VOA
ဗွီအိုအေ (မြန်မာပိုင်း)24 ဧပြီ၊ 2019
တွေ့ဆုံရာမှာ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်းလည်း မြန် မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။
တရုတ်သမ္မတနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ အပါအဝင် တာဝန်ရှိသူတွေ လိုက်ပါသွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
မနက်ဖြန် ကျင်းပမယ့် ဒုတိယအကြိမ် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညီ လာခံကိုတော့ ထိပ်တန်းခေါင်းဆောင် ၄၀ အပါအဝင် နိုင်ငံပေါင်း ၁၅၀ က ကိုယ်စားလှယ်တွေ တက်ရောက် မှာ ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံက သတင်းထုတ်ပြန်ထားတာပါ။ ညီလာခံ တက်ရောက်ဖို့ ရောက်လာ ကြတဲ့ အထဲက မိုဇမ်ဘစ်သမ္မတ Filipe Nyusi နဲ့ တရုတ်သမ္မတ Xi Jingping တို့ တွေ့ဆုံရာမှာတော့ မကြာ သေးခင်တုန်းက မိုဇမ်ဘစ်နိုင်ငံမှာ ကြုံခဲ့ရတဲ့ ကပ်ဘေးဒဏ်အတွက် စာနာမှု အကူအညီပေးဖို့လည်း ကမ်း လှမ်းခဲ့ပါတယ်။
တရုတ်သမ္မတဟာ အီသီယိုပီးယား ဝန်ကြီးချုပ် Abiy Ahmed နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ Christine Lagarde တို့နဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ တရုတ်သမ္မတ Xi ကတော့ တရုတ်နိုင်ငံကနေ အာရှ၊ ဥရောပအထိ ဆက်သွယ်ပေးထားတဲ့ တချိန်က ပိုးလမ်းမနေရာမှာ ခေတ်မှီဆက် သွယ်ရေး လမ်းကြောင်းနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်သွားဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်ပမှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံတချို့မှာ အကြွေး ထောင်ချောက်နဲ့ ပိတ်မိတဲ့အဖြစ် တွေ ကြုံနေရတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ ညီလာခံ ကျင်းပနေတာလည်း ဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment