Monday, April 22, 2019

တပ်ချုပ်ရဲ့ တရုတ်နဲ့ ရုရှားခရီးစဉ်

VOA 
ဗွီအိုအေ (မြန်မာဌာန
21 ဧပြီ၊ 2019
ဝင်းမင်း
 တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား နိုင်ငံကို ရောက်ရှိ (MOI)
 
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီးလေးမှာပဲ ရုရှား နိုင်ငံကို ရောက်သွားပါပြီ။ 
 
မော်စကိုမြို့တော်မှာလုပ်မယ့် နိုင်ငံတကာ လုံခြုံရေး ညီလာခံတက်ဖို့၊ ရုရှား ကာကွယ်ရေးဝန်ကြီး Sergey Kuzhugetovich Shouigu နဲ့ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတို့က ခု လို ဖိတ်ကြားခဲ့တာပါ။ ပြီးခဲ့တဲ့လက တပ်မတော်နေ့ စစ်ရေးပြပွဲအတွင်း ရုရှားလုပ် စစ်လေယာဉ်ပျံတွေ ပျံပြ အပြီးနဲ့ ရခိုင်ပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မူတွေအပြီး ဖြစ်လာတဲ့ ဒီခရီးစဉ်က ဘယ်လို ထူးခြား မူတွေ ရှိနေတာကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ပြီးခဲ့တဲ့အပတ် တရုတ်နိုင်ငံခရီးစဉ်အပြီးလေးမှာပဲ ရှေ့အပတ် အင်္ဂါ ကနေ ကြသပတေးနေ့အထိ ကျင်းပမယ့် ၈ ကြိမ်မြောက် မော်စကိုမြို့တော်မှာလုပ်မယ့် နိုင်ငံတကာ လုံခြုံ ရေး ညီလာခံတက်ဖို့ အခုလို ကြိုရောက်သွားတာပါ။ ဧပြီလ ၂၃ ကနေ ၂၅ အထိ ကျင်းပမယ့် ဒီနှစ်စဉ် ညီ လာခံကို အခုလိုသွားရောက်တာ ဘယ်လိုထူးခြားမှုရှိပါသလဲလို့ မေးရာမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန် သံမှူးဟောင်း Priscilla Clapp က

“ကျွန်မထင်တာကတော့ သူ့ အမြဲ သွားလေ့ရှိသလို သွားတဲ့သဘောပါပဲ၊ သူအခွင့်ရရင် ရသလို သွားတဲ့ ခရီး စဉ်တွေ မျိုးပါပဲ။ လက်ရှိအချိန်မှာ သူ အခု ရုရှားလို သွားနိုင်တဲ့ နိုင်ငံတွေက နည်းနည်းပဲ ရှိတော့ တယ် လေ။ ဒါပေမဲ့ ရုရှားက မြန်မာနိုင်ငံပြဿနာတွေကို လုံခြုံရေးကောင်စီမှာ ကာကွယ်ပေးနေတဲ့ နိုင်ငံကြီးတစ်ခု ဆို တော့၊ မြန်မာဘက်က အဲ့ဒီအပေါ် ကျေးဇူးတင်အလေးထားကြောင်း ပြလိုတာလဲပါမှာပေါ့။”

ဒီခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရုရှားအစိုးရနဲ့ စစ်တပ်အကြီးအကဲတွေနဲ့ တွေ့ တာ အပြင် စက်ရုံအလုပ်ရုံတွေကို လေ့လာဖို့ ရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထား ပါတယ်။ အခုလိုသွားလည်မယ့် စက်ရုံအလုပ်ရုံတွေက အရင် ဗိုလ်ချုပ်မှူးကြီး အခုလို ညီလာခံတက်ရင် ကာ ကွယ်ရေးနဲ့ လက်နက်ဆိုင်ရာ စက်ရုံအလုပ်ရုံတွေကို သွားလည်တာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိ နေပါတယ်။ သုံးသပ်သူတွေကပဲ မကြာခင်သွားခဲ့တဲ့တရုတ်နဲ့ အခုရောက်နေတဲ့ ရုရှားတို့က သံတမန်ရေး အတွက်သာမက ခေတ်မှီလက် နက်ဝယ် ယူရေးအတွက်လည်း မြန်မာအတွက်ရေးပါတယ်လို့ ဆိုနေပါတယ်။

အမေရိကန်သံမှူးဟောင်း Priscilla Clapp ကလည်း မြန်မာအနေနဲ့ တရုတ်အပြင် ရုရှားကိုပါ လက်နက် ဝယ်ယူရေးအတွက် အပြိုင်လမ်းဖွင့်ထားတာ ဖြစ်တယ်လို့ဆိုပြီး ဒီခရီးစဉ်ရဲ့ နောက်ထူးခြားမှုကို အခုလို ဆက်ပြောပါတယ်။
“ဒါက တရုတ်နဲ့ ရုရှားလို အင်အားကြီး နိုင်ငံတွေအကြားမှာ ချိန်ခွင်လျှာမျှအောင် လုပ်ယူတဲ့ သံတမန်ရေး နည်းအတိ အကျပါပဲ။ ဒါကလည်း မြန်မာနိုင်ငံရဲ့ထုံးတမ်းစဉ်လာအရ ကျင့်သုံးလာတဲ့ လုံးဝ အခြေခံကျတဲ့ နိုင်ငံခြားရေးမူဝါဒလေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တင် မဟုတ်ပါဘူး၊ အရပ်သားခေါင်း ဆောင်တွေ လည်း အလားတူ ဒါကို သတိကြီးကြီးထားပြီး ကျင့်သုံးကြပါတယ်။”

အခု မော်စကို နိုင်ငံတကာ လုံခြုံရေး ညီလာခံမှာ နောက်ဆုံးဖြစ်လာတဲ့ စစ်ရေးခြိမ်းခြောက်မှု အန္တရာယ်တွေ နဲ့ လက်နက်ထိန်းချုပ်မှု စနစ်တွေအပြင် အရှေ့အလယ်ပိုင်း အခြေအနေနဲ့ ဆီးရီးယား တည်ငြိမ်ရေးကနေ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်တွေ ၊ စစ်တပ်ချင်းပူးပေါင်းဆောင်ရွက်ရေးနဲ့ အာရှ၊ အာဖရိက၊ လက်တင် အမေရိက ဒေသတွင်း လုံခြုံရေး ကိစ္စတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ ရှိပါတယ်။ အခုလိုအချိန်မှာ ညီလာခံတက်ရင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လက်နက်အသစ်အဆန်းတွေကို လိုက်လေ့လာ ကြည့်ရှုနိုင်တယ်လို့ Priscilla Clapp ကလည်းသုံးသပ်ပါတယ်။

“သေချာပါတယ်။ သူအခု ရုရှားခရီးစဉ်ကို အကောင်းဆုံး အခွင့်ကောင်းယူပြီး ရနိုင်တဲ့ လက်နက်ပစ္စည်း ကရိ ယာတွေကို လိုက်ကြည့်သွားမှာပါ။ ဒါပေမဲ့ ရုရှားလက်နက်ပစ္စည်းတွေကို ပိုက်ဆံပေး ဝယ်ရမှာပေါ့နော်၊ အဲ့ဒီ တာ့ တရုတ်လက်နက်တွေထက် ဈေးပိုပေး ရမှာပါ။”

ဒါ့အပြင် ရုရှားအနေနဲ့ စစ်အေးကာလလောက် အင်အားမကြီးတော့ပေမယ့် အင်အားကြီးနိုင်ငံတခုအဖြစ် ဆက်ပြီး ကစားချင်တာကြောင့် ပြဿနာတက်နေတဲ့ နိုင်ငံတွေကို အဓိက ဖိတ်ပြီး အခုလို ညီလာခံမျိုး ကျင်း ပတာ ဖြစ်နိုင်တယ်လို့ Priscilla Clapp က သုံးသပ်လိုက်ပါတယ်။

“ရုရှားအနေနဲ့က အမေရိကန်နဲ့ တရုတ်ကြားမှာ ကစားချင်ပါတယ်။ အင်အားကြီးနိုင်ငံတွေအကြား ကစားပွဲ ပေါ့နော်။ ဒီလိုမျိုး ကစားနိုင်ဖို့ တစ်ခုတည်းသောလမ်းက၊ ပြဿနာတွေ တက်လာချိန်မှာ လူကြီးလူကောင်း ဝင်လုပ်တာမျိုးပေါ့နော်။ ဥပမာ - တရုတ်နဲ့အမေရိကန်ကြား မှာ ရှင်းဖို့ ခက်လာချိန်မျိုးမှာပေါ့။ မြောက်ကိုရီး ယားပြဿနာရော၊ ဥရောပက ပြဿနာတွေမှာပါ ရုရှားက ခုလို ဝင်လာလေ့ရှိပါတယ်။”

မနှစ်သြဂုတ်လတုန်းက ရုရှားမှာလုပ်တဲ့ စစ်ရေးဖိုရမ်ခရီးစဉ်အတွင်းတုန်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်း အောင် လှိုင်အနေနဲ့ စစ်လေယာဉ်တွေ တင့်ကားတွေနဲ့ အခြားခေတ်မှီလက်နက်တွေမျိုးစုံ ပြသထားတဲ့ မော်စကိုလက်နက်ပြပွဲကို ဝင်ကြည့်ခဲ့ပြီး ရုရှားနိုင်ငံဘက်က စစ်ရေးနည်းပညာနဲ့ သင်တန်းတွေပေးတာ အကြမ်းဖက်မှု ဆန့်ကျင်ရေး ပူးပေါင်းဆောင်ရွက်တာနဲ့ ရခိုင်ပြဿနတွေ ဖြေရှင်းရေးအတွက် ကူညီပေး တာတွေ ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင် းရခိုင်ပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်လာချိန်နဲ့ UWSP ၀ ပြည်သွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ အင်အားပြပွဲအပြီး ဖြစ်လာတဲ့ ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံမှာ လက်နက်အပြိုင်အဆိုင် စစ်အင်အား တိုးချဲ့မှုှတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */