Monday, February 3, 2020

အိုင်စီဂျေကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အား ချောက်ချ လို သူများရှိဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

မြန်မာတိုင်းမ်နေ့စဉ်
စွမ်းရဲထွဋ်
03 FEB 2020
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ ဓာတ်ပုံ- စွမ်းရဲထွဋ်

အိုင်စီဂျေကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အား ချောက်ချလိုသူများရှိကြောင်း တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်ရှိ တပ်မ တော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ချောက်ချချင်တဲ့သူများတယ်လို့ပဲ ကျွန်တော် ပြောချင်တယ်။ ချောက်ချ ချင် တဲ့သူများတယ်ဆိုတာက တပ်မတော်တင်မကပါဘူး၊ အဲ့ဒီမှာလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပတ် သက်ပြီးတော့ ချောက်ချချင်တဲ့ဟာတွေများပါတယ်။ အဲ့လို လုပ်နေတဲ့အပိုင်းတွေလည်း ရှိပါတယ်။ အရင် တုန်းက တိုက်ပွဲတွေ ဖြစ်လာတဲ့အချိန်မှာ ဘင်္ဂါလီ တွေနဲ့ပတ်သက်ပြီးတော့ မူစလင်တွေနဲ့ပတ်သက်ပြီး သေ တာ ကျတော့ တော်တော်နည်းတယ်။ ရွာတွေမှာ အဲ့လိုဖြစ်တာမရှိဘူး။ အခုနောက်ပိုင်းမှာက ပိုပြီး ဖြစ်လာ တယ်။ ခပ်စိတ်စိတ်ကလေး ဖြစ်လာတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေနဲ့ကတော့ လုပ်ရကိုင်ရတဲ့နေရာမှာ ပိုပြီးတော့သတိထားဆောင်ရွက်နေရတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ AA က လက်နက်ကြီးပစ်ခတ် သဖြင့် ရွာသူ၊ ရွာသားများသေဆုံးခြင်းနှင့် ဒဏ်ရာရသူများကိစ္စ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သိန်း တန် မူစလင်ကျေးရွာ၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်တွင် AA က အမျိုးသမီးများအပေါ် မုဒိန်းမှုကျူး လွန် သည့် ကိစ္စနှင့် တပ်မ တော်နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သော သူရဦး အောင်ကို၏ ပြောကြားချက်များနှင့် ပတ်သက်သည့်ကိစ္စတို့ကို ဗီဒီယို သက်သေအထောက်အထားများဖြင့် ရှင်းလင်းခဲ့သည်။

အိုင်စီဂျေဆုံးဖြတ်ချက်ချပြီးနောက် တပ်မတော်က အစိုးရလုပ်ဆောင်ချက်များ အခက်အခဲဖြစ်ပေါ်အောင် ဆောင် ရွက်နေကြောင်း၊ ကျေးရွာများအတွင်း ကျရောက်သည့် လက်နက်ကြီးကျည်များမှာ တပ်မတော် ကြောင့်ဖြစ်ကြောင်း ဝေဖန်မှုများ မြင့်တက်လျက်ရှိရာ ယင်းကိစ္စများကို မြန်မာ့တပ်မတော်က မပြုလုပ် ကြောင်း ၊ တပ်မတော်အနေဖြင့်လည်း ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သည့်အလုပ်မလုပ်ကြောင်းဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

“အရင်က အနှစ်နှစ်ဆယ်လောက် ဘာပြဿနာမှမဖြစ်ဘူး။ ARSA ကိစ္စတွေ ဖြစ်တော့လည်း အဲ့ဒီ ရွာတွေ မှာ ဘာမှမဖြစ်ဘူး။ အခုအချိန်မှ ဖြစ်တဲ့ဟာမျိုးတွေဖြစ်လာတယ်။ အိုင်စီဂျေကပြောလိုက်တဲ့ဟာက state ကိုပြောတာဖြစ်ပါတယ်။ state ဆိုတာသည် အားလုံးနဲ့အကျုံးဝင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်က လည်း အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ အဲ့ဒါတွေကို ကျွန်တော်တို့တပ်မတော်ကလည်း ဘာဖြစ်လို့ လုပ်ကြံ ဖန်တီးရမှာလဲ။ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းတော့ မစွပ်ဘူးလို့ပြောချင်ပါတယ်။ ကိုယ့်လည်ပင်းကိုတော့ ဘယ်ကောင်မှ လာပြီးတော့ကြိုးကွင်းထဲကို သွားပြီး တော့ လည်ပင်းသွား စွပ်ပြီးမလုပ်ဘူးလို့ပြောလိုပါတယ်”ဟု ၎င်းက ဆိုသည်။

 Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */