mizzima
ရွှေနွယ်
July 11, 2024
ပုံအညွှန်း − ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ဥက္ကဋ္ဌ ဦးခင်ရီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Lin Tao တို့ ၂၀၂၂ ခုနှစ်အတွင်းက ကြံ့ဖွံ့ပါတီဌာနချုပ်၌ တွေ့ဆုံကြစဉ်။
မဇ္ဈိမ။ ။ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများဖြစ်သေပြည်ထောင် စုကြံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့မှ ကိုယ်စားလှယ် ၁၇ ဦးအား တရုတ်ကွန်မြူနစ်ပါတီမှ တရုတ်နိုင်ငံသို့ ဖိတ်ကြားစာကို ဇူလိုင်လ ၈ ရက်နေ့က ပေးပို့သည်။
ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့ထိ ခုနစ်ရက်ကြာ ဖိတ်ကြားခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ယူနန်နှင့် ရှန်ဟိုင်းတို့သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ ကျေးလက်ဖွံ့ဖြိုးရေးနှင့် Belt and Road Initiative ဆိုင်ရာ တရုတ်ပညာရှင်များနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးမည်ဖြစ်ကြောင်း ဖော်ပြသည်။
USDP မှ ကိုယ်စားလှယ် ခုနစ်ဦးနှင့် ကျန်ပါတီ သုံးခုမှ ကိုယ်စားလှယ် သုံးဦးစီ လာရောက်ရန် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ကုန်ကျစရိတ်များအား တရုတ်နိုင်ငံဘက်မှ ကျခံမည်ဟု ဖော်ပြထားသည်။
“တရုတ်ကွန်မြူနစ်ပါတီက မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့သာမက ဒေသတွင်းက နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးထူထောင်ထားတာကြာလှပါပြီ။ လက်ရှိ မြန်မာ့အရေးနဲ့ ပတ်သက်ရင်တော့ တရုတ်က အမြန်ဆုံးတည်ငြိမ်အေးချမ်းသွားတာကို လိုချင်တယ်။ တည်ငြိမ်အေးချမ်းတာကို လိုချင်တယ်ဆိုပေမယ့် အကြမ်းဖက်စစ်ကောင်စီကို အားပေးလို့မရဘူးဆိုတာကိုလည်း သူသိထားပုံတော့ရတယ်” ဟု တရုတ်ကွန်မြူနစ်ပါတီနှင့် ထိတွေ့ဆက်ဆံမှုရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD )၏ တရုတ်နိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦးမှ ပြောသည်။
လက်ရှိ ဖိတ်ကြားမှုသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ထားသည့် ပါတီများကို ဖိတ်ခေါ်ခြင်းဟု နားလည်ထားကြောင်းနှင့် NLD ပါတီအား ဖိတ်ကြားထားခြင်းမရှိကြောင်းလည်း ဦးဘိုဘိုဦးကပြော သည်။
Belt and Road Initiative (BRI) ပိုးလမ်းမစီမံကိန်းသည် ဖွံ့ဖြိုးမှုစီမံကိန်းခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံကာ စီးပွားရေးဆိုင်ရာ ခါးပတ်လမ်း ပိုးလမ်းမစီမံကိန်းနှင့် ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စီမံကိန်းဟု နာမည်ပေးထားသည့် စီမံကိန်းနှစ်ခုကိုပေါင်းပြီး ခေါ်ဆိုခြင်းဖြစ်သည်။
အဆိုပါ တရုတ်ခေတ်သစ်ပိုးလမ်းမကြီး BRI တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် အစိတ်အပိုင်းတခုအဖြစ်ပါဝင်ပြီး ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအသုံးပြုရန် လျာထားသည်။
စစ်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်လည်း ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများအား လုံခြုံရေးအပြည့်အဝရရှိရေး နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

No comments:
Post a Comment