Wednesday, October 7, 2020

ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

Myanmar Now
သန့်မြတ်ခိုင်
Oct 7, 2020

တပ်မတော်စစ်ကြောင်းက ဒေသခံ ၁၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် တိုက် ပွဲဖြစ်ပွားခဲ့ရာတွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့ဝင် ဆိုင်းဘုတ်ကို ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - သန့်မြတ်ခိုင်/ Myanmar Now) 
 
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဒေသခံ ၁၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး၍ တစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဘူးသီးတောင်မြို့နယ် ဝါရှိလ္လာကျေးရွာ၊ ကြက်မောက်တောင်ရွာနှင့် ပြင်ရှည်အရှေ့ရွာတို့မှ ဒေသခံ ၁၅ ဦးကို အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် ပြင်‌ရှည်အရှေ့ရွာသား အဒူကော်ရိန်က ပြောသည်။

“ကျွန်တော်တို့က ဝမ်းတွင်းကျေးရွာရဲ့ တောင်တစ်ဘက်မှာ နွားကျောင်းနေကြတာ။ အဲဒီမှာ စစ်ကြောင်း တစ်ခု က တောင်ကျော်ပြီး အ‌ရှေ့ဘက်ကို ဦးတည်လာတယ်။ လာတဲ့အချိန်မှာ လမ်းမသိလို့ ကျွန်တော်တို့နဲ့ ခဏ လိုက်ရမယ်ဆိုပြီးတော့ ခေါ်သွားတာ” ဟု ၎င်းက ပြောသည်။

ထိုသို့ ခေါ်ဆောင်သွားပြီး ခမွေချောင်းရွာနှင့် ဝမ်းတွင်းရွာအကြား အရောက်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ် ပွား၍ ထွက်ပြေးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

    “လမ်းမသိဘူးဆိုပြီးတော့ ၁၅ ယောက်လုံးကို ရှေ့က သွားခိုင်းတယ်။ အဲလိုသွားခိုင်းပြီး လမ်းတစ်ပိုင်းအ ရောက်မှာ အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ကြတာ။ ဖြစ်တဲ့အချိန်မှာ သူတစ်ကြောင်း၊ ကိုယ်တစ်ကြောင်း ထွက် ပြေးကြတယ်။ သေသွားတဲ့လူတွေက ဘယ်လိုသေကြတယ်ဆိုတာကို အဲဒီအချိန်မှာ ကျွန်တော်တို့ မပြော နိုင်တော့ဘူး” ဟု အဒူကော်ရိန်က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာ အနီးတွင် နွားကျောင်းနေသူများ ငါးရှာနေစဉ် ကျည်ဆန်ထိမှန်သဖြင့် သေဆုံး၊ ဒဏ် ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။

"ကျွန်တော်တို့ သိတာက နွားကျောင်းသွားဖို့ သွားကြတယ်။ တိုက်ပွဲကလည်း ဖြစ်နေတယ်ဆိုတော့ တိုက်ပွဲ ကြား ထဲမှာ ငါးရှာတဲ့အချိန် ကျည်ဆန်ကျတယ်လို့ ရပ်ကျေးက ပေးပို့တဲ့သတင်းထဲမှာ အဲလိုပဲပါတယ်။ (လမ်းပြ) ခေါ်ယူသွားတယ်လို့ မသိရဘူး" ဟု ၎င်းက ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူများအနက် ဆော်ဒူလာမိန်ဆိုသူမှာ ဒဏ်ရာပြင်းထန်သဖြင့် ဘူးသီးတောင်ဆေး ရုံတွင် ကုသမှုခံယူနေသည်ဟု ပြင်ရှည်အရှေ့ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးဆောလိမ်က ပြောသည်။

ပြင်ရှည်အရှေ့ရွာမှ အသက် ၁၇ နှစ်အရွယ် အာနဝါဟူးဆောင်းနှင့် အသက် ၁၂ နှစ် အရွယ် အာယရ်တူလာ တို့ နှစ်ဦးကို မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာအနီးတွင် ကျည်ထိမှန်ဒဏ်ရာ များဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ပြောသည်။

“ပြန်ရောက်မလာတဲ့သူတွေရဲ့ မိသားစုတွေက ငိုယိုပြီး အကူအညီလာတောင်းကြတယ်။ ဒီနေ့မနက်က ၅၆၅ တပ်ရင်းကိုသွားပြီးတော့၊ အရာရှိတစ်ယောက်ကို သွားပြောပြီးတော့ သူတို့ကလည်း စစ်ကြောင်းကို ဆက် သွယ်ပြီးပြောတယ်။ အဲဒီအချိန်မှာ မိသားစုတွေက သွားရှာကြတာ။ ရှာတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေ ရာအနီက တာတစ်ခုမှာ သေပြီးတွေ့ရတယ်လို့ ပြောပါတယ်” ဟု ပြင်ရှည်အရှေ့ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ခမွေချောင်းနှင့် ဝမ်းတွင်းရွာအကြား အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တို ဘာ ၆ တွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်ကို ဒေသခံများ၏ ပြောဆိုချက်အရ သိရကြောင်း ဘူးသီး တောင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ဒေသခံ ၁၅ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက လမ်းပြအဖြစ်ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ တပ်မေ တာ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

လတ်တလောတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မင်းပြားမြို့နယ်များတွင် တိုက် ပွဲများ ဖြစ်ပွားလျက်ရှိပြီး ရသေ့တောင်မြို့နယ်အတွင်း မေယုမြစ်ကမ်းဘေးရွာများဖြစ်သော ပြင်ဝန်းကျေးရွာ၊ စေတီပြင်နှင့် ကံပြင်ကျေးရွာများ၌ အောက်တိုဘာ ၆ တွင် လက်နက်ကြီးကျည်များ ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“တပ်မတော်ဇက်ရေယာဉ်တွေက မေယူမြစ်ကြောင်းအတိုင်း အပေါ်ကိုတက်လာတယ်။ ပြင်ဝန်းနဲ့ မှန်နီပြင် ကြား အရောက်မှာ AA (ရက္ခိုင့်တပ်တော်) က စပစ်တယ်လို့ သိရပါတယ်။ ဘယ်နှစ်ချက်ပစ်လဲ ဆိုတာကို မသိဘူး။ ဇက်က ပြန်ပစ်တာက အများကြီး” ဟု ပြင်ဝန်းကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသွားသူများမှာ ပြင်ဝန်းကျေးရွာမှ အသက် ၉၁ နှစ်အရွယ် ဦးမောင်စိုးနှင့် ဗုံးခိုကျင်းတွင် ပုန်းခို နေသည့် ၎င်း၏မြေးတော်စပ်သူ အသက် ၈ နှစ်အရွယ် မောင်မျိုးသန့်ဇင်ဖြစ်ပြီး လက်ရှိတွင် စေတီပြင်တိုက် နယ် ဆေးရုံသို့ ပို့ဆောင်ထားသည်။

လက်နက်ကြီးကျည် ထပ်မံကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်ကြောက်လန့်သဖြင့် ပြင်ဝန်းကျေးရွာသား များ သည် ရသေ့တောင်မြို့ပေါ်နှင့် စေတီပြင်ကျေးရွာသို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် တပ်မတော်ရေယာဉ်၏ ပစ်ခတ်မှုကြောင့် မေယုမြစ် ကမ်း တလျှောက်ရှိ ကျေးရွာများမှ ဒေသခံများသည် စက်တင်ဘာလဆန်းပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင် လျက် ရှိကြသည်။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC) အဆိုအရ ရခိုင်ပြည်နယ်တွင် တိုက် ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူ စစ်‌ရှောင်အရေအတွက်မှာ အောက်တိုဘာ ၁ အထိ ၂၂၆,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */