" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 19, 2023

ထားဝယ်တွင်စစ်တပ်ဂိတ်နှင့်ရဲစခန်းတိုက်ခိုက်ခံရ၊ မင်းပြား ဒေသခံ ၁ ဦး ကျည်ထိသေဆုံး

DVB
November 19, 2023

ရခိုင်ပြည်နယ်ဦ မင်းပြားမြို့မှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခဲ့လို့ အမျိုးသားတယောက် သေဆုံးခဲ့ပြီး တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က စစ်ကောင်စီစစ်ဆေး ရေးဂိတ် နဲ့ ရဲစခန်းကို ထားဝယ် ပကဖ က ၂ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ပကာရီရွာနဲ့ မဲချောင်းရွာမှာရှိတဲ့ ပကာရီရဲစခန်းနဲ့ ၈ မိုင်စစ်ဆေး ရေး ဂိတ်တို့ကို ထားဝယ် ပကဖ DDT တပ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၁၆ ရက်မှာ DDT က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်၊ ညပိုင်းမှာ DDT တပ်ခွဲ ၂ နဲ့ ၃ ပူးပေါင်းပြီး ပကာရီရဲစခန်းကို သွားရောက်တိုက် ခိုက် ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်မှာတော့ ၈ မိုင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ၄၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီး ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ DDT ဘက်ကထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ စုံစမ်း နေ ဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

DDT အဖွဲ့ဝင် ရဲဘော်တယောက်က “လုပ်ရင်တော့ ထိထိရောက်ရောက် ပိုလုပ်ချင်တယ်။ အဓိက က လက်နက်ခဲယမ်းပဲ။ မပြည့်စုံလို့ ပြောက်ကျားပုံစံ လုပ်နေရတယ်” လို့ ပြောပါတယ်။

ပကာရီရဲစခန်းဟာ စစ်ကောင်စီအတွက် ထားဝယ်အရှေ့တောဒေသကို ထိန်းချုပ်နိုင်ဖို့ အရေးပါတဲ့ စ ခန်းတခုဖြစ်တာကြောင့် လက်မလွတ်ခံဘဲ ခံစစ်နဲ့ ထိန်းထားပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေက လည်း မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိပါတယ်။

ထားဝယ်အရှေ့တောဒေသဟာ ထားဝယ်-ထီးခီး ကုန်သွယ်ရေးလမ်းပိုင်းပေါ်က ဒေသဖြစ်ပြီး သတ္တု တွင်း လုပ်ငန်း အများအပြားရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့မှာတော့ နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီဘက်က လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။

ည ၈ နာရီ ၁၀ မိနစ်လောက်ကစပြီး လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြတယ်လို့ မင်း ပြား မြို့ ဒေသခံတယောက်ကပြောပြီး အဲဒီပစ်ခတ်မှုကြောင့် အလယ်ပိုင်းရပ်ကွက်က အသက် ၆၀ အရွယ် ဦးတင်အောင်ရဲ့လက်မောင်းမှာ လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး သွေးထွက်လွန် သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စျေးဟောင်းပိုင်း၊ ကမ်းနားလမ်းနဲ့ ရုံးတက်လမ်းတို့က ဒေသခံပြည် သူ တွေရဲ့ နေအိမ်တွေကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

မင်းပြားမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ် ခတ် ခဲ့လို့ ဒေသခံ ၃ ယောက်သေဆုံး၊ ၈ ယောက်ဒဏ်ရာရခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */