Thursday, April 25, 2019

ရပ်ဝန်းတခု လမ်းတကြောင်း - ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး သို့မဟုတ် အကြွေးထောင်ချောက်

B B C
 ဘီဘီစီ မြန်မာပိုင်း
25 ဧပြီ 2019
ဖွံဖြိုးဆဲနိုင်ငံ အများအပြားအတွက် ခေတ်မီ အခြေခံအဆောက်အအုံတွေကို ယူဆောင်လာပေး မယ်လို့ တရုတ်ကြွေးကြော်နေတဲ့ စီမံကိန်းကြီးအကြောင်း နိုင်ငံတကာခေါင်းဆောင်တွေ ဘေဂျင်းမှာ စုဆုံ ဆွေးနွေး နေကြ ပါတယ်
ဆွေးနွေးပွဲ စဖွင့်တဲ့နေ့မှာပဲ တရုတ် ဘဏ္ဍာရေးဝန်ကြီး လျူကွန်က ရပ်ဝန်းတခု လမ်းတကြောင်း စီမံကိန်း ဟာ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ထားသလို စီမံကိန်းမှာ ပါဝင်မယ့် နိုင်ငံတွေ ကြွေးမြီတင် မယ့် အန္တရာယ်တွေ ကိုလည်း အကာအကွယ် ပေးသွားမှာလို့ ပြောပါတယ်။

ရှေးဟောင်း ပိုးလမ်းမကြီးကို အသစ်မွမ်းမံပြီး အာရှကနေ ဥရောပ၊ အဲဒီကတဆင့် အာဖရိက အထိပါ ဆက် သွယ်ကြမယ်၊ ဒါ့အပြင် ပင်လယ်ရေလမ်းကြောင်းတွေနဲ့ပါ ချိတ်ဆက်ကြပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး လမ်း တွေကို အကြီးအကျယ် တိုးချဲ့မယ့်အစီအစဉ်က တရုတ်သမ္မတ ရှီကျင်ပင်း ကိုယ်တိုင် အထူးအား ပေးနေတဲ့ စီမံကိန်းကြီးပါ။

အဲဒီ ရပ်ဝန်းတခု၊ လမ်းတကြောင်း စီမံကိန်းကြီးမှာ ရင်းနှီးမြှုပ်နှံမှု အစုစုက ဒေါ်လာ သန်းပေါင်း တသန်း (ဒေါ် လာ ၁ ထရီလီယံ) အထိကြီးမားလိမ့်မယ်လို့ မှန်းဆနေကြတာပါ။

အမေရိကန်က ဒီစီမံကိန်းဟာ "အနှစ်သိပ်မရှိပဲ မာနထယ် ဝင့်ဝါနေတဲ့ စီမံကိန်း" လို့ သမုတ်ပေမယ့် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်၊ အီတလီ ဝန်ကြီးချုပ် ဂျိုဇက်ပေ ကွန်တေး တို့အပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံက ခေါင်းဆောင်တွေ၊ ဒါဇင်နဲ့ချီတဲ့အရေအတွက်ရှိတဲ့ နိုင်ငံတွေက အစိုးရအရာရှိတွေဟာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ဒီ ရပ်ဝန်းတခု လမ်းတကြောင်းဆွေးနွေးပွဲကို တက်ရောက်နေကြတာပါ။ မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပါတယ်။
 နိုင်ငံပေါင်းများစွာမှာ ဆောက်လုပ်မယ့် ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေအတွက် တရုတ်နိုင် ငံက စီမံကိန်းရန်ပုံငွေစီစဉ်ထားပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကို လက်ခံတဲ့နိုင်ငံတွေထဲ အကြွေးပိပြီး ကျန်ခဲ့ မယ့် နိုင်ငံတွေ ဘယ်လောက် ရှိမလဲ စိုးရိမ်မှုတွေလည်း ရှိကြပါတယ်။

စီမံကိန်းကြီးကို ဝေဖန်ကြသူတွေက ပါဝင်တဲ့နိုင်ငံတွေအနေနဲ့ တရုတ်ကနေ ငွေချေးကြရပြီး ဒီစီမံကိန်း မှာ ပါဝင်မယ့် အခြေခံအဆောက်အအုံတွေ၊ အထူး စီးပွားရေးဇုန်တွေကို တည်ဆောက်ကြမယ်၊ စီမံကိန်းက မှန်း ဆ ထားသလို ကုန်သွယ်ရေးတွေ လုပ်နိုင်ရေးက မအောင်မမြင်ဖြစ်ရင် ကိုယ်ငွေချေးပြီးဆောက် ထားရ တာတွေက သိပ်အသုံးမဝင်လှတော့ဘဲ တရုတ်ကို အကြွေးပြန်ဆပ်ရတဲ့ သံသရာထဲနစ်သွားနိုင်တယ်လို့ သတိပေး ကြပါတယ်။

နောက်ပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ရရင် အကြွေးယူရတဲ့နိုင်ငံက ကုမ္ပဏီ တွေကို ဦးစားပေးရစမြဲမို့ တရုတ်ကုမ္ပဏီတွေကိုသာ မျက်နှာသာပေးရမယ့် အရေးကိုလည်း ဝေဖန်သူတွေ က ထောက်ပြကြပါတယ်။

အကြွေးနဲ့ တရုတ်လွှမ်းမိုးလာမှာစိုးရိမ်မှုတွေ

ဒီစီမံကိန်းကြီးမှာ ပါဝင်ခဲ့တဲ့ သီရိလင်္ကာ၊ မလေးရှား၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ အကြွေးတွေ စုစုပုံကျလာ တာ၊ တရုတ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုများလာတဲ့ အတွက် စိုးရိမ်မှုတွေရှိပါတယ်။

အရင်ကတည်းက နိုင်ငံခြားကြွေးမြီများတဲ့ ပါကစ္စတန်မှာ အခြေခံအဆောက်အအုံ စီမံကိန်းတွေအတွက် တ ရုတ်က ချေးပေးထားတာ ဒေါ်လာ ဘီလီယံ ၆၀ ကျော်ရှိပါတယ်။ ပါကစ္စတန် အနောက်တောင်ပိုင်းက ဂွာဒါ Gwadar ရေနက် စီမံကိန်းကလည်း အဲဒီ စီမံကိန်းတွေထဲ အဓိကတခုအနေနဲ့ပါဝင်ပြီး တရုတ်နိုင်ငံ ရှင် ကျန်းပြည်နယ် ကက်ရှ်ဂါ Kashgar ကနေ ပါကစ္စတန်ကို ဖြတ်သန်းလာတဲ့ တရုတ် ပါကစ္စတန် စီးပွားရေး စင်္ကြံဟာ ဂွာဒါဆိပ်ကမ်းဆီ ပေါက်လာပြီး အဲဒီကတဆင့် အာရေဘီယံပင်လယ်ဆီ လမ်းကြောင်းပွင့် သွား မှာပါ။

ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ဘေဂျင်းဆွေးနွေးပွဲကိုတက်ရောက်ပြီး ရပ်ဝန်းတခု လမ်း တကြောင်း အရေးကို မလေးရှားနဲ့ တရုတ် ၂ နိုင်ငံကြားညှိနှိုင်းမှာဖြစ်ပေမယ့် မနှစ်က သူအာဏာရ လာတဲ့ အချိန်မှာ အရင်ဝန်ကြီးချုပ် နာဂျစ် ရာဇတ် နဲ့ တရုတ်တို့အကြား သဘောတူထားတဲ့ ဒေါ်လာ ၂၀ ဘီလီယံတန် ရထား လမ်း စီမံကိန်းကို ရွှေ့ဆိုင်း ထားခဲ့တာပါ။ ရထားလမ်းက မလေးရှား အရှေ့ဖျားနဲ့ အနောက်ဖျားက ဆိပ် ကမ်းတွေ ကိုဆက်သွယ် ဖောက်လုပ်မယ့် ရထားလမ်းပါ။

သီရိလင်္ကာမှာတော့ နိုင်ငံတကာ ကြွေးမြီတွေကို ပြန်ပေးဖို့အတွက် ၂၀၁၇ မှာ သူ့ရဲ့ ဆိပ်ကမ်း တခုကို တ ရုတ်ကနေ ချုပ်ကိုင်စီမံဖို့အတွက် ပေးခဲ့ရပါပြီ။ နိုင်ငံတောင်ပိုင်း က ဟမ်ဘန်တိုတာ Hambantota ရေနက် ဆိပ်ကမ်း တည် ဆောက်ဖို့ နဲ့ လုပ်ငန်း လည်ပတ်ဖို့ တရုတ်ကို အခွင့်ပေးတော့ တရုတ်ဆီက သူတို့ ဒေါ်လာ သန်း ၁၁၀၀ ရခဲ့ပြီး နိုင်ငံ တကာကြွေးမြီတချို့ ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ဒီဆိပ်ကမ်း ကို တရုတ်က စစ်ရေးအ တွက် အသုံးချလေမလားလို့ သူတို့ စိုးရိမ်ခဲ့လို့ ဒီသဘောတူချက် ရရေး လပေါင်းများစွာကြာခဲ့တာပါ။ သီရိ လင်္ကာအစိုးရကတော့ တရုတ်နိုင်ငံဟာ ဒီဆိပ်ကမ်းကို စီးပွားရေးအတွက်သာ အသုံးပြုမှာပါလို့ သူ့ပြည် သူတွေကို အာမခံချက်ပေးခဲ့ပါတယ်။ အဲဒီသဘော တူညီချက်အရ တရုတ်ဟာ အဲဒီ ဆိပ်ကမ်းနဲ့ အနီးအနား မှာ စီးပွားရေးဇုန် ဆောက်ဖို့ ဧကပေါင်း ၁၅၀၀၀ ကျယ်တဲ့မြေကို ၉၉ နှစ် လုပ်ပိုင်ခွင့်ရခဲ့ပါတယ်။


မြန်မာနိုင်ငံဆိုရင်လည်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ၊ အဲဒီကနေ မန္တလေး၊ မူဆယ် စတာတွေကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိဖောက်မယ့်လမ်းမကြီး ပါဝင်တဲ့ တရုတ်မြန်မာစီးပွားရေး စင်္ကြံ စီမံကိန်းက အခြေခံ အဆောက်အအုံတွေသာမက ဆက်စပ်တဲ့ စီးပွားရေးဇုန်တည်ဆောက်ရေးတွေပါ ပါဝင်မှာမို့ ဒေါ် လာ ဘီလီယံ အတော်များများ ကုန်ကျမယ့် စီမံကိန်းလို့ တွက်ဆကြပါတယ်။ တရုတ်က ပေးမယ့်အကြွေး တွေ နဲ့ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်နိုင်မှု သေနင်္ဂဗျူဟာ ဆိုင်ရာ တရုတ်ကနေ အိန္ဒိယသမုဒ္ဒရာ ထွက်လမ်းအတွက် လမ်းကြောင်းပံ့ပိုးရေးတွေ ကနေတဆင့် တရုတ်ကို မှီခိုရမှုများများလာမှာကို စိုးရိမ်ကြ တဲ့ မြန်မာ့ နိုင်ငံရေးဆိုင်ရာ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Economist Intelligence Unit ရဲ့ တရုတ်နိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် တွမ် ရက်ဖာတီ က ဒီ ဘေဂျင်း ကဆွေးနွေးပွဲကတဆင့် ၂၀၁၈ မှာဖြစ်ခဲ့တဲ့ ရပ်ဝန်းတခု လမ်းတကြောင်း ဆိုင်ရာ စီမံကိန်းတွေ နှောင့်နှေးနေ တာ၊ ချေးငွေတွေ ထုတ်ပေးမှု နှေးကွေး နေတာတွေကို ပြန်လည်တည့်မတ်ပြီး စီမံကိန်းကြီးကို ပြန်လည် အားပြည့်လာအောင်လုပ်မှာ လို့ ဆိုပါတယ်။

ဒီရပ်ဝန်းတခု လမ်းတကြောင်း စီမံကိန်းမှာ အားလုံးပါဝင်နိုင်ရေး နဲ့ အကြွေးတွေ ရေရှည်ရနိုင်ရေး အပါအဝင် မူပိုင်းဆိုင်ရာ ကိစ္စတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို တရုတ်နိုင်ငံက ယုံကြည်စေချင်နေတယ် လို့ လည်း သူက ပြောပါတယ်။

ရပ်ဝန်းတခု လမ်းတကြောင်းနဲ့ပတ်သက်ပြီး တရုတ်ရဲ့အာမခံချက်တွေ ဒီ ဘေဂျင်း ဆွေးနွေးပွဲက တဆင့် ထပ်ပေါ်လာမှာဖြစ်ပေမယ့် ရည်မျှော်ထားတဲ့ ရပ်ဝန်း မှန်းဆထားတဲ့လမ်းကြောင်း တကယ်ပေါ်လာဖို့ အပေါ် စိတ်မချ ရတာတွေ ရှိနေဦးမှာဖြစ်သလို ကြွေးမြီအရေး၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ထိန်းညှိရေးတွေ ကလည်း ကမ္ဘာ့နိုင်ငံတွေ စဉ်းစားကြရမယ့်အထဲ ဆက်ပြီးပါနေဦးမှာပါ။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */