" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 2, 2024

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနဲ့ ရိုဟင်ဂျာအရေး ခိုင်မာ တိကျတဲ့အရေးယူမှုတွေလုပ်ဖို့အင်ဒိုနီးရှားပြော

BBC
January 2'2024 

အာချေးပြည်နယ် မှာ အင်ဒိုနီးရှားကျောင်းသားတွေရဲ့ ဆန္ဒပြဖိအားပေးကန့်ကွက်ပြီးနောက်

ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာရွှေ့ပြောင်းဖို့ပြင်ဆင်ခဲ့ပါတယ်။

မြန်မာနဲ့ ရိုဟင်ဂျာအရေးအတွက် ကမ္ဘာ့နိုင်ငံတွေနဲ့ အထူးသဖြင့် အာဆီယံနိုင်ငံတွေက တိကျတဲ့အ‌ရေးယူဆောင် ရွက်မှုတွေ လုပ်ဆောင်ရမယ်လို့ အင်ဒိုနီးရှားရဲ့ လွှတ်တော် ၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးဌာန (BKSAP) ရဲ့ လက်ထောက်အကြီးအကဲ အာမတ်ဟာဖစ်ဇ်သိုဟာက ပြောပါတယ်။

“ ကမ္ဘာ့အစည်းအဝေးတွေကိုတက်ခွင့်မပေးတာ၊ လက်နက်နဲ့ စီးပွားရေး ပိတ်ဆို့တာတွေ၊ နိုင်ငံကူးလက်မှတ်နဲ့ ဗီ ဇာတွေကို ပိတ်ပင်ရပ်ဆိုင်းတာတွေက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့သူတွေကို နိုင်ငံတကာတရားရုံး (ICJ) ကို ခေါ်ဆောင်သွားနိုင်မယ်” လို့ ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

လက်ရှိအာဏာသိမ်းစစ်ကောင်စီအစိုးရက ရိုဟင်ဂျာလူမျိုးတွေကိုစောင့်ရှောက်တာမရှိသလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလုပ်ဖို့ လည်း တွန့်ဆုတ်မနေဘူး လို့ လည်းထည့်ပြောထားပါတယ်။

ဒီလို လျစ်လျူရှုပြီးပြုမူတာတွေက ရိုဟင်ဂျာအရေးကို တာဝန်မယူတာဖြစ်သလို အခြေခံလူ့အခွင့်အ‌ရေးတွေ မရှိ တော့တာကြောင့် ရိုဟင်ဂျာတွေရဲ့ ကံကြမ္မာကို ပိုပြီးရှင်းလင်းသွားစေတယ်လို့ ဆိုပါတယ်။

လက်ရှိအ‌ခြေအနေအရ စစ်ကောင်စီအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တွေကို ရပ်တန့်ပစ်ဖို့ အာဆီယံမှာရှိတဲ့လူတွေအားလုံး ပိုပြီးဆောင်ရွက်ဖို့လိုတယ်လို့ သူက သုံးသပ်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို ဖြေရှင်းတဲ့နေရာမှာ ဒေသတွင်းလူထုရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍတွေကိုလည်း ဦးစားပေးလုပ်ဆောင် နေ တယ်လို့ အစောပိုင်းမှာတုန်းက လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒါဟာနာပူတရာက ပြောခဲ့ ပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေထဲက ပြန်လည်နေထိုင်ခွင့်မပြုတဲ့မူအရ ရိုဟင်ဂျာတွေက မူလနေထိုင်ခဲ့တဲ့နိုင်ငံ မှာညှင်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံနေရရင် အဲဒီနိုင်ငံဆီ ပြန်မပို့ဖို့နဲ့ နှင်ထုတ်တာတွေမလုပ်ဖို့ ပူတရာကပြောခဲ့ တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက် အတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကိုဆိုက်ရောက်တဲ့ ရိုဟင်ဂျာတွေကို လက်မခံ ကြောင်း အာချေးဒေသခံလူထုကလက်မခံကြောင်း ဆန္ဒပြခဲ့ကြသလို ရာနဲ့ချီတဲ့ ဒေသခံတက္ကသိုလ်ကျောင်းသား တွေကလည်း ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ယာယီနေထိုင်နေတဲ့ အာချေးပြည်နယ် မြို့တော် Banda Acehအစိုးရ ခန်းမဆောင်ထဲကို ဒီဇင်ဘာ ၂၇ ရက်နေ့က ဝင်ရောက်စီးနင်းပြီး ဒုက္ခသည်တွေကို ထွက်သွားဖို့ ဖိအားပေးခဲ့တဲ့ ဖြစ်စဥ်တွေရှိခဲ့ပါတယ်။

အခုလို အင်ဒိုနီးရှားမှာဖြစ်လာတဲ့ ရိုဟင်ဂျာတွေဝင်ရောက်လာတာကိုဆန့်ကျင်တဲ့ဖြစ်စဥ်တွေနောက်မှာ အင်ဒိုနီး ရှား လွှတ်တော် ၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးဌာနက ဒီအရေးဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာကပါ တာဝန်ရှိတယ်လို့ပြောလာတာဖြစ်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */