Mratt Kyaw Thu
.png)
ရခိုင်ပြည်နယ်ကို အေအေ လက်ထဲ လုံးလုံးလွှတ်ပေးလိုက်ရတာထက် ဘယ်သူ့လက်ထဲမှ မရောက်ဘဲ တအုံ နွေး နွေးနဲ့ ပြဿနာတွေ တောက်လျှေက်တက်ပြီး လူတကာ ဝင်စွက်ဖက်လို့ရတဲ့ အခြေအနေမျိုးကို စစ်ကောင်စီက ဖန်တီးနေတယ်လို့ မြင်ပါတယ်။
အမျိုးဘာသာ သာသနာချစ်တဲ့ ခေတ်မီ တပ်မတော်ကြီးဟာ နောက်ဆုံးတော့ မွတ်ဆလင်တွေကို တပ်ဖွဲ့ဝင်အဖြစ် အဓမ္မ စုဆောင်းပြီး ‘ဓားပြသာသာ’ သူပုန်ကို တိုက်ခိုက်နေရပြီ။
၂၀၁၉ နိုဝင်ဘာတုန်းက သတင်းစာရှင်းလင်းပွဲတခုမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိတဲ့ ဦးဇော်ဌေး (ကွယ်လွန်) က အေအေဆိုတာ ‘ဓားပြသာသာ’ အဆင့်ပဲလို့ ဆိုခဲ့ဖူးတယ်။
ဒီတခေါက် ရခိုင်က မွတ်ဆလင်တွေကို စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းပြီး တိုက်နေတာနဲ့ ပတ်သက်လို့ အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးသူတွေ အသံထွက်တာ မတွေ့ရ။ ‘မထွက်ရဲ’ လို့ ပြောရင် ပိုမှန်မယ်။ အသံထွက်လေ စစ်ကောင်စီရဲ့ အရှုံး ထင်သာမြင်သာဖြစ်လေပဲ မဟုတ်လား။
လက်ရှိ ဘူးသီးတောင် မောင်တောမှာ ဖြစ်နေတဲ့ မြေပြင်က အရှုပ်အထွေးတွေအကြောင်း (ရခိုင်မဟုတ်တဲ့) မြန် မာ စာဖတ်ပရိသတ်တွေကြားထဲ ရေပန်းမစားပါ။ ရိုဟင်ဂျာ — Bengali အသုံးအနှုန်းအပေါ် အငြင်းပွားနေချိန်မှာ မွတ်ဆလင်အများစု နေထိုင်တဲ့ မြို့တွေမှာ စစ်ကောင်စီနဲ့ ရိုဟင်ဂျာတပ်တွေ ပေါင်းပြီး အိမ်တွေမီးရှို့၊ ပစ္စည်းတွေ လုယက်တာတွေ တောက်လျှောက်ဖြစ်နေခဲ့ပါတယ်။
ရိုဟင်ဂျာတပ်တွေ
အာရက္ခတပ်တော် က သိမ်းထားပြီးပြီဆိုတဲ့မြို့တွေဟာ ရခိုင်လူမျိုးအများစုနေထိုင်တဲ့မြို့တွေပဲ ဖြစ်ပါတယ်။ ဘူးသီးတောင် မောင်တောလို မွတ်ဆလင်အများစု နေထိုင်တဲ့နေရာတွေမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲ။
၂၀၁၆ — ၁၇ မှာ နယ်ခြားစောင့်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အာဆာ (ARSA) နဲ့ အာဏာသိမ်းပြီးချိန်မှ ပြန်ခေါင်းထောင်လာတဲ့ သူ့ စီနီယာ RSO အပြင် ၂၀၂၀ ကမှ အသစ်ဖွဲ့ထားတဲ့ ARA (Arakan Rohingya Army) တို့ဟာ ဘူးသီးတောင် မောင်တောတခွင်မှာ လှုပ်ရှားနေတာပါ။
ဘာကြောင့် ရိုဟင်ဂျာတပ်တွေ လှုပ်ရှားနိုင်ကြသလဲဆိုရင် အဖြေက ရှင်းပါတယ်။ စစ်တပ်က ခွင့်ပြုထားတာကြောင့်ပါပဲ။ ဒါ့အပြင် ဒီတပ်တွေ လှုပ်ရှားတဲ့နေရာတွေဟာ ရိုဟင်ဂျာတွေအများစု နေထိုင်တဲ့နေရာတွေပဲ ဖြစ်ပါတယ်။
ခုဆိုရင် ဘူးသီးတောင်မှာ ရခိုင်တွေ မရှိတော့ပါဘူး။ မွတ်ဆလင်အများစု ကြီးစိုးပြီး စစ်တပ်အုပ်ချုပ်မှုအောက်မှာ ရှိနေဆဲနေရာတွေမှာ ရခိုင်တွေ မနေရဲကြတော့ဘူး။ ပြီးခဲ့တဲ့ ဧပြီ ဒုတိယပတ်က ဘူးသီးတောင်က လူမရှိတော့တဲ့ ရခိုင်ရပ်ကွက်မှာ အိမ်ရာချီ မီးရှို့ခံရပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေကနေ ပစ္စည်းတွေ သယ်ထုတ်နေတဲ့ မွတ်ဆလင်တွေကိုလည်း မြင်ရပါတယ်။
‘အတင်း ရိုးရှင်းပစ်’ ကြတဲ့ ပြဿနာ
၂၀၁၆-၁၇ အာဆာ တိုက်ခိုက်မှုတုန်းက မီးလောင် ပျက်စီးနေတဲ့ မွတ်ဆလင်အိမ်တွေကနေ မင်းအောင်လှိုင် တပ် ဖွဲ့ဝင်တွေနဲ့အတူ ဆိုလာပြားတွေ၊ မီးစက်တွေအပြင် အဖိုးတန်ပစ္စည်းတွေ သယ်ယူနေကြတဲ့အထဲ ဒေသခံ ရခိုင်လူမျိုးတွေလည်း ပါပါတယ်။ ကျနော်ကိုယ်တိုင် မြင်ခဲ့တာပါ။
အဲ့ဒီလိုပဲ ၂၀၁၇ ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်တော့ မောင်တောမြို့ထဲ ဧရာဝတီသတင်းထောက်ရယ်၊ ဒီဗွီဘီ သတင်းထောက်ရယ် ကျနော်ရယ် ၃ ယောက် သတင်းသွားယူတော့ မြို့ထဲမှာ ဖြစ်နေတာတွေကို မမြင်စေချင်လို့ သတင်းထောက်တွေကို သတ်ဖို့လိုက်တာလည်း ရခိုင်လူမျိုးတွေ ဖြစ်ပါတယ်။
‘တိုင်းရင်းသားများ အားလုံးသည် တော်လှန်ရေးအပေါ် ရိုးသားကြ၏’ လို့ ပြောရင် ကရင်ပြည်နယ်က စောချစ်သူရောလို့ မေးရင် ဘယ်လိုဖြေမလဲ။ ‘ရခိုင်များအားလုံးသည် စစ်တပ်ကို မုန်းကြ၏’ ဆိုရင် လက်ရှိ ကောင်စီဝင် ဒေါ်အေးနုစိန်တို့ ဦးသန်းထွန်းတို့ရဲ့ မျက်နှာကြီး ပြေးမြင်ကြမှာပါပဲ။ အဲ့ဒီလိုပဲ ‘ရိုဟင်ဂျာများအားလုံးသည် သနားစရာများ ဖြစ်ကြ၏’ လို့လည်း ပြောလို့ မရပါ။
ရန်ကုန်တို့ ဧရာဝတီတိုင်းတို့မှာ အဓမ္မ စစ်သား စုဆောင်းခံရတဲ့ ဗမာတွေ ရှိသလို ကိုယ်တိုင် လိုလိုချင်ချင် မင်းအောင်လှိုင် စစ်တပ်ထဲ ဝင်သွားကြတဲ့ ဗမာတွေလည်း အများကြီး ရှိပါတယ်။ အဲ့ဒီလိုပဲ အဓမ္မ စုဆောင်းခံရတဲ့ ရိုဟင်ဂျာတွေရှိသလို လိုလိုလားလား စစ်မှု ဝင်ထမ်းကြတဲ့ ရိုဟင်ဂျာတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့တပတ်က မောင်တော၊ ရွှေရင်အေးရွာ မီးရှို့ခံရတဲ့ဖြစ်ရပ် ရုပ်သံဖိုင်မှာ အော်ဟစ်ပျော်ရွှင်နေကြတဲ့ စစ်ကောင်စီ ယူနီဖောင်းဝတ် ရိုဟင်ဂျာ မွတ်ဆလင်တွေအများကြီး မြင်ရပါတယ်။
ခက်တာက ဒါတွေကို ‘နာမည်တပ်၊ ခေါင်းစဉ်တပ်’ မပြောဘဲ ဘယ်သူ ကိုယ့်အကွက်ထဲ ဝင်လာမလဲဆိုတာကို ထိုင်စောင့်နေကြတဲ့ ပြဿနာပါပဲ။
ဒီနေရာမှာ ‘လည်’ တာကတော့ စစ်ကောင်စီပဲ ဖြစ်ပါတယ်။ ဒီဖက်မှာ စစ်သားစုဆောင်းနေသလို တဖက်မှာ ‘Clearance Operation’ အရ တိုက်ထုတ်ခဲ့ပါတယ် ဆိုသူတွေကို လွတ်လွတ်လပ်လပ် ခွင့်ပြုပေးထားပါတယ်။ ဒါ့အပြင် ရခိုင်တွေ မရှိတော့တဲ့ မြို့ရွာတွေမှာ လုပ်ချင်ရာလုပ်နေတဲ့ ရိုဟင်ဂျာအဖွဲ့တွေကိုလည်း တဖက်လှည့်နဲ့ လွှတ်ပေးထားပါတယ်။
မစားရတဲ့အမဲ သဲနဲ့ပက်နေ
ရခိုင်ပြည်နယ်ကို အေအေ လက်ထဲ လုံးလုံးလွှတ်ပေးလိုက်ရတာထက် ဘယ်သူ့လက်ထဲမှ မရောက်ဘဲ တအုံ နွေး နွေးနဲ့ ပြဿနာတွေ တောက်လျှေက်တက်ပြီး လူတကာ ဝင်စွက်ဖက်လို့ရတဲ့ အခြေအနေမျိုးကို စစ်ကောင်စီက ဖန်တီးနေတယ်လို့ ကျနော် မြင်ပါတယ်။
ဒါကြောင့် စစ်ကောင်စီ ဦးတည်ဖန်တီးနေတာက ရခိုင်တွေနဲ့ မွတ်ဆလင်တွေကြားလူမျိုးရေး အဓိကရုဏ်းအကြီး ကြီးတခုပါ။ ရခိုင်တွေချည်း သီးသန့်နေရာမှာလည်း မဖြစ်နိုင်၊ ဘူးသီးတောင်လို မွတ်ဆလင်တွေချည်း သီးသန့်နေတဲ့ နေရာမှာလည်း မဖြစ်နိုင်ပါ။ ဖြစ်နိုင်တဲ့နေရာက စစ်တွေပါ။ ဒါကိုလည်း စစ်တပ်က ကောင်းကောင်း သိပါတယ်။
ဒါကို ဖြစ်မလာစေဖို့ စိတ်ခံစားချက်တွေ ခဏဘေးဖယ်ပြီး အားလုံး ဝိုင်းဝန်းကာကွယ်ကြရမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ တကယ်ဖြစ်နေတာတွေကိုလည်း မျက်ကွယ်ပြုပြီး ၁၀၀ ဖိုး ၃ ပုဒ်တင်ကြသူတွေလို လိုချင်တဲ့အပိုင်းလေး ဖြတ်တင်၊ ဖြတ်ပြောရင် လက်ရှိအခြေအနေအပေါ် မီးလောင်ရာလေပင့်ပဲ ဖြစ်ပါလိမ့်မယ်။
နိဂုံး
ရခိုင်ပြည်နယ်အရေးဟာ အချိန်တွေ ကြာလာလေလေ ဘယ်သူတွေက ပြဿနာတွေ ဖြေရှင်းနိုင်တဲ့အဆင့်ကို ခြေလှမ်း လှမ်းနေပြီး ဘယ်သူတွေကတော့ ဘယ်တော့မှ မပြေလည်စေဘဲ ပြဿနာတွေပဲ တောက်လျှောက် တက်နေတာကို လိုချင်နေသလဲဆိုတာ သဲသဲကွဲကွဲ မြင်လာရတော့မှာပဲ ဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment