Saturday, May 11, 2019

ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးစစ် ဆေးနေသူတွေ ထဲက ၂၁ ဦးကို ထပ်လွှတ်ပေး

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-05-11
 
 ရသေ့တောင်မြို့နယ် အနီးတဝိုက် မြေပုံ Photo: cincds.gov.mm
 
 ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေရတဲ့ ရခိုင် ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက ၂၁ ဦးကို ဒီနေ့ညနေမှာ ပြန်လွှတ် ပေးလိုက်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။


ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဆက်လက်ထိန်းသိမ်းစစ်ဆေးနေသူ ၄၃ ဦးရှိပြီး အဲဒီထဲက ၂၁ ဦးကို ပြန်လွှတ်ပေးလိုက်တာဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကျောက်တန်းကျေးရွာမှာ ရက္ခိုင့်တပ်မတော် AA နဲ့ပတ်သက်လို့ သံသယရှိသူ ၂၇၅ ဦးကို တပ်မတော်က ဧပြီ ၃၀ ရက်နေ့က စတင်ထိန်းသိမ်းစစ်ဆေးခဲ့ပြီး မေလ ၃ ရက်နေ့က ၁၂၆ ဦး၊ မေလ ၆ ရက်နေ့က ၄၈ ဦး၊ မေလ ၈ ရက်နေ့က ၃၅ ဦးကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီပြန်လွှတ်ပေးလိုက်သူတွေထဲက နှစ်ဦးဟာ AA အဖွဲ့နဲ့ ပတ်သက်မှုရှိကြောင်း သိရတာကြောင့် ပြန်လည် ထိန်းသိမ်းလိုက်တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါကြောင့် ကျောက်တန်းကျေးရွာမှာ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်မှုရှိကြောင်း သံသယရှိသူ ၂၄ ဦးကို တပ်မတော်က ဆက်လက်ထိန်းသိမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

တပ်မတော်က စစ်ဆေးခဲ့တဲ့ထဲက AA တပ်ဖွဲ့ဝင်အဖြစ် ဝန်ခံသူ လေးဦးနဲ့ သံသယရှိသူ နှစ်ဦးကို ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က စစ်တွေ ရဲစခန်းကို ပို့ဆောင်ပြီး တရားဥပဒေအရ ဆက်လက် ဆောင်ရွက်နေကြောင်း လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၈ ရက်နေ့မှာ RFA ကို ပြောဆိုထားပါတယ်။

ကျောက်တန်းကျေးရွာမှာ ရက္ခိုင့်တပ်မတော် AA နဲ့ပတ်သက်ကြောင်း သံသယရှိသူတွေကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေစဉ်အတွင်း မေလ ၂ ရက်နေ့ မနက် နှစ်နာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ် ခတ်ခဲ့တာကြောင့် ခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေသူတွေဟာ ညာသံပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်ဖို့ ကြိုးစားတာကြောင့် မလွှဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်း လူစုခွဲခဲ့ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာဖြစ် ကြောင်း တပ်မ တော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လည်း တပ်မတော်က ဖွဲ့စည်းထားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */