Myanmar Pressphoto Agency
by MPA,Jar Seng
Oct 13, 2024
၂၀၂၄ခုနှစ်၊ စက်တင်ဘာလက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ကိုULA/AA ဦးဆောင်မှုအောက်တွင် ထားရှိပြီး တစ်ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် အခြားသော တိုင်း ရင်းသားများက ယခုကဲ့သို့ မျှော်လင့်နေခြင်းလည်းဖြစ်သည်။
“ကျတော်တို့ လူနည်းစုတွေအားလုံးက လက်ရှိ ULA/AA အုပ်ချုပ်ရေးယန္တရားအကောင်အထည်ဖော်ဆောင်မှုနဲ့ပတ်သက်ပြီး စိုးလည်း စိုးရိမ်နေတယ်။ မျှော်လင့်ချက်ကောင်းတွေလည်း မျှော်လင့်ထားပါတယ်။ ရခိုင်ပြည်ရဲ့ လူနည်းစုတိုင်းက နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ဆုံးဖြတ်ချက်နိုင်တဲ့နေရာတွေမှာ ပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေကို ပေးသင့်ပါတယ်” ဟု ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နေသူ ဒိုင်းနက်အမျိုးသား ကိုထွန်း (အမည်လွှဲ)က ပြောသည်။
လက်ရှိ ULA/AAက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်ရှိ၊ မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို သိမ်းပိုက်ထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လျက်ရှိသည်.
ထိုကဲ့သို့ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရာတွင် ရခိုင်မဟုတ်သည့် လူမျိုးစုများလည်းပါဝင်နိုင်သည်ဟု ULA/AA က ဆိုထားပြီး အနာဂတ်ရခိုင်ပြည်ထူထောင်ရေးတွင် တစ်ပါတီအာဏာရှင်စနစ်မဟုတ်ဘဲ ပါတီစုံ သို့မဟုတ်လူမျိုး စုံပါဝင်သည့် နိုင်ငံရေးနှင့် သက်ဆိုင်သော ကဏ္ဍများ၌ အခြားသော လူမျိုးစုများဖြင့် ချမှတ်သော နိုင်ငံရေးစနစ်ကို တိုင်းရင်းသားများက လိုလားနေခြင်းဖြစ်သည်။
“ကျတော်တို့အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုပါတယ်။ အာဏာရှင်ကို တိုက်ထုတ်ရင်းနဲ့ အာဏာရှင်သစ်ဖြစ်သွားမှာကို အထူးစိုးရိမ်ပါတယ်။ အဲ့ဒါကြောင့်မို့ တစ်ပါတီစနစ်က အာဏာရှင်စနစ်ဖြစ်လို့ နဂိုကတည်းက မကြိုက်ပါ။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကျင့်သုံးပြီးတော့ နိုင်ငံရေးမှာ ပါဝင်ဆွေးနွေးနိုင်အောင် လုပ်ဆောင်ပေးကြဖို့လိုပါတယ်။ ဒါကြောင့်မို့ ကျတော်တို့လည်း ပါတီထူထောင်ခြင်း ဖြစ်ပါတယ်။အနာဂတ်ရခိုင် ပြည်ကို နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းမှုတွေနဲ့ဘဲ သွားလိုပါတယ်” ဟု ခမီအမျိုးသားတိုးတက်ရေးပါတီမှ ဦးသန်းဌေးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ချင်း၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန် နှင့် ရိုဟင်ဂျာ( မွတ်စလင်မ်)များ နေထိုင်ကြပြီး၊ ရခိုင်ပြည်၏ နိုင်ငံရေးလုပ်ငန်းစဉ် နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ၎င်းတို့အားလုံး လက်တွဲခေါ်ဆောင်သွားရန် လိုအပ်ကြောင်း လူနည်းစုတိုင်းရင်းသားများက ထောက်ပြကြသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ULA/AA အနေဖြင့် ၎င်းတို့၏ မူဝါဒများကို ပွင့်လင်းမြင်သာစွာ ချပြမှုမရှိသေးသည့်အတွက် လူနည်းစုတိုင်းရင်းသားများက စိုးရိမ်လျက်ရှိသည်။
“ကျတော်တို့ကို ULA/AA အနေနဲ့ လူနည်းစုရေးရာနဲ့ပတ်သက်လို့ မူဝါဒါရေးဆွဲတာတို့ ပြုလုပ်ဖို့အတွက် ဖိတ်ခေါ်ထားတာ ခုချိန်ထိမရှိသေးပါဘူး။ ကျတော်တို့ မပါဘဲ သူတို့အသုံးချလို့ရတဲ့သူတွေကိုခေါ်ပြီး လူနည်းစုတွေအတွက် မူဝါဒါများ ရေးဆွဲသွားမှာကို မလိုလားပါဘူး” ဟု မြိုအမျိုးသားဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ULA/AA က၎င်းတို့ ထိန်းချုပ်ထားသည့် မြို့နယ်များ၌ အုပ်ချုပ်ရေးစတင်ထူထောင်သည့်အချိန်၌ လူမျိုးစုများအကြား လူမှုရေးအရ ချဉ်းကပ်ရန်နှင့် အားလုံး တန်းတူညီမျှမှုရှိပြီး ပွင့်လင်းမြင်သာသည့် အုပ်ချုပ်ရေးစနစ်ကို ကြိုးပမ်းနေသည်ဟု ဆိုထားသည်။
“ULA ကဖော်ဆောင်နေတဲ့ အုပ်ရေးကဏ္ဍတွေမှာ လူမျိုးစုတွေ အားလုံးကို ကိုယ်စားပြုထားတဲ့ အဖွဲ့ဝင်တွေပဲဆိုတာ တွေ့နိုင်ပါတယ်။ ကျတော်တို့ရဲ့ အဓိက ရည်မှန်းချက် (mission) ကတော့ အုပ်ချုပ်ရေးအဖွဲ့တွေမှာ လူ နည်းစုတွေ ပါဝင်လာဖို့ ပိုအရေးကြီးတယ်လို့ ခံယူထားပြီး တရားသူကြီး၊ ရဲအဖွဲ့ဝင်တွေ ပါတီကေဒါတွေက အစ အားလုံးပါဝင်လာရမှာဖြစ်ပါတယ်” ဟု စက်တင်ဘာလတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သည်ဒီပလိုမတ် အင်တာဗျုးတွင် ပြောကြားထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စ၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားများကို ULA/AA က စ တင်အကောင်အထည်ဖော်ကျင့်သုံးခဲ့ပြီး၊ ၎င်းယန္တရားများတွင် ဒေသခံလူနည်းစုများကို ဖိတ်ခေါ်သော်လည်း နိုင် ငံရေးအရ တန်းတူရည်တူ ဖိတ်ခေါ်ခြင်းမဟုတ်ဘဲ အသုံးချခံအနေဖြင့်သာ ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု ရခိုင်မဟုတ်သည့် လူနည်းစုများ ထောက်ပြမှုများရှိနေသည်။
Link : Here

No comments:
Post a Comment