" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, September 20, 2019

ရိုဟင်ဂျာကို လူမျိုးအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ မြန်မာ အစိုးရကို ဥရောပပါလီမန်တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-09-19
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ။
Photo: AFP

                                                                    
 ကမ္ဘာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့ ဥရောပပါလီမန်က နှစ်စဉ် ပြန်လှန်သုံးသပ်သလို၊ အဲဒီနိုင်ငံတွေအပေါ် သူတို့ရဲ့သဘောထားနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ရှိပါတယ်။

ဒီနှစ်မှာလည်း ပြီးခဲ့တဲ့ရက်က ဆွေးနွေးသုံးသပ်ခဲ့ကြပြီး မြန်မာ၊ အီရန်နဲ့ တူရကီနိုင်ငံတို့က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို မနေ့က စက်တင်ဘာလ ၁၉ ရက်နေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သုတ်သင်ရှင်းလင်းတဲ့လုပ်ရပ် ကျူးလွန် ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ရဲ့ အစီရင်ခံစာကို ထောက်ပြထားပြီး၊ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာ၊ ခံနေရတာတွေနဲ့ ပတ်သက်လို့ ဥရောပပါလီမန်က ပြင်း ပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း အပါအဝင် အချက် ၁၅ ချက် ပါတဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ပါ တယ်။

အမှတ်စဉ် ၁ နဲ့ ၂ မှာတော့ မြန်မာ့တပ်မတော်ဟာ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ လူ့အခွင့်အေ ရးဥပဒေ တွေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချတဲ့ အကြောင်းနဲ့ ရိုဟင်ဂျာတွေရော တခြား တိုင်းရင်းသားတွေနဲ့ပါ မပြီးသေး တဲ့ပဋိပက္ခတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ချက်ချင်းရပ်အောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့အစိုးရက ဆောင်ရွက်ပေးဖို့ တောင်းဆိုထားတာတွေ့ရပါတယ်။

အမှတ်စဉ် (၃) မှာတော့ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမှာ အင်တာ နက်ဆက်သွယ်ရေးသုံးလို့မရအောင် ဖြတ်တောက်ထားတဲ့ ညွှန်ကြားချက်ပြန်ရုပ်သိမ်းဖို့၊ ထိထိရောက်ရောက် ဝေဖန် ထောက်ပြတဲ့ စာနယ်ဇင်းနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ပေးဖို့ ရခိုင်၊ ကချင်နဲ့ ရှမ်း ပြည်နယ် တွေကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာလေ့လာသူတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ လေ့လာစောင့်ကြည့်သူတွေကို လွတ်လွတ်လပ်လပ်သွားလာခွင့်ပြုဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။

အမှတ်စဉ်(၄) ကတော့ ရိုဟင်ဂျာကိုလည်း မြန်မာနိုင်ငံကတိုင်းရင်းသား ၁၃၅ မျိုးနည်းတူ လူမျိုးတမျိုး အဖြစ် တရားဝင်အသိအမှတ်ပြုဖို့ မြန်မာအစိုးရကိုတောင်းဆိုထားတာတွေ့ရပါတယ်။

အမှတ်စဉ် (၅) ကတော့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂနဲ့ မြန်မာ့နိုင်ငံလူ့ အခွင့် အရေးကော်မရှင်တို့ရဲ့ဆွေးနွေးမှုကို အသိအမှတ်ပြုတယ်လို့ဆိုပါတယ်။

အမှတ်စဉ် (၆) ကတော့ လူ့အခွင့်အရေးချိုးဖောက်ထားတဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ မြန်မာအစိုးရ ရော တပ်မ တော်ဘက်ကပါ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ပြီး၊ တရားခံတွေကို အမြန်ဆုံးတရားရုံးတင်ဖို့ တိုက်တွန်းထားပါတယ်။

အမှတ်စဉ် (၇) ကတော့ မြန်မာနိုင်ငံက ရာဇဝတ်ကျူးလွန်သူတွေနဲ့ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှုရှိ ဖို့အတွက် ကုလသမဂ္ဂကဖွဲ့ထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အဖွဲ့ IIMM ကို ငွေကြေးရော၊အခြား လိုအပ်ချက်တွေပါ ပံ့ပိုးဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုထားတာ တွေ့ရပါတယ်။

အမှတ်စဉ် (၈) ကတော့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးချိုးဖောက်ထားတဲ့ မြန်မာ့ တပ်မတော် က ထိပ်ပိုင်းအရာရှိတွေ၊ နယ်စပ်လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့က အရာရှိတွေကို EU နိုင်ငံခြားရေးရာကောင်စီက ဒဏ်ခတ်ပိတ်ဆို့တာကို ကြိုဆိုလိုက်သလို၊ မြန်မာကို လက်နက်တင်ပို့ရောင်းချတာ ပိတ်ဆို့တားမြစ်ဖို့နဲ့ တဦးချင်းသတ် မှတ်အရေးယူပိတ်ဆို့ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုတယ်လို့ ဆိုပါတယ်။

အမှတ်စဉ် (၉) ကတော့ EU က မြန်မာကို ပေးထားတဲ့ အထူးအခွင့်အရေးဖြစ်တဲ့ လက်နက်ကလွဲလို့ ကုန်ပစ္စည်းအားလုံး အကန့်အသတ်မရှိ အခွန်လွတ်တင်သွင်းခွင့်ပေးထားတဲ့ အခွင့်အရေးနဲ့အညီ ဒီမိုကရေစီနဲ့ လူ့အခွင့်အ ရေးရဲ့ အခြေခံမူနဲ့ကျင့်စဉ်တွေ မမှိတ်မသုန်လိုက်နာကျင့်သုံးဖို့ မြန်မာအစိုးရကို သတိပေး ထား တာတွေ့ရပါတယ်။

အမှတ်စဉ် (၁ဝ) မှာတော့ မြန်မာကိစ္စကို ICC တင်ပေးဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းတဲ့ကိစ္စ၊ မြန်မာကို ICC အဖွဲ့ဝင်ဖြစ်လာအောင် တောင်းဆိုထားတဲ့ကိစ္စတွေ အပါအဝင် ICC ရဲ့ဆုံးဖြတ်ချက်တွေ ကို ကြိုဆို ထားတာတွေ့ရပါတယ်။

အမှတ်စဉ် (၁၁) မှာတော့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့နောက်တကြိမ်ညီလာခံမှာ မြန်မာနဲ့ ပတ် သက်လို့ ဆုံးဖြတ်ချက်တခုခုချနိုင်အောင် EU အဖွဲ့ဝင်နိုင်ငံတွေက ဝိုင်းဝန်းကူညီဖို့တောင်းဆိုထား တာတွေ့ရပါတယ်။

အမှတ်စဉ် (၁၂) မှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်ပြီးကူညီဖို့၊ ရိုဟင်ဂျာကလေးတွေကို ခွဲခြားဆက်ဆံမှုကင်းပြီး အဆင့်မှီတဲ့ပညာတွေသင်ပေးဖို့၊ ဒုက္ခသည်စခန်း တွေမှာ အင်တာ နက်ဆက်သွယ်ရေးနဲ့ တယ်လီဖုန်းဆက်သွယ်ရေးမဖြတ်ဖို့၊ အဆင့်မှီလုံခြုံရေးချပေးဖို့ တောင်းဆိုထား တာတွေ့ရပါတယ်။

အမှတ်စဉ် ၁၃၊ ၁၄ နဲ့ ၁၅ မှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒီလအစောပိုင်းမှာ EU က ယူရိုငွေ ၂ သန်း ကူညီပေးတာကို ကြိုဆိုထားပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလိုအပ်ချက်တွေ အတွက် နိုင်ငံတ ကာ က ဆက်ပြီးကူညီဖို့တောင်းဆိုထားသလို၊ အခုဆုံးဖြတ်ချက်ကို မြန်မာအစိုးရ၊ လွှတ်တော်တွေနဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အာင်ဆန်းစုကြည်၊ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ လွှတ်တော်နဲ့ အာဆီယံအဖွဲ့ဝင်တွေဆီ ပို့ပေးမယ်လို့ ဖော်ပြထားပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နှုတ်တင်ပြသည်)
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */