Sunday, August 18, 2019

စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၃ဝကိုစစ်တွေ တွင်ဆက်လက်ပညာသင်ကြားနိုင်ရန် စီစဉ်

နိရဉ္စရာ
နီမင်းထွန်း
နိရဉ္စရာ ၊ သြဂုတ် ၁၈/၂ဝ၁၉


ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ ပညာသင်ကြားရန် အခက်အခဲဖြစ်နေသည့် ကျောင်းသား ကျောင်းသူ ၃ဝ ကို စစ်တွေမြို့တွင် ပညာဆက်လက် သင်ကြားခွင့်ရရှိနိုင်ရန် စီစဉ်နေသည်ဟု သတင်းရရှိ သည်။

၎င်းကျောင်းသားများမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ အကြား ဖြစ်ပွားနေသော စစ်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာပြီး ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ ကျောက်တော် ၊ မင်းပြား စသည့်မြို့ နယ် များရှိ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။

ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ(AASC) မှ ဦးဝိုင်းမောင်က “ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင် မြို့ နယ် ၊ ကျောက်တော်မြို့နယ် ၊ မင်းပြားမြို့နယ် စတဲ့ စစ်ဘေးရှောင်စခန်းက ၈တန်း ၊ ၉တန်း ၊ ၁ဝတန်း ကျောင်းသား ၊ ကျောင်းသူ (၃ဝ)ရောက်ရှိလာပါတယ်။ ကျောင်းသားက (၂၁)ယောက်နဲ့ ကျောင်းသူက(၉) ယောက်ပါ။ ကျောင်း သားတွေကိုတော့ ရွှေစေတီကျောင်းမှာ ထားတယ်၊ ကျောင်းသူတွေကိုတော့ ရခိုင် တစ်မျိုးသားလုံးကော်မတီဝင် ဒေါ်လှနုစိန်အိမ်မှာ ထားပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

စစ်ဘေးရှောင်ခန်းမှ ပညာသင်ကြားခွင့်မရသော ကျောင်းသား ၊ ကျောင်းသူများကို ဇွန်လမှ စ၍ သံတွဲမြို့ တွင် ပညာသင်ကြားပေးလျှက်ရှိနေပြီး ယခု ကျောင်းသား ကျောင်းသူများကို မူ သံတွဲကျောင်းတွင် ဝန်ထုပ် ဝန်ပိုး ပိုဖြစ်သွားမည်ကို စိုးရိမ်၍ စစ်တွေမြို့တွင် ပညာသင်ကြားနိုင်ရန် စီစဉ်ပေးသွားမည်ဟု ရခိုင်တစ်လုံး သားလုံး ညီညွတ်စေရန် ရည်ရွယ်သည်ဟု ဦးဝိုင်းမောင်က ဆက်ပြောသည်။

“ရခိုင်ပြည်နယ်တွင် ပညာတတ်များပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပါတယ်။ ဇွန်လ၁ရက်နေ့ ကျောင်းဖွင့်လို့ အပြီး ပညာသင်ကြားခွင့် မရတဲ့ စစ်ဘေးရှောင် စခန်းမှ ကျောင်းသား ၊ ကျောင်းသူတွေကို ပညာသင်ကြားနိုင်ရေးအတွက် သံတွဲခရိုင်မှာ ပါတဲ့ တောင်ကုတ် မြို့နယ် ၊ ဂွမြို့နယ်မှာရှိတဲ့ ကော်မတီတွေနဲ့ ပူးပေါင်းဆွေး နွေးလို့ သံတွဲမှာထားရန်စီခဲ့တယ်။ ဒါက တောင်ပိုင်း မြောက်ပိုင်း ခွဲခြားမှုမရှိဘဲ ကူညီပေးခြင်းနဲ့ ရခိုင်ပြည် နယ် မှာ ပညာတတ်များ ပေါ် ပေါက်လာစေရန် ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှ ပညာသင်ကြားရန်အတွက်လာရောက်သော မြောက်ဦး မြို့နယ် လက္ကာ ကျေး ရွာမှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုဦးဝင်းနိုင် “ ကျနော် ကျောင်းအရမ်း တက်ချင်ပါတယ် ၊ စာကိုလည်းကြိုးစာချင်တယ်။ ဒါပေမဲ့ ရွာနားမှာ စစ်ပွဲတွေ ဖြစ်နေတော့ ကျောင်းဆရာ ၊ ဆရာမ တွေလည်း မရှိတော့ဘူး။ ကျောင်းလည်း မဖွင့်တော့ဘူး။ ကျနော်တို့လည်း မြောက်ဦးမြို့က စစ်ဘေးရှောင်စခန်းမှာပဲ နေခဲ့ရတယ် ”ဟု နိရဉ္စရာသတင်းဌာနသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့်နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းမှ ပညာသင်ကြားရန် ရောက်ရှိ လာသည့်ကျောင်းသား ၊ ကျောင်းသူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် အလှူငွေများလည်း လိုအပ်သည်ဟု ရ ခိုင် တမျိုးသားလုံး ညီညွတ်ရေးကော်မတီ(AASC) အဖွဲ့ဝင်များကပြောသည်။

အလှူဝင်ငွေများ လှူဒါန်းလိုပါက -ဦးမောင်ညွန့်စိန် (ဖုန်း ဝ၉၂၆၂၂၅၂ဝ၃၃) ၊ ဦးမောင်သာစိန်( ဖုန်း- ဝ၉၂၅ဝ၁၂၄၅၁၈) ၊ ဒေါ်လှနုစိန် (ဖုန်း- ဝ၉၂၅၁၁၁၁၁၉၃) တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရှိရ သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */