RFA
2024.08.25
မောင်တောမြို့တွင် ပိတ်မိနေသည့် ရိုဟင်ဂျာများကို AA အဖွဲ့က နေရာပြောင်းရွှေ့ပေးနေကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က Arakan Bay News တွင် ဖော်ပြထားပုံ။ Arakan Bay News
ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတာ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ဆိုရင် ခုနစ်နှစ် ပြည့်ပါပြီ။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကတော့ ပြစ်ဒဏ်က ကင်းလွတ်နေဆဲပါ။
ဒီလူတွေကို အပြစ်မပေးနိုင်ရင် အလားတူ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ဆက်ဖြစ်နေဦးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Nicholas Koumjian က သြဂုတ် ၂၂ ရက်နေ့က ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်တပ်ကို တစ်နိုင်ငံလုံးက ပြန်ပြီးတော်လှန်ချိန်မှာတော့ တစ်ချိန်က သူတို့ အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက လက်ကိုင်တုတ်အဖြစ် ပြန်အသုံးချလာပါတယ်။

ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ၂၀၂၄ မတ်လကစလို့ အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းပြီး အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကို ခုခံဖို့ တိုက်ပွဲတွေဆီ စေလွှတ်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း စစ်မှုထမ်းဥပဒေဟာ ရိုဟင်ဂျာတွေနဲ့ မသက်ဆိုင်ပါဘူး၊ ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ခေါ်တာမရှိဘူးလို့ စစ်ကောင်စီက အကြိမ်ကြိမ် ငြင်းဆိုပါတယ်။
ဒါပေမဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်စခန်းသိမ်းတိုက်ပွဲတွေမှာလက်နက်ကိုင် ရိုဟင်ဂျာရုပ်အလောင်း တွေ၊ ဖမ်းဆီးရမိသူတွေရှိကြောင်း မတ်လ ၁၇ နဲ့ မေလ ၁၈ ရက်တွေမှာ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့အတူ AA က ထုတ်ပြန်ခဲ့ပါတယ်။
ရိုဟင်ဂျာအများစုနေထိုင်တဲ့ မောင်တောနဲ့ ဘူးသီးတောင် မြို့နှစ်မြို့ရှိပါတယ်။ ဘူးသီးတောင်ကိုတော့ AA က သိမ်းပိုက်ထားပြီးပါပြီ။ မောင်တောမှာ သြဂုတ်လ ၄ ရက်ကစလို့ AA နဲ့ စစ်ကောင်စီ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေ သောင်းနဲ့ချီ ထွက်ပြေးနေရပါတယ်။ မြို့ပေါ်မှာလည်း ရိုဟင်ဂျာ ထောင်နဲ့ချီ ပိတ်မိနေပါတယ်။
ရိုဟင်ဂျာ နှစ်သောင်းလောက်ကို လှဖိုးခေါင်စခန်းနဲ့ AA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ နေရာချ ထားပေးပေမယ့် သူတို့အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်။
လက်ရှိမှာ ရိုဟင်ဂျာသုံးထောင်ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်သွားပြီး ထောင့်ငါးရာလောက် ကတော့ ထွက်ပြေးဖို့ နတ်မြစ်ကမ်းမှာ စောင့်ဆိုင်းနေကြဆဲပါ။
သြဂုတ်လ ၅ ရက်နေ့က နတ်မြစ်ကမ်းမှာ စောင့်နေချိန် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

သြဂုတ်လ ၆ ရက်နေ့က ရိုဟင်ဂျာ ၂၉ ဦး စက်လှေနဲ့ ထွက်ပြေးချိန် နတ်မြစ်ထဲမှာ လှေမှောက်ပြီးဆယ် ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အလားတူ ဩဂုတ်လ ၁၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး တဲ့ ရိုဟင်ဂျာအယောက်လေးဆယ်ထဲက ၃၆ ယောက် လှေနစ်ပြီးသေဆုံးခဲ့ရပါတယ်။ အမျိုးသ မီးတစ်ယောက်နဲ့ ကလေးတစ်ယောက်အပါအဝင် လေးယောက်သာ အသက်ရှင်ခဲ့တာပါ။
မောင်တောက ရိုဟင်ဂျာတွေကို ရခိုင်စစ်သားတွေက ထွက်သွားခိုင်းတယ်လို့ အသက်ရှင်ကျန်ခဲ့သူ တစ်ယောက်က RFA ကို ပြောပါတယ်။
ဆက်နွယ်သောသတင်းများ
- မောင်တောတိုက်ပွဲကြောင့် ရိုဟင်ဂျာ တစ်ထောင်ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး
- နတ်မြစ်ထဲ နစ်မြုပ်တဲ့လှေက ရိုဟင်ဂျာ ၃၄ ဦးအလောင်းတွေ့ရှိ
- ရခိုင်ပြည်နယ်ကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ
ဘူးသီးတောင် မောင်တောဒေသမှာ အကူအညီ ပေးနေတဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ကူညီရေးအဖွဲ့တွေဟာ ဆိုးရွားလာတဲ့ လုံခြုံရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စလို့ ဘေးလွတ်ရာ ရွှေ့ပြောင်းသွားကြပါပြီ။
ဘင်္ဂလားဒေ့ရှ် ကော့ဘဇားဒုက္ခသည်စခန်း အကြီးအကဲကတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း လူ ငါးသောင်းကျော်လောက် ထပ်ရောက်လာတယ်လို့ ပြောပါတယ်။
လက်ရှိမှာ ကော့ဘဇားဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ တစ်သန်းလောက်ရှိနေပါတယ်။ အများစုက ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့စစ်ဆင်ရေးကြောင့် ထွက်ပြေးလာရသူတွေပါ။
ရောက်နေတဲ့ ဒုက္ခသည်တစ်သန်းကျော်ကို ဆက်ထောက်ပံ့မယ်လို့ မကြာသေးခင်က ဖွဲ့လိုက်တဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ကတိပြုထားပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေကို ထပ်ပြီး လက်မခံနိုင်တော့ဘူးလို့ ပြောထားပါတယ်။ တခြားနိုင်ငံတွေကလည်း လက်ခံပေးကြဖို့၊ ရိုဟင်ဂျာတွေကို တိုက် ခိုက်တာရပ်အောင် တစ်ကမ္ဘာလုံးက ဖိအားပေးကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားအနီးရှိ Palang Khali သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာများအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo : Reuters)
ရိုဟင်ဂျာတွေ တရားမျှတမှုရဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ရပေမယ့်၊ တရားမျှတမှုရဖို့ နောက်ကွယ်က ကြိုးပမ်းအားထုတ်နေတယ်လို့ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Beth Van Shaack) က သြဂုတ်လ ၂၁ ရက်နေ့က RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပါအဝင် လူသောင်းနဲ့ချီ ထွက်ပြေးရမှုမှာ စစ်ကောင်စီနဲ့ အာရက္ခ တပ်တော် (AA) မှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ဩဂုတ်လ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။

No comments:
Post a Comment