လူးအောင်
Oct 24, 2019
မောင်တော
အဆိုပါ ယာဉ်တန်းသည် အမှုစစ်ဆေပြီး အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ)သို့ သွားရာတွင် ဘူးသီး တောင်မြို့နယ်၊သစ်တောကျေးရွာအနီးတွင်မိုင်းဆွဲတိုက်ခံရခြင်းဖြစ်ပြီး ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း ဦးစိုးအောင်က ပြောသည်။
“ထိခိုက်ဒဏ်ရာရရှိမှုအနည်းငယ်လို့သိရတယ်။တိတိကျကျမပြောနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကလည်း ယင်းဖြစ်စဉ်ကိုအတည်ပြုပြီး အသေးစိတ် ကို ရဲတပ်ဖွဲ့ ကို မေးရန်သာပြောသည်။ထို့ကြောင့် အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ)သို့ DMG က ဆက် လက်ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်းလည်း သတင်းများ ထွက် ပေါ်နေသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလတွင် အရပ်သား ကား များအပါအဝင် ရဲတပ်ဖွဲ့ဝင်ယာဉ်တန်းများ၊တပ်မတော်ယာဉ်တန်းများလည်း မကြာခဏမိုင်းခွဲ တိုက် ခိုက်ခံနေရ သည်။ယခုကဲ့သို့ အချုပ်သားယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် တိုက်ပွဲကာလ အ တွင်း ပထမဦးဆုံး ဖြစ်သည်။
Link : Here
No comments:
Post a Comment