" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 15, 2023

ရခိုင်တိုက်ပွဲ ပထမနေ့မှာတင် ရဲ ၃၀ ခန့် အလင်းဝင်သလို၊ စစ်ကောင်စီတပ်သား ၁၁ ဦး သုံ့ပန်းမိခဲ့ပေမယ့် AA ရဲဘော် ခြောက်ဦးကျဆုံးခဲ့ရတယ်လို့ AA ထုတ်ပြန်

မော်ကွန်း
စစ်တွေ (မော်ကွန်း)
၂၀၂၃ နိုဝင်ဘာ ၁၄
 

စစ်ဆင်ရေးပထမနေ့မှာ ရဲအယောက်သုံးဆယ်နီးပါး လက်နက်နဲ့အတူအလင်းဝင်သလို စစ်ကောင်စီ တပ်သား ၁၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပေမယ့်သူတို့ရဲဘော်ခြောက်ဦးကျဆုံးခဲ့ရတယ်လို့ရက္ခိုင့် တပ်တော်(AA )က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

မနေ့ကစတင်တဲ့ တိုက်ပွဲအတွင်း စစ်တွေ-မောင်းတော-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးလမ်းပေါ်က ဒုံး ပိုက် နယ်ခြားစောင့် တပ်စခန်းကို AA တပ်တွေက သိမ်းခဲ့နိုင်သလို ဒီမနက်မှာ ချိန်ခါလီနယ်ခြား စောင့် တပ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

ရသေ့တောင်၊ မောင်တောနဲ့ မင်းပြားမြို့နယ်တွေထဲက နေရာငါးခုမှာ စစ်ကောင်စီတပ်နဲ့ AA တို့ မနေ့ က တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၂၀ ကျော်ကျဆုံးတာကို မျက်မြင်တွေ့ရ သ လို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ AA က ထုတ်ပြန်ပါတယ်။

မင်းပြားမြို့နယ်က တိုက်ပွဲနှစ်ခုအတွင်း စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းက ကြည်း-၄၁၅၉၇ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး) ၊ ကြည်း-၅၀၇၃၂ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး) အပါအဝင် ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပြီး ထိုတိုက်ပွ တွေအတွင်း ၁၀ ဦးကျော် သေတာကို မျက်မြင်တွေ့ရ တယ်လို့ ဖော်ပြတယ်။

ဒါ့အပြင် မောင်တောမြို့နယ်၊ သင်္ဘောလှရွာအနီး စစ်ကောင်စီတပ်၊ ခလရ(၂၃၂)တပ်ရင်းနဲ့ မနေ့တုန်း ကတိုက်ပွဲမှာ သုံ့ပန်းတစ်ဦးဖမ်းမိခဲ့သလို ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် ၁၄ ယောက်သေ တာကို တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းက ရဲ ၂၂ ယောက်နဲ့ အခြားနေရာတွေက ရဲခြောက်ယောက် ဟာ သူတို့ထံကို မနေ့တုန်းက အလင်းဝင်လာတယ်လို့ ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ AA က ထုတ်ပြန် ပါတယ်။

မနေ့ကတစ်ရက်ထဲမှာ နယ်ခြားစောင့်တပ်စခန်းနဲ့ ရဲစခန်းပေါင်း (၄၀) နီးပါးကို စစ်ကောင်စီဘက်က စွန့်လွှတ်ထားခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နယ် ခြားစောင့်ရဲကင်းစခန်းငယ်ဖြစ်တဲ့ ဒုံးပိုက်စခန်းကို AAက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အနေနဲ့ ကြည်း၊ ရေပူးပေါင်းစစ်ဆင်ချေမှုန်းနေတယ်လို့ မနေ့က စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ဖြေကြား ထားပါတယ်။

ပုံစာ- ဒီမနက် ၇ နာရီ ဝန်းကျင်က သိမ်းပိုက်ခဲ့တဲ့ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီရွာက စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းဆိုင်းဘုတ်ကို AA တပ်ဖွဲ့ဝင်တစ်ဦးက ဖြုတ်ချနေစဉ်ဓါတ်ပုံ- AA သတင်း ပြန်ကြားရေး။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */