Thursday, August 5, 2021

ရွာသားများကို ဗလီ၌ ပိတ်လောင်ထားသည် ဆိုခြင်းမှာ မမှန်ဟု AA ပြော

ဧရာဝတီ
4 August 2021

AA တပ်ဖွဲ့ ဝင်တဦး / ဧရာဝတီ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် လက်မရွာဗလီတွင် ရွာသားများကို အစာမကျွေးဘဲ ပိတ်လှောင်ထားသည် ဆိုသော ပြောဆို မှုမှာ မမှန်ကြောင်း ရက္ခိုင်စစ်တပ် (AA) က ပြောသည်။

AA တပ်ဖွဲ့ဝင်များမှာဒေသခံများ၏ တိုင်ကြားချက်ကြောင့် လက်မရွာရှိ လုယက်မှုများ ကျူးလွန်နေသည့် ရာဇ ဝတ်ဂိုဏ်းနှင့် ဆက်စပ်သူများကို ပြီးခဲ့သည့် ဇူလိုင် တတိယအပတ် အတွင်းက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ဧရာဝတီသို့ပြောသည်။

“မင်းပြားမြို့နယ် လက်မရွာ အခြေပြုပြီး နှစ်ပေါင်းများစွာ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ ခိုးဆိုးလုယက် ရာဇ ဝတ်ဂိုဏ်းကို ULA ရဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက ဒေသခံတွေရဲ့ တိုင်ကြားမှုတွေအပါ် အခြေခံပြီးတရား ဥပဒေအရ အရေးယူဖို့ လုပ်ဆောင်တာသာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဗြိတိန်နိုင်ငံအခြေစိုက် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသည့် Burma Campaign (UK) အဖွဲ့က AA စစ် သား ၃၀၀ ခန့် ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က လက်မရွာသို့ ရောက်လာပြီး ရွာသူရွာသားများထံမှ ဆက်ကြေး ကောက်ခဲ့ကြောင်း၊ ပေးရန် ငြင်းဆန်သည့် ရွာသူရွာသား ၁၂ ဦးကို ရွာရှိဗလီထဲတွင် အစားအစာမပေးဘဲ ပိတ်လှောင်ခဲ့ကြောင်း ဩဂုတ်လ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဗလီထဲ ပိတ်လှောင်ခံရသူများတွင် မိခင်နှင့် ခွဲခြားခံရသည့် လသားကလေးငယ်တဦး ပါဝင်ကြောင်း၊ နောက် ပိုင်း တွင် AA အဖွဲ့သည် ဗလီထဲပိတ်လှောင်ထားသူများကို ပြန်လွှတ်ခဲ့သော်လည်း ရွာသား ၂ ယောက်ကို ဆက်လက်ဖမ်းဆီးကာ ဩဂုတ် ၂ ရက် နေ့လည်ပိုင်း၌ ပြန်လည်ထွက်ခွာသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

AA ပြောခွင့်ရ ဦးခိုင်သုခကမူ လသားကလေးငယ်ကို မိခင်နှင့် ခွဲထုတ်ကာ အစာမကျွေးဘဲ ပိတ်လှောင် သည် ဆိုသော စွပ်စွဲချက် မမှန်ကန်ကြောင်း ပြောသည်။

“ပိတ်လှောင်ထားတယ်ဆိုတာလုံးဝမဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ လူတချို့ရဲ့ မိသားစုတွေ ကို တော့ ခဏတာ ခေါ်ယူ မေးမြန်းခဲ့တာတော့ရှိတယ်။ ဒါပေမဲ့ သူတို့ကိုလည်း မေးပြီးတာနဲ့ ပြန်လွှတ်လိုက်တာ ပါဘဲ၊ ဘာမှကြမ်းကြမ်း တမ်း တမ်းလုပ်တာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် လုယက်မှုကျူးလွန်သည့် ရာဇဝတ်ဂိုဏ်းနှင့် ဆက်စပ်သည့် လက်မရွာသားအချို့ကို AA ဘက်က ဖမ်းဆီးထားပြီး ထွက်ပြေးလွတ်မြောက်သွားသူအချို့ကိုလည်း ဆက်လက်ရှာဖွေ အရေးယူသွားမည် ဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကလည်း ရခိုင် ပြည်နယ် အတွင်း တရားစီရင်ရေး ကိစ္စရပ်များကို ၎င်းတို့၏ တရားစီရင်ရေးဌာနက ဆောင်ရွက်သွားမည် ဖြစ် သဖြင့် ၎င်းတို့ထံ တိုင်ကြားနိုင်ကြောင်း ဩဂုတ်လ ၁ ရက်တွင် သတင်းထုတ်ပြန် ကြေညာထားပြီးနောက် ယ ခုကဲ့သို့ ဗလီအတွင်း ပိတ် လှောင်ထားသည် ဆိုသော စွပ်စွဲမှုမျိုး ထွက်ပေါ်လာခြင်း ဖြစ်သည်။

You may also like these stories:

Link : Here

No comments:

Post a Comment