RFA
RFA Burmese
2024.08.18
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ဒါကာမြို့တွင် တွေ့ရစဉ်။ AFP
ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ အဝတ်အထည် ပြည်ပတင်ပို့ရေးလုပ်ငန်းတွေကို အထောက်အကူပေးမယ်လို့ မူဝါဒရေးရာ ပထမဆုံးမိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ်က သြဂုတ် ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းလောက်ရှိပြီး အများစုဟာ ၂၀၁၇ မှာ စစ်တပ်က ဖြိုခွင်းတဲ့အတွက် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးလာသူတွေဖြစ်တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။
သူ့အစိုးရဟာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ဆက်လက် ထောက်ပံ့မှာဖြစ်ပြီး လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိနဲ့ လူ့အခွင့်အရေးအပြည့်အဝနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဆောင်ဖို့ လိုအပ်တယ်လို့ မိုဟာမက်ယူနွတ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်စက်ရုံပေါင်း ၃၅၀၀ ရှိပြီး နှစ်စဉ်ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံရဲ့ ၈၅ ရာခိုင်နှုန်းဟာ အထည်ချုပ်လုပ်ငန်းက ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရာထူးကပြုတ်ကျစေတဲ့ ပြည်တွင်း မငြိမ်မသက်မှုအတွင်း အထည်လုပ်ငန်းတချို့ တခြားကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

- အရပ်သားတွေကို အကာအကွယ်ပေးဖို့ AA ကို SAC-M တိုက်တွန်း
- မြောင်းမြထောင်မှာ လွတ်ရက်စေ့ ရိုဟင်ဂျာလေးဦး သေဆုံးခဲ့ကြောင်း နိုင်ကျဉ်းတွေပြော
- ရိုဟင်ဂျာတွေကိုသတ်ဖြတ်မှု အမေရိကန်အစ္စလာမ်ကောင်စီ ရှုတ်ချ
- ရခိုင်မှာ လက်နက်ကိုင်အဖွဲ့တွေ အကြမ်းဖက်မှုကျူးလွန်ကြောင်း HRW ပြော
- မြန်မာနိုင်ငံကရွှေတွေ သယ်လာတဲ့ ရိုဟင်ဂျာနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး
No comments:
Post a Comment