By ဒီဗွီဘီ
13 May 2019

“ဒီေနေ့လယ် ၂ နာရီ ၄၅ မိနှစ်မှာ စစ်ဆေးရာမှာ ကျနေသူ ကျေးရွာသားတွေ အားလုံးကို ပြန်လွှတ်ပေးလိုက်ပါပြီ၊ အေအေလို့ ဝန်ခံတဲ့သူ နှစ်ဦးကိုတော့ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ စစ်တွေ အမှတ် ၁ ရဲစခန်း ကို လွှဲပေးလိုက်ပါတယ်။ အရင် စစ်တွေကို ခေါ်လာတဲ့ ကျောက်တန်းကျေးရွာသား ၆ ဦးထဲမှာ ၄ ဦးက အေအေလို့ ဝန်ခံထားတဲ့အတွက် စစ်တွေ အမှတ်(၁)ရဲ စခန်းသို့လွှဲ ပြောင်းပေးပြီးပါပြီ။ ကျန် နှစ်ဦးကို စစ် ဆေးနေဆဲပါ။ အားလုံး ဖမ်းထားတာ ၆ ဦး၊ ကျန် နှစ်ဦးက စိစစ်ဆဲပါ။ အေအေလို့ ဝန်ခံတဲ့သူတွေ ကို တော့ ဘယ်လို ပုဒ်မတွေနဲ့ တရားစွဲမလဲဆိုတာတော့ ပြောမရသေးပါဘူး ရဲလက်ထဲလွှဲအပ်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ” လို့ပြောပါတယ်။
ကျောက်တန်းရွာက စုစုပေါင်း ကျေးရွာသား ၂၇၅ ဦးကို တပ်မတော်က ဧပြီ ၃၀ ရက်ကတည်းက စတင်ဖမ်း ဆီးစစ်ဆေးနေတာဖြစ်ပြီး ဖမ်းဆီးစဉ် မေ ၂ ရက်မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တပ်မတော်က မေ ၃ ရက်မှာ ရွာသား ၁၂၆ ဦး၊ မေ ၆ ရက်က ၄၈ ဦး၊ မေ ၈ ရက်နေ့က ၃၅ ဦး၊ မေ ၁၁ ရက်နေ့က ၂၂ ဦး ပြန်လွှတ်ပေးပြီး ဒီနေ့ ကျန်ရှိသူတွေကို လွှတ်ပေး လိုက်တာလည်း ဖြစ်ပါတယ်။
ကျော်လင်းဦး
Link : Here
No comments:
Post a Comment