By ဒီဗွီဘီ
21 April 2019
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ဖို့ တရုတ်နိုင်ငံကို မကြာခင် သွားရောက် မယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ပေကျင်းမြို့မှာ ကျင်း ပပြုလုပ်မယ့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမအပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး ဖို ရမ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။
ဒီဖိုရမ်ကို ဧပြီ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။
ခရီးစဉ်အပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်အာခါ မိုဟာဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး ဆက်လက် သွား ရောက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Link : Here
No comments:
Post a Comment