နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၃၁/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ စစ်ဆေး တွေ့ရှိချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပို့ပေးသွားမည် ဖြစ် ပြီး လိုအပ်ပါက သမ္မတထံလည်း တင်ပြမည်ဟု ၎င်းအဖွဲ့ ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးယုလွင်အောင်က ပြောသည်။

ဦးယုလွင်အောင်က “ ကျွန်တော်တို့ အဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးမှု တစ်ခုခုပြီးရင် ဒီအမှုကို ဘယ်သူနဲ့ ဆိုင်လဲပေါ့။ ဆိုင်တဲ့ ဝန်ကြီးဌာနကို ကျွန်တော်တို့က အကြောင်းကြားပါတယ်ခဗျာ။ လိုအပ်တဲ့ အခါ ကျရင်တော့ ဒါသမ္မတဆီကို တင်ပြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကော်မရှင်က သမ္မတဆီတင်ဖို့ ဆုံး ဖြတ်လို့ ရှိရင်တော့ သမ္မတဆီကို ပို့မှာပေါ့။ အခုချိန်မှာတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ဘယ်ကိုပို့ မယ်ဆိုတာကို ဒါကိုမပြောနိုင်သေးဘူးဗျာ” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် အပါအဝင် ကော်မရှင်အဖွဲ့ဝင် သုံးဦး သည် မေလ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသို့ ရောက်ရှိလာပြီးကျောက် တန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျေးရွာသားများနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။
၎င်းပြင် ကျောက်တန်း ဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများ၏ မိသားစုများ၊ ဒဏ်ရာရရှိခဲ့သူများ၊ ဖမ်းဆီးခံထားရ သူများ၏ မိသားစုများ အပါအဝင် ကျောက်တန်း ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တပ်မတော်မှ တာဝန်ရှိသူများနှင့် လည်း မေလ ၂၉ ရက်နှင့် ၃၀ ရက်များက တွေ့ဆုံခဲ့သည်ဟု သိရသည်။
ကျောက်တန်းဖြစ်စဉ်ကို လာရောက် စုံစမ်းစစ်ဆေးရခြင်းနှင့် ပတ်သက်ပြီး ဦယုလွင်အောင်က “ကျောက်တန်းပြဿနာကိုလည်း သိတဲ့အတိုင်းဘဲလေ။ အဲဒီပြဿနာကို ကျွန်တော်တို့ သွားကြည့် တာပါ။ သွား ကြည့်တယ်။ ကျွန်တော်တို့ကို သတင်းပို့ချင်တဲ့ ရွာသားတွေကို သတင်းပို့ရအောင် စီစဉ်တဲ့ သဘောမျိုးပါ။ သူတို့ ပြောချင်တာတွေ နားထောင်မယ် ဒါပါပဲ။ လောလောဆယ်တော့ အဲဒါကို ကျွန်တော်တို့ပြောလို့ မ ရသေးဘူးခင်ဗျာ ။ စစ်တုန်း၊ ဆေးတုန်း၊ မေးနေတုန်းဆိုတော့လေ။ အဖြေက ကျွန်တော်တို့ ပေးလို့ မရ သေးဘူး” ဟု ပြောဆိုသည်။
၎င်းပြင် ယခုခရီးစဉ်အတွင်း တပ်မတော်ဘက်ကလူတွေကိုလည်း မေးမြန်းသွားမည်ဟု ၎င်းက ပြောဆို သည်။
ကျောက်တန်းခရီးစဉ်တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များနှင့် အတူ လိုက်ပါ လာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ကျမတို့ ဒီရခိုင် အမျိုးသား ပါတီအနေနဲ့ ကျောက်တန်းမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အကြီးအကဲများကို တင်ပြ တိုင်ကြားထားတဲ့ အိတ် ဖွင့် ပေးစာပေးလို့ရှိပါတယ်။ အဲဒီမှာ သမ္မတကြီးရယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ကာချုပ်ရယ်၊ နောက်တစ်ခါ လူ့အခွင့်အရေးကော်မရှင် စတဲ့ ၄ ခုကို ပို့ထားပါတယ်။ ကျမတို့ပို့ထားတဲ့ စာကိုလည်း သူတို့ရရှိပြီးဖြစ် ပါ တယ်။ အဲအတွက်ကြောင့် ကျောက် တန်း ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ကော်မရှင်က အဖွဲ့ဝင် ၃ ဦးက စစ်တွေမြို့ကို ရောက်ရှိပြီးတော့ ကျမတို့ကို ခေါ်တွေ့ ပါတယ်။
သူတို့ကျောက်တန်းကိုသွားချင်တယ်။ အခြေအနေဘယ်လိုရှိလဲ သွားလို့ လာလို့ ကောင်းလား မေးတဲ့အ တွက် ကျမတို့ကလည်း သွားလို့လာလို့ကောင်းပါတယ်။ ကျမတို့ ရောက်အောင် ပို့ပေးပါမယ် ဆိုပြီးတော့ သူတို့ သုံး ယောက်နဲ့ အတူ ဒီနေ့ မေလ ၂၉ ရက်နေ့မှာ ကျမတို့ ဒီက ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တွေဖြစ်ကြတဲ့ ဦးသန်းနိုင်ရယ်၊ ကျမရယ်၊ နောက်တစ်ခါ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တင်မောင် ဝင်းရယ် သုံးယောက် လိုက်လာကြပြီး ကျောက်တန်းလူထုနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြော ဆို သည်။
၎င်းပြင် ဒေါ်ခင်စောဝေက “ အခုလိုအရေးတယူနဲ့ ကျမတို့ရဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ရင်ထဲက ခံစားချက် တွေ၊ သူတို့ကြုံတွေ့ခဲ့ရတဲ့ ပြဿနာကိုပေါ့နော်။ လာရောက်စုံစမ်းပြီး ဖော်ထုတ်တဲ့ အတွက်ရော၊ ကျမတို့ တိုင် စာပေါ့လေ အိတ်ဖွင့်ပေးစာ နိုင်ငံတော်အကြီးအကဲများကို တင်ပြတိုင်ကြားတဲ့အိတ်ဖွင့်ပေးစာ အပေါ် မှာအရေးတစ်ယူ လုပ် ဆောင်ပေးတဲ့အတွက်ကို လည်း ကျမတို့အနေနဲ့လည်း ဘာဘဲဖြစ်ဖြစ်သူတို့ကို ကျေးဇူးတင်ပါတယ်ရှင်” ဟု ပြောကြားသည်။
ကျောက်တန်း ဖြစ်စဉ်တွင် တပ်က ပစ်ခတ်၍ အရပ်သား ၇ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရှိခဲ့သည်။ ၎င်းပြင် ရွာသား ၆ ဦးကိုလည်း ဖမ်းဆီး အရေးယူထားသည်။
(ဓာတ်ပုံ- လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များမေလ ၂၉ ရက်နေ့က ကျောက်တန်းရွာတွင် ဒေသခံ များနှင့် တွေဆုံနေစဉ်/ Than Naing post)

No comments:
Post a Comment