" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 6, 2023

လုံခြုံရေး စိုးရိမ်စရာဖြစ်နေတဲ့ စစ်တွေမြို့

VOA
ဗွီအိုအေမြန်မာပိုင်း
စံကျော်

၀၆ အောက်တိုဘာ၊ ၂၀၂၃ 

စစ်တွေမြို့တနေရာ (သြဂုတ်၊ ၂၀၂၀) 


မိုခါမုန်တိုင်း အလွန် ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ ခိုးဆိုးလုယက်တာတွေ သတ်ဖြတ် ခံရတာတွေ နေ့စဉ်လိုလို ရှိလာနေတာကြောင့် ဒေသခံတွေကြားစိုးရိမ်မှု မြင့်နေကြ တာပါ။ ပြည်နယ်စစ်ကောင်စီရုံးအခြေစိုက် တဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေလိုနေရာမှာတောင် မကြာခဏဆိုသလိုဒေသခံတွေသတ်ဖြတ်ခံရတာလုယက် ခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။

မိုခါဆုန်ကလုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ် တော်တော်များများမှာမကြာ ခဏဆိုသလို ဒေသခံတွေ သတ်ဖြတ်ခံရတာ လုယက်ခံရတာ ဓားပြတိုက်ခံရတာတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဒေ သခံတွေ ကပြောပါတယ်။ မနေ့က ဆိုရင်လည်း ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာ ဒေသခံတဦး အမည်မသိ သေ နတ်သမားရဲ့ ပစ်သတ်တာခံရပြီး သေဆုံးခဲ့ရတာပါ။

အခုလို အသတ်ခံရတာတွေ မကြာခဏရှိပေမယ့် အာဏာပိုင်တွေက တရားခံတွေကို ဖော်ထုတ် မဖမ်းဆီးပေးနိုင်တဲ့ အတွက် ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့ စစ်တွေဒေသခံတဦးဖြစ်တဲ့ မမျိုးအေးက ပြောပါ တယ်။

“ လုံခြံမှုက အစကတည်းကနေ မရှိဘူးပေါ့နော်၊ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ပိုပြီးတော့ လုံခြုံမှုမရှိဘူးလို့ ခံ စားရတယ်၊ လမ်းသွားလမ်းလာတို့ဆိုရင်လည်း သတိထားပြီးသွား ရတယ် ပေါ့၊ ဥပမာ ၆နာရီ ရနာရီလောက် ဆို ရင် အပြင်ကို သိပ်မထွက်ရဲတော့ဘူးပေါ့လေ၊ မနေ့က ဆိုရင်လည်း ပစ်ခတ်မှုတွေ ဖြစ်တယ်၊ လမ်းမှာဆိုရင်လည်းလု ယက်မှုတွေ ဓားနဲ့ အခုတ်ခံရ တာတွေပိုများလာတော့ ဒီနောက်ပိုင်းမှာ ကိုယ့်ကို စိုးရိမ်စိတ်တွေ ပိုပြီးတော့ မြင့်တက် လာ တာပေါ့။”

အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူတွေ ကိုယ်စိတ် မလုံခြုံမှုတွေခံစားနေကြရတာဖြစ် ပေမယ့် ရခိုင်ပြည်နယ်မှာတော့ မိုခါမုန်တိုင်းကျခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခြေနေက ပိုပြီးဆိုးလာတာဖြစ်တယ်လို့ စစ်တွေဒေသခံ မမျိုးအေးက ပြောပါတယ်။

“ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီလိုမျိုးဖြစ်လာတယ်ပေါ့နော် ဒါပေမယ့် မိုခါပြီးတဲ့ နောက်ပိုင်းမှာတော့ ဆိုးဆိုးရွားရွား အခြေအနေလို့ ပြောလို့ရပါတယ်၊ ဆင်းရဲမွဲတေမှုရဲ့ နောက်မှာ လူတွေက ထမင်းစားဖို့အတွက် ရုန်း ကြရတယ်၊ အလုပ်လည်းမရှိ ဝင်ငွေလည်း မရှိတဲ့ အနေအထားမှာ လူတွေက ခိုးကြတယ်၊ လုကြတယ်၊ ဓားပြတိုက် ကြ တယ်၊ ဝမ်းရေးကို ဖြေရှင်းဖို့ ဖြစ်သလို လုပ်ကြတယ်၊ အဓိကတော့ မိုခါအပြီးမှာ ဒီလိုဖြစ်စဉ်တွေ သိသိသာသာ တိုးလာတာ၊ တပတ်အတွင်းမှာဆိုရင် ၁ဝ ခုလောက်ဖြစ်သွားတဲ့အနေအထားရှိပါတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တင်းမာမှုတွေ လည်းရှိနေသလို ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ လတွေက စပြီး ARSA အကြမ်းဖက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ရှိ လာ နေတာပါ။ ဒါ့အပြင် မြို့နဲ့ အလှမ်းဝေး တဲ့ ကျေးလက်ဒေသတွေမှာ တာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်းတွေ အ သတ်ခံရတာ လုယက်ခံရတာတွေလည်းရှိနေတာပါ။ ပြီးခဲ့တဲ့ လကလည်း ရသေ့တောင်မြို့ နယ်က ကျောင်းဆရာမ တဦး ကျောင်းသွားတဲ့ လမ်းမှာ မုဒိန်းကျင့်သတ်ဖြတ် ခံရတာလည်းရှိပါတယ်။

အခုလို ဖြစ်စဉ်တွေကြောင့် မြို့ပြနဲ့ ဝေးလွန်ခေါင်ဖျားဒေသတွေမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့ မောင်တောမြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာတဦးကပြောပါတယ်။

“ အဲလို သတင်းတွေကို ကြားရတော့ ကျနော်တို့ နယ်ဝေးမှာ တာဝန်ထမ်းဆောင်နေရတာ ဆိုတော့ လုံခြုံမှုမရှိသလို ခံစားရတယ်။ အဲဒီလို ARSA သတင်းတွေကြားတိုင်း သတ်ဖြတ်ခံရမှု သတင်းတွေကြားတိုင်း အကုန်လုံးကတော့ တုန်လှုပ်ကြတာပဲ၊ ဒီမှာလည်း လမ်းခရီးတွေမှာ အရင်တုန်းကဆိုရင် တဦးတည်း ဖြစ်သလို သွားလိုက်တာပဲ အခု နောက်ပိုင်းတော့ အဲလိုမသွား ရဲတော့ဘူး၊ စုပြီးတော့ သွားကြတယ်၊ အဲဒီဖက်မှာ ၈ ယောက်လောက် တာဝန်ကျနေ တယ်ဆိုရင် စုပြီးတော့ သွားကြတယ် လာကြတယ် အရင်ကလို တယောက်တည်း သွားတာက အခု နောက်ပိုင်းမရှိ ဘူးလို့ ပြောလို့ရတယ်။”

ဒါ့ကြောင့်မလို့ နိုင်ငံ့ဝန်ထမ်းတွေ နဲ့ ဒေသခံပြည်သူတွေလုံခြုံမှုရှိအောင် အာဏာပိုင်တွေအနေနဲ့ လုပ်ဆောင်ပေး သင့် တယ်လို့ မောင်တောမြောက်ပိုင်းက ကျောင်းဆရာ တဦးကပြောပါတယ်။

“ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ကတော့ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဆောင်ရွက်ပေးစေ ချင်တယ်၊ ပြီးတော့ တခုခုဖြစ်လာပြီဆိုရင်လည်း မားမားမတ်မတ်ရပ် တည်ပေးမယ် ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။”

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးပြည်နယ်တခုဖြစ်တာကြောင့် အလုပ်အကိုင်အ ခွင့်အလမ်းရှားပါးတဲ့ ပြည်နယ်တခုဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ်တွေကိုလည်း ဆိုးဆိုး ရွားရွားခံထားရတာကြောင့် ဒေသခံတွေရဲ့ စားဝတ်နေရေး အကြပ်အတည်းတွေကို ရင်ဆိုင်နေကြရတာပါ။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ လည်းဒေသခံတွေရဲ့ နေ့စဉ်ခရီးသွားလာရေးနဲ့ ကုန်ပစ္စည်း သယ်ယူခွင့်တွေကို ကန့် သတ်ထားသလို မကြာခဏဆိုသလို စစ်ဆေးတင်းကြပ် ဖမ်းဆီးတာ တွေကြောင့် ဒေသခံတွေရဲ့ နေ့စဉ်လူနေမှုဘဝ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေကြ ရတာဖြစ် တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */