" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 28, 2024

"ရခိုင်ဒေသ နှင့် မူစလင်"

 

"ရခိုင်ဒေသ နှင့် မူစလင်"
၁ ဓညဝတီခေတ် (ဘီစီ ၃၃၂၅ - အေဒီ ၃၂၇ )
Dannavati period (3325 BC - 327 AD)
၂ ဝေသာလီခေတ် (အေဒီ ၃၂၇ - အေဒီ ၈၁၈)
Vesali period ( 327 AD - 818 AD )
၃ လေးမြိုခေတ် (အေဒီ ၈၁၈ - အေဒီ၁၄၃၀)
Lemro period (818 AD - 1430 AD)
၄ မြောက်ဦးခေတ် ( အေဒီ ၁၄၃၀ - အေဒီ ၁၇၈၄)
Mrauk U period (1430 AD - 1784 AD)

မြန်မာနိုင်ငံတော်၏ ပြည်နယ်တခုအဖြစ် ၁၇၈၅ ခုနှစ်မှစ၍ ကုန်းဘောင်ခေတ်၊ ၁၈၂၆ ခုနှစ် မှစ၍ ဗြိတိသျှကိုလိုနီခေတ် နဲ့ ၁၉၄၈ ခုနှစ် မှ ယနေ့ထိ မျက်မှောက်ခေတ်ဆိုပြီး တွက်စစ်ခဲ့သော် ရခိုင်ဒေသဟာ စုစုပေါင်း ခေတ် ၇ ခေတ်ကို ပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
 
ဘီစီ ၅၅၄ (554 BC) မှာ ဂေါတမ ဗုဒ္ဓ (Gautama Buddha) ဓညဝတီမြို့တော်သို့ ကြွချီလာပြီးနောက် ရခိုင်တို့ဟာ မဟာမုနိရုပ်ပွါးတော်ကို သွန်းလောင်းကိုးကွယ်ခဲ့တယ်လို့ ရခိုင်စာပေကျမ်းဂန်များမှာ ဖေါ်ပြထားပါတယ်။ ထိုအချိန်ကာလကစ၍ ရခိုင်ဒေသဟာအစဉ်အဆက် ဗုဒ္ဓဘာသာ ကိုးကွယ်ထွန်းကားရာဒေသဖြစ်လာခဲ့ပါတယ်။
(ဗုဒ္ဓ ဖွားတော်မူတဲ့နှစ်ကို ဘီစီ ၆၂၃ ဟုများစွာသောစာတမ်းများမှာတွေ့ရပါတယ်။ ဘီစီ ၆၂၃ ဆိုရင် ဗုဒ္ဓ သက်တော် ၆၉ နှစ်(ဝါတော် ၃၄ ဝါ) မှာ ထိုဒေသကို ကြွရောက်တယ်လို့ ဆိုနိုင်ပါတယ်။)ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ပင်လယ်အော် နှင့်ထိစပ်နေတာမို့ ရေလမ်းခရီးအားဖြင့် ပြင်ပကမ္ဘာနဲ့ ကူးလူးဆက်သွယ်ရာမှာ အချက်အချာကျတဲ့နေရာတခုဖြစ်နေပါတယ်။ ဝေသာလီခေတ်ရဲ့နှောင်းပိုင်း အေဒီ ၈၀၀ (800 CE (Common Era) or AD) ခန့်မှာ အာရပ်မူစလင်ကုန်သည်များဟာ ထိုဒေသကို ရောက်ရှိလာပြီး ကုန်ရောင်း ကုန်ဝယ် လုပ်ခြင်းနှင့်အတူ ဘာ သာရေးဆိုင်ရာသင်ကြားပို့ချမှုများ စတင်လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။ 
 
တချို့သမိုင်းပညာရှင်များကတော့ အာရပ်ကုန်သည်များဟာ အိန္ဒိယ၊ မြန်မာ၊ တရုတ် ဆက်သွယ်ထားတဲ့ ပိုလမ်းမ (Silk Road) တောင်ဖက်ပိုင်းကို အသုံးပြုကုန်သွယ်ခဲ့ကြတယ်။ သူတို့ဟာ ရခိုင်နဲ့ ဘင်္ဂလား ( ယခု ဘင်္ဂလားဒေ့ရှ်) နယ်စပ်မှာ အေဒီ ၉၀၀ ခန့်က စတင် ခြေချလာနိုင်တယ်လို့ယူဆကြပါတယ်။(မိုဟာမက် (Muhhamad)ကို အေဒီ ၅၇၀ (570 CE) ခန့်မှာမွေးဖွားတယ်ဆိုပါရင် အစ္စလာမ်ဘာသာထွန်းကားပြီး နှစ် ၃၀၀ ခန့် အကြာမှာ ရခိုင်ဒေသကို မူစလင်များ စတင်ရောက်ရှိလာတယ်လို့ ခန့်မှန်းနိုင်ပါတယ်။) ထိုစဉ်ရောက်ရှိလာတဲ့အာရပ်ကုန်သည်တွေဟာ ဋ္ဌာနေ အမျိုးသမီးများနဲ့ အိမ်ထောင်ကျပြီး ထိုအရပ်မှာပဲ အခြေချနေထိုင်ကာ တဖြည်းဖြည်း မူစလင်ဦးရေများပြားလာတယ်လို့ ဆိုပါတယ်။ သို့သော် ခိုင်လုံတဲ့ အထောက်အထားတော့ ရှိဟန်မတူပါဘူး။ ဒါပေမဲ့ အ ထင်ကရအားဖြင့် မူစလင်အ များအပြားရခိုင်ဒေသကို ရောက်ရှိလာတာကတော့ အေဒီ ၁၄၃၀ ခုနှစ်မှာစတင်တဲ့ မြောက်ဦးဘုရင့်နိုင်ငံတော် (Kingdom of Mrauk U ( 1430 1785)ကို တည်ထောင်တဲ့ ဘုရင် နရမေခလာ(Narameikhala)(ခေါ်) မင်းစောမွန် (Min Saw Mom (1380 1434))လက်ထက်မှာဖြစ်ပါတယ်။ Kingdom of Mrauk U ကို Kingdom of Arakan လို့လဲ ခေါ်ကြပါတယ်။ ဘုရင် မင်းစောမွန်ဟာ မြောက်ဦး ထီးနန်းကို မထူထောင်ခင် ဘင်္ဂလား စူလတန် ( Bengal Sultanate (1352-1576)ထံမှာ ၂၄နှစ်ကြာ ခိုလုံနေထိုင်ခဲ့ပါတယ်။ မင်းစောမွန် မြောက်ဦးထီးနန်းကို တည်ထောင်နိုင်ခဲ့တာဟာလဲ ဘင်္ဂလားစူလတန်ရဲ့ စစ်သည်ရဲမက် အကူအညီများကို ရယူခဲ့ရတာဖြစ်ပြီး ထိုစဉ်က ရခိုင်ဒေသရဲ့ လုံခြုံရေးကိုလဲ စူလတန်ကပဲ တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စူလတန်ရဲ့ အင်ပါယာဟာ ယခု အိန္ဒိ ယပိုင်အနောက်ဘင်္ဂလားဒေသ၊ ဘင်္ဂလားဒေ့ရှ်ဒေသနဲ့ရခိုင်ဒေသတို့ပါဝင်တယ်လို့ဆိုပါတယ်။

ထိုသို့ မင်းစောမွန်နဲ့ ဘင်္ဂလား စူလတန်တို့ သင့်မြတ်မှုကိုအကြောင်းပြု၍ ဘင်္ဂါလီလူမျိုးများဟာ ရခိုင်ဒေသကို ထဲထဲဝင်ဝင် ကူးလူးသွားလာခဲ့ကြပါတယ် #မူစလင်ဘင်္ဂါလီများ မြောက်ဦးမြို့အပြင်မှာတည်ဆောက်ခဲ့သော မူစလင်ဘုရားကျောင်း Santikan Mosque (၈၂ ပေ x ၆၅ ပေ) သည်၎င်း၊ မင်းစောမွန်လက်ထက်မှာ ထုတ်လုပ်သုံးစွဲခဲ့တဲ့ ပါရှန်းဘာသာနဲ့ ရိုက်နှိပ်ထားတဲ့ အကြွေပြားများသည်၎င်း သမိုင်းမှတ်တမ်းဝင် အထောက်အထားများ ဖြစ်ပါတယ်။ သို့သော် မင်းစောမွန်ရဲ့မြောက်ဦးနန်းသက်ဟာ ၄ နှစ်သာ ရှိခဲ့ပြီး ၁၄၃၄ ခုနှစ်နောက်ပိုင်း စိုးစံခဲ့တဲ့ ရခိုင်ဘုရင်များလက်ထက်မှာ ဘင်္ဂလားဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာတွေရှိခဲ့ပါတယ်။ ၁၄၃၇ ခုနှစ်မှာ ယမု (Ramu) ကို၎င်း ၊ ၁၄၅၉ ခုနှစ်မှာ စစ်တကောင်း ( Chittagong) ကို၎င်း ၊ ၁၆၂၅ ခုနှစ်မှာ ဒက္ကာ ( Dhaka ) ကို၎င်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်တကောင်းကို ၁၆၆၆ ခုနှစ်ထိ ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ ဒီအချိန်များမှာ ရခိုင်ဘုရင်များဟာ ဘင်္ဂါလီ ၊ ပါရှန်း ၊ အာရပ် စာရေးနိုင်သူများကို တရားစီရင်သောနေရာများမှာ အများအပြား သုံးခဲ့ရပါတယ်။ ဒါ့အပြင် ဘင်္ဂါလီကျွန်များကိုလဲ ခေါ်ယူစေခိုင်းမှုများရှိခဲ့ပါတယ်။ ၁၇ရာစုနှစ်များမှာ ပေါ်တူဂီများလဲ ရခိုင်ဒေသကို ရောက်ရှိလာပြီး ဘင်္ဂါလီများကို ကျွန်ကုန်ကူးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ၁၇ ရာစုမှာ ရခိုင်ဒေသ၌ မူစလင်ဦးရေ တိုးတက်များပြားလာခဲ့ပါတယ်။သို့သော် ရခိုင်ဒေသရှိ မူစလင်ဦးရေကို ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ ကိန်းဂဏန်းဖြင့် ပြသထားတာ မတွေ့ရပါဘူး။ သို့သော် အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲ (၁၈၂၄ - ၁၈၂၆) အပြီး ရခိုင်ဒေသအပါအဝင် အာသံ၊ မဏိပူရ၊ တနင်္သာရီတို့ဟာ ဗြိတိသျှ-အိန္ဒိယ အုပ်ချုပ်မှုအောက်ရောက်ရှိခဲ့ပါတယ်။ ဗြိတိသျှအစိုးရရဲ့ မျက်နှာသာပေးမှုနဲ့အတူ ဗြိတိသျှ-အိန္ဒိယကုမ္ပဏီများဟာ ဘင်္ဂါလီများကို လယ်ယာလုပ်ငန်းနဲ့အခြား လုပ်ငန်းခွင်များမှာ ခိုင်းစေရန် အထူးသဖြင့် စစ်တကောင်းဒေသမှ အများအပြား သွင်းယူခဲ့တယ်လို့ သိရပါတယ်။၁၈၇၂ ခုနှစ် ကောက်ယူခဲ့တဲ့ သန်းခေါင်
စာရင်းဇယား များ(censuses) အရ မူစလင်ဦးရေဟာစစ်တွေခရိုင်တခုတည်းအတွင်း ၅၈,၂၅၅ ဦး ရှိခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာ ရခိုင်ဒေသ တခုလုံးအနေနဲ့ မူစလင်ဦးရေ ၁၇၈,၆၄၇ ဦး ရှိလာခဲ့ပြီး ၁၉၃၁ခုနှစ်မှာ တော့ စစ်တွေတမြို့ထဲတွင်ပဲ ဘင်္ဂါလီ ၅သိန်းခန့်ထိတိုးပွါးလာခဲ့ပါတယ်။

ဘင်္ဂါလီများဟာ ပထမတော့ ရွှေ့ပြောင်းအလုပ်သမား (Migrant) အနေနဲ့ လယ်ယာချိန်မှာသာ လာရောက်လုပ် ကိုင်ပြီး လယ်သိမ်းပြီးချိန်မှာ နေရပ် စစ်တကောင်းကိုပြန်ခဲ့ကြပါတယ်။ နောက်ပိုင်း မှာတဖြည်းဖြည်းနဲ့ အတည် တကျနေထိုင်သူများ (immigrants) ဖြစ်လာတာကြောင့် လူဦးရေ အဆမတန် များပြားလာရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ တခုသတိပြုမိတာက ဗြိတိသျှလက်အောက်ဆိုတော့ ဗြိတိသျှတို့ရဲ့ မျက်နှာသာပေးမှုအရ ဘင်္ဂါလီများဟာ ၁၈၇၂ မှ ၁၉၁၁ ခုနှစ်ထိ ကောက်ယူသော သန်းခေါင်စာရင်းများ တွင် မဟာမေဒင် ( Mohamedan) ဟူ၍ ၎င်း ၊ ၁၉၂၁ ခု နောက်ပိုင်း စာရင်းများတွင် အင်ဒီးယန်း ( Indians) ဟူ၍၎င်း စာရင်းပေးသွင်းခဲ့ကြပါတယ်။ ဒီထဲက တချို့ဘင်္ဂါလီပညာတတ်လာသူတွေဟာ နောက်ပိုင်းမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပါလီမန်မှာ ရခိုင်အင်ဒီယန်း (Arankanese Indians) ဆိုပြီး ပါလီမန်အမတ်များအဖြစ် တွင်ကျယ်လာတာကို တွေ့ရပါတယ်။ဗြိတိသျှကိုလိုနီခေတ်တလျောက်လုံး (immigrants) မူစလင်များနဲ့ ဒေသခံရခိုင်များ တဦးနဲ့တဦး တင်းမာမှုများရှိနေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ မြို့ပြအုပ်ချုပ်မှု လျော့နည်းလာချိန်မှာ ထိုတင်းမာမှုဟာ ပေါက်ကွဲလာခဲ့ပါတယ်။
 
 ၁၉၄၂ ခုနှစ် ဂျပန်တို့ဝင်ရောက်လာတော့ ရခိုင်ပြည်တောင်ပိုင်းရှိ မူစလင်များဟာ ဗုဒ္ဓဘာသာအများစုရဲ့ တိုက်ခိုက်ခံရတယ်ဆိုပြီး ရခိုင်တောင်ပိုင်း မှ စစ်တကောင်း ဖက်သို့၎င်း၊ ဗြိတိသျှထိန်းချုပ်မှု ရှိသေးတဲ့ ရခိုင်မြောက်ပိုင်း သို့၎င်း ထွက်ပြေးခဲ့ကြပါတယ်။ ထိုအချိန်ဗြိတိသျှက အိန္ဒိယဖက်သို့ ဂျပန်များ ဝင်ရောက်မလာနိုင်စေရန် ရှေ့ပြေးခုခံမှုအတွက် V forces (Volunteer forces) များ ကိုစတင်ဖွဲ့စည်းချိန်ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းဒေ သ မှာ V forces များကို ဘင်္ဂါလီများနဲ့ ဖွဲ့စည်းပြီး လက်နက်များတပ်ဆင်ပေးခဲ့ပါတယ်။ V force ဘင်္ဂါလီများဟာ တပ်ဆင်ပေးသော လက်နက်များနဲ့ ဂျပန်ကိုတိုက်ရမဲ့အစား ဋ္ဌာနေရခိုင်များကို မျိုးတုန်းတိုက်ခိုက်သတ်ဖြတ်မှု (ethnic cleansing)များပြု့လုပ်ခဲ့ ပါတယ်။ #ဗုဒ္ဓဘာသာဘုရားကျောင်းကန်များကိုလဲဖျက်ဆီးခဲ့ပါတယ်။ #မေယုဒေသမှာရခိုင်လူမျိုး၂၀၀၀၀ခန့်အသတ်ခံရပြီး အပြန်အလှန်အားဖြင့် မူစလင် ၅,၀၀၀ ခန့် လဲ မင်းပြား နဲ့ မြောက်ဦးနယ်တို့မှာ အသတ်ခံရတယ်လို့ တချို့မှတ်တမ်းများမှာတွေ့ရပါတယ်။

၁၉၄၆ ခုနှစ် ဗြိတိသျှအုပ်ချုပ်မှု ပြန်လည်ရှင်သန်လာတော့ ဘင်္ဂါလီခေါင်းဆောင်များဟာ ဘူးသီးတောင် မောင်းတော အပါအဝင်မေယု ဒေသကို ပါကစ္စတန်မှ ကျူးကျော်သိမ်းပိုက်ရန် နှင့် တပါတည်း မိမိတို့အား လွတ်လပ်သော ပြည်နယ်တခုအဖြစ် ပေးရန်တောင်းဆိုသံများထွက်ပေါ်လာခဲ့ပါတယ်။ အထက်ပါအစီအစဉ်ကို ကူညီပံ့ပိုးပါရန် ပါကစ္စတန်ခေါင်းဆောင် မူဟာမက် အလီ ဂျင်းနား (Muhammad Ali Jinnah) ထံတင်ပြတောင်းဆိုခဲ့သော်လည်း မစ္စတာဂျင်းနားက မြန်မာနိုင်ငံအရေးကို ဝင်ရောက် မစွက်ဖက်လိုဘူးဆိုပြီး ငြင်းဆိုပယ်ချခဲ့ပါတယ်။ (ထိုစဉ် ယခုဘင်္ဂလားဒေ့ရှ်ဟာ အရှေ့ ပါကစ္စတန်အဖြစ်တည်ရှိခဲ့ပါတယ်။)

၁၉၄၇ ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်တနှစ်အလို ရွေးကောက်ပွဲမှာ ဘူးသီးတောင် နဲ့ မောင်းတော ကိုယ် စားပြု ဘင်္ဂါလီ အမတ် ၂ ဦး M.A. Gaffar နဲ့ Sultan Ahmed တို့ဟာ ရခိုင်အင်ဒီးယန်းများ (Arakanese Indians) အနေနဲ့ ပါလီမန်မှာ နေရာရခဲ့ကြပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဦးနုအစိုးရလက်ထက်မှာ Gaffar ဟာ စာတမ်းတစောင်ပြုစုကာ ရခိုင်မြောက်ပိုင်း ဘင်္ဂါလီများကို "ရိုဟင်ဂျာ (Rohingya)" ဟူသောအမည်ဖြင့်တရားဝင်အသိအမှတ်ပြုရန်နှင့် သီးခြားနယ်မြေသတ်မှတ်ပေးရန်တောင်းဆိုခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်ရွေး ကောက်ပွဲအပြီး ကျန်းမာရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရတဲ့ Sultan Mahmud ဆိုသူကလဲ အထက်ပါအတိုင်း ရိုဟင်ဂျာ ဆိုတဲ့ နံမယ်ကို ဆက်လက် အသက်သွင်းခဲ့ပါတယ်။ သို့သော် ဦးနုအစိုးရလက်ထက်မှာ အထက်ပါအဆိုများကို တရားဝင်အသိအမှတ် မပြုခဲ့ပါဘူး။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာတော့ ဖဆပလ ပါလီမန်ကို ဖျက်သိမ်းလိုက်တာမို့ ထိုဘင်္ဂါလီအမတ်များရဲ့ တောင်းဆိုချက်များဟာ သဲထဲရေသွန်သလို ဖြစ်ခဲ့ရပါတယ်။

#အကြမ်းဖက်တိုက်ခိုက်မှုများ
 
ရခိုင်မြောက်ပိုင်းခွဲထွက်ရေးကို ၁၉၄၆ ခုနှစ်မှာ ပါကစ္စတန်က အကူအညီမပေးပဲ ပယ်ချပြီးနောက် ဘင်္ဂါလီခေါင်း ဆောင်တို့ဟာ မူဂျာဟစ်ပါတီကို ထူထောင်ပြီး မူဂျာဟီဒင် (Mujahideen) လက်နက်ကိုင်လှုပ်ရှားမှု့များကို ၁၉၄၇ ခုနှစ်ခန့်မှစ၍ ပြုလုပ်ခဲ့ပါတယ်။ ၁၉၅၀ ခုနှစ် ဘင်္ဂါလီအမ တ်များမှ ပါလီမန်တွင် ဘင်္ဂါလီအရေးကို တင်ပြပြီးသည့်နောက် ရိုဟင်ဂျာ ဆိုသောအမည်ကိုတွင်တွင် သုံးစွဲလာခဲ့ပါတယ်။ Rohingya Mujahideen လက်နက် ကိုင်အဖွဲ့ဟု အမည်နာမပေးကာ အစိုးရတပ်များကို တိုက်ခိုက်ခဲ့ပါတယ်။ သို့သော် မူဂျာဟီဒင် တို့ဟာ ၁၉၆၀ ခုနှစ်မှာ အစိုးရတပ်များထံ လက်နက်ချခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၇၀ ခုနှစ်မှာ အကြွင်းအကျန် မူဂျာဟီဒင်နဲ့ ဒေသခံဘင်္ဂါလီများပူးပေါင်းကာ လက်နက်ကိုင် ပြန်လည်လှုပ်ရှားလာပြန်ပါတယ်။ ဒါကြောင့် ၁၉၇၈ ခုနှစ် ဦးနေဝင်းအစိုးရ မဆလခေတ်မှာ နဂါးမင်းစစ်ဆင်ရေး (operation king dragon) နဲ့ နှိမ်နင်းခဲ့ရာ ဒုက္ခသည် ၂ သိန်းခန့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးခဲ့ရပါတယ်။ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံမှ အဆိုပါ ဒုက္ခသည်များကိုပြန်လည်လက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ ၁၉၈၂ ခုနှစ်မှာ မြန်မာနိုင်ငံသားဥပဒေ ပေါ်ထွက်လာပြီး ဘင်္ဂါလီများကို တိုင်းရင်းသားလူမျိုးစုအဖြစ်၎င်း၊ မြန်မာ နိုင်ငံသားအဖြစ်၎င်း၊ အသိအ မှတ်မပြုနိုင်ရုံမက သူတို့ရဲ့သွားလာလှုပ်ရှား မှုများကိုပါ ကန့်သတ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွါးတဲ့ ရခိုင် ဘင်္ဂါလီ အရေးအခင်းမှာ လူပေါင်း ၇၈ ယောက် သေဆုံး ပြီး ၈၇ ယောက်ဒဏ်ရာရကာ ၁၄၀,၀၀၀ ခန့် နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ရခိုင်ပြည်နယ်တခုလုံးလဲ အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ရပါတယ်။၂၀၁၆ ခုနှစ် လက်ရှိအစိုးလက်ထက် မောင်းတောဒေသမှာ လက်နက်ကိုင် ဘင်္ဂါလီအကြမ်းဖက်သမားများက လုံခြုံရေးစခန်းများကို ဝင်ရောကတိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော်လုံခြုံရေးတပ်ဖွဲ့များမ ှအခင်း ဖြစ်ပွါးသောနေရာများကိုပြန်လည်ရှင်းလင်းရာ ၂၀၁၆ ခု စက်တင်ဘာလတွင် ထုတ်ပြန်ချက်အရ အကြမ်းဖက်သမား ၃၇၀ သေဆုံးပြီး ပြည်သူ့ရဲ ၁၀ ယောက် စစ်သည် ၇ ယောက် နဲ့ အရပ်သား၁၄ ယောက် သေဆုံးတယ်လို့ဆိုပါတယ်။ ယခု ၂၀၁၇ သြဂုတ်လမှာ စတင်ခဲ့တဲ့ ဘူးသီးတောင် မောင်းတော အရေးအခင်းမှာ အကြမ်းဖက်သမား ၈၀ ယောက်၊ လုံခြုံရေး ပြည်သူ့ရဲ ၁၀ ယောက်စစ်သည် ၁ ယောက် ၊ လ ဝ က ၁ ယောက် အသက်ဆုံးရှံးခဲ့ပြီး ဘင်္ဂါလီဒုက္ခသည် ၅ သိန်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရပါတယ်။

အမည်နာမ (Nomenclature) ပေါ်အမြင်။
 
အထက်ပါ သမိုင်းဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် အခုရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမူစလင်များဟာ အနောက်ဘင်္ဂလား ( အိန္ဒိယပိုင်) နဲ့ စစ်တကောင်း ( ဘင်္ဂလားဒေ့ရှ်) ဘက်က ဆင်းသက်လာခဲ့ပါတယ်။ အများအားဖြင့် အလုပ်ကြမ်းသမားများဖြစ်တယ်။ ရခိုင်မြောက်ပိုင်းမှာ သူတို့လူဦးရေတိုးပွါးလာတော့ #သူတို့အတွက်ကျေးကျွန်ရာဇဝင်ကိုဖျောက်ပြီး လူမျိုးတစု အနေနဲ့ရပ်တည်လိုတယ်။ ဒါကြောင့် ၁၉၅၀ ခုပတ်ဝန်းကျင်ကစပြီး သူတို့ ရဲ့ ပါလမန်အ မတ်များအာကိုးနဲ့ ရိုဟင်ဂျာ ( Rohingya)ဆိုတဲ့နံမယ်ကိုတီထွင်သုံးနှုန်းလာပြီး လူမျိုးစုအနေနဲ့ ရပ်တည်နိုင်ရန် တောင်းဆိုလာ ကြတာဖြစ်ပါတယ်။ ဘယ်တုန်းကမှ မရှိတဲ့နံမယ်ကို ဘီစီ ၈၀၀ ကလိုလို Rooinga နဲ့ Rwangya က ဆင်းသက်လာသလိုလို လုပ်ကြံဖန်တီး (create) ခဲ့ကြတာပါ။ သူတို့တွေမြစ်ဖျားခံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်မှာလဲ ဘင်္ဂါလီလူမျိုး ၉၈ % ရှိတယ်။ ရိုဟင်ဂျာ ဆိုတာ မရှိဘူး။ အဲဒီနောက် အ ကြမ်းဖက်သမားများအဖြစ်၎င်း၊ သနားခံဒုက္ခသည်များအဖြစ်၎င်း၊ ကမ္ဘာက အာရုံစိုက်အောင်လုပ်လာခဲ့ကြပါတယ်။ ရိုဟင်ဂျာ ဆိုတာ မြန်မာလူမျိုးစု
ုမဟုတ်ဘူးဆိုတာ ပြင်သစ်သမိုင်းပညာရှင် Dr. Jacques Leider နဲ့ ဂျပန် (Kanda University) က Dr. Aye Chan တို့အပြင် ယခင်အမေရိကန်သံအရာရှိ Derek Tonkin တို့က အခါခါ ပြောထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်နဲ့ မြန်မာလူမျိုးတွေက "ဘင်္ဂါလီ"သို့မဟု တ် "ရခိုင်ပြည်နယ်မူစလင်များ" လို့ တဖွဖွ သုံးနှုန်းနေတာကို UN နဲ့ တကမ္ဘာလုံးက ဥပေက္ခာပြုပြီး ရိုဟင်ဂျာ လို့ အမြဲသုံးစွဲနေကြပါတယ်။ အနှစ်နှစ် အလလ က သန္ဓေတည်နေတဲ့ ဒီဒုက္ခသည်ကိစ္စကြီးကို မြန်မာနိုင်ငံကိုလဲ ဖြေရှင်းခိုင်းသေးတယ်။ ပြီး မြန်မာနိုင်ငံက သုံးတဲ့ အမည်နှာမ ကို လဲလက်ခံကျင့်သုံးခြင်းမရှိပဲ ကာယကံရှင် လက်မခံတဲ့ စကားလုံးကို ပဲ မိုးမွှန်အောင်သုံးနေပါတယ်။ ဒီလိုသာဆိုရင်တော့ မီးစလေးကို မီးဟုန်း ဟုန်းထအောင် UN အပါအဝင် တကမ္ဘာလုံးက ဝိုင်းပြီး ယက်ခတ်ပေး သလို ဖြစ်နေပါလိမ့်မယ်ဆိုတာ သတိပေးပါရစေ။ ဘင်္ဂါလီဒုက္ခသည် အရေးနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံအပေါ် ဖိအားပေးနေတဲ့ ဥရောပနိုင်ငံများ ထဲမှာ ဗြိတိန်ဟာ အဆိုးဆုံးဖြစ်နေပါတယ်။ တကယ်ဆို ဗြိတိန်ဟာ ကိုယ့်ကိုယ်ကို နားလည်သင့်တယ်။ မြန်မာနိုင်ငံကိုသူတို့အုပ်ချုပ်ခဲ့စဉ်ကဒီဘင်္ဂါလီတွေကို သူတို့ပဲ စည်းမရှိ ကမ်းမရှိ သွင်းခဲ့တာ ၊ ဘဂ်ါလီတွေကို သူတို့ပဲ လက်နက်တပ်ဆင်ပေးခဲ့လို့ တိုင်းရင်းသားအမြောက်အများသေခဲ့ ရတာ၊ ခုမှ လူသားချင်းစာနာရေး ( Human Right) ဆိုပြီး ဟိုဟာလုပ်ပြ ဒီဟာလုပ်ပြနဲ့ နံမယ်ကောင်း ယူနေတာ ဖြစ်ပါတယ်။
 
 မြန်မာ နိုင်ငံဖက်က ဒုက္ခသည်များကို ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ် -မြန်မာ သဘောတူညီချက်အရ ပြန်လည်လက်ခံရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေပါတယ်။ ဘင်္ဂါလီများဖြည့်စွက်ရန်ပုံစံများကိုလဲဘင်္ဂလားဒေ့ရှ်အစိုးရထံပေးပို့ထားပြီး ဖြစ်ပါတယ်။ စိစစ်လက်ခံမယ်ဆိုတော့ အားလုံး ၅သိန်းခန့်ပြန်လာနိုင်မယ်တော့ မထင်ပါ။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ အနေအထိုင်အစားအသောက် ချောင်နေရင် ဟိုဘက်မှာပဲ သူတို့ဆန္ဒနဲ့ ဆက်နေမဲ့သူတွေ လဲ ရှိနေပါတယ်။ နောက်တခုက ပွင့်လင်းရာသီရောက်လာပြီမို့ တတိယနိုင်ငံများသို့ လှေစီးခရီးသည် (boat people) များအနေနဲ့ ပြေးကြမဲ့သူတွေလဲရှိနေပါတယ်။ ဒါကြောင့်ပြန်လာမဲ့သူတချို့နဲ့ ရှိရင်းသူများပေါင်းလိုက်ရင် စုစုပေါင်း ဘင်္ဂါလီ ၈သိန်း ၉ သိန်းခန့်တော့ ရခိုင်မြောက်ပိုင်းမှာ ရှိလာနိုင်ပါတယ်။ အခု အစိုးရက ဒီဒေသကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် (redevelopment) လုပ်မယ်လို့ ဆိုပါတယ်။ ဘယ်အတိုင်းအတာထိလုပ်ပေးနိုင်မလဲဆိုတာ အလွန် စိတ်ဝင်စားစရာကောင်းပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး သူတို့ရဲ့သွားလာလှုပ်ရှားမှု၊ (မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီး) စတဲ့ ဋ္ဌာနေတိုင်းရင်းသားများအပါအဝင် ရခိုင်လူထုရဲ့ တုံ့ပြန်မှု ၊ စသည်တို့ဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်များဖြစ်ပါတယ်။ ဒါ့ပြင်ရခိုင်အမျိုးသား ဖွံ့ဖြိုးရေးပါတီ( Rakhine Nationalities Development Party) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (Arakan Army) တို့ရဲ့ အစိုးရ လုပ် ဆောင်ချက်များအပေါ် ဘယ်လိုတုန့်ပြန်မယ်ဆိုတာကိုလဲ ထည့်သွင်းစဉ်းစား ရပါလိမ့်မယ်။ဘင်္ဂါလီတွေရဲ့ လူဦးရေ (သားဆက်) ထိန်းချုပ်မှုကလဲ အထူးအရေးကြီးပါတယ်။ ထိုဒေသမှာ ဘင်္ဂါလီ လူဦးရေ အဆမတန်များပြားလာခဲ့ရတဲ့ အောက်ပါအကြောင်းများကို သင်ခန်းစာယူသင့်ပါတယ်။

၁ ဘင်္ဂလားဒေ့ရှ် မြန်မာကြား ခြံစည်းရိုးမရှိခဲ့ ၊ ရှိတော့လဲ ခိုင်ခန့်မှု မရှိခြင်း။
၂ လူဝင်မှုကြီးကြပ်ရေးရဲ့ အားနည်း အကျင့်ပျက်မှု။
၃ တချို့ဋ္ဌာနေ ရခိုင်တို့ဟာ ဘင်္ဂါလီတွေကို ငှားရမ်းခိုင်းစေတယ်။ ဋ္ဌာနေတို့ ချမ်းသာလာတော့ လယ်ယာတွေကို ဘင်္ဂါလီများထံ ရောင်း (သို့မဟုတ်) ပေးခဲ့ပြီး မြို့ပေါ်သို့ ပြောင်းရွှေ့သွားကြတယ်။ လစ်လပ်တဲ့ အလုပ်နေရာတွေမှာ ဘင်္ဂါလီတို့က အစားဝင်နေရာယူကြတယ်။
၄ ဘင်္ဂါလီတွေအနေနဲ့ သားဆက်ထိန်းချုပ်မှုကို ပြဒါန်းထားသော်လဲ လိုက်နာဆောင်ရွက်မှု အားနည်းခြင်း စသည်တို့ကြောင့် ဖြစ်ပါတယ်။

#အကြမ်းဖက်သမားများ

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ် သြဂုတ်လ လုံခြုံရေးစခန်းတွေကို တိုက်ခဲ့တာဟာ ဘင်္ဂါလီလူငယ်တချို့ပြောစကားအရ သူတို့ဘာသာထွက်တိုက်ထာ ARSA ( Arakan Rohingya Salvation Army)မပါဘူးလို့ ဆိုပါတယ်။ သူတို့တွေထံကို message ပို့တဲ့ခေါင်းဆောင်တွေရဲ့ အဆက်အသွယ်ကို မသိလို့နေမှာပါ။ ISIS , Al-Qaeda, ARSA တို့ဟာ ဒီ ဘင်္ဂါလီအရေးအခင်းကို ငုတ်တုတ်ထိုင်ကြည့်နေမှာ မဟုတ်ပါ။ သို့သော် ISIS နဲ့ Al-Qaeda က နောက်ကပံ့ပိုးပေးမယ်၊ သူတို့ကိုယ်တိုင် လာမတိုက်ဘူး။ သူတို့က ကွင်းပြင်နဲ့ သဲကန္တာရ ထဲမှာပဲ ကျွမ်းတာ။ တောတောင်ထဲ ကျွမ်းကျွမ်းကျင်ကျင် တိုက်နိုင်တဲ့ မလေးရှား နဲ့ အင်ဒိုနီးရှား အကြမ်းဖက်သမားတွေကိုပဲ စည်းရုံးပြီး တိုက်ခိုင်းမှာ သေခြာပါတယ်။ လက်နက်နဲ့ ရင်ဆိုင်တိုက်တာဖြစ်စေ၊ မြို့ကြီးပြကြီးများမှာ ဗုံးခွဲတာဖြစ်စေ လုပ်လာနိုင်ပါတယ်။ ဒါဆို တပ်မတော် နဲ့ ရခိုင်လူထုကလဲ ဘယ်နည်းနဲ့မဆို လက်တုန့်ပြန်တိုက်ခိုက်ပါလိမ့်မယ်။ ဒုက္ခသည်ပြဿနာကြီးလဲ ပြန်ပွထလာပါလိမ့်ပယ်။ အဲသလိုသာဆိုလို့ကတော့ ဒီ ဘင်္ဂါလီပြဿနာကြီးဟာ ဂျာအေး သူ့မေရိုက် ဆိုသလို ချာချာလည်နေဦးမှာသာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။


ရခိုင်ဒေသ ငြိမ်းအေးပါစေ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */