" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 5, 2024

ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး မြန်မာပြည်တွင်ရေးပဋိပက္ခကြောင့် ပိုမိုခက်ခဲသွားပြီဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာပြောကြား

Narinjara
ရက်စွဲ: ၀၅ မတ် ၂၀၂၄

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မွတ်ဆလင်ဒုက္ခသည် ( ရိုဟင်ဂျာ) များအား နေရပ်ပြန်ပို့ပေးရေးမှာ မြန်မာပြည်တွင်ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများကြောင့် ပိုမိုခက်ခဲသွားပြီဖြစ်ကာ ဘင်္ဂလားဒေ့ရှ် အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေသည်ဟု ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက မတ်လ ၄ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။

 ဒါကာထရိုင်ဗြွန်းသတင်း​၏ ရေးသားဖော်ပြချက်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့် မွတ်ဆလင်ဒုက္ခသည်များကို "အတင်းအကြပ် နေရပ်စွန့်ခွါထွက်ပြေးလာရသည့် မြန်မာနိုင်ငံသားများ( forcibly displaced Myanmar nationals )ဟု ဖော်ပြထားပြီး ၎င်းတို့အား ပြန်ပို့ရေးမှာ အလွန်အရေးကြီးကြောင်း၊ သို့သော် လက်ရှိဖြစ်ပွားနေသော မြန်မာပြည်တွင်းရေးပြဿနာကြောင့် ပိုမိုခက်ခဲသွားသည်ဟု ရှိတ်ဟာဆီနာက ပြောကြားခဲ့သည်။

" အခု ကော့ဘဇားခရိုင်မှာ မြန်မာနိုင်ငံဘက်က ဝင်လာသူတွေကြောင့် ဒေသခံတွေဟာ လူနည်းစု ဖြစ်သွားပြီ။ ဝင်လာသူတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်တယ်" ဟု ဝန်ကြီးချုပ် ဟာဆီနာက ပြောကြားခဲ့သည်။

ဟာဆီနာက မြန်မာနိုင်ငံမှ အတင်းအကြပ်နေရပ်စွန့်ခွာထွက်ပြေးလာသူများကို ၎င်းတို့နေထိုင်ရာ ဒေသသို့ ဂုဏ် သိက္ခာနှင့်အညီ ပြန်ပို့ပေးနိုင်ရေး အာမခံချက်ရှိရမည်ဖြစ်ကြောင်း၊ မည်သူကိုမျှ ဘင်္ဂလားဒေ့ရှ်နယ်မြေကို အသုံး ချပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ခွင့်ပြုမှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဒုက္ခသည်မွတ်ဆလင်လူငယ်များ ရာဇဝတ်မှုများနှင့် ကင်းဝေးအောင် ဘတ်ဆန်းချားကျွန်းတွင် လူတစ်သိန်းအထိ နေနိုင်အောင် လုပ်ဆောင်ပေးထားပြီး ယခုအခါ မွတ်ဆလင်ဒုက္ခသည် ၃၅၀၀၀ရောက်ရှိနေပြီဟု ဟာဆီနာက ပြောကြားခဲ့သည်။

တနင်္လာနေ့က နိုင်ငံတကာတရားရုံး(ICJ) တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စား တာဝန်ပေးအပ်ခံရသည့် ပါမောက္ခ အက်ခါဗန် နှင့် ပါလီမန်တွင် တွေ့ဆုံစဉ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်​၏ ကိုယ်ရေးအရာရှိက ပြောကြားခဲ့ခြင်းဖြစ်သည်။

NN- 27/ ref: dhakatribune/ PM Hasina: Myanmar conflict makes Rohingya repatriation difficult 

Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */