" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 2, 2024

ဘူးသီး‌တောင်အကျဉ်းထောင်မှအကျဉ်းသားများနှင့် စစ်လက်နက်အသုံးအဆောင်ပစ္စည်းများကို စစ်တွေမြို့သို့ပြောင်းရွှေ့ နေ

နိရဉ္စရာ
သဉ္ဇာနွယ်၊
ဧပြီ ၁ / ၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် စစ်လက်နက်အသုံးအဆောင်ပစ္စည်းများကို စစ်တွေမြို့သို့ ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့မှ အကျဉ်းသားများကို မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မောင်တောမြို့မှတဆင့် စစ်တွေအကျဉ်းထောင်သို့ပို့ဆောင်ခဲ့သည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာန သို့ ပြောကြားခဲ့သည်။

“ အကျဉ်းသားတွေကို ဘူးသီးတောင်ကနေ မောင်တောကိုကားနဲ့ခေါ်လာပြီး ကညင်ချောင်းဖက်က နေဗီနဲ့ စစ်တွေကိုပို့တယ်။ ဝန်ထမ်းမိသားစုတွေကိုပြောင်းသလိုမျိုး။ မွတ်ဆလင် အကျဉ်းသားတွေကို တော့ စစ်မှုထမ်းခိုင်းဖို့ခေါ်တာလို့သုံးသပ်မိတယ် “ ဟု သူက ပြောသည်။

မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့များအတွင်း အကျဉ်းသားများအပြင် စစ်တပ်မိသားစုဝင်များနှင့် စစ်အသုံးဆောင်ပစ္စည်းများဖြစ်သည့် တင့်ကား၊ ဟောင်ဝှစ်ဇာ အမြောက်၊မြေပြင်မှ ဝေဟင်ကိုပစ်သည့် မစ်ဇိုင်းဒုံးကျည်လက်နက်ကြီးများကို ကားကြီးများဖြင့် သယ်ဆောင်ကာ မောင်‌တော ကညင်ချောင်းဆိပ်ကမ်းမှတဆင့် စစ်တွေသို့ စစ်သင်္ဘော၊နေဗီများဖြင့် ပို့ဆောင်နေကြသည်ကိုတွေ့ရကြောင်း မောင်တောမြို့ခံများက ပြောသည်။

“ ဒီရက်ပိုင်းတွင်းမှာ စစ်တပ်မိသားစုတွေလည်းပြောင်းတယ်။ အကျဉ်းသားတွေလည်း ပြောင်းတာမြင်ရတယ်။ လက်နက်ကြီးတွေလည်း တစ်ခါတည်းပို့တာ တွေ့ရတယ်။ စစ်တွေမှာ လက်နက်အထိုင်စခန်းချပြီး စစ်တွေကို ခုခံဖို့ထင်တယ် “ ဟု မောင်တောမြို့ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်းစစ်တွေမြို့ ပြည်တော်သာရပ်ကွက်၊ လမ်းမကြီးရှိ ပြည်နယ်လဝကရုံးဝင်းအတွင်း စစ်ကောင်စီမှ လက်နက်ကြီးများကို အထိုင်စခန်းချရန် စီစဉ်နေသဖြင့် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် မိသားစုများမှာ နေရာရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့က ဘူးသီးတောင်မြို့ရှိ စစ်တပ်ဝန်ထမ်း မိသားစုများနှင့် ရဲဝန်ထမ်းမိသားစုတချို့ကို စစ်ရဟတ်ယာဉ်များဖြင့် စစ်တွေမြို့ကို ရွှေ့ပြောင်းထားပြီဟု ဘူးသီးတောင်မြို့ခံများက ပြောသည်။

ဘူးသီးတောင်မြို့ရှိ စစ်တပ်မိသားစုများကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းကနေ ဘူးသီးတောင် - မောင်တော ကားလမ်း အတိုင်း စစ်ကား( ၁၇ )စီးဖြင့် မောင်တော ကညင်ချောင်း ဆိပ်ကမ်းသို့ ပိုဆောင်ခဲ့ပြီး လက်ရှိတွင် စစ်တွေသို့ပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။စစ်ကောင်စီသည့် စစ်တွေမြို့မှအပ ရခိုင်ပြည်နယ်မြောက်ပိုင်းတခုလုံးတွင် ရက္ခိုင့်တပ်တော်(AA)အား ရှုံးနိမ့်နေပြီး ရှိသမျှအင်အားအလုံးအရင်းကို စစ်တွေမြို့သို့ ရွှေ့ပြောင်းနေသဖြင့် စစ်တွေမြို့ခံများကလည်း စိုးရိမ်နေကြကြောင်း သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */