ရခိုင်လူမျိုးများသည် ဘီစီ (၆၀၀၀) မတိုင်မီက စ၍ ရခိုင်ပြည်တွင် အခြေချ နေထိုင်လာကြသည်။ ဘီစီ(၃၀၀၀) ကျော်တွင် “မြို့ ပြနိုင်ငံ” ထူထောင်ပြီး ပဒေသရာဇ် စနစ် တိုးတက်ထွန်းကား လာခဲ့ သည်။ ရခိုင်နိုင်ငံတော်တွင် ရခိုင် လူမျိုးတို့သည် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့ ၊မြောက်ဥ စသော ခေတ် လေးပိုင်းခြားကာ နေထိုင်လာခဲ့ကြသည်။ မြောက်ဥခေတ်တွင် တိုးတက်မှုအထွဋ်အထိပ်သို့ရောက်ခဲ့သည်။ ရခိုင့်နိုင်ငံတော်သည်ကမ္ဘာ့အလယ် တွင် သီးခြားလွတ်လပ်စွာ ကိုယ့်ကြမ္မာကို ကိုယ် ဖန်တီးသော၊ အမှီအခို ကင်းသော အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။
မြောက်ဥခေတ်တွင် ရခိုင်နိုင်ငံတော်၌ ယဉ်ကျေးမှု အဆင့်အတန်း အထူး မြင့်မား တိုးတက် လာနေ ပြီဖြစ်သည်။ ထိုအချိန်၌ အေဒီ (၁၆၃၈) ခုနှစ်တွင် နန်းတက်သော နရပတိကြီး(ကုသလ) မင်းမှ အေဒီ(၁၇၈၂) တွင် နန်းတက်သော မဟာသမ္မတမင်းအထိ တိုင်းပြည်ကို အုပ်ချုပ်ကြသော မြောက်ဥ ခေတ်နှောင်း ဘုရင်များ လက်ထက်တွင် အရည်အချင်းရှိသော ဘုရင်များလက်ထက်၌ တိုင်းပြည် တွင်း စည်းလုံးညီညွတ်ရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံ ခြား ရေး စသည်များတွင် တိုးတက်မှု ရှိခဲ့သည်။ အရည်အချင်းနည်းသော ဘုရင်များလက်ထက်တွင် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိဘဲ တိုးတက် မှု နှေးကွေးလျှက်ရှိနေသည်။ ဤဖြစ်ရပ်များသည် ရခိုင်ပြည်၏ ပြည်တွင်းရေး သက်သက် သာဖြစ် သည်။
မဟာသမ္မတမင်း(၁၇၈၂-၁၇၈၄)
ရခိုင်သက္ကရာဇ် (၁၁၄၆) အေဒီ (၁၇၈၂) ခုနှစ်တွင် နန်းတက်သော မဟာသမ္မတမင်း နန်းမတက် မီကပင် ရခိုင်ပြည်၏ နန်းတွင်းရေး မှာ မငြိမ်သက်မှုများရှိနေပြီး အမျိုးသားစည်းလုံး ညီညွတ်ရေး မှာလဲ ပြိုကွဲလျှက်ရှိနေ သည်။ အမျိုးသားစည်းလုံးညီညွတ်မှု မရှိလျှင် နိုင်ငံလွတ်လပ်ရေး ဆုံးရှုံးနိုင်သည် ဖြစ်၍ မဟာသမ္မတမင်းသည် တိုင်းပြည် စည်းလုံးညီညွတ်ရေးကို နည်းလမ်းမျိုးစုံဖြင့် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သည်။ အိမ်ရှေ့ မင်းညီတော် ချစ်လှရွှေ ကို ဦးဆောင်စေပြီး နိုင်ငံ အနှံ့ အပြားသို့ စေလွှတ်ပြီး ပြန်လည်စည်းလုံးတော် မူစေသည်။ ကိုယ်တော်တိုင် ရခိုင် နိုင်ငံတော်၏ မြို့ တော်မြောက်ဥ ကိုလည်း နွံ့ကျုံး ၊ရေကျုံး၊ ကျုံးခြောက်၊ ကျုံးပင်လယ်၊ တံခါးကြီး၊ တံခါးငယ်၊ တံခါးကောက်၊ တံခါးကွေ့ ၊မလွယ်ပေါက်၊ ပြအိုး၊ ပစ္စင်၊ ရင်တား တို့ကို ခိုင်ခန့်စွာ ဆောက်လုပ် ပြုပြင် သည်။ မဟာသမ္မတမင်းသည် ရှေးရခိုင်မင်းများကဲ့သို့ အာဏာကို တဦးတယေက်တည်း မကျင့်သုံး ဘဲ အုပ်ချုပ်ရေး ၊တရားစီရင်ရေး ၊ဥပဒေပြုရေး အာဏာများကို မှုးမတ်ပညာရှိများနှင့် တိုင်ပင်ကျင့် သုံးတော်မှု၍ နိုင်ငံတော် အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲစေည်။ ညီလာခံတွင် ပါလီမာန် ဒီမိုကရေစီ အသွင် ဆောင်သော ညီ လာခံ သဘင်ကိုကျင်းပပြီး မင်း၊ မှုးမတ် အချင်းချင်း တိုင်ပင်ညှီနှိုင်းလျှက် တိုင်းပြည်ရေးရာ များကို ဆုံးဖြတ်ကြလေသည်။ ရခိုင်နိုင်ငံတော်တွင် မဟာသမ္မတမင်းလက်ထက်၌ အာရှတိုက်၏ ဒီမိုကရေစီ ရောင်ခြည်မှာ ယှက်သန်းစပြု နေပြီဟု ဆိုနိုင်သည်။
သံဒေ ဖောက်ပြန် ရခိုင်ကျွန်
ဦးသံဒေသည် မင်းပြားနယ် ငစင်းရိုင်းချောင်း ကျွန်းသားတစ်ယောက်ဖြစ်သည်။ ၎င်းသည် မဟာ သမ္မတမင်း မတိုင်မီ မေတ္တရာဇ်မင်း(၁၇၃၂-၁၇၄၂) လက်ထက်တွင် ဓါးပိုင်ကြီးအဖြစ် အမှု ထမ်းခဲ့ သည်။ ၎င်းသည် မိမိဌာနေ ငစင်ရိုင်းချောင်းကျွန်းကို အခြေပြုလျှက် မေတ္တရာဇ်မင်းကို ပုန်ကန် ခြား နား ခဲ့သည်။ မဟာသမ္မတမင်း နန်း တက်သောအခါတွင်လည်း ပုန်ကန်ခြားနားပြန်သည်။ မကြာသော အချိန်တွင် မဟာသမ္မတမင်းထံ သစ္စာခံလေသောကြောင့် သံဒေအား ကုလားတန်မြစ်ဝှမ်းစား အရာ ကို ပေးပြီး သူကောင်းပြုခဲ့လေသည်။ သံဒေသည် ကု လားတန်မြစ်ဝှမ်းမှ ကောက်ခံရရှိသော အခွန် ဘဏ္ဍာ တို့ကို သိမ်းယူပြီး မကြာမီပင် မဟာသမ္မတမင်းအား ဆက်လက်ပုန်ကန် ပြန်သည်။ သံဒေ သည် မဟာသမ္မတမင်း မတိုင်မီတွင်လည်းကောင်း မဟာသမ္မတမင်း လက်ထက်တွင်လည်းကောင်း အကြိမ်ကြိမ် ပုန်ကန် ခြားနားခဲ့သော်လည်း မဟာသမ္မတမင်းသည် ထိုကဲ့သို့ ရာဇဝင်လူဆိုးအား သူ ကောင်းပြုခဲ့ခြင်းမှာ မဟာသမ္မတမင်း လက်ထက် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲ ရေးကို သော် ၎င်း။ မဟာသမ္မတမင်း၏ စိတ်ရင်းစေတနာကို သော်၎င်း မှန်းဆသိသာနိုင်သည်။ သို့ရာတွင် ထို့ကဲ့သို့ သစ္စာ ဖောက် တစ်ယောက်အား ဆက်လက်သူကောင်းပြုခဲ့ခြင်းသည် ဘုရင်နှင့် မှုးမတ် ပညာရှိ တို့ ၏ ပျော့ကွက် ၊ဟာကွက်တစ်ခုပင် ဖြစ်လေသည်။
သံဒေတို့အုပ်စုသည် မဟာသမ္မတမင်း ကိုခြားနားပုန်ကန်နေသော်လည်း ထိရောက်မှု မရှိပေ။ ထို့ကြောင့် သံဒေ၊မောင်ထွန်းစံ တို့ သည် ဗမာပြည် နယ်ချဲ့ ပဒေသရာဇ် မောင်ဝိုင်းထံ သွားရောက်ပြိး ရခိုင်ပြည်ကို စစ်ချိသိမ်းပိုက်၍ ရခိုင်ဘုရင်တပါးတင်ပေးရန် ပင့်ခေါ်လျှောက်ထားကြလေသည်။ မဟာသမ္မတမင်း လက်ထက်တွင်မိသားစုပြသနာကို မိသားစုနည်းဖြင့် ဖြေရှင်းရန်အတွက် နန်းတော် ညီလာခံ၌ ဒီမိုကရေစီအခွင့်အရေးအပြည့် ပေးထားပြီးဖြစ်သော်လည်း သံဒေတို့လူစုသည် နယ်ချဲ့ လူမျိုးခြားတို့နှင့် ပူးပေါင်းကာ ရခိုင်နိုင်ငံနှင့် ရခိုင်လူမျိုးတို့အား ကျွန်လူဘောင်ဘဝသို့ ပို့ဆောင်ခဲ့ ခြင်း ဖြစ် လေသည်။
ဗမာဘုရင်မောင်ဝိုင်းသည် ထိုအချိန်က အင်္ဂလိပ်၊ပြင်သစ် ၊စပိန်စသော နယ်ချဲ့ များကို အားကျကာ ရခိုင်ပြည်ကို နယ်ချဲ့ လိုသဖြင့် အမျိုးသားသစ္စာဖောက်ငသံဒေ တိုအား ဆုလာဘ်များစွာ ပေးပြီးကြို ဆိုလေသည်။ ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းယူရန် အစီအစဉ်များကိုလည်း စီစဉ်လေသည်။
ရခိုင်ဘုရင် မေတ္တာရာဇ်မင်း(၁၇၃၇-၁၇၄၂) လက်ထက်တွင် အင်း၀ မှ ဦးစံဦး၊ ဦးရွှေကျော် ၊ ဥိးပုညို တို့ ဦးဆောင်သော ဗမာလူမျိုး တစ်ထောင်တို့ ရခိုင်နိုင်ငံ သို့ ထွက်ပြေးခိုလှုံလာကြသည် ဦးစံဦးတို့ က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လျှင် အလွယ်တကူ ရနိုင်ကြောင်း ရခိုင်ဘုရင်ကို တင်လျှောက်ကြ သည်။ ရခိုင်ဘုရင်မှာ တိုက်ခိုက်သိမ်းပိုက်လိုသော်လည်း ရခိုင်ပညာရှိအမတ်ကြီးများက အကျိုးအ ကြောင်း ဆီလျော်စွာ လျှောက်ထားကြပြီး သူတပါးတိုင်းပြည်ရေးကို ဝင်မစွပ်ဖက်သင့်ကြောင့် လျှောက်ထား သောကြောင့် အင်းဝသို့တိုက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြသည်။ ခိုလှုံ လာ ကြသော ဦးစံဦးတို့ ဦဆောင်သော လူတထောင်ကို ကောင်းမွန်စွာနေရာချထားပေးလေသည်။ ဦးစံဦး ၊ ဦးရွှေကျော် ၊ဦးပုညို တို့ ကိုလည်း နယ်စားရွာစား အဖြစ်ပေးထားလေသည်။ ရခိုင်ပညာရှိ များ ဗမာများ အပါ် သဘောထားမှန်ကန်ကြောင်း ပြသသော သာဓက တစ်ခုပင်ဖြစ်သည် ။
ရခိုင်ဘုရင်နရအဘယရာဇာ (၁၇၄၂-၁၇၆၁)လက်ထက်တွင်အင်းဝမှ မင်းကြီးနန္ဒကျော်ထင် နှင့် ၎င်း၏ ညီ အပါ အဝင် အမတ်သုံးယောက်နှင့် နောက်ပါလူ ၂၀၀ ရခိုင်ပြည်သို့ ခိုလှုံလာကြသည်။ ရခိုင် ဘုရင်မှ ကောင်းမွန်စွာ စောင့်ရှေက်ထားလေသည်။ဗမာ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် ရန် မကြံရွယ်ခဲ့ပေသည်အထောက် အထားများသည် ရခိုင်သမိုင်းတွင်ရှိသကဲ့သို့ ဗမာ သမိုင်းတွင်လည်း ရှိမည်ဖြစ်သည်။ မင်းကြီးနန္ဒာကျော်ထင်၏သမီး မိပန်းရံသည် ရခိုင်နန်းတွင်းတွင် စာဆိုပညာရှိ အမတ်တစ်ယောက်အဖြစ် ထင်ရှားခဲ့သည် ။
ဗမာဘုရင်မောင်ဝိုင်းသည်ကား ရခိုင်ဘုရင် ရခိုင်ပညာရှိများ သဘောထားသကဲ့သို့ မဟုတ်မူ၍ ရခိုင်အမျိုးသားသစ္စဖောက် သံဒေတို့အားအသုံးချကာ ရခိုင်ပြည်နှင့် ရခိုင်ပြည်သားများကို ကျွန်သ ဘောက် မီးလောင်တိုက်သို့ ပို့ဆောင်ရန် အစီအစဉ်များကို တစ်ခုပြီး တစ်ခု ရေးဆွဲ စီမံ စိုင်းပြင်း လျှက်ရှိနေခဲ့သည်။
ဗမာပဒေသရာဇ် ဘုရင်မောင်ဝိုင်း၏ ရခိုင်ပြည်ကို နယ်ချဲ့ ကျူးကျော်သိမ်းပိုက်ရန်အတွက် သွေး တိုးစမ်းခြင်းများ
ဗမာဘုရင်မောင်ဝိုင်းသည် သူ့ ခမည်းတော် နောင်တော်များလက်ထက်ကပင် ကျူးကျော် နယ်ချဲ့ မှု မပြုလုပ်နိုင်ခဲ့သော ရခိုင်နိုင်ငံကို တိုက်ခိုက်နယ်ချဲ့ရန် မဝံ့မရဲ ဖြစ်နေသည်။ ရခိုင်ပြည်သည်လည်း ရခိုင်ရိုးမတောင်တန်းကြီး ကာဆီးထားသဖြင့်လည်းကောင်း၊ မြောက်ဥခေတ်တွင် တိုက်ခိုက်ရေး စွမ်းအားကောင်းသည်ကိုလည်းကောင်း သိရှိထားသဖြင့်၎င်း အခြေအနေမှန်ကို လေ့လာရန် လိုအပ် နေ သောကြောင့် အမျိုးသားသစ္စာဖောက်သံဒေ ၊မောင်ထွန်းစံ ဆိုသူတို့ ၏ ရခိုင်ပြည်ကို သိမ်းပိုက်ပြီး ရခိုင်ဘုရင်တပါး တင်ပေးရန် လျှောက်ထားသည်ကို ချက်ချင်း ကတိမပေးသေး ပေ။ရခိုင်ပြည်သို့ သူလျိုများ စေလွှတ်ပြီး အခြေအနေအရပ်ရပ် ကိုလေ့လာ စုံစမ်းစေလေသည်။
ဗမာဘုရင်မောင်းဝိုင်းသည် ရခိုင်ပြည်သို့ နယ်ချဲ့ မကျုးကျော်မီကြိုတင် စီမံချက်မှာ မှော် အတက် ပညာ၊ စုန်းကေ၀ အတက်ပညာ၊ အင်းအိုင်မန္တာန်အတက်ပညာ၊ ယတြပညာ၊ နံ နှိမ်ပညာ စသော အတက်ပညာ တက်သည့် သူများနှင့် အောက်လမ်းဆရာများကို ရခိုင်ပြည်သို့ စေလွှတ်လိုက်လေ သည်။ ၎င်းအတက်ပညာတက်သူများသည် မဟာမုနီကုန်းတော်သို့ တက်ရောက်ပြီး မဟာမုနီ ရုပ်ရှင် တော် ၏ တန်ခိုးတော် ယုတ်ညံ့သွားအောင်ပြုလုပ်ကြလေသည်။ မဟာမုနီ ကုန်းတော်ပေါ်တွင် ၎င်း၊ အခြားသင့်လျှော်သော နေရာများတွင် ၎င်း၊ ကျားရုပ်မယ်ကုဝန်ရုပ်၊ ငရံ့ ရုပ် ၊ဦးမင်းကျော် ရုပ်စသည် တို့ ကိုထားပြီး အမွှေးနံ့သာ ဆီမီး စသည်တို့ ကိုထွန်းလျှက် ဆုတောင်းနံနှိမ်ကြသည်။ ထို့အပြင် သူလျှို များသည် ရခိုင်ပြည်သူများအကြားသို့ ဝင်ရောက်ပြီး ရခိုင်ဘုရင်ကို ရခိုင်ပြည်သူများ အထင် အမြင် မှားအောင် မှုးမတ်အချင်းချင်း အထင်အမြင်မှားအောင် အယုံသွင်းသွေးခွဲကြသည်။ တီးတိုး ကောလဟာလသတင်းများ လွှင့်ထုတ်ကြသည်။ ထိုသို့ အချိန်ယူလုပ်ဆောင်ကြပြီးနောက် ဗမာပြည် သို့ ပြန်သွားကြသည်။ ၎င်းသူလျှိုများ သည် ဘုရင်မောင်ဝိုင်း အား ရခိုင်ပြည်ကို တိုက်ခိုက် ပါက အလွယ်တကူ ရနိုင်ကြောင်းတင်လျှောက်ကြသည်။
ဗမာဘုရင်မောင်ဝိုင်းသည် ရခိုင်ပြည်သူတို့ ၏ ဂိုဏ်းဂဏစိတ် ဒေါသစိတ်ပြင်းထန်ပြီး တစ်ဦးနဲ့ တစ်ဥိး အယုံအကြည် ကင်းမဲ့ကာ စည်းလုံးမှု ကင်းမဲ့နေသည်ကို သိရှိရ၍ မြောက်ဥခေတ်နှောင်း ရခိုင်သမိုင်း၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ရခိုင်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်ချက်ချပြီး သစ္စာဖောက်သံဒေ၊ မောင်ထွန်းစံ တို့ကိုခေါ်ယူတွေ့ဆုံပြီး ရခိုင်ပြည်ကို ချိတက် တိုက်ခိုက် သိမ်းပိုက်မည်ဖြစ်ကြောင်း ပြောပြလေတော့သည်။
ရခိုင်ပြည်ကိုကျူးကျော်နယ်ချဲ့မှု စတင်ခြင်း
ဗမာဘုရင်မောင်ဝိုင်းသည် သားတော်အိမ်ရှေ့ မင်းသားမောင်ပေါ်အား ဗိုလ်မှုးချုပ်ခန့်ပြီး ရခိုင်ပြည်ကို ကျူးကျော်တိုက်ခိုက်ရန် တာဝန်ပေးလေသည်။ အိမ်ရှေ့ မင်းမောင်ပေါ်သည် စစ်သည်များကို စုဆောင်ပြီး ရခိုင်သက္က ရာဇ် (၁၁၄၆) ခု ခရစ်သက္ကရာဇ် (၁၇၈၄) တန်ဆောင်းမုန်းလတွင် စစ်ကြောင်း ကြီးလေးကြောင်း ဖွဲ့ကာ ချီတက်စေလေသည်။ ၎င်းတို့ ချီတက်ရာ စစ်ကြောင်းများမှာ မင်းဘူးအ ထက် မိုးကောင်းတောင်ကိုဖြတ်၍တစ်ကြောင်း၊ အောင်လံ သရက် ကြံခင်းမှ အမ်းတောင် ကြားလမ်း ကိုဖြတ်၍ တစ်ကြောင်း၊ ပြည် ပန်းတောင်းမှ တောင်ကုတ်တောင်ကြားကိုဖြတ်၍ တစ်ကြောင်း၊ ပုသိပ်မော်တင်စွန်း နဂါးနစ်အငူကို ဖြတ်ကျော်ပြိးပင်လယ်ပြင်မှ၎င်း ၊ စစ်ကြောင်းကြီးလေး ကြောင်း ဖြင့် ရခိုင်ပြည်ကို စစ်မကြေငြာပဲ ကျူးကျော်နယ်ချဲ့ တိုက်ခိုက်လေတော့သည်။ ဗမာဘုရင် တပ် တွင် စစ်သည် ကြည်း၊ ရေအင်းအား တသိန်းကျော်ရှိသည်။ အရံတပ်အင်အားလည်း အရံသင့်ရှိ နေ သည်။
ရခိုင်ဘုရင်တပ်မတော်မှ ကျုးကျော်စစ်ကို ခုခံတွန်းလှန်ခြင်း
ရခိုင်ဘုရင် မဟာသမ္မတမင်း၏ တပ်များသည်လည်း ရေကြောင်း၊ ကြည်းကြောင်းများဖြင့် ကျုး ကျော်လာသော ဗမာနယ်ချဲ့ တပ်များ ကို အပြင်းအထန်ခုခံတွန်းလှန်ကြည်သည်။ တဖက်နှင့် တဖက် အကြိုက်အနယ်တိုက်ခိုက်ကြရသဖြင့် နှစ်ဖက်တပ်များထိခိုက် သေကြေဒဏ်ရာရကြသည်။ ရခိုင် ဘုရင် မဟာသမ္မတမင်း၏ စစ်အင်အားသည် ရခိုင်ပြည်တောင်ပိုင်းတွင် အင်အားကောင်းသဖြင့် ဗမာနယ်ချဲ့တပ်များ အထိနာကြသည်။ ၎င်းတို့ထင်ထားသည့် အတိုင်း ရခိုင်နိုင်ငံကို လွယ်လင့်တကူ မသိမ်းပိုက်နိုင်ကြပေ။ စွမ်းရည်သတ္တိနှင့်ပြည့်စသော ရခိုင်အာဇာ နည်သူရဲကောင်းတို့၏ ဂုဏ်ရောင် ပြောင် မြောက်သော ခုခံတိုက်ခိုက်မှုကို ရင်ဆိုင်ကြရသည်။ နှစ်ဖက်စလုံး အမြောက် လက်နက်ကြီး များကို အသုံးပြုကြသည်။
ရခိုင်ဘုရင်တပ်မတော်မှ လက်ပစ်ဗုံးကို ပါသုံးစွဲသောကြောင့် ဗမာတပ်များအထိနာကြသည်။ ဗမာ တို့ဘက်မှ အကျအဆုံးများသော်လည်း အရံပါလာသောတပ်များဖြင့် အစားထိုးနိုင်ကြသည်။ ရခိုင် တပ်တွင်မှုကား စည်းရုံးရေးပျက်ပြားကာ တစ်ဦးကိုတစ်ဦး ယုံကြည်မှုကင်းမဲ့နေကြ သော ကြောင့် မဟာသမ္မတမင်းကိုထောက်ခံနေကြသော ရဲမတ်စစ်သည်များလောက်သာ တိုက်ခိုက် နေရ၍ အင် အားထပ်မဖြည့်နီုင်သဖြင့် အရေးနိမ့်ရလေသည်။ ဗမာတို့ လက်အောက်သို့ ရခိုင်ပြည် တောင်ပိုင်း ကျဆုံးရလေသည်။
ရခိုင်ဘုရင်မဟာသမ္မတမင်းစစ်ကြေငြာခြင်း
ရခိုင်ပြည်တောင်ပိုင်း သံတွဲ၊ ရမ်းဗြဲ ၊အမ်း၊ကျဆုံးပြီးနောက် မောင်ပေါ်သည် အမျိုးသားသစ္စာဖောက် ဦးသံဒေနှင့် မောင်ထွန်းစံတို့ ကိုခေါ်ယူပြီး လောင်းကြက်မြို့ ဟောင်းတွင် တပ်အခိုင်အမာချကာ မြောက်ဥမြို့ ကိုခြိမ်းခြောက်လာလေတော့သည်။ ဗမာ ရေတပ်သည်လည်း လေးမြို့မြစ် ပိုးခြေကျွန်း တွင် အခြေစိုက်ထားလေသည်။ထိုသို့ မြောက်ဥမြို့တော်ကို ဗမာတပ်မှဝိုင်းဝန်းထားစဉ် ရခိုင်ဘုရင် ၏ မှုးမတ်အချို့က ဗမာဘုရင်အား လက်ဆောင်ပဏ္ဍာ၊ သမီးကညာဆက်သပြီး မဟာမိတ်ဖွဲ့ ပါဟု မဟာသမ္မတမင်းကို လျှောက်ထားတင်ပြလာကြသည်။ မဟာသမ္မတမင်းက ပြန်လည်ပြောကြား သည် မှာရှေး ဘိုးလောင်းတော်၊ ဘေးလောင်းတော် တို့လက်ထက်တွင် ရခိုင်ပြည်သို့ စစ်ချီလာသော ရန်သူများကို လက်ဆောင်ပဏ္ဍာသမီးကညာပေးပြီး စစ်ပြေငြီမ်းရသည်ဟူ၍ မရှိ။ ငါ့လက်ထက် ကျမှသာ သမီးကညာဆက်သရချေသော် နောင်အစဉ်အလာ ရာဇဝင်ရိုင်းမည်ဟု မိန့််တော်မှုပြီး စစ် ကြေငြာ၍ စစ်ပြိုင်ဆိုင်တိုက်ခိုက်လေသည်။
သူ့ကျွန်မခံ ဇာတိသွေးဇာတိမာန်ဖြင့် ဗမာတပ်များကို တိုက်ထုတ်တော်လှန်ပြီး နိုင်ငံနှင့် လူမျိုးအ တွက် မဟာသမ္မတမင်း၏ဆောင်ရွက်ချက်သည်ကား ရခိုင်သမိုင်းအဆက်ဆက်တွင် မော်ကွန်းတံခွန် ထွန်းလျှံနေမည်သာတည်း။ မျိုးခြားနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် ဇာတိသွေး ဇာတိမာန် ဖြင့်မဟာသမ္မတမင်းဆောင်ရွက်ချက်များကို ရမ်းဗြဲတောင်ကျောင်းဆရာတော် ဦးစန္ဒမာလာလင်္ကာရ ၏ ရခိုင်ရဇဝင်သစ်ကျမ်းတွင် ဤသို့ ဖော်ပြထားသည်။
“ရခိုင်ဘုရင် မဟာသမ္မတမင်းသည် ရခိုင်သက္ကရာဇ် (၁၁၄၆)ပြာသိုလ ခရစ်သက္ကရာဇ်(၁၇၈၄) ဒိဇင် ဘာတွင်လောင်းကြတ်မြို့ဟောင်း၌ လာရောက်တပ်စွဲလျှက်ရှိသော ဗမာရန်သူတပ်များအား တိုက် ခိုက် နှိမ်နှင်းရန် ညီတော် အိမ်ရှေ့မင်း ချစ်လှရွှေအား ဗိုလ်ချုပ်ခန့် ပြီးလက်ဝဲမြန်ထွန်းဖောင် လက်င်္ကျာ မြန်မောင်ထွေး၊ လက်ဝဲ၀င်းမှူး ထွန်းဝေ၊ လက်င်္ကျာဝင်းမှူးညိုရောင်၊ အိမ်ရှေ့ဝင်းမှူးရှောက် ပြေး၊ အနောက်ဝင်းမှူး ရောက်မစည်း၊ အစရှိသော မှုးတော်မတ်တော်များကို ပြောင်းလက်နက်တင် လှေပေါင်း (၈၀)ဖြင့်ရေကြောင်းမှ ချိစေပြီး ကိုယ်တော်တိုင်လည်း ကိုယ်ရံကြီး ထွန်းခိုင်၊ ဆင်ကဲကြီး ထွင်းပေါ် ၊ရမ်းဗြဲစား ခြေဝန်း တောင်ဘက်စား ဥဂ္ဂါးရွှေ သေနာပတိ ရေဇန္တုတ် ၊ကုန်းဇန္တုတ် အပေါင်း တို့ ခြံရံလျှက် မြောက်စည်တိုက်စည်တို့ ကို ထိန့် ရစ်အောင်တီးခတ်စေပြီး ကြည်းကြောင်းမှ ချီတော် မှုသည် ဟူ၍၎င်း…
တဖန် တန်းလွှဲမြို့ပိုင်တောင်မင်းကျော်ထွေးသည် (၁၁၄၆)ခု နတ်တော်လတွင် နောင်တော်စောပိုင် ကြီးစံပေါ်ရွှေ၊ ရမ်းဗြဲစားပေါ်လုံး၊ လမုစားလခိုင်၊ ရမ်းဗြဲငယ်စားထွန်းအောင်၊ ရမ်းဗြဲကျွန်း အရှေ့ ဘက် စရပ်လေးရွာသူကြီးတို့ နှင့်အတူ တန်းလွဲမြို့တောင် ဘက် ရွှေတုံးပြင်ရှိ ရန်သူဗမာတပ်များကို တိုက်ခိုက်ရာတွင် ရခိုင်သူူရဲကောင်း(၃၀၀၀)ကျော် ပါရှိခဲ့သည် ဟူ၍ …” ၎င်းမဟာသမ္မတ မင်း၏ တပ်အင်အားကို ဖောက်ပြထားသည်။ လောင်းကြက်မြို့ဟောင်းတိုက်ပွဲတွင် မဟာသမ္မတမင်း ၏ တပ်နှင့် ဗမာတပ်များ အကြိုက်အနယ်တိုက်ခိုက်ကြသည်။ အင်အားချင်းမမျှ၍ မဟာသမ္မတ မင်း၏ တပ်များ အရေးနိမ့် ဆုတ်ခွာခဲ့သော်လည်း မြောက်ဥမြို့တော်မှ တဖန် ခုခံတိုက်ခိုက်ရန် ကြိုးစား ဆောင်ရွက်ခဲ့ကြပြန်လေသည်။ သို့ရာတွင်အကြောင်းမလှသဖြင့် အားမတန်မာန်လျှော့ကာ မဟာ သမ္မတရာဇာသည် မြောက်ဥမြို့မှ ဆုတ်ခွာလိုက်သည်။ ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသို လပြည့် ကျော် ၇ ရက် စနေနေ့ (၁၇၈၄) ခု ဒိဇင်ဘာလတွင် မြောက်ဦးမြို့တော်ကျဆုံး လေသည်။ မဟာ သမ္မတ ရာဇာသည်လည်း မိမိ အင်အားရှိရာ ရခိုင်ပြည်တောင်ပိုင်း သို့ ထွက်ခွာပြီး တောနက် တစ် နေရာတွင် ခိုလှုံနေစဉ် ရခိုင်သစ္စာဖောက်များ၏ လမ်းပြမှုကြောင့် နောက်တလကျော် အကြာ တွင် အဖမ်းခံရလေသည်။ ရခိုင်ပြည်သည်လည်း ထိးကျိုးစည်ပေါက် လူမျိုးခြားလက် အောက်သို့ ရောက် ခဲ့ရလေသည်။
အောင်နိုင်သူ ဗမာများ၏ ရက်စက်ယုတ်မာမှုများ
ရခိုင်သက္ကရာဇ် (၁၁၄၆)ခု ပြာသိုလပြည့်ကျော် (၇)ရက် စနေနေ့ အေဒီ(၁၇၈၄) ဒိဇင်ဘာလတွင် ရခိုင်တပြည်လုံးဗမာနယ်ချဲ့ လက်အောက်သို့ ကျေရောက်ခဲ့ရသည်။ ရခိုင်ပြည်ကို ကျုးကျော် အောင်နိုင်သော ဗမာပဒေသရာဇ် လက်ဝေခံများသည် ရခိုင်လူမျိုးတို့ကို မြေလှန်စနစ်ကျင့်သုံးပြီး သတ်ဖြတ်နည်းမျိုးစုံနှင့် သတ်ဖြတ်၊ ညှင်းပန်း နှိက်စက်ကြသည်။ နောင်တချိန်တွင် ပြန်လည် မတုန့် ပြန်နိုင်အောင် ဖော်ပြပါလုပ်ဆောင်ချက်များကို လုပ် ဆောင်ကြသည်။
၁။ မဟာသမ္မတမင်းနှင့် မိဖုရား ၊သားတော် သမီးတော်များ ၊
၂၊ မူးတော်မတ်တော် ပုရောဟိတ်ပညာရှိများ
၃။ ရဟန်းပညာရှိ လူပညာရှိများ
၄။ လက်မှုပညာသည်များ(ပန်းထိန်၊ ပန်းရံ၊လက်သမား)
၅။ မဟာမုနီရုပ်ပွားတော်နှင့် အခြားရုပ်ထုများ
၆။ ဘုရင့်ဘဏ္ဍာတိုက်မှ အဖိုးမဖြတ်နိုင်သော ပတ္တမြားနှင့် နန်းစဉ်ရတနာများ
၇။ ဗေဒင်ကျမ်း ဆေးကျမ်း နက္ခကျမ်း စသည့် ပရပိုက်များ
၈။ ရခိုင်သမိုးစဉ်ကို ပြုစုထားသည် ပုရပိုက်များ
၉။ သံဃာရနာတင် ပိဋကတ်သုံးပုံ ပုရပိုက်များ
၁၀။ ရခိုင်နန်းတောင်မှ ကြေးပြားအမိုးများ
၁၁။ အလျားအတောင်(၂၀) လုံးပတ်(၆)တောင်ရှိ အမြောက်ကြီးများနှင့် အမြောက်(၂၀၀၀)စိန်ပြောင်း အလက်(၁၀၀၀၀)စသော သက်ရှိသက်မဲ့မြောက်များစွာတို့ ကိုဗမာပြည်သို့ ယူဆောင်သွားကြသည်။
ရခိုင်စာပေ နှင့် ယဉ်ကျေးမူလက်ရာများ ကိုမြန်မာမှုပြုလုပ်ကြသည်။
မြောက်ဥမြို့တော်ရှိ ရခိုင်နန်းတော်ကို ရခိုင်လူမျိုးများတွေ့မြင့်နေရလျှင် ဇာတိသွေး ဇာတိမာန်တက် လာမည်ကို စိုးရိမ်၍ နန်းတော်တစ်ခုလုံးကို အစအနရှာမရအောင် မီးရှီ့ ဖျက်ဆီးပစ်လိုက်ကြသည်။ အခြားမိဖုရားအိမ်ရှေ့မင်း၊ မင်းသမီးများ၊ အိမ်တော် ၊ဘုန်းကြီးကျောင်းများ၊ စေတိပုထိုးများ ၎င်းတို့ မသယ်ဆောင်နိုင်သော သက်ရှိသက်မဲ့ပစ္စည်း ဟူသမျှကို မီးရှီ့ ဖျက်ဆီးပစ်ခဲ့ကြသည်။
မှတ်ချက်။
။ဗမာဘုရင်သီပေါ့မင်း၏ မန္တလေးနန်းတော်ကို အင်္ဂလိပ်က ရှေးလက်ရာမပျက် ထားရှိခဲ့သည်ကို ယနေ့တိုင်တွေ့မြင်နိုင်သည်။ သီပေါဘုရင်နှင့် မိဖုရားကိုလည်း ကွယ်လွန်သည် အထိကောင်းမွန်စွာ ထားရှိခဲ့သည်။ ထီးသုံးနန်းသုံး ပစ္စည်းအချို့ကိုလည်း လွတ်လပ်ရေး ရသည့် အခါပြန်လည်ပေး အပ်ခဲ့ သည်။ ရခိုင်များအဖို့ တွင်ကား ရှေးလက်ရာ ထီးသုံးနန်းသုံးများကို အစအန ရှာမရခြင်း၊ မြန်မာ မှုပြု လိုက်ခြင်းသည် ရခိုင်လူမျိုးများ၏ ခံစားချက်ကိုမည်သို့ ဖြေဖျောက်ပေးနိုင်ကြပါ မည်နည်း။
မဟာမုနီ ရုပ်ရှင်တော်ကို ဗုဒ္ဓဘုရားသက်ရှိထင်ရှား ရှိစဉ်ကပင် ရခိုင်ဘုရင် မဟာစန္ဒသူရီယမင်း၏ တောင်းပန် လျောက်ထားချက်အရ ဘုရားရှင်ကိုယ်တိုင် ရှေ့မှောက်တွင်သွန်းလောင်းပြီး ရခိုင်ဘုရင် အဆက်ဆက် ကမ္ဘာဗုဒ္ဓ ဘာသာဝင်များနှင့် ရခိုင်ပြည်သူများ အထွဍ်အမြတ်ထား ကိုးကွယ်ခဲ့သော ဘုရားကို ရခိုင်သမိုင်းသုတေသီများက ဗမာများယူဆောင်၍ မရကြောင်း အခြားတစ်နေရာမှ သဏ္ဍန် တူဘုရားတပါးကို ပင့်ဆောင်သွားကြကြောင်း မှတ် တမ်းတင်ကြသည်ကို တွေ့ရပါသည်။ ရှပ်ရှင် တော် မဟာ မုနီသည် သာသနာ(၅၀၀၀) ကာလပတ်လုံး ဓညဝတီ ရခိုင်ပြည်၌ ကိန်းဝပ်တော် မူလိမ့် မည်ဟူသော ရှင်တော် ဗုဒ္ဓ၏ ဗျာဒိတ်ခတ် မိန့်မွတ်တော် မူခဲ့သည်ကိုထောက်ထား၍ ရခိုင် သမိုင်းသု တေသီ များ၏ အဆိုအမိန့် သည်သာပို၍ မှန်ကန်လိမ့်မည်သာဖြစ်သည်။ (သို့သော် လက်ရှိ မန္တလေး မြို့ မဟာမြတ်မုနီ ဘုရားသည်လည်း ရခိုင်ပြည်မှ အတင်း အဓမ္မခိုးယူ သွားသော ရခိုင်ဘုရား သာဖြစ် သည်)
မဟာမုနီရုပ်ရှင်တော်ကို ဖောင်တော်ဦးတွင်တင်ပြီး ရခိုင်လူမျိုးအားကောင်းမောင်းသန်များကို လှော် ခတ် စေ၍ တောင်ကုတ်သို့ရောက်အောင် သယ်ဆောင်ကြရသည်။ တောင်ကုတ်တွင် ရထားပြုလုပ် ပြီး ရထားပေါ်တင်၍ ရခိုင်လူမျိုးများ ကိုပင် ဆွဲငင်ယူစေသည်။ လမ်းခရီးတွင် ရခိုင်လူမျိုးများ ထွက်ပြေးကြရာ ရခိုင်လူမျိုးများသည် အစဉ်အလာ နားပေါက်ထားရှိကြသဖြင့် နားပေါက်များတွင် ကြိမ်လုံးငယ်သွင်းပြီး ဆွဲယူစေသည်။ တောင်ကုတ်တောင်ကြားလမ်းမှ ဆွဲယူကြပြီး ဧရာဝတီမြစ် အတွင်းရှိ ဖောင်ပေါ်တွင်တင်၍ စစ်ကိုင်းဆိုက်ကမ်းထိအောင် ရခိုင်သုံ့ပန်းများ လှော်ခတ်ဆွဲငင်ကြရ သည်။ စစ်ကိုင်း ဆိုက်ကမ်းသို့ ရခိုင်သက္ကရာဇ် (၁၁၄၇)ခု တပို့တွဲ့ လဆုတ်(၁၂)ရက်နေ့ ရောက်ရှိ သည်။ ဆိုက်ကမ်းမှ ယခုမဟာမုနီကိန်းဝပ်တော်မူရာသို့ ရောက်အောင် ရခိုင်များ ဆွဲယူကြရသည်။
ပါလာသော ရခိုင်သုံ့ပန်းများ အချို့ကိုလည်း မဟာမုနီဘုရားတွင် ဘုရားကျွန်အဖြစ် လှူဒါန်းခြင်းကို ခံကြရလေ သည်။ ရခိုင်လူမျိုးများကို တိရိစ္ဆာန် ပမာ ပြုမှုခြင်းသည် ရခိုင်တိုင်းရင်းသားများ ယနေ့ တိုင် ခံစားကြရပေသည်။
ရခိုင်ပြည်ကို ကျူးကျော်သိမ်းပိုက်ပြီး မင်းကြီးမင်းခေါင်ကျော်ဆိုသူအား နောက်လိုက် နောက်ပါရဲ မတ် (၁၀၀၀၀) နှင့် ရခိုင်ပြည်သူများကို ဖိနှိပ် ကျွန်ပြုရန် တာဝန်ပေးထားခဲ့သည်။ မင်းခေါင် ကျော်စွာ သည် နာဇီဟစ်တလာထက်စောပြီး ဖက်ဆစ်စနစ်ကို ကျင့်သုံးခဲ့သည်။ ဂျူးလူမျိုးများ ကဲ့သို့ ရခိုင် လူမျိုး များကို ကျူပင်ခုတ်ကျုငုတ်ကျန် သတ်ဖြတ်နည်းမျိုးစုံဖြင့် သတ်ဖြတ်ခဲ့ကြသည်။ ကလေး ငယ်များကို အပေါ်သို့မြောက်ပြီး ဓါးကစားသည်။ ဆုံတွင်ထည့်၍ ထုထောင်းသည်။ ကိုယ်ဝန်ဆောင် မိန်းမများအား ဝမ်းကို ဓါးနှင့်ထိုးခွဲသည် မြောက်မြားစွာသော ရခိုင်လူထုကို ကစ္ဆပနဒိ (ကုလားတန်) မြစ်ကမ်းတွင် ခြံစည်းရိုးခတ်စေပြီး ခြံထည့်တွင်လှောင်ထားသည်။ ဒိရေတက်လာလျှင် ခြံထည့်မှ ထွက်လာသူများကို ဓါးနှင့် လှံနှင့် ထိုးခုတ်ကြသည်။ မထွက်ရဲသူများရေနစ်သေဆုံးကြ သည် ။ ရေနစ် မွန်း သောအခါလက်များသည် အပေါ်သို့ ထောင်ပြီးအော်ဟစ်ကြသည်။ ယနေ့ အထိ ၎င်းနေ ရာ ကို လက်ဖန်ပြ (လက်ပန်ပြား) ဟုခေါ် တွင်နေကြသည်။
ရခိုင်ဘုရင်နန်းတော်မှ ယူဆောင်ခဲ့သည် အမိုးကြေးဝါပြား မြောက်များစွာကို ကမ္ဘာတွင် တတိယ အကြီးဆုံး ခေါင်းလောင်းဟု ဝင့်ကြွားနေသည့် မင်းကွန်းခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့သည်။ ကြေးချိန် (၅၅၅၅၅၅) ပိသာရှိသည်။ ၎င်းခေါင်းလောင်းကို သွန်းလုပ်ရာတွင် ရခိုင်သူပန်းပညာရှိ များကို ခိုင်းစေခဲ့သည်။ မင်းကွန်း စေတိတည်ရာတွင်လည်း ရခိုင်သုံ့ပန်း(၃၀၀၀) ကိုခိုင်းစေခဲ့သည်။ မိထ္ထိလာကန်ကို ဆည်ဖို့ တူးဖော်ရာတွင်လည်း ရခိုင်သုံ့ပန်းများစွာကို ခိုင်းစေခဲ့သည် ။ မသေရုံ အစား အစာကျွေးသဖြင့် ရေဂါဝင်ပြီး အများအပြားသေဆုံးကုန်ကြ သည်။ သေဆုံးသော ရခိုင် အလောင်း များကို မိထ္ထိလာကန်ဘောင်ရိုးတွင် မြုပ်နှံခဲ့သည်။ ရှည်လျားသော မိထ္ထ လာကန် ဘောင်ရိုးမှာ ရခိုင် တိုင်းရင်း သားများ၏ အရိုးစုများနှင့် ပြည့်နှက်နေခဲ့သည်။ ယိုးဒယားသို့ ကျုးကျော်ချီတက်ရာ တွင် လည်း ရခိုင်သုံးပန်း (၆၀၀၀) အသုံးပြုခဲ့သည်။
ဗမာဘုရင်မောင်ဝိုင်းသည် (၁၇၉၀-၁၇၉၇) အတွင်း မင်းကွန်းစေတီတည်စဉ်က ချွေးတပ်သား ရရှိရေးအတွက် ရခိုင် သစ္စာဖောက် ငသံဒေတို့က ဆောက်ရွက်ပေးခဲ့သည်။ မင်းကွန်းစေတီကြီးသာ တည်ဆောက် ပြီးစီးခဲ့ပါလျင် အမြင့်ပေ(၅၀၀) ကျော်ရှိပါလိမ့်မည်။ အပြီးတည်ပါက တိုင်းပြည် ပျက် မည်ဟု ထွက်ရှိသဖြင့် မပြီးမစီး တပိုင်းတစထားရှိခဲ့ရသော မင်းကွန်းစေတီသည် မန္တလေးမြို့ နှင့် အလှမ်းမကွာသော စစ်ကိုင်း မြို့နယ်တွင် တွေ့ မြင်နိုင်ပါသည် ။ထိုစေတီ၏ ပတ်ဝန်းကျင်တွင် လွန်ခဲ့ သော အနှစ်(၂၀၀) ကျော်က အတင်းအကျပ် အလုပ်ခိုင်းစေခြင်းခံရသော ရခိုင်တိုင်းရင်းသား များ၏ အရိုး များ သည် ယခုတိုင်ပြည်နှက်နေမည် ဖြစ်သည်။
ဗမာပဒေရာဇ် နယ်ချဲ့ တို့ ၏ ရက်စက်မှု အစွမ်းကုန်ပြုကျင့် ကြသည်မှာ မြောက်ဥ မြို့တော်အနီးရှိ အရီုးပုံတောင်ကြီးတွင် ရခိုင်သားတို့ ၏ အရိုးစု အရိုးဆွေးများကို ယနေတိုင် တွေ့ မြင်နေရသည်။ ထို့ကြောင့် အရိုးပုံတောင်ဟု ယခုတိုင်ခေါ်တွင်နေသည်။ ပုဏ္ဏား ကျွန်းမြို့နယ် ယိုးချောင်းရှိ သားပုံ ကျေးရွာမှာလည်း ရခိုင်တိုင်းရင်းသား များကို အစုလိုက်အပုံလိုက် သတ်ခဲ့ကြသဖြင့် သားပုံ ဟုခေါ်တွင်သည်။ ကာလ ရှည်လျားလာသဖြင့် သပုံ ဟု ခေါ်တွင်လေသည်။
ကျွန်ပြုခံ ရခိုင်နိုင်ငံ
ရခိုင်-ဗမာ စစ်ပွဲတွင် ပြည်သူ (၂၀၀၀၀) ခန့် နှင့် ရဲမတ် (၃၀၀၀၀) ခန့် သေဆုံးခဲ့ကြရပြီး ၊ပြည် သူနှစ်သောင်းနှင့် ရဲမတ်(၂၀၀၀၀) ခန့် မသန်မစွမ်း ဒုက္ခိတ ဖြစ်ခဲ့ရသည်။ ခိုင်ပြည်သူ တသိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း ပြည်သူလူထု တသိန်းကျော်မှာ အဖရခိုင်နိုင်ငံတော်ကို စွန့် ခွာပြီး ယခု ဘင်္ဂလားဒေချ့် ထဲ့သို့ ပြေးဝင်ခိုလှုံ ခဲ့ရ ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြထားသည်။
ဗမာနယ်ချဲ့ ပေးသရာဇ် ကျူးကျော်ရေးသမားတို့၏ ရက်စက်ယုတ်မာ ခဲ့သည်ကို ရခိုင်သမိုင်း မှတ်တမ်းလင်္ကာကျမ်း တွင် ဤသို့ ဖော် ပြထားသည် ။
“ပုံဘိတောင်နှယ်၊ ကောင်ပုတ်ဝယ်ကား၊ လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ ရှစ်သောင်းအစွန်း တသိန်းမှန်၏။ မယွန်းထိုခါ သေကုန်ပါ၏ ။ ဒွာရာသံတွဲ မြို့ ရမ်းဗြဲနှင် မြစ်ထဲ့ ဝမျှောင် ၊ ကျွန်း မာန်အောင်၌ ဖမ်းနှောင်ကြိုးသွင်း ယူလေခြင်းကား သတင်းစကား နားသာကြား ၏။ သတ်ထား အကောင်ဖူးဖူးရောင်သား ၊ဖုတ်ဟောင်နံစော်၊ ရုပ်ခန္တာကိုယ် ၊ ကာကလင်းတ၊ သိန်းစွန်မှသည်၊ ခွေး ကစ လျှက် ၊ ကျားသစ် ဝက်များ၊ စားကြဖန်ဖန် ၊ ကိုက်ကြဟန်ကို အကျန်လူများ မြင်လေငြားမူ ဘုရားတရား၊ သံဃာအားကို ဝပ်တွားကော်ရော်၊ ပူဇော်ရေ ရွတ် ၊ နဖူးခတ်သည်၊ ရင်ဘက်လက်တင် ၊ ခတ်တီး…..တည်း” ။
ဤကဗျာလင်္ကာ အရ ဗမာ မျိုးယုတ်များသည် မြောက်ဥမြို့တော် တမြို့တည်းမှာပင် ရဟန်းရှင်လူ တသိန်းကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ဆိုနိုင်သည်။ ထိုခေတ် မြောက်ဥ မြို့တော် ၏ လူနေ အိမ်ခြေ စာရင်းကို “ပန်းမဉ္ဖူကြူကြူမွှိး အိမ်ခြိ စာရင်း ပီး” ဟုရခိုင်သမိုင်းသုတေသိတစ်ဦး ၏ မှတ်တမ်းအရ ပိဋကတ်သင်္ချာနည်းဖြင့် ပြောင်းပြန်ရေးချသော် (၅၁၁၈၅၅) အိမ်ခြေစာရင်းဖြစ်သည်။ တအိမ်လျှင် ပျမ်းမျှ လူဦးရေ ၅ ယောက် နုန်းသတ်မှတ်လျှင် မြောက်ဥ မြို့တော် လူဦးရေသည် (၂၅၅၉၂၇၅) ရှိပေသည်။ မြောက်ဥမြို့တော်တွင် ထင်ရှားသော ဘုန်းတောကြီးကျော်း(၃၀)နှင့် ကျောင်းငယ် ၃၇၀၀) ကျော်ရှိကြောင်းကို လည် းဤမှတ်တမ်းတွင် ပြဆိုထားသည်။
ထို့ကြောင့် မြောက်ဥ မြို့ တော် တမြို့တည်းမှာ ပင် ရဟန်းရှင်လူ တသိန်းကျော် အသတ်ခံ ခဲ့ရကြောင်း မှတ် တမ်း တွင် ဖော်ပြ ထားပါသည်။တဖန်ထိုလင်္ကာ တွင် ဒွာရာသံတွဲ မြို့ ရမ်းဗြဲနှင့် မြစ်ထဲ့ ဝမျှောင် ၊ ကျွန်းမာန် အောင်၌ ဖမ်းနှောင်ကြိုးသွင်း ယူလေခြင်းကား သတင်းစကား နားသာကြား၏။ သတ်ထား အကောင် ဖူးဖူး ရောင်သား ” ဟု ဆိုထားပြန်ရာ ဒွာရာဝတိသံတွဲ ၊ ရမ္မာသတိ ရမ်းဗြဲ ကျွန်း ၊မြစ်ထဲ့ ဝမျှောင်နှင့် မေဃဝတိ မာန်အောင် ကျွန်းတို့ မှ လူအမြောက်အမြားကို ဖမ်းယူသွားကြောင်း ၊ ယင်းဒေသမှ လူအမြောက်အမြားကို လည်း သတ်ဖြတ်ခဲ့ကြောင် း ထိုကဗျာ လင်္ကာ အရ သိသာနိုင် ပါသည်။ ထို့ ကြောင့် ရခိုင်သက္ကရာဇ် (၁၁၄၆) အေဒီ (၁၇၈၄)ခုနှစ်တွင် ဗမာ ကျူးကျော် သူတို့ က ရခိုင်နိုင်ငံ သား များကို အစုလိုက် အပုံလိုက် မြောက်မြားစွာ သတ် ဖြတ်မှု ကြီး ဖြစ်သည်ဟု ရခိုင် သုတေ သိများက မှတ်တမ်းတင်ထားကြသည်။
ဗမာ ပဒေသရာဇ် ဘုရင်မောင်ဝိုင်း ၏ ယုတ်မာမှု
ဗမာ ပေးသရာဇ် ဘရင် မောင်ဝိုင်းသည် သုံပန်း အဖြစ် ဖမ်းဆိးခေါ်ဆောင်သွားသည့် ရခိုင်ဘုရင် မဟာ သမ္မတမင်းကို ၎င်း၏ညီ ပခန်းမင်း၏ အိမ်၌ထားရှိလေသည်။ တနေ့ သောအခါ ရခိုင်ဘုရင် အား “ရခိုင်ပြည် တွင် ပိဋ ကတ်၊ဗေဒင် သိမြင်လိမ္မာ သောသူများ မရှိလေသလောဟု ” ဗမာ ဘုရင် မောင်ဝိုင်းက မေးရာ ရခိုင်ဘုရင်မဟာ သမ္မတမင်း က “အမရပူရ မင်းမှာ ပိဋကတ်၊ဗေဒင် သိမြင် လိမ္မာသောသူများမရှိလေသောကြောင့် သူတပါးနိုင်ငံ ကိုကျူးကျော် နယ်ချဲ့ တိုက်ဖျက် လေသလော ဟု ပြန်၍မေးတောမူ၏ ဗမာဘုရင်မောင်ဝိုင်း နုတ်ဆိတ်နေသည်ဟု ရခိုင်သမိုင်း ဆရာ များ မှတ်တမ်း တင် ထားသည်ကို တွေ့ ရှိရသည်။ နောင်လာနောင်လား ရိုင်သားများ ကို နိုးဆော် ခဲ့ သည့် အသံပင် ဖြစ် သည်။
ရခိုင်ဘုရင်မဟာသမ္မတမင်း၏ မိဖုရားမြသန္တာသည် ရုပ်ရည်လှပတင့်တယ်သော့ကြောင့် ဗမာ ဘုရင် မောင်ဝိုင်းသည် ငွေတစ်ထောင် တရားစရိတ်ပေးပြီး ကွာရှင်းစေပြီး သိမ်းပိုက်လေသည်။ မိဖုရား မြသန္တာသည်လည်း ဗမာမောင်ဝိုင်း၏ မိဖုရားအဖြစ်ကို မခံယူပဲ မိမိကိုယ်ကို အဆုံးစီရင် သည်ဟု ဖော်ပြကြသည်။ မိဖုရား မြသန္တာသည် ရခိုင်အမျိုးဂုဏ်သိက္ခာအား နောက်ဆုံးအချိန်ထိ စောင့် ထိန်းသွား သည်ကို ရခိုင်ပြည်သားများ အဖို့ စံထားရမည့် အချက်ဖြစ်ပေသည်။ အကျဉ်စံ သုံပန်း မဟာ သမ္မတမင်းသည်လည်း စိတ်ဆင်းရဲ့ ကိုယ်ဆင်းရဲ ခြင်းကြီးစွာ ဖြင့် အမရပူရရောက်ပြီး (၂)နှစ်တွင်နတ်ရွာ စံလေသည်။ မဟာသမ္မတမင်းနတ်ရွာစံ သည်နှင့် ရခိုင်ပြည်တွင် ရခိုင်မင်းဆက် နိဂုံး ချုပ်လေတော့သည်။
အမျိုးသားသစ္စာဖေါက် သံဒေ ဆိုသူနှင့် အပေါင်းပါ တစ်စုကြောင့် ရခိုင်နိုင်ငံ နှင့် ရခိုင်တိုင်းရင်းသား လူမျိုးများသည် လူမျိုးခြား ဗမာနယ်ချဲ့ တို့ လက်အောက်ကျရောက်ခဲ့ ရသည်။ တဖန် အင်္ဂလိပ်၊ ဖဆပလ၊မဆလ၊နဝတ တို့လက်အောက် ကျရောက်ခဲ့ရာ အနှစ်(၂၃၀) နှစ် ကျွန်သက် ရှည်လာပြီဖြစ် သည်။ နောင်ကို မည်သည့် အတိုင်းအတာ ကာလထိ ကျွန်သက် ဆိုး ရှည်ကြာနေမည်ကို မသိနိုင်သေး ပေ။ အဆုံးအဖြတ် ပေးနိုင် ရန်မှာ ရခိုင် လူမျိုးများ စုစည်းညီညွတ်မှုအား အပေါ်တွင်သာအဆုံး အဖြတ် ပေးမည်သာ ဖြစ်သည်။
ကိုးကားချက်-
(၁) ရခိုင်နိုင်ငံ သမိုင်းသစ် ပိုးလှအောင်
(၂) ရခိုင်ရာဇဝင်သစ်ကျမ်း ရမ်းဗြဲတောင်ကျောင်း ဆရာတော်
(၃) ဓညဝတီ ရာဇဝင်သစ်ကျမ်း ပဲခူးမင်းကျောင်း ဆရာတော်
(၄) ဂစ္ဆပနဒိ နှင့် သူ့ကျွန်မခံ သမိုင်းပေးတာဝန် တက္ကသိုလ်ကျော်လင်းခိုင် (လက်နှိပ်စက်မူ)
(၅) ဗုဒ္ဓဂေါတမ နှင့် စန္ဒသူရီယ ဘုရင် ဦးလှထွန်းဖြူ
တင်ပြလိုက်ပါယင်( မဏ္ဍိုင်)
No comments:
Post a Comment