Saturday, May 11, 2019

ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး မိုင်းဖောက် ခွဲတိုက်ခိုက်ခဲ့သည့် AAအဖွဲ့ဝင်တစ်ဦးကို အသေပစ် ခတ်ဖမ်းဆီးရမိ

မြန်မာ့အလင်း 
 နေပြည်တော် မေ ၁၀

ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား မိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် AAအဖွဲ့ဝင်တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိ
ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား မိုင်း ဖောက် ခွဲတိုက်ခိုက်ခဲ့သည့် AA အဖွဲ့ဝင်တစ်ဦးကို ယနေ့နံနက်ပိုင်းက ဆိုင်ကယ် တစ်စီး၊ လက်ပစ်ဗုံး တစ် လုံး၊ ဖုန်း နှစ်လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေ ပစ်ခတ်ဖမ်း ဆီး ရမိခဲ့ကြောင်း သိရသည်။

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် အတွင်း အများပြည်သူအသုံးပြုသွားလာ လျက်ရှိသည့် လမ်းကြောင်း များပေါ် တွင် မိုင်းထောင်၊ မိုင်းခွဲခြင်းများ ဆက်တိုက် ဆောင်ရွက်လာသည့်အတွက် လုံခြုံရေး တပ်ဖွဲ့ ဝင် များက နယ်မြေလုံခြုံရေးနှင့် လမ်းကြောင်းလုံခြုံရေး လုပ်ငန်းများ ကို နေ့ညမပြတ်ဆောင်ရွက်လျက်ရှိစဉ် ရန်ကုန်-စစ်တွေ ပြည် ထောင်စုလမ်းမကြီး လမ်းကြောင်းလုံခြုံရေး ဆောင်ရွက် လျက်ရှိသည့် တပ်မတော် စစ်ကြောင်းကို ယနေ့နံနက်ပိုင်းတွင် AA အဖွဲ့မှ ကျောက်တော်မြို့အဝင် မီတာ ၃၀၀၀ ခန့် အကွာ၌ အဝေး ထိန်း မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လာခဲ့သဖြင့် အဆိုပါ နေရာအနီးတစ်ဝိုက် မိုင်းရှင်းလင်းခြင်း ဆောင် ရွက်စဉ် မိုင်းဖောက်ခွဲ တိုက်ခိုက် ခဲ့သော AA အဖွဲ့ဝင်တစ်ဦးအား ဆိုင်ကယ် တစ်စီး၊ လက်ပစ်ဗုံး တစ်လုံး၊ ဖုန်း နှစ်လုံး၊ မိုင်းထောင်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရ မိခဲ့ သည်။ 

AAအဖွဲ့သည် ရခိုင်ပြည်နယ် အတွင်း အများပြည်သူ အသုံးပြု သွားလာလျက်ရှိသည့် လမ်းများပေါ်တွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ခရီးသွားပြည်သူများ ထိတ်လန့် အ္တရာယ်ဖြစ်စေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ အုပ် ချုပ်မှုယာဉ်များနှင့် လှုပ်ရှားမှု များအား မိုင်းခွဲတိုက်ခိုက်ရန် ရည်ရွယ် လျက် မိုင်းထောင်ဖောက် ခွဲခြင်းများ ပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အချိန်ထိ AA အဖွဲ့က မိုင်းထောင်ခဲ့သည့် အကြိမ် ၁၆ ကြိမ် ရှိကာ မိုင်း ၄၆ လုံးအား တပ်မတော် စစ်ကြောင်းများက ဖော်ထုတ်ဖောက်ခွဲ ဖျက်ဆီးနိုင် ခဲ့ကြောင်းနှင့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်ကာကွယ် ရေးဦး စီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရသိရသည်။ သတင်းစဉ်


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */