" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, July 7, 2019

အမ်းမြို့နယ်ဓာတ်တော်ရွာမှ ခိုင်သုခဆွေမျိုးတစ်ဦး အပါအဝင်လူနှစ်ဦးကို စစ်တပ်ကခေါ်ဆောင်သွား

နိရဉ္စရာ
ခိုင်လူလှ
နိရဉ္စရာ၊ ဇူလိူင် ၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဓာတ်တော်ကျေးရွာမှ ရက္ခိုင်တပ်တော် (AA) ၏ ပြောခွင့်ရသူ ခိုင်သုခ၏ ဆွေ မျိုးတော်စပ်သူ တစ်ဦးအပါအဝင် လူနှစ်ဦးကို စစ်တပ်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားပြီး ယခု အ ခါ ၎င်းတို့အား အမ်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။
ဓာတ်တော်ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းက မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားကြောင်း နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
 
“ မနေ့က နံနက် ၈ နာရီ ၉ နာရီလောက်မှာ ခေါ်ယူသွားတာပါ။ ကျွန်တော်ဆီကိုတော့ အကြောင်းကြားပါ တယ်။ ဒီလူ ဒီလူတွေကို မေးမြန်းစရာရှိတဲ့အတွက် ခေါ်ယူသွားမယ်ဆိုပြီး အဲသလို အကြောင်းတာရှိပါတယ်။ ဘာကြောင့်ခေါ်ယူတယ်။ ဘာကြောင့် မေးမြန်းစရာရှိတယ်ဆိုတာတော့ မပြောပါဘူး။ မေးစရာရှိ တယ်လို့ဘဲ ပြောပါတယ်” ဟု ၎င်းက ပြောကြားသည်။

ခေါ်ယူခြင်းခံရသူ ၃ ဦးမှာ ခိုင်သုခ၏ ယောက်ဖတော်စပ်သူ ရွာလယ်ပိုင်းမှ မောင်ဖြူသန်း၊ ရွာထိပ်မှ ဦးစံအောင်ကျော်နှင့် ပေါက်တောမြို့နယ်မှ ဦးရဲဘော်သူတို့ဖြစ်ကြောင်း ၎င်းကအတည်ပြု ပြောကြားသည်။

ဦးမောင်ဖြူသန်း၏ ဆွေမျိုးတော်စပ်သူ တစ်ဦးကလည်း စစ်ဆေးစရာရှိသည်ဟု ဆိုကာ ကားဖြင့် ခေါ်ယူသွားခြင်းဖြစ်ပြီး လောလောဆယ် အမ်းမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သတင်းရ၍ မိသားစုများ အမ်းသို့သွားနေကြောင်း ပြောကြားသည်။

အမ်းမြို့မရဲစခန်းမှူးသို့ ယနေ့နံနက် ၉ နာရီခွဲက ဖုန်းဆက်သွယ်ရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိဘဲ ဖုန်းချသွားခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */