" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 16, 2023

စစ်တွေတွင် ALP ဗိုလ်မှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက လုံခြုံရေတိုးမြင့်

Narinjara
Saturday, September 16, 2023

စက်တင်ဘာလ ၁၅ ရက်နေ့ ည ၇:၃၀ နာရီအချိန် စစ်တွေမြို့မြင်ကွင်း။


ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ (ALP) မှ ဗိုလ်မှူး ခိုင်စိုးလွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြင့်ချထား သည် ဟု မြို့ခံများက ပြောသည်။

စစ်တွေမြို့တွင်းရှိ အချက်အချာကျသော လမ်းမကြီး နာရီစင်အဝိုင်း၊ မီးစက်ကြီးလမ်းဆုံအဝိုင်း၊ စာတိုက်ကြီး လမ်း ဆုံနှင့် အခြား လူစည်ကားသည့် နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်တို့ဖြင့် လုံခြုံရေး တိုးမြင့် ချထားပြီး လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်များနှင့် ဖုန်းများကိုလည်း ဖွင့်၍စစ်ဆေးလျက်ရှိသည်ကို တွေ့ရ ကြောင်း မြို့ခံများက ပြောသည်။

“လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေ ဘောက်တွေကို ဖွင့်ကြည့်တယ်။ တစ်ယောက်တစ်လေဆို ဖုန်းတွေ ကို လည်း အစစ်ခံရတယ်” ဟု ပြောသည်။


ထို့အပြင် မြို့အဝင်အထွက်နေရာများ ဖြစ်သည့် တိပ်ထိန်းဂိတ်၊ ဆတ်ရိုးကျ စစ်ဆေးရေးဂိတ်တို့တွင်လည်း လုံခြုံ ရေးတိုးမြင့်ချထားသည်ဟု ဆိုကြသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ညအချိန် ရပ်ကွက်များအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးပြီး အပြစ်မဲ့ပြည်သူများ ဖမ်းဆီးခြင်းများ လုပ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အသက် ၄ဝ ကျော်အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် စက်တင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီကျော် တွင် စစ်တွေမြို့ရှိ ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တစ်ဆိုင် အရှေ့၌ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရ သည့် အပြင် ချွန်ထက်သည့် အရာတစ်ခုဖြင့် ထိုးသွင်းခံလိုက်ရ၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသ ခံများက ပြောသည်။

သေဆုံးသူ၏ နဖူးတွင် ကျည်ဖောက်ဝင်ဒဏ်ရာနှင့် အတူ ရင်အုံ၊ လက်မောင်း တို့တွင်လည်း ထိုးသွင်းဒဏ်ရာများ ရရှိကာ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများနှင့် ဆေးရုံမှတ်တမ်းများအရ သိရသည်။

ALP ဗိုလ်မှူး ခိုင်စိုးလွင်ကို အမည်မသိလူ ၄ ဦးက ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ကာ အနီးကပ် သေနတ်ဖြင့် ပစ်ခတ်ကာ ဓား (သို့မဟုတ်) ချွန်ထက်သည့်အရာ တစ်ခုခုဖြင့် ထိုးသတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို နိရဉ္စရာက ဆက်သွယ်ရာ တစ်စုံတစ်ရာ တုံ့ပြန် ပြောဆိုခြင်း မရှိခဲ့သလို ALP အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်ကို ဆက်လက် ဆက်သွယ်ခဲ့သော်လည်း ဖုန်း ပြန် လည် ဖြေကြားခြင်းမရှိခဲ့ပါ။


Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */