" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, December 31, 2023

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

ဧရာဝတီ
28 December 2023

၂၀၂၃ ခုနှစ်သည် မြန်မာပြည်သူများအတွက် ခက်ခဲသော နှစ်တနှစ်ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိ ကျေးရွာများကို ဗုံးကြဲ ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်နေ သော ကြောင့် စစ်ဘေးရှောင်ဦးရေ တိုးမြင့်လာသည်။ နိုင်ငံရေး အကျဉ်းသား ၂ သောင်းသို့ တိုးလာခဲ့သည်။ မြန် မာ့စီးပွားရေးမှာ ဆက်လက် ယိုယွင်းလာနေသည်။ အနောက်နိုင်ငံအချို့က စစ်အစိုးရအပေါ် ပိတ်ဆို့အရေး ယူ မှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ပြည်တွင်းပြည်ပရှိ စစ်တပ်၏ စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေး ထောက် တိုင်များက စစ်ကောင်စီ ဆက်လက်အသက်ရှင်ရေး ဝိုင်းပံ့ပိုးနေခဲ့ကြသည်။ သို့သော် ၂၀၂၃ ခုနှစ်သည် မျှော်လင့် ချက်တချို့လည်း သယ်ဆောင်လာခဲ့သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ၎င်း၏ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ တို့သည် တိုင်းရင်းသား တပ်များနှင့် ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့် ဆောင်ရွက် လာခဲ့သည်။ တ ရုတ်နယ်စပ်အနီးရှိ နယ်မြေ များတွင် စစ်ကောင်စီ တပ်ဖွဲ့များအား ရင်သပ်ရှုမောဖွယ် စစ်ရေး တိုက်ခိုက်မှုများ စတင် ဖြစ်ပွားပြီး ဆက်တိုက်ဆိုသလို နိုင်ငံအနှံ့အပြားသို့ တိုက်ပွဲများ ပျံ့နှံ့သွားသည်။ တော်လှန်ရေးထိုးစစ်များ ကြောင့် စစ်ကောင်စီသည် ရာနှင့်ချီသော အခြေစိုက်စခန်းများ ဆုံးရှုံးခဲ့ပြီး အဓိကမြို့ကြီးများနှင့် ကုန်သွယ်ရေး လမ်းကြောင်းများ လက်လွှတ်လိုက်ရခြင်းက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကို အဆိုးရွား ဆုံးသော စိန်ခေါ်မှုဖြစ်လာခဲ့သည်။ ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းရန် နီးလာသည်နှင့်အမျှ မြန်မာ့အကျပ်အတည်း တွင် အရေးအကြီးဆုံး ပြည်ပနိုင်ငံဖြစ်သည့် တရုတ်သည် ၎င်း၏ လောင်းကြေးများကို ယခင်ကထက် ပိုမိုကာ ကွယ် လာနေပြီး NUG နှင့် ထင်ရှားကျော်ကြားသော အခွင့်အရေးအုပ်စုများစွာတို့ကလည်း နိုင်ငံတကာ စင်မြင့် ပေါ် တွင် ၎င်းတို့၏ အသံကို ရှာဖွေလာကြသည်။ မြန်မာပြည်သူများ၏ ခံစားနေရသည့် ဒုက္ခများအကြောင်း ဆိတ်ဆိတ်နေရန် သူတို့ ငြင်းပယ်ကြသည်။

၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံတွင် အဖြစ်အပျက်များကို ပုံဖော်ပေးသည့် အဓိကကျသော လူများ၊ နိုင်ငံများနှင့် အင်အားစုများ စုစုပေါင်း ၁၀ မျိုးကို ဧရာဝတီက အောက်တွင် ရွေးထုတ်ထားပါသည်

နိုင်ငံရေးအကျဉ်းသားများ
သံတိုင်များနောက်က ဦးမညွတ်သူများ


ဖြောင့်မတ်သောသူများ ထောင်ချခံထားရချိန် ရာဇဝတ်ကောင်များ အစိုးရဖွဲ့ကြသည်။ ဤစကားစုသည် မြန်မာ နိုင်ငံ စစ်အာဏာရှင်စနစ်အောက် ရှိနေသည့်အချိန်တိုင်းအတွက် ပြီးပြည့်စုံသော အနှစ်ချုပ်ဖြစ်သည်။ ၂၀၂၁ ခု နှစ် နောက်ဆုံးအာဏာသိမ်းမှုနောက်ပိုင်း ပိုမှန်လာသည်။ နာမည်ဆိုးဖြင့်ကျော်ကြားသော အကျဉ်းထောင် များ တွင် နိုင်ငံရေးအကျဉ်းသား ၁၉,၇၆၅ ဦး ရှိနေသည်။ ယခင် စစ်အုပ်ချုပ်ရေးတွင်ပင် ကိန်းဂဏန်းသည် သုံးလေး ထောင်ထက် မကျော်လွန်ခဲ့ပေ။ မြန်မာစစ်ကောင်စီသည် ကမ္ဘာပေါ်ရှိ အာဏာရှင်များကြားတွင်ပင် ထောင်အချ ဆုံး ဖြစ်လာသည်။ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ရပိုင်ခွင့်များအတွက် လုပ်ဆောင်ခဲ့ကြသည့် နယ်ပယ်အသီးသီး မှ ရွေးကောက်တင်မြှောက်ခံထားရသော ခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များနှင့် နယ်ပယ်အသီးသီးမှ အ ဖွဲ့ဝင်များ သံတိုင်များနောက် အပို့ခံနေချိန်တွင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ ဝတ် မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ကို ကျူးလွန်ခဲ့သော စစ်ယူနီဖောင်းဝတ် ရာဇဝတ်သားများကဝန်ကြီးချုပ် နှင့် အစိုးရလုပ်နေကြသည်။ မည်မျှ ဆိုးရွားစွာ မှားယွင်းနေသနည်း။
အာဏာသိမ်းပြီး သုံးနှစ်နီးပါး ယနေ့ကာလတွင် ရာဇဝတ်ကောင် စစ်တပ်နှင့် မြန်မာပြည်သူတို့ကြားစစ်ပွဲကြောင့် အနာတရ မဖြစ်သော နေရာ တိုင်းပြည်တွင် မရှိသလောက်ပင်။ အာဏာသိမ်းစစ်တပ်အား လက်နက်ကိုင်တော် လှန်ရေးတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်မြေပြင်မှသည် ရန်ကုန်နှင့် အခြားမြို့များတွင် လမ်းမပေါ် ထွက်၍ စစ်ကောင်စီဆန့်ကျင်ရေး ပြောက်ကျားပုံစံ ဆန္ဒပြပွဲများထိ ဖြစ်သည်။ သို့သော် ရှေ့တန်းမျက်နှာစာအား လုံးတွင် အထိခိုက်နိုင်ဆုံးသောနေရာမှာ စစ်အာဏာရှင်များ၏ အကျဉ်းထောင်များ ဖြစ်နိုင်သည်။ အကြောင်းမှာ အကာအကွယ်မဲ့ဆုံးသူများသည် နိုင်ငံရေး အကျဉ်းသားများဖြစ်သည်ကို ကျွန်ုပ်တို့တွေ့ရှိသောကြောင့် ဖြစ်သည်။

သံတိုင်များနောက်ကွယ်တွင် မည်မျှ ထိခိုက်လွယ်ပြီး အကာအကွယ်မဲ့နေကြသည်ကို ကြောက်မက်ဖွယ်ရာ အ တွေ့အကြုံမှ ကျွန်ုပ်တို့ သိပါသည်။ ပြီးခဲ့သည့်နှစ်က ထင်ရှားသော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ (ခေါ်) ကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်နှင့် အခြား တက်ကြွလှုပ်ရှားသူ နှစ်ဦးကို အကျဉ်းခန်းမှ ဆွဲထုတ်ကာ ကြိုးဆွဲချ ခံခဲ့ရပြီး ၎င်းတို့၏ မိသားစုများက ကြိုတင် သိရှိခြင်း မရှိပေ။ ထို့အပြင် ဒီဇင်ဘာ ၁၈ ရက်အထိ ပြင်း ထန်သော အခြေအနေများ၊ ဆေးဝါးအကူအညီ မလုံလောက်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် နိုင်ငံရေး အ ကျဉ်းသား အနည်းဆုံး ၆၉ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန် မာနိုင်ငံ မှ သိရသည်။ ထောင်ပြင်ပ စစ်မြေပြင်တွင်ရှိသော ၎င်းတို့၏ ရဲဘော်များနှင့် မတူဘဲ နိုင်ငံရေး အကျဉ်း သားများသည် စိတ်ဓာတ်ခွန်အား၊ သတ္တိနှင့် နိုင်ငံရေး ခံယူချက်မှတပါး တခြားလက်နက် မရှိပေ။

ကိန်းဂဏန်းများ အတက်အကျရှိသော်လည်း ၎င်းတို့သည် အမြဲတမ်း အင်အားစုတခုဖြစ်ကာ စစ်အာဏာ ပိုင်များ ကို ခြောက်လှန့်နေပြီး တရားမဝင်သော စနစ်ကို တိုက်စားနေခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကို အကျဉ်းထောင်ထဲ ထိန်းသိမ်းထားရပြီး ရက်စက်ကြမ်းကြုတ်သော စစ်ဗိုလ်ချုပ်များ အကြောက်ဆုံးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့တွင် ရွေးကောက်ခံခေါင်းဆောင်များ၊ ကျောင်းသားလူငယ် ဆန္ဒပြသူများ၊ CDM (Civil Disobedience Movement) သမားတော်များနှင့် ဆရာများကဲ့သို့သော အရပ်ဘက်ဝန်ထမ်းများ၊ ဂျာနယ်လစ်များနှင့် အခြားပစ် မှတ်ထားသော အသက်မွေးဝမ်းကျောင်းသူများ ပါဝင်သည်။ ၎င်းတို့ထဲတွင် ဧရာဝတီသတင်းဌာန၏ ထုတ်ဝေသူ ဟောင်းဖြစ်သဖြင့် ယမန်နှစ်က အဖမ်းခံရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည့် ဦးသောင်းဝင်းလည်း ပါဝင် သည်။ နိုင်ငံရေး အကျဉ်းသား ၂၀၀၀၀ နီးပါး ရှိသည့်အနက် အသက်အကြီးဆုံးမှာ အသက် ၇၈ နှစ်ရှိရွေးကောက် ခံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အသက် ၇၂ နှစ်ရှိ သမ္မတ ဦးဝင်းမြင့်တို့ ဖြစ်သည်။ အငယ်ဆုံး အကျဉ်းသားများသည် ၎င်းတို့၏ မြေးများ အရွယ်ထိအောင် ငယ်သည်။ ဆယ်ကျော်သက်များ ဖြစ် ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့သည် နိုင်ငံ၏ ရဲရင့်သော လွတ်လပ်ရေးတိုက်ပွဲဝင်သူများ ဖြစ်ကြသည်။

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး အောက်တွင် ရှိနေသရွေ့ ဖြောင့်မတ်သောသူများ ထောင်ချခံထားရချိန် ရာဇ ဝတ်ကောင်များ အစိုးရဖွဲ့ကြသည့် ခါးသီးသောအခြေအနေမှာ ပြောင်းလဲမည်မဟုတ်ပါ။

၁၀၂၇ နှင့် ၁၁၁၁ စစ်ဆင်ရေးများ
စစ်ကောင်စီကို ကိုင်လှုပ်လိုက်သော ခုခံတော်လှန်မှုသစ်

ရက္ခိုင့်တပ်တော် (AA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုး သား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မဟာမိတ် တော်လှန်ရေး အဖွဲ့တို့ ပါဝင်သော ရှမ်းပြည် မြောက် ပိုင်း ထိုးစစ်များ အောင်မြင်ခဲ့ပြီး အလားတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် ၎င်း၏ မဟာမိတ် များ ဦးဆောင်သော ကရင်နီ (ကယား) ပြည်နယ်မှ လက်နက်ကိုင် ပုန်ကန်မှုသည် ယခုနှစ် အပိတ်လများ အ တွင်း သိသိသာသာ အောင်မြင်မှု တရပ်ကို ရရှိခဲ့သည်။

စစ်အာဏာသိမ်းမှုနှစ်နှစ်ကျော်ကာလအတွင်း လူထုခုခံစစ်အား အလှည့်အပြောင်းဖြစ်စေသော ညီနောင်မဟာ မိတ်သုံးဖွဲ့၏ “၁၀၂၇ စစ် ဆင်ရေး”သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှစတင်ပြီး နိုင်ငံအနှံ့ဟန်ချက်ညီ စစ်ဆင်ရေး များ ပေါ်ပေါက်စေခဲ့ပြီဖြစ်သည်။

စစ်ဆင်ရေးအား မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် တအာင်း(ပလောင်) အမျိုး သားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ဦးဆောင်သော်လည်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်များ၊ သီးခြားရပ်တည်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF)များလည်း ပူးပေါင်းထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်နေ့ကစတင်သော စစ်ဆင်ရေးရက်ပေါင်း ၅၀ ကျော်အတွင်း ရှမ်းမြောက်ဒေသအတွင်း သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေ ဟော်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်ဆိုင်စသောမြို့များအား သိမ်းပိုက်ကာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအား ထိန်းချုပ်ထား ပြီး စစ်ဗျူဟာကုန်းကြီးများအပါအဝင် စစ်တပ်စခန်းရာနှင့်ချီ ကာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။

ထို့အပြင် နမ့်ခမ်းနှင့် နမ့်ဆန်မြို့တို့ကိုလည်း TNLA  ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တအာင်း(ပလောင်) ဒေသတ ခုလုံးအား သိမ်းပိုက်ထိန်း ချုပ်နိုင်ရေး မန်တုံနှင့်ကွတ်ခိုင်မြို့တို့ကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။

မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတလျောက် နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင်လည်း မန္တလေး PDF က TNLA နှင့်ပူးတွဲကာ စစ်ရေးဖော်ဆောင်နေပြီး တိုက်ပွဲများသည် မတ္တရာမြို့နယ်ထဲအထိရောက် ရှိနေပြီဖြစ်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက AA ကလည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် “၁၀၂၇ စစ်ဆင်ရေး”အဖြစ် တိုက်ပွဲ များဖော်ဆောင်ကာ ပလက်ဝမြို့နယ်အထက်ပိုင်းရှိ နှုံးဘူးဗျူဟာစခန်းနှင့် ထရွန်အိုင် ဗျူဟာစခန်းတို့အပါအဝင် စုစုပေါင်း စစ်တပ်စခန်းနှင့် ရဲစခန်း ၁၄၀ ကျော်အား သိမ်းပိုက်ထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

အဆိုပါ စစ်ဆင်ရေးသည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန်နှင့် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဆောင်ကြဉ်းပေးရန်အတွက် ကျယ်ပြန့်သော လူထု ထောက်ခံမှုကို ရရှိခဲ့သည်။

ထိုစစ်ဆင်ရေးအတွင် ဗျူဟာမြောက်လက်နက်များဖြစ်သည့် သံချပ်ကာ/တင့်ကား ၁၀ စီးထက်မနည်းနှင့် အတွဲ လိုက်ဒုံးပစ်ယာဉ်များ၊ ၁၀၅ မမ၊ ၁၂၀ မမနှင့် ဟောင်ဝစ်ဇာလက်နက်ကြီးများ၊ စိန်ပြောင်းများနှင့် လက်နက်ခဲ ယမ်းကျည်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြ သည်။

မဟာမိတ်တပ်များနှင့် NUG ၊ PDF များအကြား နက်ရှိုင်းသောနားလည်မှုနှင့် ပူးပေါင်းထိုးစစ်ဆင်မှုသည် နိုင်ငံ အနှံ့ပြန့်ကြဲနေသည့် အခြား သော လက်နက်ကိုင်ခုခံရေးတပ်များထံသို့ကူးစက်ခဲ့ပြီး ကရင်၊ ကရင်နီ(ကယား)၊ စစ်ကိုင်း၊ ကချင်၊ ချင်း၊ မကွေး၊ပဲခူးစသည့် ဒေသများ တွင်လည်း ဟန်ချက်ညီစစ်ရေးဖော်ဆောင်မှုများဖြင့် လူ ထုတော်လှန်ရေးအား အရှိန်မြှင့်ပေးနိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသရှိ မြို့များအား ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)၊ AA ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် PDF များပူးပေါင်းကာ ထိုးစစ်ဆင် ရေးကြ ပြီး ကောလင်းမြို့ ၊ ခမ်းပတ်၊ မော်လူးမြို့တို့အား သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။

ချင်းပြည်နယ်အတွင်း၌လည်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်များက လည်း မြန်မာ-အန္ဒိယ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ရိခေါ်ဒါရ်မြို့၊ ရေဇွာ၊ လိုင်လင်းပီစသည့်မြို့များအား တိုက်ခိုက်သိမ်းပိုက်ထားပြီး တပြည်နယ်လုံး အနေ ဖြင့် စစ်ကောင်စီတပ်များ မြို့ပေါ်တွင်သာအခြေချနိုင် သည် အထိ နယ်မြေထိန်းချုပ်စိုးမိုးထားသည်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်သော ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း စခန်းသိမ်း တိုက် ပွဲဖော်ဆောင်မှုများရှိနေ ပြီး စစ်တောင်းမြစ်ဝှမ်းဒေသ၊ မုန်းမြို့ရှိ စစ်တပ်စခန်းများအား ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ် များက တိုက်ခိုက်ချေမှုန်းသကဲ့သို့ စစ်ကောင်စီအခြေစိုက် ရာ နေပြည်တော်နှင့် ၇ မိုင်ခန့်သာကွာဝေးသည့် သာဂရ-ကိုးပင်လမ်းပိုင်းတွင်လည်း ပူးပေါင်းတပ်များက လမ်း ပေါ်တက်ကာ စစ်ဆေးမှုများပြုလုပ်နေသည်။

“၁၀၂၇ စစ်ဆင်ရေး”၏ နောက်ဆက်တွဲစစ်ရေးဖော်ဆောင်မှုများထဲတွင် ကရင်နီပူးပေါင်းတပ်များက “၁၁၁၁ စစ်ဆင်ရေး”အား စတင်ခဲ့ပြီး ပြည်နယ်မြို့တော် လွိုင်ကော်အား သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်လျက်ရှိသည်။

“၁၁၁၁ စစ်ဆင်ရေး” စတင်ပြီးရက်ပိုင်းအတွင်း ကရင်နီပူးပေါင်းတပ်များက စစ်တပ်စခန်း ၇ ခုထက်မနည်း သိမ်း ပိုက်နိုင်ခဲ့ပြီး ရှမ်းပြည် နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့နှင့် မယ်စဲ့မြို့တို့အား သိမ်းပိုက်ထိန်းချုပ် ထားသကဲ့သို့ လွိုင်ကော်မြို့တဝက်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ထိုဟန်ချက်ညီစစ်ဆင်ရေးများသည် တော်လှန်ရေးတပ်များအကြား နိုင်ငံအနှံ့ပြန့်ကြဲခုခံမှုမှ ဗျူဟာမြောက်ပူး ပေါင်းစစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး လူ၊ လက်နက်အင်အားသာလွန်သည့် စစ်ကောင်စီအား တော်လှန် ရေးတပ်ဖွဲ့များအနေဖြင့် အနိုင်မရနိုင်ဆိုသော အမြင်သုံးသပ်ချက်များကိုလည်း ပြောင်းလဲစေခဲ့သည်။

ကြီးမားသောပူးပေါင်းထိုးစစ်ဆင်မှုကို ပထမဆုံးရင်ဆိုင်ရသည့် စစ်ကောင်စီသည် မြေပြင်စစ်ကူပင်အလိုက် နိုင် တော့ဘဲ လေကြောင်းကို သာ အားကိုးနေရသည်။

မြေပြင်တပ်များမှာလည်း ပူးပေါင်းတပ်များ၏ထိုးစစ်အောက်တွင် ကိုးကန့်ဒေသအခြေစိုက် လခရ-၁၂၅ ခလရ -၁၄၃ နှင့် ခမရ-၁၂၉ တို့ တပ်ရင်းလိုက်လက်နက်ချအညံ့ခံခဲ့ရသည့်အထိ စစ်ကောင်စီလက်အောက် ခံတပ်များ တွင် စိတ်ဓာတ်ပျက်ပြားလျက်ရှိသည်။

ပြောရေးဆိုခွင့်ရသူများ
တော်လှန်ရေးအတွက် ယုံကြည်မှုတည်ဆောက်သူများနှင့် စစ်ကောင်စီအတွက် ပြောင်လိမ်သူ

၁၀၂၇ စစ်ဆင်ရေး အတွင်း မြန်မာစစ်တပ်အား ထိုးစစ်များ များပြားလာသည်နှင့်အမျှ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAO) ၏ ပြောရေးဆိုခွင့်ရှိသူများသည် လူသိများလာပြီး တိုက်ပွဲများအကြောင်း အမျိုး မျိုးသော သတင်းမီဒီယာလမ်းကြောင်းများမှတဆင့် ပြည်သူများအား အသိပေးသည်။

စစ်ကောင်စီအား စစ်ရေးအရ အကြီးအကျယ်ထိုးနှက်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ပြော ရေးဆိုခွင့်ရှိသူ လီကျားဝင်း (ခ) ရန်ရန်သည် လူသိများလာသည်။

သူသည် ၁၀၂၇ စစ်ဆင်ရေး သတင်းအချက်အလက်များအား သတင်းမီဒီယာများကို တရားဝင်ထုတ်ပြန်ဖြေကြား ပေးပြီး မေးသမျှမေးခွန်းများကိုလည်း လိုတိုရှင်းသာဖြေပေးတတ်သူ ဖြစ်သည်။ သတင်းမီဒီယာများနှင့် ပုံမှန် ဆက် ဆံနေသူဖြစ်သော်လည်း လူမှုကွန်ရက်စာမျက်နှာထက် ရုပ်လုံးထွက် ပြလေ့မရှိသူ ဖြစ်သည်။ ဒီဇင်ဘာလ ဆန်းပိုင်း တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီး နောက် ပိုင်းတွင်မူ လီကျားဝင်း မီဒီယာစာမျက်နှာထက် အသံတိတ်ပျောက်ကွယ်သွားသည်။။

ကရင်နီ (ကယား) ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်အား လက်နက်ကိုင်တော်လှန်သည့် ကရင်နီအမျိုးသား များ ကာကွယ်ရေးတပ် (KNDF) ၏ ဥက္ကဋ္ဌလည်း ဖြစ်၊ မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်သည့် ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) တွင်လည်း ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ ခွန်းဘီထူးသည်လည်း သတင်းမီဒီယာများပေါ် ထင်ရှားလာသည်။ ၃၉ နှစ်အရွယ် ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဋ္ဌဟောင်း ခွန်းဘီ ထူးသည် အာဏာသိမ်းမှု မတိုင်ခင်ကတည်းက နိုင်ငံ ရေး၊ လူ့အခွင့်အရေးနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ လူငယ်တဦးဖြစ်ခဲ့သည်။ စကား အပို မပြောတတ်သူ၊ မြေပြင်အခြေအနေတွေကို ရှင်းပြတတ်သူ၊ ရှင်းလင်းပြတ် သားသော သတင်းစကားပါးလေ့ရှိသူတဦးအဖြစ် အသိအမှတ်ပြုခံရသူတဦး ဖြစ်သည်။

KNDF မှ ဒုစစ်ဦးစီးချုပ် မာဝီသည်လည်း သတင်းမီဒီယာများထက် ထင်ပေါ်သူ ဖြစ်သည်။ ကရင်နီပြည်နယ် မြို့ တော် လွိုင်ကော် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ လက်နက်ချရန် စွဲဆောင်စည်းရုံးနေသော ဗီဒီယို ထွက်ပေါ်လာချိန်တွင် သူ ကျော်ကြားလာခဲ့သည်။ ကြွက်သားတောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်၊မုတ်ဆိတ် ကျင်စွယ်များဖြင့် မာဝီသည် သူ၏ ရှင်းလင်းပြတ်သားသော မက်ဆေ့ချ်များကြောင့်ဆိုရှယ်မီဒီယာပေါ်တွင်လည်း ရေပန်းစားသူဖြစ်သည်။ စစ်ရေးလှုပ်ရှားမှုအတွင်း သေဆုံးသွားသည့် ရဲဘော်ရဲဘက် အရေအတွက်ကိုလည်း သူ့ ကိုယ်ပေါ်တွင် တက်တူးထိုးထားသေးသည်။ တပိုင်တနိုင် စိုက်ပျိုးရေးသမားဘဝမှ ကရင်နီ စစ်မြေပြင်က မုဆိုး ကြီးဟု တင်စားခေါ်ခံရသူ မာဝီသည် သူ၏ ဖေ့ဘွတ် ဆိုရှယ်မီဒီယာအကောင့် ‘Phoe Thaike’ တွင် စစ်ကောင်စီ ဘက်တော်သားလော်ဘီများအား လှောင်ပြောင်သရော်သည့် ဗီဒီယိုများ တင်နေရာ လူများ အကြိုက်တွေ့ နေကြ သည်။

ချင်းပြည်နယ်ရှိ ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီသည်လည်း ချင်းတော်လှန်ရေး အဖွဲ့ များက စစ်တပ်စခန်းများအား တိုက်ခိုက်နေပုံနှင့် အရပ်ဘက်အုပ်ချုပ်ရေး ပြန်လည်ထူထောင်ရေးတို့ကိုအစီရင်ခံ ခြင်းဖြင့် ၎င်း၏ အလုပ်အား ထိထိရောက်ရောက် လုပ်ဆောင်နေသည်။

အခြားနာမည်ကျော် ပုဂ္ဂိုလ်တဦးမှာ မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အ စည်း ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး ဖြစ်သည်။ KNU ထိန်းချုပ်နယ်မြေများမှ တိုက်ပွဲများaအကြောင်း မကြာခဏ သတင်းပို့လေ့ရှိပြီး တော်လှန်ရေးအဖွဲ့များကြားသပ် လျှိုသွေးခွဲရန် စစ်တပ်၏ ကြိုးပမ်းမှုများအား အရှုံးမပေးမိစေရန် သတိပေးတတ်သည်။

ရက္ခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခသည်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အ တွင်း က စစ်ရေးအခြေအနေများအား သတင်းမီဒီယာများ၌ ရှင်းလင်းပြောဆိုပြီး စစ်တပ်၏မတရားဖမ်းဆီးမှုများ၊ လေကြောင်းနှင့် အမြောက်ကြီးများဖြင့် ပစ်ခတ်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများအား အစီရင် ခံနေသည်။

တပြိုင်နက်တည်းတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကမူ အဖြစ်မှန်များကို ဖုံးကွယ်ပြီး ပြောင် ပြောင်တင်းတင်း လိမ်ညာနေခဲ့သည်။ စစ်တပ်၏ ဆုံးရှုံးမှုများအား လူထုကို တနည်းတဖုံ လှည့်ဖြားမည်ဟု ယုံ ကြည်နေပုံပေါက်သည်။

ရှမ်းပြည်မြောက်ပိုင်း ဗျူဟာကျသော ကွမ်းလုံမြို့ ကျဆုံးချိန်တွင် ဇော်မင်းထွန်း ပြောသော “ဗျူဟာအရ ဟပေး ထားတာ” “ဗျူဟာတကျ ယာယီ ဆုတ်ခွာခြင်း” များသည် လူအများ ရယ်စရာ ဖြစ်ကြရသည်။ တပ်ရင်းတခုလုံး အစုလိုက်အပြုံလိုက် လက်နက်ချသည့်တိုင် ဇော်မင်းထွန်းက ထိုကဲ့သို့ “သူရဲဘောကြောင်သော” လုပ်ရပ်တွင် စစ်သားများ ပါဝင်မည် မဟုတ်ဟုလည်း အခိုင်အမာပြောသည်။ လူအများဆုံး ရယ်ကြသည်မှာ MNDAA ကတိုက် ပွဲအတွင်း အသေဖမ်းမိသည့် စစ်ကောင်စီတပ်မှူးတဦး၏ အလောင်းကို ပြန်ပေးရန် ကမ်းလှမ်းရာ ဇော်မင်းထွန်း က ထိုတပ်မှူး မသေဆုံးသေးဘဲ ရှေ့တန်းစစ်မျက်နှာတွင် ကွပ်ကဲနေဆဲဖြစ်ကြောင်း ပြောဆိုချက်ဖြစ်သည်။

ထို့ကြောင့် တော်လှန်ရေးအဖွဲ့အစည်းများမှ ပြောရေးဆိုခွင့်ရှိသူများသည် ပြည်သူလူထု၏ သတင်းရယူပိုင်ခွင့်ကို အသိအမှတ်ပြုပြီး စစ်ပွဲအတွင်း စစ်သားများ လိုက်နာအပ်သည့် စည်းမျဉ်းစည်းကမ်းနှင့် လူ့အခွင့်အရေးတို့ကို လေးစားလိုက်နာမှု၊ လူသားချင်းစာနာမှုတို့အကြောင်း ပြောဆို စံနမူနာပြနေချိန် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကမူ သူ တာဝန်ထမ်းဆောင်နေသော စစ်အုပ်ချုပ်ရေးအတွက် မျက်နှာပြောင်တိုက်ကာ လိမ်ညာ ပြော ဆိုမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု တင်ပြရေးသားလိုက်ရပေသည်။

တော်လှန်ရေး ဒရုန်းတပ်ဖွဲ့များ
စစ်ကောင်စီတပ်တွေ ပြေးရှောင်ပုန်းလို့ မလွတ်နိုင်ပြီ

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်သည့် သုံးနှစ်နီးပါးကြာ တနိုင်ငံလုံး အတိုင်းအတာ လက်နက်ကိုင် တော် လှန်မှုတွင် ဒရုန်းများသည် မြန်မာ့ ပင်မ တော်လှန်ရေး အဖွဲ့များဖြစ်သည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDFs) နှင့် ၎င်းတို့၏ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAOs) ၏ ရန်သူအပေါ် ခြိမ်းခြောက်နိုင်သည့် အင်အားအပြင်းဆုံး အဖျက်လက်နက်များ ဖြစ်လာခဲ့သည်။ စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်အပေါ် ကြီးမား သော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာမသိမ်းမီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒရုန်းကိုသုံး၍ တိုက်ခိုက်မှု သတင်းများ မကြားရပေ။ တော်လှန်ရေးအင်အားစုများသည် ဒရုန်းများတွင် ဗုံးသီးအမျိုးမျိုးကို တပ်ဆင်၍ စစ် ကောင်စီတပ်၏ လှုပ်ရှားစစ်ကြောင်းများ ၊ အထိုင်စခန်းများပေါ်သို့ တိတိကျကျ ဗုံးကြဲတိုက်ခိုက်ကြသည်။

တိုက်ခိုက်မှုများသည် တိကျပြီး ကြဲချသည့် ဗုံးများသည် ပေါက်ကွဲအားပြင်းသဖြင့်စစ်ကောင်စီတပ်၏စစ်ကြောင်း များ နှင့် အထိုင်စခန်းများ ဖရိုဖရဲဖြစ်သည်အထိ ထိရောက်မှုရောက်မှုရှိကြောင်း ဒရုန်းအဖွဲ့များက ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းများအရသိရသည်။


စစ်ကောင်စီတပ်ကို လက်နက်ကိုင်ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများသည် အစောပိုင်းကာလများတွင် အလွယ်တကူဝယ်ယူရရှိနိုင်သည့် အရပ်ဘက်သုံး ဒရုန်းများကို ဝယ်ယူကာ ဒရုန်းများတွင် ဗုံးသီးများတပ်၍ တိုက် ခိုက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကိုယ်ပိုင်ဒရုန်းများ တီထွင်ထုတ်လုပ်လာနိုင်ကြောင်းတွေ့ရသည်။

အဓိကအားဖြင့် တော်လှန်ရေးအင်အားစုများသည် ရဟတ်ယာဉ်ပန်ကာကဲ့သို့ ပန်ကာများပါသော Multi Copter ဒရုန်းနှင့် လေယာဉ်ကဲ့သို့ တောင်ပံ ၂ ခုအသေတပ်ဆင်ပါရှိသည့် Fixed Wings ဒရုန်းများကို အသုံးပြုကြသည်။ ၆၀ မမ ဗုံးသီး ၊ ၈၁ မမ ဗုံးသီးစသည့် ဗုံးသီးများကို ချိတ်ဆွဲ ဖြုတ်ချကြသည်။

၂၀၂၁ ခုနှစ်နှောင်းပိုင်း စစ်ကောင်စီကို တော်လှန်ပုန်ကန်မှုတွင် လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများနှင့် မောင်းပြန်လက်နက်အချို့အား အသုံးပြုခဲ့ကြသော စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များသည် အရပ် ဘက်သုံး ဒရုန်းများကို ပထမဆုံး စပြီး တိုက်ခိုက်ရေး ဒရုန်းများအဖြစ် ပြောင်းလဲကာ လက်လုပ်ဗုံးများကို ချိတ် ဆွဲပြီး ဖြုတ်ချနိုင်ခဲ့သည်။ ပစ်မှတ်များပေါ်တွင် ဖောက်ခွဲရေးပစ္စည်းများကို ပစ်ချနိုင်ခဲ့သည်။

နာမည်ကျော် လူသိများသည့် ဒရုန်းအဖွဲ့များမှာ Federal Wings ၊ ကရင်နီအခြေစိုက် Falcon Wings ဒရုန်းအဖွဲ့ ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ UAV ဌာန၊ Cloud Wings ဒရုန်းအဖွဲ့ ၊ ဧရာဝတီမြစ် ကြောင်း တလျှောက် တိုက်ခိုက်မှုများလုပ်နေသည့် Wings of The Irrawaddy ဒရုန်းအဖွဲ့စသည့် အဖွဲ့များဖြစ် သည်။

မကြာသေးမီက လွန်စွာအောင်မြင်ခဲ့သော ခုခံထိုးစစ် စစ်ဆင်ရေး ၁၀၂၇ တွင် ဗျူဟာမြောက် အခြေစိုက်စခန်း များနှင့် စစ်ဌာနချုပ်များ အပါအဝင် စစ်စခန်း ၃၀၀ ခန့်ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ရာနှင့်ချီသော အ ဖျက်ဗုံးများ ကြဲချရန် ဒရုန်း အများအပြားကို အသုံးပြုခဲ့သည်။ စစ်အခြေစိုက်စခန်းတခုစီအား တိုင်းရင်းသား ညီ နောင်မဟာမိတ်တပ်ဖွဲ့များက မြေပြင်တွင် ဝင်ရောက်စီးနင်းခြင်းမပြုမီ ဒရုန်းများဖြင့် ဗုံးကြဲခဲ့သည်။

အဆိုပါ စစ်ဆင်ရေးကြောင့် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းများ သိမ်းပိုက်ခံရမှု၌ ဒရုန်းများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသား ကာ ကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးတွင် ဝန်ခံပြောကြားခဲ့သည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒရုန်းတိုက်ခိုက်မှုများ ကျယ်ပြန့်လာခြင်းက စစ်ကောင်စီအတွက် ကြောက်စရာ ဖြစ် လာပြီး ကလေးများ ကစားရန် အရုပ်ဒရုန်းများအပါအဝင် မည်သည့် ဒရုန်းမျှ လိုင်စင်မရှိ မရောင်းရဟု ဈေး ဝယ်စင်တာများရှိ စတိုးဆိုင်များအပါအဝင် ဆိုင်အားလုံးကို မကြာသေးမီက တားမြစ်လိုက်သည်။

သွေးအလိမ်းလိမ်းနဲ့ စစ်ရာဇဝတ်မှုများ
မင်းအောင်လှိုင်

မြန်မာပြည်သူပြည်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့သည်မှာသုံးနှစ်နီးပါးရှိပြီဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လက်ထဲတွင် သွေးထွက်သံယို ပမာဏသည် တနှစ်ထက်တနှစ် တိုးများလာ ကာ မိမိလူမျိုးအပေါ် အဆိုးရွားဆုံး ရာဇဝတ်မှုများဖြစ်သည့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့်လူသား ထုအပေါ် ဆန့်ကျင်သည့်ရာဇဝတ်မှုများကို ကျူးလွန်သည်။

သားရဲတကောင်ကဲ့သို့ပင် သူသည် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို သတ်ဖြတ် နှိမ်နင်း ရန် အမိန့်ပေးရာတွင် သွေးအရသာကို ပထမဆုံး တွေ့ရှိသွားခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ၎င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်သူတိုင်းအား သေစေသည့် တိုက်ခိုက်မှုများ စေလွှတ်ခဲ့တော့သည်။ သူ၏အုပ်ချုပ်မှုကို ငြင်းပယ်သူများ ကား တိုင်းပြည် လူထု ၅၆ သန်းနီးပါး၏ အများစုဖြစ်သောကြောင့် ဝမ်းနည်းဖွယ်ပင်။

သွေးသွန်းလောင်းပြီး လူများအား သတ်ဖြတ်ရာတွင် အသက် ၆၇ နှစ်ရှိ မင်းအောင်လှိုင်သည် မည်သို့မျှမဖြစ်။ သူ သည် ဆန္ဒပြသူများကို လိုက်လံရှာဖွေပြီး လူနေရပ်ကွက်များကို မြေပြင်တပ်များအား အမြောက်များဖြင့် ပစ်ခတ် ဖျက်ဆီးရန် အမိန့်ပေးကာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခြင်းကို လုံးဝလက်ခံသည်။စစ် ကြော ရေးများအတွင်း နိုင်ငံရေးအကျဉ်းသားများအား သူ့လက်အောက်ငယ်သားများက မတရားသတ်ဖြတ်ခြင်း များကို မျက်ကွယ်ပြုထားသည်။ ခုခံရေးတပ်များ ခိုလှုံနေသည်ဟု သံသယရှိပါက ၎င်း၏တပ်သားများအား ရွာ များကို ပစ်ခတ်ခွင့်ပြုသည်။ စစ်အုပ်ချုပ်ရေးဆန့်ကျင်သူတိုင်းအတွက် သုံးစွဲသော “အကြမ်းဖက်သမား”များအား ချေမှုန်းရန်ဟုဆိုကာ သူ့နောက်လိုက် လေတပ်ဦးစီးချုပ် ထွန်းအောင်အား ဗုံးကြဲပစ်ခတ်ခိုင်းသည်။ ပစ်မှတ်သည် ကျောင်း သို့မဟုတ် ဆေးရုံ သို့မဟုတ် စစ်ရှောင်ဒုက္ခသည်စခန်း မည်သည်ကိုမဆို ဖြစ်သည်။

သူ့တပ်များ၏ မညှာတာသော သတ်ဖြတ်မှုက ကမ္ဘာကို ထိတ်လန့်စေခဲ့သည်။ ယခုနှစ်သြဂုတ်လအထိ ၎င်း၏ လေတပ်သည် မြန်မာနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ်ပြုလုပ်ခဲ့ပြီး ကလေးငယ်များအပါအဝင် အရပ်သား ၆၈၇ ဦးထက်မနည်း သေဆုံးစေခဲ့သည်။ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာရှိ အိမ်တအိမ်တွင် ဂျက်တိုက် လေယာဉ်နှစ်စင်း ဗုံးကြဲချမှုကြောင့် ဧပြီလအတွင်း အသေအပျောက် အများဆုံးဖြစ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှု တွင် ကလေး ၄၂ ဦး အပါအဝင် အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့သည်။ အာဏာသိမ်းပြီးကတည်းက နိုင်ငံတ ဝှမ်း လူသတ်ပွဲ ၂၂ ခု၌ လူ ၅၀၀ ကျော်အား စစ်သားများက သတ်ဖြတ်မှုကိုလည်း သူ စိတ်မဝင်စားပါ။ မှတ်တမ်း မတင်ရသေးသည်များ ရှိကောင်းရှိနိုင်သေးသည်။ ကုလသမဂ္ဂ စုံစမ်းရေးမှူးများနှင့် အမျိုးသားညီညွတ်ရေး အစိုး ရ က မင်းအောင်လှိုင်အား စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူး လွန်သည်ဟု စွပ်စွဲသောအခါ မည်သူမျှ အံ့အားသင့်စရာ မရှိ။

မင်းအောင်လှိုင် သူ့သုံးနှစ်တာ အုပ်ချုပ်မှုအတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကလွဲ တခြား မည်သည့် စွမ်း ဆောင်ချက်များ ရှိသနည်းဟု တွေးမိနိုင်သည်။ မှန်သည်၊ သူ့တွင် အထင်ကြီးလောက်စရာ ကျရှုံးမှုစာရင်းကို စု စည်းထားသည်။

၂၀၂၁ ခုနှစ်တွင် သူ အာဏာသိမ်းပြီးကတည်းက လက်နက်ကိုင် အုံကြွမှုများကြား တိုင်းပြည်ကို အပြည့်အဝ မ ထိန်းချုပ်နိုင်ခဲ့ပေ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များက နိုင်ငံ၏ နယ်မြေ အများစုတွင် ထိုးစစ်ဆင်လာသည့် အချိန်တွင် ၎င်း၏ တပ်မတော်သည် အခြေအနေ ဆိုးရွားလာ နေ သည်။ နိုင်ငံတကာတွင် မင်းအောင်လှိုင်သည် အပယ်ခံ ဖြစ်ပြီး သူ၏ စစ်အုပ်ချုပ်ရေးသည် အဆုံးမရှိသော ပိတ် ဆို့အရေးယူမှုများတွင် နစ်သထက်နစ်လာနေသည်။ စီမံခန့်ခွဲမှု မှားယွင်းမှုကြောင့် နိုင်ငံ၏ စီးပွားရေးသည် ထိုး စိုက်ကျဆင်းနေပြီး နိုင်ငံခြား အရန်ငွေများ ကုန်ခမ်းလျက် ရှိသည်။

တနည်းအားဖြင့်ဆိုရသော် ယခုအခါ သူသည် မျက်နှာစာတိုင်းမှ ဆုတ်ခွာသွားနေရပြီး ချောင်ပိတ်နေပြီဖြစ်သည်။ သူ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် မည်သည့်အခါမျှ ဖြေလျှော့ပေးနိုင်မည် မဟုတ်ပေ။ သူ့လက်တွင် ဆေးကြောရန် သွေးများ အင်မတန် စွန်းပေနေခဲ့ပြီ။ သူ ပေးဆပ်ရမည်မှာ အလွန်သေချာသည်။

တရုတ်နိုင်ငံ
ခိုင်မာသော မဟာမိတ်လား၊ စစ်ကောင်စီအတွက် ဆူးလား 

အကယ်၍ ၂၀၂၃ သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အလှုပ်အယမ်း အများဆုံး နှစ်ဖြစ်ခဲ့လျှင် ၎င်းတို့သည် နိုင်ငံမြောက်ပိုင်းရှိ ၎င်းတို့၏ မိတ်ဆွေ တရုတ်ကို အပြစ်ပုံချမည်မှာ သေချာသည်။

နိုင်ငံတကာတွင် ဘေဂျင်းကို မော်စကိုနှင့်အတူ စစ်ကောင်စီ၏ အခိုင်မာဆုံး ထောက်ခံသူ နှစ်ဦးအဖြစ် ရှုမြင်ထား သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီး နိုင်ငံကို စစ် ဒဏ်နှင့် မအောင်မြင်သော နိုင်ငံဖြစ်လာစေသော စစ်အာဏာသိမ်းယူမှုကို ဘယ်သောအခါမှ ရှုတ်ချခြင်း မရှိပါ။ ယင်းအစား တရုတ်နိုင်ငံသည် ၎င်း၏ ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် ကြိုးပမ်း နေပြီး စစ်ကောင်စီထံ လက်နက်များ ရောင်းချနေသည်။ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သောကြောင့် လူပေါင်း ၄၂၀၀ ထက်မနည်း သေဆုံးခဲ့ရသော်လည်း စစ်ကောင်စီကို ကုလသမဂ္ဂတွင် ဗီတိုအာဏာသုံး ကာကွယ်သည်။

သို့သော် ၂၀၂၃ ခုနှစ်နှောင်းပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့၏ မဟာမိတ်အဖွဲ့မှ ရှမ်းပြည်မြောက်ပိုင်း တွင် စစ်ဆင်ရေး ၁၀၂၇ ဟု လူသိများသော ညှိနှိုင်းထိုးစစ်များ ဆက်တိုက်ပြုလုပ်လာသောအခါ ဆက်ဆံရေး အနည်းငယ် ယိုယွင်းလာသည်။ နှစ်လမပြည့်မီ နိုင်ငံ၏ နယ်မြေအများစုတွင်ပါ တိုက်ပွဲများ ပျံ့နှံ့ဖြစ်ပွားလာပြီး စစ်ကောင်စီသည် စစ်အခြေစိုက်စခန်း ၃၀၀ ခန့် (နည်းဗျူဟာများအပါအဝင်) မြို့ကိုးမြို့နှင့် တရုတ်နိုင်ငံနှင့် အ ရေးကြီးသော ကုန်သွယ်ရေးလမ်းကြောင်းများ အသိမ်းခံရပြီး အရှက်တကွဲဖြစ်ခဲ့သည်။

တရုတ်၏ အားပေးမှုမရှိဘဲ ထိုသို့သော မကြုံစဖူးအောင်ပွဲများ မရနိုင်ဟု လေ့လာသူအချို့က ဆိုကြသည်တရုတ် နယ်စပ်အနီး ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို စစ်ကောင်စီက နှိမ်နင်းရန် ပျက်ကွက်ခဲ့ ပြီး နောက် တရုတ်သည် ၎င်း၏ အကျိုးစီးပွားအတွက် ဘက်ပြောင်းခဲ့သည်ဟု ၎င်းတို့က ဆိုသည်။ လူလိမ်ဂိုဏ်းများ က ပေးသော ဆက်ကြေးကို စစ်တပ်က ယူကြောင်း ယုံကြည်ရသည်။ ပိုဆိုးသည်မှာ လူလိမ်ဂိုဏ်းများက တရုတ် နိုင်ငံသားများအား အဓမ္မလုပ်အားပေး ခိုင်းစေလာခဲ့ရာ တရုတ်အဖို့ နိုင်ငံခြားရေးမူဝါဒ၌ ဦးစားပေးလုပ်ဆောင် လာရတော့သည်။ မဟာမိတ်အဖွဲ့ ထိုးစစ်၏ ရည်ရွယ်ချက်များထဲမှ တခုဖြစ်သော စစ်အာဏာရှင်စနစ်ကို ချေ မှုန်း ခြင်းနှင့်အတူ လူလိမ်ဂိုဏ်းများကို ချေမှုန်းရန်မှာ ဘေဂျင်းအတွက် ဝမ်းသာစရာ ဖြစ်သည်။

တရုတ်အပေါ် ဒေါသ ထွက်နေသော်လည်း စစ်ကောင်စီသည် ဘေဂျင်းအား တရားဝင် ရှုတ်ချဝံ့ခြင်းမရှိဘဲတရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှ ဘေဂျင်းအနေဖြင့် မဟာမိတ်အဖွဲ့အား ထောက်ခံနေခြင်းကို ရပ်ရန် တောင်းဆိုခဲ့  သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့သည် တရုတ်နိုင်ငံ၏ လက်ကိုင်တုတ်များ ဖြစ်သည်ဟု ယူဆပြီး အပစ်အခတ်ရပ်စဲရေးအတွက် ပွဲစားလုပ်ရန် စစ်ကောင်စီက တရုတ်နိုင်ငံကို ပန်ကြားသည်။ စစ်ကောင်စီ ကျေ နပ်စေရန် တရုတ်က ဆွေးနွေးပွဲများ စီစဉ်ပေးခဲ့သော်လည်း မြင်သာထင်သာသော ရလဒ်များ ထွက်ပေါ်လာခြင်း မရှိပေ။ တိုက်ပွဲများ ပိုမိုဖြစ်ပွားလာကာ စစ်တပ်၏ အခြေစိုက်စခန်း သိမ်းပိုက်ခံရမှု ပိုများလာခဲ့သည်။ ဆွေးနွေး ပွဲများကျင်းပနေစဉ် တချိန်တည်းတွင်ပင် စစ်ကောင်စီအား ပိုမိုဖိအားပေးရန် ကိုးကန့်ရှိလူလိမ်ဂိုဏ်းခေါင်းဆောင် ၁၀ ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်ခဲ့သည်။ ဖမ်းဝရမ်းများတွင် ၂၀၀၉ ခုနှစ်တွင် မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA) မှ စစ်တပ်ဘက်သို့ ကူးပြောင်းခဲ့သူလည်း ဖြစ်၊စစ်ခေါင်းဆောင်မင်းအောင် လှိုင်၏ ရင်းနှီးသော မဟာမိတ်လည်း ဖြစ်သူ ပယ်စောက်ချိန် ပါဝင်သည်။

ယခင်ကလည်း တရုတ်က အလိုရှိသူများကို စစ်ကောင်စီကလည်း ဖမ်းဝရမ်းထုတ်သည်။ သို့သော် ယခုတကြိမ် တွင် စစ်တပ်၏ မဟာမိတ် နယ်ခြားစောင့်တပ် (BGF) ကို ဦးဆောင်သည့် ပယ်ဆောက်ချိန်ကဲ့သို့ လူများမပါဘဲ ကိုးကန့်ကို မထိန်းချုပ်နိုင်သဖြင့် နှုတ်ဆိတ်နေသည်။ ၎င်းတို့အား တရုတ်လက် ဖမ်းအပ်ခြင်းက စစ်ကောင်စီအဖို့ ကိုးကန့်ကို MNDAA နှင့် မဟာမိတ်များထံ အပ်လိုက်ခြင်း ဖြစ်သောကြောင့် ပိုဆိုးသည်။

တိုက်ပွဲများ ကျယ်ပြန့်လာပြီး စစ်စခန်းများ ကျရှုံးနေခြင်းကြောင့် မင်းအောင်လှိုင်သည် နေပြည်တော်၌ အိပ်ရေး ပျက်မည့် အနေအထားကို ကြုံနေရသည်။ ၎င်း၏ မဟာမိတ် တရုတ်နိုင်ငံက တင်းတင်းကျပ်ကျပ် ချောင်ပိတ်လာ နေခြင်းက သူလိုအပ်သော နောက်ဆုံးအရာပင်။ တကယ်လည်း ဖြစ်လာနေခဲ့ပြီ။ တရုတ်နိုင်ငံသည် ၎င်း၏ ကိုယ် ပိုင်အကျိုးစီးပွားကိုသာ အမြဲဦးစားပေးသည် ဖြစ်သောကြောင့် စစ်ကောင်စီသည် တရုတ်နိုင်ငံ မိမိဘက်တွင် ရှိ နေစေရေး ဘာအကောင်းဆုံးကမ်းလှမ်းမလဲဆိုသည်ကို ကြိုးပမ်းရှာဖွေနေရပြီ ဖြစ်သည်။

အရှေ့တီမော သို့မဟုတ် တီမောလက်စ်တီ
မြန်မာ့ဒီမိုကရေစီ ရဲဘော်ရဲဘက်

အရှေ့တီမော သို့မဟုတ် တီမောလက်စ်တီသည် မြန်မာပြည်မှ အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြောင် ပြောင်တင်းတင်း ထောက်ခံပြီး စစ်ကောင်စီကို လူသိရှင်ကြား အရှက်ခွဲရန် သတ္တိရှိခြင်းအတွက် ချီးမွမ်းခြင်း ခံ ထိုက်သည်။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် အကျယ်အဝန်း၏ ထက်ဝက်ခန့်ရှိပြီး လူဦးရေ ၁.၃၅ သန်းမျှသာ ရှိသော ပေါ်တူဂီကိုလိုနီဟောင်း အင်ဒိုနီးရှားမှ ရာစုနှစ်တခု၏ လေးပုံတပုံအထိ သိမ်းပိုက်ပြီးနောက် ဒေသတွင်း တွင် အသေးငယ်ဆုံး နိုင်ငံဖြစ်ပြီး စီးပွားရေးအရလည်း အားကောင်းခြင်းမရှိပေ။ သို့သော် ဒေသတွင်းရှိအခြားနိုင် ငံ များနှင့် မတူဘဲ တီမောအစိုးရသည် မြန်မာပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်ကောင် စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မြန်မာမှ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အား ပွင့်ပွင့်လင်းလင်း ဆက်ဆံရန် သတ္တိရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့ကပြုလုပ်သည့် တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အာဏာသိမ်းစစ် ကောင်စီအား လစ်လျူရှု ကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား တရားဝင်ဖိတ်ကြားခဲ့ပြီး စစ်ကောင်စီ အား အသိအမှတ်မပြု၊ လက်မခံကြောင်း ပေါ်ပေါ် တင်တင်ပြသခဲ့သူလည်းဖြစ်သည်။

NUG အစိုးရအတွက် ထိုဖိတ်ကြားမှုသည် ပြည်ပနိုင်ငံတခုမှ မြန်မာကိုယ်စားပြုအစိုးရအဖြစ် ဖိတ်ကြားအသိအ မှတ်ပြုမှု ပထမဆုံးအ ကြိမ်ရရှိခြင်းဖြစ်ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့တက်ရောက်ကာ သမ္မတဟိုဆေးရာ မို့စ်ဟော်တာနှင့်လည်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုဖြစ်ရပ်များအပြီး အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တီနိုင်ငံသံတမန်များအား ကန့်ကွက်ပြောဆိုကာ နိုင်ငံမှနှင်ထုတ်ခဲ့သည်။

မြန်မာအရေးတွင် ပြည်သူများဘက်ကရပ်တည်ပြောဆိုနေသူ ဟိုဆေးရာမို့စ်ဟော်တာသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကဲ့သို့ပင် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိထားသူဖြစ်သည်။

န.အ.ဖ စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားစဉ်ကလည်း အမြန်ဆုံးလွတ်ပေးရန် တောင်းဆိုခဲ့သူဖြစ်သည်။

တီမောနိုင်ငံလွတ်မြောက်ရေးအတွက် ဦးဆောင်ပါဝင်ခဲ့သူ ဟိုဆေးရာမို့စ်သည် ၁၉၉၄ ခုနှစ် ကရင်ပြည်နယ်သို့ တိတ်တဆိတ်လာရောက် ခဲ့ဖူးပြီး ကရင်အမျိုးသားအစည်းအရုံ း(KNU) ဌာနချုပ်ဖြစ်သော မာနယ်ပလောတွင် ၁၀ ရက်ကြာနေထိုင်ကာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ နှင့် သံတမန်ရေးရာသင်တန်းပို့ချမှုများ လုပ်ဆောင်ခဲ့ဖူး သူဖြစ်သည်။

မြန်မာ့အရေးတွင် ကာလရှည်ကြား ထိတွေ့ဆက်ဆံမှုရှိခဲ့သည့် ဟိုဆေးရာမို့စ်က စစ်ကောင်စီတပ် ဖွဲ့ဝင်များအ နေ ဖြင့် လူထုအပေါ် သတ် ဖြတ်တိုက်ခိုက်မှုများ ဆက်လက်မပြုလုပ်ဘဲ ပြည်သူ့ဘက်ရပ်တည်ကာ ပူးပေါင်း ကြရန် ဒီဇင်ဘာ ၉ ရက်နေ့က တိုက်တွန်းပြောဆိုသည်။

“စစ်တပ်အရာရှိ၊ စစ်သည်များအနေနဲ့ နောက်ထပ်ကျည်တတောင့်မှ ထပ်မပစ်ရုံနဲ့ မြန်မာနိုင်ငံအတွက် တံခါးသစ် အချပ်ကို ဖွင့် ပေးနိုင်ပါလိမ့်မယ်။ သင်တို့လက်နက်တွေကို စစ်တန်းလျားတွေထဲ ပြန်ထားလိုက်ပါ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြည်သူ့တပ်မတော်နဲ့ လျှောက်လှမ်းကြပါ”ဟု ၎င်းက တိုက်တွန်းသည်။

တီမောသည် သေးငယ်သည်။ သို့သော် မြန်မာလူထုကိုယ်စား ပွင့်ပွင့်လင်းလင်း ထုတ်ပြောခြင်းဖြင့် စစ်ကောင်စီ ကို အနှောက်အယှက်ဖြစ်စေလောက်အောင် အင်အားကြီးပြီး ဒေသတွင်းက တခြားနိုင်ငံများထက် ပိုမို ဂုဏ်သိ က္ခာ မြင့်မား ပြသနေသည်။

အရပ်ဘက် ပံ့ပိုးကူညီရေး စေတနာ့ဝန်ထမ်းများ
စစ်ပွဲကြောင့် အိုးအိမ်မဲ့ရသူ သန်းပေါင်းများစွာအတွက် အသက်သွေးကြော 

မြန်မာစစ်တပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ တိုးလာသည့်အခါတိုင်း ပြည်တွင်းနေရပ် စွန့် ခွာတိမ်းရှောင်သူများ (IDP) အရေအတွက်လည်း များလာသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အနည်း ဆုံး လူပေါင်း ၂ ဒသမ ၆ သန်းကို ၎င်းတို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့သည်ဟု ခန့်မှန်းရသည်။ လူများစုသည် နိုင် ငံတကာ အကူအညီပေးရေး အေဂျင်စီများထံမှ အထောက်အပံ့များ မရနိုင်သောကြောင့် ပြည်တွင်း ထောက်ပံ့ကူ ညီရေး အဖွဲ့များသည် ၎င်းတို့အတွက် အသက်သွေးကြော ဖြစ်လာခဲ့သည်။

အရပ်ဘက် ပရဟိတ ထောက်ပံ့ကူညီရေး အဖွဲ့များဟု အများအားဖြင့် လူသိများကြပြီး ၎င်းတို့ကို ဒေသတွင်း စေ တနာ့ဝန်ထမ်းများက ဦးစီးလုပ်ကိုင်ကြပြီး ပြည်တွင်းပြည်ပ စေတနာရှင်များထံမှ အလှူငွေများကို မှီခိုအား ထား ကြသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်နှင့် ကရင်နီ (ကယား) ပြည်နယ်တို့ကဲ့သို့ တော်လှန်ရေး စခန်းများနှင့် စစ်ကောင်စီ၏ မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်မှ ဝင်ရောက်စီးနင်းမှုများနှင့် လု ယက် ဖမ်းဆီး သတ်ဖြတ် မီးရှိုခြင်းများမှ လွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည် IDP စခန်း များတွင် သူတို့ကို တွေ့နိုင်သည်။ ဒုက္ခသည်များကို စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ ပံ့ပိုးပေးသည်။ သို့သော် စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်အားလုံးကို မဖြည့်ဆည်းပေးနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် သူတို့လုပ်သမျှ အလုပ်ကို ဆက်လုပ်နေသည်။ အမှန်တကယ် အရေးပေါ် လို အပ်နေသူများအတွက် အရင်းအမြစ် အကန့်အသတ်ရှိသော စေတနာ့ဝန်ထမ်းလက်တဆုပ်စာသည်ပင် မည်သည့် အရာထက်မဆို ပိုမိုကောင်းမွန်သည်။

မြန်မာနိုင်ငံတွင် အဆိုးရွားဆုံးဒေသဖြစ်သည့် စစ်ကိုင်းတိုင်းတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် ဆား လင်းကြီး၊ ယင်းမာပင်၊ ကနီနှင့် ပုလဲမြို့နယ်များ၌ ဒုက္ခသည် ၁,၀၀၀ ကို နေ့စဉ် အစားအသောက် ကျွေးနေသည် မှာ ၆ လ ရှိပြီဖြစ်သည်။ အိမ်သို့ ပြန်နေနိုင်သူများအတွက် အခြေခံလိုအပ်သည့် စောင်နှင့် မီးဖိုချောင်သုံးပစ္စည်း များ ထောက်ပံ့ပေးလျက်ရှိသည်။ အဖွဲ့တည်ထောင်သူတဦးဖြစ်သူ အသက် ၂၃ နှစ်အရွယ် မဖူးပွင့်ဝေက “အညာ မှာရှိတဲ့ လူငယ်တွေကလည်း ပြည်သူတွေအတွက်ပဲ ဖြစ်ရမယ်ဆိုပြီးတော့ ပစ်လိုက်တိုင်းထောင်နေရမယ်။ ဘယ် တော့မှ လဲကျသွားလို့ မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ အညာပစ်တိုင်းထောင်လေးများဆိုတဲ့ နာမည်ပေးဖြစ်ပြီး ဒီလိုမျိုး လုပ် ဖြစ်သွားတာပါ” ဟုဆိုသည်။ ပြည်တွင်းပြည်ပအခြေစိုက် မြန်မာစေတနာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဒီပဲ ယင်း ဒုက္ခသည် ကူညီ ထောက်ပံ့ရေးအဖွဲ့သည်လည်း စစ်အစိုးရ၏ မီးရှို့တိုက်ခိုက်မှုကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ ရသူ များအား ကူညီပေးလျက်ရှိသည်။ အခြားအကူအညီများထဲတွင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းအ ချို့ ၏ အကူအညီဖြင့် အိမ်ထောင်စု ၅,၀၀၀ ကို ငွေသား ထောက်ပံ့ပေးနိုင်ခဲ့ခြင်းလည်း ပါဝင်သည်။

စစ်ဘေးသင့် ကရင်နီပြည်နယ်တွင်လည်း Clean Yangon အဖွဲ့သည် ၂၀၂၁ ခုနှစ်မှ စတင်ကာ အပြောင်းအလဲ တခု လုပ်ဆောင်ခဲ့သည်။ ယခင်မြို့တော်ဟောင်းကို စိမ်းလန်းစိုပြေစေရန် ဖွဲ့စည်းခဲ့သည့် ရန်ကုန်မြို့မှ ပရဟိတ အဖွဲ့သည် ယခုအခါ ကရင်နီပြည်တွင် စစ်ဘေးရှောင် ပြည်သူများအား တနေ့ ၃ နပ် ကျွေးရုံမက နေထိုင်စရာ အမိုး အကာများလည်း ဆောက်ပေးသည်။ ကျန်းမာရေး စောင့်ရှောက်မှုလည်း ပေးပြီး ကလေးများအတွက် စာ သင်ကျောင်းများ ဆောက်ပေးသည်။

အလားတူစွာပင်၊ စစ်ဘေးဒဏ်သင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ဒေသခံ စေတနာ့ဝန်ထမ်း အဖွဲ့များ သည် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများအား တရုတ်နယ်စပ် အစွန်အဖျားအထိ ကူညီပေးနေသည်။

စေတနာ့ဝန်ထမ်းများက အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေသော်လည်း ထမ်းပိုးနေရသော ဝန်က ပိုကြီးမား လာနေသည်။ ရှမ်းပြည်မြောက်ပိုင်းမှတဆင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များက ဒေသအများအပြားသို့ ထိုးစစ်ဆင် တိုက်ပွဲများ ပျံ့နှံ့လာရာ အောက်တိုဘာလမှ နိုဝင်ဘာလအထိ ပြည်နယ်ခြောက်ခုနှင့် တိုင်းဒေသကြီးငါးခုတွင် လူပေါင်း ၆၆၀,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ စစ်ပြေးဒုက္ခသည် အရေအတွက် သိသိသာသာ တိုးလာမည်ဖြစ်ပြီး အကူအညီပေးရေး အဖွဲ့များသည်လည်း ၎င်းတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ရဦးမည်။ မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများမှာ အဆိုးရွားဆုံး ခံစားကြရသည်။

Justice for Myanmar
စစ်ဗိုလ်ချုပ်များ၏ ခိုးကြောင်ခိုးဝှက်များအား ဖော်ထုတ်သူများ 

Justice for Myanmar (JFM) သည် စစ်ခေါင်းဆောင်များ၏ ပြည်တွင်းပြည်ပ နှစ်ရပ်စလုံးတွင် ခိုးဝှက်လုပ်သည့် စီးပွားရေး ဆက်ဆံမှုများ၊ အကျင့်ပျက်ခြစားမှုနှင့် အာဏာအလွဲသုံးစားမှုများကို ဖွင့်ချ ဖော်ထုတ်သော အား ကောင်း သည့် အသံဖြစ်လာသည်။

၂၀၂၀ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ စတင်တည်ထောင်ခဲ့သော JFM သည် စစ်ရာဇဝတ်ဂိုဏ်းများ၏ လှုပ်ရှားမှုများကို ဖြိုခွင်းရန်အပြင် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရန် ရည် ရွယ် ချက်ဖြင့် မမောမပန်း လုပ်ဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အဖွဲ့၏ တာဝန်သည် ပို၍ အရေးတကြီး ဖြစ် လာခဲ့သည်။ JFM သည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုတွင် အသုံးပြုသည့်စစ်ကောင် စီ၏ ဘဏ္ဍာငွေ ရင်းမြစ်များ၊ လက်နက် ကိရိယာများနှင့် လေယာဉ်လောင်စာများကို ခြေရာခံခြင်းဖြင့်စစ်အာဏာ သိမ်း ဆန့်ကျင်သော တော်လှန်ရေးကို ပံ့ပိုးကူညီခဲ့သည်။ နိုင်ငံတကာအစိုးရများ၊ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူ များကို စစ်တပ်နှင့် အဆက်အသွယ်ဖြတ်ရန် ဖိအားပေးကာ နိုင်ငံတကာတရားဝင်မှုရရှိရန် စစ်တပ်၏ ကြိုးပမ်း မှုများကို အနှောင့်အယှက်ပေးသည်။

JFM က ပြည်တွင်းပြည်ပရှိ ရာနှင့်ချီသော မြန်မာစစ်တပ်၏ ခိုးကြောင်ခိုးဝှက် စီးပွားရေးလုပ်ငန်းများနှင့်ငွေကြေး အရင်းအမြစ်များအပြင် စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ မိသားစုများနှင့် ခရိုနီများ၏ စီးပွားရေးကွန်ရက်များ အား လုံးသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် နိုင်ငံတကာရာဇ ဝတ်မှု များနှင့် ပတ်သက်ကြောင်း ဖွင့်ချ ဖော်ထုတ်သည်။

ဥပမာတခုဆိုရလျှင် မြန်မာစစ်တပ်၏ စစ်လက်နက်ပွဲစား ဦးထွန်းမင်းလတ်( Star Sapphire Group)အကြောင်း ကို Justice For Myanmar က ၂၀၂၂ ခုနှစ် ဧပြီလအတွင်း အစီအရင်ခံ စာထုတ် ပြန်ခဲ့ပြီးနောက် ထိုနှစ် ဩဂုတ် လတွင် ယူကေက အရေးယူပိတ်ဆို့မှုလုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဦးထွန်းမင်းလတ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မူးယစ်ဆေးဝါး၊ ငွေကြေးခဝါ ချမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အဖွဲ့၏ နက်နက်ရှိုင်းရှိုင်း သုတေသနပြု စုံစမ်းမှုများနှင့် အစီရင်ခံစာများကြောင့် စစ်တပ်နှင့် ဆက်နွယ်သည့် စီး ပွားရေးလုပ်ငန်းများအား ပြည်သူများက သပိတ်မှောက်ရန် အထောက်အကူဖြစ်စေပြီး စစ်တပ်နှင့် ပူးပေါင်း လုပ် ဆောင်သည့် နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံစုံကော်ပိုရေးရှင်းများ ဒေါ်လာသန်းရာနှင့်ချီသော စီးပွားရေးလုပ်ငန်း များမှ နုတ်ထွက်သွားစေကာ အာဏာသိမ်းပြီးကတည်းက ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းရန် သို့မဟုတ် ရုပ်သိမ်း ရန်လည်း ဦးဆောင်ခဲ့သည်။

၎င်းငျးတို့ထဲတှငျ ပွငျသဈ၏ Total Energies ရနေံလုပျငနျး၊ အမရေိကနျမှ Chevron နှငျ့ သွစတွေးလြ Woodside ၊ ဂပြနျဘီယာကုမ်ပဏီ Kirin Holdings၊ အိန်ဒိယဆိပျကမျးဝနျဆောငျမှုကုမ်ပဏီ Adani၊ မြန်မာ စစ် တပ်၏ ဆေးလိပ်ကုမ္ပဏီတွင် စင်ကာပူရှယ်ယာရှင်နှင့် တောင်ကိုရီးယား POSCO C&C တို့ ပါဝင်သည်။

စစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုများကို ရပ်တန့်ရန်နှင့် ပြည်သူလူထုအပေါ် စစ်အာဏာရှင်များ၏ အကြမ်း ဖက်မှုများအား အဆုံးသတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ဒေသတွင်း အဖွဲ့ အာဆီယံ၏ ပျက်ကွက် မှုများကို မီးမောင်းထိုးပြခဲ့သည်။

JFM သည် မြန်မာနိုင်ငံရှိ ပြည်သူအားလုံး ဘေးကင်းလုံခြုံရေးနှင့် တရားမျှတရေး၊ စစ်တပ်က တာဝန်ခံစေရေး တို့အတွက် တိုက်ပွဲဝင်နေသော သတင်းထောက်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် သည်။

JFM နှင့် ၎င်း၏ မဟာမိတ်များက ထူးထူးခြားခြား လုပ်ဆောင်မှုများကြောင့် နိုင်ငံတကာ အစိုးရများသည် မြန်မာ နိုင်ငံတွင် ဖြစ်ပျက်နေသည့်အရာများကို ပိုမိုအာရုံစိုက်လာရသည်။ စစ်တပ်၊ စစ်ကောင်စီ အဖွဲ့ဝင်များနှင့် အဖွဲ့ အစည်းများအပြင် အဓိက လက်နက်ပွဲစားများနှင့် လေယာဉ်ဆီ ပေးသွင်းသူများ၊ စစ်တပ်မှ လည်ပတ်နေသော လုပ်ငန်းစုများနှင့် စီးပွားရေး လုပ်ငန်းများအပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုများသည် စစ်ရာဇဝတ်ဂိုဏ်း၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကို အနှောင့်အယှက် ဖြစ်စေသည်။

“လာမယ့်နှစ်မှာ သဘာဝအရင်းအမြစ်တွေကို အမြတ်ထုတ် ရောင်းဝယ်ဖောက်ကားခြင်း အပါအဝင် အကြမ်းဖက် စစ်အစိုးရရဲ့ ဘဏ္ဍာငွေ အဓိကရင်းမြစ်တွေ၊ လက်နက်နဲ့ လေယာဉ်ဆီကိုဆက်လက်ပစ်မှတ်ထားမှာပါစစ်ကောင် စီကို တရားစွဲနိုင်ဖို့ ဗျူဟာတကျ အခင်းအကျင်းကို ဆက်လုပ်သွားမယ်၊ စစ်ရာဇဝတ်မှုနဲ့ မကင်းတဲ့ လူတွေနဲ့ ကုမ္ပ ဏီတွေကို ဆက်ဖော်ထုတ်မယ်၊ ပြည်သူလူထုကို သတ်ဖြတ်နေမှုကနေ အကျိုးခံစားနေရခြင်းတွေကိုလည်း ရှုတ် ချသွားပါမယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဧရာဝတီသို့ ပြောသည်။

၎င်း၏ သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အစီရင်ခံစာတွင် JFM က “ဒီစစ်ရာဇဝတ်ဂိုဏ်းကို တိုက်ခိုက် ဖို့က မလွယ်ပေမယ့် ကျနော်တို့ အတူတူ လုပ်နိုင်ပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် တိုက်ပွဲ မှာ ခင်ဗျား ပါဝင်လို့ရတယ်” ဟု ရေးထားသည်။

စစ်တပ်ခရိုနီများ
စစ်ရာဇဝတ်မှု ကြံရာပါများ

တနိုင်ငံလုံး အတိုင်းအတာ ခုခံတော်လှန်မှု၊ ၎င်း၏ ရက်စက်ယုတ်မာမှုများကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခြင်း တို့နှင့် ရင်ဆိုင်နေရသော မြန်မာ စစ်အာဏာသိမ်းတပ်သည် အာဏာမြဲရန် ခရိုနီများ၏ ပံ့ပိုးကူညီမှုအပေါ် ကြီး မားစွာ မှီခိုအားထားနေရပြီး ယင်းစီးပွားရေးလုပ်ဖော်ကိုင်ဖက်များကလည်း စစ်ဗိုလ်ချုပ်များကို သစ္စာစောင့် သိ လျက် ရှိသည်။ ရာဇဝတ် မိတ်ဖက်များဖြစ်ကြသည့် မျက်နှာသစ်များအပြင် အထိုင်ကျပြီးသား ခရိုနီများသည် က လေးရာနှင့်ချီ သေဆုံးပြီး သောင်းနှင့်ချီသော နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် မြန်မာစစ်တပ်၏ မညှာမတာ ရက်စက်ကြမ်းကြုတ်မှုများကို ကူညီပေးကာ ရာဇဝတ်မှုတွင် ပါဝင်ကြသည်။ ၎င်းတို့သည် လူသတ်စစ်တပ်အား ငွေကြေးထောက်ပံ့ကာ လက်နက်များ၊ စက်ကိရိယာများ၊ လေယာဉ်လောင်စာများ၊ စစ်ဘက်-အရပ်ဘက် ၂ဘက် သုံး ကုန်ပစ္စည်းများနှင့် အခြားနည်းပညာများ ထောက်ပံ့ပေးကာ ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ် မှု များကို ဆက်လက်ကျူးလွန်စေရန်နှင့် ပိတ်ဆို့အရေးယူမှုများအား ရှောင်တိမ်းရန် ပံ့ပိုးပေးလျက် ရှိသည်။

၎င်းတို့အထဲတွင် အကြီးဆုံးပံ့ပိုးသူများနှင့် အဓိကလက်နက်ပွဲစားအချို့သည် ယူကေ၊ အမေရိကန်၊ အီးယူနှင့် က နေဒါတို့မှ ပိတ်ဆို့အရေးယူမှုဒဏ်ကို ခံခဲ့ရသည်။ ပိတ်ဆို့အရေးယူမှုများကြောင့် စစ်ကောင်စီအတွက် ထင်ရှား ကျော်ကြားသော ကုန်သွင်းသူအချို့မှာ Star Sapphire Group of Companies နှင့် တည်ထောင်သူ ထွန်းမင်း လတ်တို့ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိ သည်။ အောင်လှိုင်ဦးနှင့် ၎င်း၏ Myanmar Chemical & Machinery Co. (MCM)၊ နိုင်ထွဋ်အောင်နှင့် International Gateway ကုမ္ပဏီအုပ်စု၊ Dynasty Group ကုမ္ပဏီအုပ်စုမှ အောင်မိုးမြင့်၊ Sky Aviator မှ ကျော် မင်းဦး၊ Mottama Holdings မှ ယန်ဟိုး၊ Shoon Energy Pte Ltd မှ ကျောက်ကြီးရွှေ၊ လက်နက်ပွဲစား Royal Shune Lei Company Limited; နှင့် Miya Win International တို့ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သားသမီးများ၏ ပိုင်ဆိုင်မှုအချို့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ငွေကြေးခဝါချမှု စွဲချက်ဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် ထွန်းမင်းလတ်အား စီးနင်းရာတွင် သိမ်းဆည်း ရမိခဲ့ပြီး Star Sapphire Group of Companies သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝှမ်း အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာ့လေတပ်အတွက် အစ္စရေး ကင်းထောက်ဒရုန်းများနှင့် လေယာဉ်အစိတ်အပိုင်းများကို တင်သွင်းရန် ပွဲစားလုပ်ခဲ့သည်။။

MCM ကို ဦးစီးလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင် အောင်လှိုင်ဦးသည် ခေတ်မီလက်နက်များထုတ်လုပ်ရန် လိုအပ်သော စက်ယန္တရားများ၊ စက်ကိရိယာများနှင့် နည်းပညာများဝယ်ယူရန် မြန်မာစစ်တပ်အား ကူညီပေးနေ သူဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ့ တပ်မတော် ခေါင်းဆောင်များ နှင့်အတူ ရုရှား နိုင်ငံသို့ ခရီးစဉ် အများအပြား လိုက်ပါဖူးသည်။

International Gateways ၏ တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ နိုင်ထွဋ်အောင်သည် ရေတပ်နှင့် လေ တပ် အတွက် လက်နက်၊ အပိုပစ္စည်းများနှင့် အဆင့်မြှင့်တင်မှုများ အဓိက ဝယ်ယူပေးသူဖြစ်ပြီး တရုတ်နိုင်ငံပိုင် လက်နက်ရောင်းချရေး ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။ သူသည် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ ဦးဆောင်သော ယခင်စစ်အစိုးရအတွက် အဓိက လက်နက်ရောင်းဝယ်သူလည်း ဖြစ်သည်။ ဝါရင့်လက် နက် ပွဲစားဖြစ်သူ နိုင်ထွဋ်အောင်သည် လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်း ဆောင် အဆက်ဆက်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိသည်။

အရပ်သားများကို သတ်ဖြတ်ရန် မြန်မာစစ်တပ်က အသုံးပြုနေသည့် လက်နက်များအတွက် ဘီလာရုစ်အစိုးရနှင့် အောင်သွယ်ရာမှ Dynasty Group ကုမ္ပဏီအုပ်စုကို တည်ထောင်သူ အောင်မိုးမြင့်သည် သိသာထင်ရှားသော အကျိုးအမြတ်များ ရရှိခဲ့သည်။

Sky Aviator မှ ကျော်မင်းဦးသည် ယခင်က ခရိုနီသူဌေးကြီး ဦးတေဇအတွက် လုပ်ကိုင်ခဲ့ဖူးပြီး ရုရှားနှင့် ယူက ရိန်း တို့မှ မြန်မာစစ်တပ် ဝယ်ယူထားသော ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များအတွက် အပိုပစ္စည်း များ ထောက်ပံ့ပေးခဲ့ပြီး လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ချမ်းသာကြွယ်ဝလာခဲ့သည်။

Mottama Holdings မှ ယန်ဟိုးသည် မြန်မာစစ်တပ်၏ လက်နက်ထုတ်လုပ်ခြင်းအတွက် အဓိက ထောက်ပံ့သူ ဖြစ်သည်။ တရုတ် ကိုးကန့် ဖြစ်သူ ယန်ဟိုးသည် ယခင် စစ်အစိုးရ လက်ထက်ကတည်းက မြန်မာစစ်တပ်နှင့် ကာလကြာရှည် လက်တွဲခဲ့သည်။

Asia Sun Group ၏ တစိတ်တပိုင်းဖြစ်သော ယခင်က Asia Sun Aviation ဟု သိကြသည့် Shoon Energy Pte Ltd ၏ ကျောက်ကျား ခေါ် ခင်ဖြူဝင်းနှင့် ဒါရိုက်တာ အဖွဲ့ဝင်များကို စစ်ကောင်စီထံ လေယာဉ်ဆီများ ထောက်ပံ့ ပေးရာတွင် ပါဝင်သော ၎င်းတို့၏ အခန်းကဏ္ဍများအတွက် ဒဏ်ခတ်အရေးယူခံထားရသည်။

နာမည်ဆိုးဖြင့်ကျော်ကြားသော ကွယ်လွန်သူ စစ်ဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သား နေအောင်၊ ထူးကုမ္ ပဏီ များအုပ်စုမှ ယခင် စစ်အစိုးရ ခရိုနီနှင့် လက်နက်ပွဲစား ဦးတေဇ၏ သား ၂ ဦး ဖြစ်သော ဖြိုးတေဇနှင့် ထူး ထက်တေဇတို့ ညီအစ်ကိုနှစ်ဦး၊ ယခင် စစ်အစိုးရ လက်ထက် သစ်တောဝန်ကြီး ဦးအောင်ဖုန်း၏ သား ရတနာ ပုံလေကြောင်း ဝန်ဆောင်မှု ဒါရိုက်တာ စစ်တိုင်းအောင် အပါအဝင် မျိုးဆက်သစ် ခရိုနီလူငယ်များသည် လက်ရှိ စစ်ကောင်စီကို ပံ့ပိုးကူညီရာတွင် ၎င်းတို့၏အခန်းကဏ္ဍအတွက် ပိတ်ဆို့အရေးယူမှု ပစ်မှတ်များထဲတွင် ပါဝင် လာသည်။

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Amazing Hotels & Resorts Group တည်ထောင်သူအောင် မျိုးမင်းဒင် နှင့် RGK+Z&A Group ၏ CEO ဇေယျသူရမွန်တို့သည်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဗိုလ် ချုပ်များနှင့် ရင်းနှီးသော အဆက်အသွယ်များကြောင့် ထင်ပေါ်ကျော်ကြားလာသော မျက်နှာသစ်များထဲတွင် ပါဝင်သည်။

မျက်နှာဟောင်းရော မျက်နှာသစ် ခရိုနီများပါ ၎င်းတို့၏ ထောက်ခံမှုကို ပြသရန် အခွင့်အရေးရတိုင်း စစ်ကောင် စီကို အလှူငွေ အများအပြား လောင်းရန် တုံ့ဆိုင်းခြင်း မရှိပေ။ ၎င်းတွင် စစ်ကောင်စီအကြီးအကဲ၏နေပြည်တော် ရှိ စကျင်ကျောက်ဘုရားကြီး ဆောက်ခြင်း၊ စစ်ကောင်စီ၏ တပ်မတော်နေ့ အခမ်းအနားများနှင့် ခုခံရေးထိုးစစ် များ ကြား ပြင်းထန်စွာ ဆုံးရှုံးနေရသည့် ရှမ်းပြည် တိုက်ပွဲများအတွက် ကျပ်ငွေ ဘီလီယံပေါင်းများစွာ လှူဒါန်း ခြင်းတို့ ပါဝင်သည်။

လူ့အခွင့်အရေးအုပ်စုများက အစိုးရများအား တိုးမြှင့်ပြီး ဒဏ်ခတ်အရေးယူမှုများ ပိုမိုကောင်းမွန်အောင် ညှိနှိုင်း ဆောင်ရွက်ရန် တောင်းဆိုသည်။ ပိတ်ဆို့အရေးယူမှု အရှိန်အဟုန်သည် ယခုအချိန်အထိ နှေးကွေးလွန်းနေပြီး လက်တွေ့တွင် မကြုံစဖူး အကျပ်အတည်းကြောင့် စစ်ကောင်စီ၏ လက်နက်နှင့် ရန်ပုံငွေ အရင်းအမြစ်များကို ဖြတ်တောက်ရန် ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း Justice for Myanmar က ပြောသည်။

Justice for Myanmar အဖွဲ့သည် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးလိုင်းကို ဖြတ်တောက်ရန် စင်္ကာပူတွင် ဖိအား တိုးမြင့်လာစေရန် စင်္ကာပူရှိ စီးပွားရေးလုပ်ငန်းများ၌ စစ်ရာဇဝတ်မှုများနှင့် ဆက်နွယ်နေသူ ကိုးဦး ပါဝင်သည့် “ညစ်ပတ်သူ ၃၀ စာရင်း”ကို ထုတ်ပြန်ခဲ့သည်။ စင်္ကာပူ အစိုးရက အချို့သော အဆင့်များကို လုပ်ဆောင်ခဲ့ သော် လည်း ပိုမို လုပ်ဆောင်ရန် လိုအပ်သည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */