Wednesday, January 8, 2020

ရခိုင်မင်းပြား AA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
08 ဇန္နဝါရီ၊ 2020
နိုင်ကွန်းအိန်
မြန်မာအစိုးရနဲ့NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေး နွေးနေတဲ့တချိန်ထဲမှာဘဲ NCA မထိုးနိုင်သေးတဲ့ ရခိုင်လက်နက်ကိုင် AA နဲ့မြန်မာစစ်တပ်တို့ အ ကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ဒီကနေ့မှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ထဲမှာ တပ်မတော်နဲ့AAအဖွဲ့တို့ တိုက် ပွဲဖြစ်နေဆဲ ဖြစ်သလို ချင်းပြည် နယ် ပလက်ဝမြို့နယ်ထဲမှာလည်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရ သူတွေ ရှိနေပါတယ်။

တည်ငြိမ်မှု မရှိတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း နဲ့ ချင်းပြည်နယ် အတွင်းက စစ်ရေးနောက်ဆုံး အ ခြေနေ တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခွဆုံကျေးရွာအနီးမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အ ကြား ဒီမနက်မှာ တိုက်ပွဲပြင်းထန်ဖြစ်ခဲ့တယ်လို့ မင်းပြားဒေသခံတဦးကပြောပါတယ်။

“ဖြစ်တာတော့ မနက်(၇)နာရီခွဲလောက်ဖြစ်တာပေါ့နော်။ ခွဆုံရွာနဲ့သင်းပုန်းချောင်းရွာ အနားမှာ။ ပြင်းထန် မယ်။ အဲဒီမှာ နာရီဝက်လောက်တော့ကြားရတယ်။ နာရီဝက်လောက်ပြီးရင် လေယာဉ် လာတာပေါ့နော်။ လေ ယာဉ်နှစ်စီးနဲ့ လာပစ် တယ်။ ဖြစ်တဲ့တိုင်း ဗဟို(၉)နဲ့ခွဆုံရွာနဲ့ ကျတော့ (၁၂)မိုင် (၁၃)မိုင်လောက်ဝေး မယ်။ တချို့ရွာသားတွေကတော့ ထွက် ပြေးကြတယ်။ ဒီဘက် မင်းပြားမြို့ ကိုထွက်ပြေးလာတယ်နော။ တချို့ကနွားတွေကျွဲတွေ လယ်ယာပစ္စည်းတွေ စပါး တွေဘာတွေ မရိတ်သိမ်းရတဲ့သူတွေ ကျန်တာပေါ့ နော်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီမနက် မင်းပြား မြို့နယ် မှာ AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားကြောင်းအတည်ပြုပါတယ်။

“အဲဒီခွဆုံဘက်မှာ တော့ ကျွန်တော်တို့ထိတွေ မှုဖြစ်ပွါးခဲ့တယ်ဆိုတာတော့သိရတယ်။ အသေးစိတ်တော့ မသိရသေး ဘူးဗျ။”

မနေ့ကလဲ မင်းပြားမြို့ ရာမောင်တံတားကနေ တိုင်းဗဟို(၉)ကို စစ်ရိက္ခာ တင်ပို့တဲ့ တပ်မတော်ယာဉ်တန်းကို ဖါးပြိုရွာ အနီးမှာ AAဘက်က တိုက်ခိုက်တာ တွေ့ရတယ်လို့ မျက်မြင်ဒေသခံကဘဲ ဆက် ပြောပါတယ်။

“ဖားပြိုရွာ တိုက်ပွဲက စစ်တပ်ဘက်က ထောက်ပို့ကားနှစ်စီး မီးလောင်သွားတယ်ဗျ။ ထောက်ပို့ကားမှာ နို့ ဆီ ရယ် ၊ ဆန်ရယ် ပြီးတော့ ပဲတွေတော့ပါတယ်ဗျ။ ရာမောင်တံတားက သူတို့ကသင်္ဘောနဲ့နေပြီးတော့ တိုင်း ဗဟို(၉)ဘက်ကိုသွားတယ်။ ထိခိုက်မှုကတော့ ကျွန်တော်တို့အဝေးကကြည့်ရတာမို့လို့လမ်းဘေးကိုကောက် တင် တာတော့တွေ့တယ်။ ကျွန် တော်တို့တွေ့တာ လေး၊ ငါး ၊ခြောက်ယောက်ဟုတ်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကတော့ မနေ့က ဖားပြိုရွာ အနီး တပ်မတော်ယာဉ်တန်းတိုက်ခိုက်ခံရပြီး တပ်မတော်ဘက်က ထိခိုက်မှုရှိခဲ့တယ် လို့ပြောပါတယ်။

“ကျွန်တော်တို့ဆီက ယာဉ်နှစ်စီးတော့ ပျက်စီးပါတယ်။ ကျန်တဲ့ထိခိုက်ဒဏ်ရာရရှိမှု ရှိပါတယ်။”

မနေ့ကနဲ့ဒီကနေ့ မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲ တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မသိရသေး ဘူးလို့ AAပြောခွင့်ရ ခိုင်သုခ က ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ၊ ငရှားကျေးရွာမှာ တော့ မနေ့က ဗုံးပေါက်ကွဲမှု တခု ဖြစ်ခဲ့ပြီး အမျိုးသ မီး တဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် စစ်တွေဆေးရုံကို ပို့ဆောင်ပေး ခဲ့ရတယ်လို့ ပလက်ဝမြို့နယ် တိုက် ပွဲရှောင် နဲ့သဘာဝဘေးကူညီရေးအဖွဲ့ အတွင်း ရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

“အခြေအနေကတော့ ဒီမနက်ဟိုဟာ မိုင်းရဲ့ကျည်ပေါ့။ မိုင်းစတွေက ဒီခန္ဒာကိုယ်ဘက်မှာ ထိနေတော့ ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှတော့ အဆင်မပြေဘူး။ အဲတာကြောင့်မို့လို့ စစ်တွေကို ဆရာဝန်က လွှတ်တော့ သူတို့မှာ ငွေရေး ကြေး ရေးကတော့ အခက်ခဲရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီပလက်ဝမြို့ပေါ်မှာ ရှိနေတဲ့ သူငယ်ချင်းတွေရော တခြားဒေသ မြေတွေမှာရောက်တဲ့အလှူရှင်တွေနဲ့ တတ်နိုင်သလောက် ကူညီတော့ စစ်တွေကို ဒီမနက်သွားတယ်။ သူ့နာမည်က ဒေါ်ဟွေ့တင် အသက်က(၃၃)နှစ်ရှိပြီး။ တောထဲမှာ သွားရင်းနဲ့တောထဲမှာဘဲ သူမိုင်းနင်းမိတယ် အဲဒီလိုဘဲပြောတယ်။”

ပေါက်ကွဲတဲ့မိုင်းဟာ ဘယ်အဖွဲ့ကထောင်ထားတယ် ဆိုတာတော့ မသိရှိဘူးလို့ဆိုပါတယ်။

မနေ့ကလဲ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်တူးပေါက်ကျေးရွာမှာ မိုင်းတလုံးပေါက်ကွဲခဲ့ပြီးကလေး ငယ်(၄) ဦး သေဆုံးခဲ့ပြီးတော့ ကျောင်းဆရာတဦး အပါဝင် ကလေးငယ်(၆) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တပ်မတော်ဘက်က ဒါဟာ AAအဖွဲ့ကနေထောင်ထားတဲ့ မိုင်းလို့ပြောဆိုနေသလို AA ဘက်ကလည်း တပ် မတော်ရဲ့ မိုင်းလို့ အပြန်လှန်စွပ်စွဲနေကြပါတယ်။

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တနှစ်တာ အတွင်းဖြစ်ပွားတဲ့တိုက်ပွဲမှာ ဒေသခံရွာ သား (၁၂၀)ကျော် သေဆုံးခဲ့ပြီး (၂၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်လူမှု အဖွဲ့တွေက စာရင်းပြု စုထားပါတယ်။

ဒီလကုန်ပိုင်းလောက်မှာ AAအပါအဝင် NCA အပစ်ရပ် လက်မှတ်မထိုးနိုင်သေးတဲ့ မြောက်ပိုင်း မဟာမိတ် တို့အဖွဲ့တွေ နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တို့ အပစ်ရပ်ရေး တွေ့ဆုံညှိနှိုင်းဖို့ စီစဉ်နေတယ်လို့ သ တင်းတွေထွက် ပေါ်နေပေမဲ့ နှစ်ဖက်တိုက်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း AAရခိုင်လက်နက်ကိုင် အဖွဲ့တည်ရှိမှုကို လက်မခံသလို AA ဘက်ကလဲ ရခိုင်ပြည်နယ်အတွင်း အခြေချနိုင်ရေးကို ဦးတည်လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် တွေ့ဆုံ ဆွေးနွေးရေး အောင်မြင်မယ့် အလားအလာ နည်းပါးတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

  
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */