Friday, November 22, 2019

ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် ARSA တို့ တိုက်ပွဲ ဖြစ်

ဧရာဝတီ
By ထက်နိုင်ဇော်
22 November 2019
ယမန်နေ့ တိုက်ပွဲမှ ဖမ်းဆီးရမိသည့် ပစ္စည်းများ / တပ်မတော်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ခမောင်းဆိပ်ရွာ အနီးတွင် ယမန်နေ့ မနက် ၉ နာရီခန့်က တပ်မတော်နှင့် ARSA အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ ARSA ဘက်မှ အ လောင်း ၂လောင်း နှင့် အရှင် ဖမ်းမိသူ ၃ ဦး ရှိကြောင်း သိရသည်။

ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တိုက်ပွဲများ ဖြစ်ပွားနေစဉ် အကြမ်းဖက်အဖွဲ့ ARSA ကပါ လှုပ်ရှား လာပြီး ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မနေ့က ၉ နာရီ ဝန်းကျင်မှာ မောင်တောမြို့ နယ် ခမောင်းဆိပ်ကျေးရွာ အနောက်ဘက် မီတာ ၄၅၀၀ လောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ နီးနေပါပြီ။ ARSA ၈ ယောက် တွေ့ရှိရတယ်။ သူတို့ကတော့ သေနတ်နဲ့ စပြီး ပစ်တာပေါ့။ ဒီဖက်ကလည်း ပစ်ခတ် ဖမ်း ဆီးတာပေါ့။ အဲဒီမှာ ARSA အလောင်း ၂ လောင်း ရလိုက်တာ ရှိတယ်။ ၃ ယောက် ဖမ်းမိတယ်”ဟု ပြော သည်။

ယင်းတိုက်ပွဲတွင် တပ်မတော်ဘက်မှ ထိခိုက်မှု မရှိကြောင်း၊ ပြီးခဲ့သည့်လကလည်း ယင်းနေရာ အနီးတွင် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

“ဖမ်းမိတာက လက်နက်က ၁ လုံးထိုး သေနတ်တလက်၊ တူမီး သေနတ် ၁ လက်၊ ကျည် ၄ တောင့်၊ ဆွဲမိုင်း တလုံး၊ ဆွဲမိုင်းဆိုတာ လက်လုပ်မိုင်း၊ ဖုန်း ၁ လုံး ရရှိခဲ့တာ ရှိတယ်။ သူတို့ကို နယ်ခြားစောင့် ရဲစခန်းဖြစ်တဲ့ အောင်သူနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ထားတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် အနောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ် ပစ် ခတ်မှုတွင် နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး နှင့် နယ်စပ်ခြံစည်းရိုး ကာရန်နေသည့် တပ်မ တော် အင်ဂျင်နီယာတပ် (GE) မှ ဝန်ထမ်း ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ဖူးသည်။

ARSA သည် မြန်မာ-ဘင်္ဂလားဒေ့ရှိ နယ်စပ်တွင် လှုပ်ရှားနေသည့် အဖွဲ့ ၁ ခု ဖြစ်ပြီး အစိုးရက ၎င်းတို့ အဖွဲ့ ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် ကြေညာထားသည်။

You may also like these stories: 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */