" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 5, 2019

တိမ်ညိုတံတားအနီး စစ်ကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရ

နိရဉ်စရာ
နိရဉ်စရာ၊ မလေ ၄/၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညို စံပြကျေးရွာ အနီးရှိ ရန်ကုန်-စစ်တွေကားလမ်း တံတားအနီးတွင် မေ လ ၄ ရက်နံနက် ၉ နာရီက မြောက်ဦးဘက်မှ ကျောက်တော်ဘက်သို့ မောင်းနှင်လာသော မြန်မာတပ် မတော် စစ်ကားတန်း တစ်ခုကို ရက္ခိုင်တပ်တော် (AA) မှ မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့သည်ဟု သတင်း ရရှိသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ တိုက်ပွဲ ဖြစ်တာဗျာ သူနဲ့ကိုယ်နဲ့ဖြစ်တော့ တိုက်ပွဲဖြစ်တာပေါ့ဗျာ ။ တိုက်ပွဲ ဒီနေ့ မနက် ၉ နာရီက ဖြစ်တာ။ တိမ်ညို နားမှာ ဖြစ်တာပါ။ တိုက်ပွဲက မပြင်းပါဘူး။ ဒီလိုပါဘဲ။ ယာဉ်တန်းလာတဲ့ ဥစ္စာကို တိမ်ညို တံတား ဆွဲမိုင်းနဲ့ စောင့်ပြီး ဆွဲမိုင်းဆွဲတယ်။ ပြီးတော လက်နက်ငယ်နဲ့ ပစ်ခတ် ထွက်ပြေးတာပါဘဲ။ ဒါပါဘဲ” ဟု ပြော ကြား သည်။

တိုက်ပွဲမှာ နံနက် ၉ နာရီမှ ၉ နာရီခွဲထိ ဖြစ်ပွား ခဲ့ပြီးလက်နက်ငယ် လက်နက်ကြီးများကို အသုံးပြု တိုက်ခိုက် ခဲ့သည်ဟု ဒေသခံတိမ်ညိုရွာသားများက ပြော သည်။

တိုက်ပွဲတွင် အသေအပျောက်မရှိကြောင်း၊ အနည်း အ ပါး ထိခိုက်ဒဏ်ရာရတာရှိကြောင်း ၎င်းက ပြော ကြား သည်။

ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခသို့ ဆက်သွယ်ရာ သူက “ တိုက်ပွဲ ဖြစ်ပွားတာ မှန်ကန်ပါ တယ်။ စစ်တွေ-ရန်ကုန် ကားလမ်းပေါ်မှာ ဖြစ်တာပါ။ ရခိုင်စစ် မျက်နာကို အင်အားထပ်ဖြည့်လာတဲ့ စစ်ကား တန်းကို တိုက်ခိုက်တာပါ။ စစ်ရေး သဘောသာဘာ၀ အရ သူတို့ဘက်က အင်အား ဖြည့်တင်း လာတာကို ရနိုင်တဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်ရမှာ ဖြစ်တယ်။ ဒီတိုက်ပွဲမှာ သူတို့ဘက်က အထိအခိုက် အကျဆုံး များတယ်။ ဘယ်နှယောက်ဆိုတာတော့ ကျနော်ဆီကို စာရင်း မရောက်သေးတဲ့ အတွက် အတိအကျ မပြောနိုင်သေးဘူး” ဟု ပြောကြားသည်။

ယနေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်သားများမှ တိမ်ညိုရွာထဲသို့ ဝင်ရောက်လာပြီး ရွာထဲမှ နေပြီး ပစ်ခတ် မှုများရှိခဲ့သည်ဟု တိမ်ညိုကျေး ရွာသား တစ်ဦးက ပြောသည်။

၎င်းက “ ဒေါ်ကုလားမချေရဲ့သား ကလေးငယ် တစ်ဦးမှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါတယ်။ နဖူးနားမှာ ရှပ် ထိပါတယ်။ ဆရာ ဦးမောင်သိန်း ဘော်ဒါဆောင်မှာလည်း လက်နက်ကြီး ကျည်ဆံ အစတွေ ထိမှန်ခဲ့ပါ တယ်။ ရွာထဲက အိမ် တစ်ဆောင် ဆိုရင် လည်း ခေါင်းမိုးဇကာပေါက် ဖြစ်သွားခဲ့ပါတယ်။ တစ်ခြား ထိခိုက် ဒဏ်ရာ ရ တာတော့ မရှိပါဘူး။ သေနတ်သံတွေကြောင့် နားတွေ ကျိန်းသွားခဲ့ပါတယ်။ အိမ်အောက်မှာ အား လုံး ခေါင်း မဖော်ဘဲ ဝပ်နေခဲ့ကြရပါတယ်” ဟု ပြောကြားသည်။
တိုက်ပွဲတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ပြီး မိနစ် ၃၀ ခန့် ကြာမြှင့်ခဲ့သည်ဟု အဆိုပါ ရွာသားက ပြောကြားသည်။

(ဓာတ်ပုံ- ခေတ်သစ်မီဒီယာမှ ကူးယူဖော်ပြသည်။)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */