BBC
၁၉ သြဂုတ် ၂၀၂၄
“သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို အစိုးရက ဆက်ပြီး ပံ့ပိုးသွားမှာပါ” လို့ ယူနွတ်စ်က ပြောပါတယ်။
ဒါ့အပြင် “ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေအ တွက် နိုင်ငံတကာရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုနဲ့ မွေးရပ်မြေ မြန်မာနိုင်ငံကို ဘေးကင်းစွာနဲ့ နေရပ်ပြန်ပို့ရေး၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေ အပြည့်အဝရှိဖို့လိုအပ်တယ်” လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
ယူနွတ်စ်အနေနဲ့ ယာယီကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် ရာထူးတာဝန်ကို ထမ်းဆောင်ချိန် ပထမ ဆုံးမိန့်ခွန်းပြောကြားတဲ့နေ့ မနေ့ ဩဂုတ် ၁၈ ရက်မှာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ခေါင်းဆောင် ယူနွတ်စ်က နိုင်ငံစီးပွားရေးအတွက်အရေးပါတဲ့ အထည်ချုပ်လုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ငန်းကို မယိမ်းမယိုင်အောင် ဆက်လက်ပံ့ပိုးထိန်းသိမ်းသွားမယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ ကမ္ဘာ့အဝတ်အထည်ချုပ်ကုန်သွယ်ရေးလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေတဲ့ ဘယ်ကြိုးပမ်းမှုကိုမဆို လက်ခံမှာမဟုတ်ဘူး”လို့ သူက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၃,၅၀၀ ရှိပြီး အဲဒီကနေရရှိတဲ့ နိုင်ငံခြားငွေက နှစ်စဉ်ပို့ကုန်အမေရိကန်ဒေါ်လာငွေ ၅၅ ဘီလီယံရဲ့ ၈၈ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြပါတယ်။
ခေါင်းဆောင် ယူနွတ်စ်က မြို့တော် ဒါကာမှာ သံတမန်တွေနဲ့ ကုလသမဂ္ဂအေဂျင်စီကိုယ်စားလှယ်တွေနဲ့ အစည်းအဝေးပွဲမှာလည်း ကြားဖြတ်အစိုးရအဖွဲ့ရဲ့ ဦးစားပေးအစီအစဉ်တွေကို ပြောဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ရှိပြီး အများစုဟာ ၂၀၁၇ ခုနှစ်တုန်းက အိမ်နီးချင်းမြန်မာကနေ ထွက်ပြေးခိုလှုံခဲ့ကြသူတွေလို့ဆိုထားပါတယ်။
ဒီလအစောပိုင်းမှာလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့တိုက်ပွဲကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှိနိုင်ငံထဲ ထပ်မံဝင်ရောက်လာကြပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းပါတယ်လို့ နယ်စည်းမခြားဆရာ ဝန်များအဖွဲ့ MSF က ထုတ်ပြန်ပါတယ်။
ဒဏ်ရာရတဲ့သူ ၄၀ ရာခိုင်နှုန်းကျော်ကလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Link : Here
No comments:
Post a Comment