BBC
၂၅ ဒီဇင်ဘာ ၂၀၂၄
ကော့ဘဇားဒုက္ခသည်စခန်းမြင်ကွင်း
မြန်မာ - ဘင်္ဂလာဒေ့ရှ်နယ်စပ်နဲ့ ကပ်နေတဲ့ ရခိုင်စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒုက္ခ သည်စခန်းကို ရိုဟင်ဂျာထောင်နဲ့ချီ ထပ်မံရောက်ရှိလာပြီး လက်နက်ကိုင်ပဋိပက္ခတွေကြား ရိုဟင်ဂျာတွေရဲ့အခြေအနေပိုဆိုးလာမယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) စီမံကိန်းညှိနှိုင်းရေးမှူးဟောင်း စတီဖနီဟော့မန်း က ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင် နဲ့ မောင်တောမြို့တို့မှာ နေအိမ်တွေမီးရှို့ခံရတာ၊ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကို ထပ်တိုးခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
ကော့ဘဇားဒုက္ခသည်စခန်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ စတီဖနီဟော့မန်းရဲ့ အပြောအရတော့ စစ်ကောင်စီ တပ်ရော အာရက္ခတပ်တော် (အေအေ) တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေက အဓိကပစ်မှတ်ထား ခံနေရပြီး အဲဒီဒေသတွေက အခြားလူမျိုးတွေလည်း အလားတူအခက်အခဲတွေရင် ဆိုင်နေရပါတယ်။
မောင်တောမြို့ကို အေအေကို ထိုးစစ်အရှိန်မြှင့်ခဲ့တဲ့ သြဂုတ်လကစလို့ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် ဘက်ခိုလှုံလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက် တိုးလာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး Md. Touhid Hossain က ရခိုင်ဘက်က တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ၂ လကစပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာအယောက် ၆၀,၀၀၀ (ခြောက်သောင်းကျော်) ထပ်မံဝင်ရောက်လာခဲ့တယ်လို့ပြောထားပါတယ်။
၂၀၁၇ ခုနှစ်ကတည်းက ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော် ကော့ဘဇားမှာလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ထပ်တိုးလာမယ့် ရိုဟင်ဂျာတွေကို ဆက်ပြီးလက်မခံတော့ဘူးလို့ ပြောဆိုထားတာပါ။
အေအေဟာ မြန်မာ - ဘင်္ဂလာဒေ့ရှ်နယ်စပ်နဲ့ ကပ်နေတဲ့ ဘူးသီးတောင်မြို့ကို ပြီးခဲ့တဲ့မေလကတည်းက သိမ်းပိုက်ထားပြီး မောင်တောမြို့ကို တော့ လနဲ့ချီတိုက်ခိုက်အပြီး အခုဒီဇင်ဘာပထမအပတ်မှာသိမ်းယူခဲ့တာပါ။
အဲဒီဒေသက နှစ်ဖက်တိုက်ပွဲတွေအတွင်း လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာမျိုး ရှိ မရှိ ဆန်းစစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ က ကြေညာထားပါတယ်။
Link : Here

No comments:
Post a Comment