ ရောင်းကုန်ပြီလို့ ပြောပါတယ်။အလားတူ ရခိုင် ကို ပြေးဆွဲနေတဲ့ ကြံတိုင်းအောင် ကားဂိတ်ကို ဆက်သွယ်ကြည့်ရာ မှာတော့ တနေ့ကို ဘတ်စကား ၂ စီး ခရီးသည် ၉၀ စာ ကားလက်မှတ်တွေဟာ မတ်လ ၁၈ ရက်နေ့ အထိ ရောင်းကုန်နေပြီလို့ ပြောပါတယ်။

အခုလို ရခိုင်ကို အစုလိုက် ပြန်ကြတာဟာ ယခင်နှစ်တွေက မရှိသလို သင်္ကြန် ကာလမှာတောင် အခု လောက် အိမ်ပြန်တဲ့ အရေ အတွက် မများဘူးလို့ ဆိုပါတယ်။ပြန်နေကြတဲ့သူတွေရဲ့ အရေအတွက်ကို သေ ချာမသိပေမယ့် ထောင်နဲ့ချီ ရှိနိုင်တယ်ဆိုပြီး ခန့်မှန်း ပြောဆိုမှုတွေ ရှိနေ ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */