RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.09.10
လက်လွှတ်ခဲ့ရတဲ့နေရာတွေကို အကုန်လုံး ဖျက်ဆီးမယ်ဆိုတဲ့ ပုံစံမျိုးဘက်က လုပ်လာတဲ့ ပုံမျိုးဖြစ်တယ်ဖမ်းဆီးခံရသူတွေထဲ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ ဆက်စပ်သူတွေပါဝင်နေတယ်လို့ ဆိုတဲ့အပေါ် ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဥက္ကဋ္ဌရုံး ဒါရိုက်တာ ခိုင်မောင်လှသာကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
“ကျွန်တော်တို့ ရခိုင်ဘက်မှာ အွန်လိုင်းတွေလည်းမရတော့ဘူး။ အင်တာနက်တွေလည်းမရတော့ဘူး။ ဘာတစ်ခုမှလည်း မသိရသေးဘူး။ အင်တာနက်အခက်အခဲကြောင့် ဒီအခြေအနေတွေကို ဘာပြောရမှန်း မသိဖြစ်နေပါတယ်”
AA ထုတ်ပြန်ချက်အရ အဲ့ဒီနေ့ည ၈ နာရီခွဲဝန်းကျင်ခန့်မှာပဲ မောင်တောမြို့၊ သုံးမိုင်နဲ့ ဝေသာလီရွာအတွင်းက UN အဆောက်အအုံကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အသေးစိတ်ထပ်သိရဖို့ အာရက္ခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်း မပြန်ပါဘူး။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတချို့ပြောပြချက်အရ စစ်ကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်း AA က ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ တစ်ထောင်ကျော် ရှိနေပါတယ်။ ဒီအချက်အလက်တွေကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတစ်ယောက်ကတော့ မောင်တောမြို့နယ်၊ ကျီးကန်းပြင်တစ်ရွာတည်းကတင် ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ သုံးရာလောက် ရှိပြီး ဝေသာလီရွာဘက်မှာ ချုပ်နှောင်ခံထားရတယ်လို့ ပြောပါတယ်။
“သုံးလ၊ လေးလလောက်ရှိပြီ။ မောင်တောမြောက်ပိုင်း ကျီးကန်းပြင်ရွာက သာမာန်အရပ်သားပြည်သူ သုံးရာဝန်းကျင်လောက် ဖမ်းခံထားရတယ်။ ကျွန်တော်နဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်တောင်ပါတယ်။ အဲ့ဒီရွာကလေ။ သူက အရင်က အုပ်ချုပ်ရေးမှူး လုပ်ခဲ့တယ်။ သူတို့ကို လက်နက် ကိုင်အဖွဲ့အစည်းနဲ့ ဆက်နွယ်တယ်ဆိုပြီး AA ဘက်က ထိန်းချုပ်ထားတာ။ ကျွန်တော်တို့ အတိအ ကျသိထားတယ်။ သူတို့ကို လွှတ်ပေးတာ ဒီနေ့အထိမရှိဘူး။ အဲ့ဒီလိုလူတွေကို ဝေသာလီဘက်က AA ရဲ့ တပ်စခန်းတွေမှာ ချုပ်နှောင်ထားတယ်”
အခုလ ၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ်က ရှင်ရွာကို စစ်ကောင်စီက လေကြောင်းကနေတိုက် ခိုက်ခဲ့လို့ AA က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ၁၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ် ရာရခဲ့တယ်လို့ AA က ပြောထားပါတယ်။
AA ဖမ်းဆီးထားသူတွေ သေဆုံးရတာဟာ AA ရဲ့ အားနည်းချက်ဆိုတာထက် စစ်ကောင်စီက ရည် ရွယ် ချက်ရှိရှိ တိုက်ခိုက်နေတာလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။
“AA က ရာဇဝတ်မှုနဲ့ ပတ်သက်လာရင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို ကိုင်တွယ်ဆောင်ရွက်နေတဲ့အခါမှာ ရာဇဝတ်သားတွေလည်း သူတို့ထိန်းသိမ်းရတာပေါ့နော်။ ဒါကတော့ တရားဥပဒေစိုးမိုးရေးအတွက် ကိုင်တွယ်ပြီး အလုပ်လုပ်နေတဲ့အခါမှာ အကျဉ်းထောင်ပုံစံမျိုးထိန်းသိမ်းထားတာတွေရှိမှာပေါ့။ အဲ့ဒီအဆောက်အဦကို သိရှိတဲ့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာပေါ့။ တော်လှန်ရေးအစိုးရမှာတော့ အားနည်းချက်တွေရှိဦးမှာပေါ့။ ULA/AA ရဲ့ အားနည်းချက်ဆိုတာထက် တမင်တ ကာလုပ်လာတဲ့အတွက် သေဆုံးမှုတွေများပြားတယ်လို့ ကျွန်တော်ထင်တယ်”
ဆက်နွှယ်သောသတင်းများ
- လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းတွေ အပါအဝင် ၁၇ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ
- လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား သုံးဆယ်နီးပါး သေဆုံး
- လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် နှစ်လအတွင်း လူနှစ်ရာကျော် သေဆုံး
ရခိုင်ဒေသခံ ပရဟိတသမား ကိုဝေဟင်အောင်က မောင်တောက AA အကျဉ်းစခန်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး…
“နစက စစ်တပ်က ထိုးစစ်ဆင်ပြီး ဖြစ်တဲ့ပုံစံမျိုး မဟုတ်ဘူးဗျ။ သူတို့က ဘယ်လိုပုံစံမျိုးဖြစ်လာလည်းဆိုရင် ငါတို့အုပ်ချုပ်ခဲ့တဲ့နေရာက လက်လွှတ်ခဲ့ရတယ်။ လက်လွှတ်ခဲ့ရတဲ့နေရာတွေကို အကုန်လုံး ဖျက်ဆီးမယ်ဆိုတဲ့ ပုံစံမျိုးဘက်က လုပ်လာတဲ့ ပုံမျိုးဖြစ်တယ်”
စက်တင်ဘာ ၉ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ မောင်တောမြို့၊ နခခ- ၂ တပ်စခန်းကို AA က ဇူလိုင်လ ၆ရက်နေ့ မှာ စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ လူ ၅၀ ကျော်သေဆုံးခဲ့တယ်ဆိုတဲ့ AA ကြေညာချက်အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေကြားတာမရှိပါဘူး။
ဆက်နွယ်သောသတင်းများ
- ဂွမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ ဧရာဝတီတိုင်းမှာ နေထိုင်ဖို့ခက်ခဲနေ
- မောင်တောတိုက်ပွဲကြောင့် ဒီနေ့အထိ ရိုဟင်ဂျာတွေ ထွက်ပြေးနေရဆဲ
- ရခိုင်တိုက်ပွဲကြားမှာ မြေစာပင်ဖြစ်နေတဲ့ ရိုဟင်ဂျာများ
- မောင်တောမှာ ရိုဟင်ဂျာ ရာနဲ့ချီ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးမှုရှိနေ
- ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ရပ်တည်ရေးပိုခက်ခဲလာ
Link: Here
No comments:
Post a Comment