" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 9, 2023

အစ္စရေးနိုင်ငံ အကြောင်း

အကြီးဆုံးမြို့- ဂျေရုဆလင်မြို့
ရုံးသုံး ဘာသာစကားများ ဟီဘရူးဘာသာ၊ အာရပ်ဘာသာ
လူမျိုးစု ဂျူး 75.4% ၊ အာရပ် 20.6%၊ လူနည်းစု 4% [၁]
Demonym Israeli
အစိုးရ Parliamentary republic[၂]
• သမ္မတ - ရှီမွန် ပဲရက်စ်
• ဝန်ကြီးချုပ်- ဘင်ဂျမင် နာတာညာဟူး
• Knesset Speaker Reuven Rivlin
• Supreme Court President Dorit Beinisch
Independence from British Mandate of Palestine
• နိုင်ငံတော်ထူထောင်ကြောင်း ကြေငြာ -May 14, 1948
ဧရိယာ
• စုစုပေါင်း -20,770 / 22,072 (အဆင့်: 151st)
• ရေထု (%) ~2
လူဦးရေ
• 2009 ခန့်မှန်း 8,134,1002[၃] (အဆင့် - 96th)
• 1995 သန်းခေါင်စာရင်း 5,548,523
• သိပ်သည်းမှု-356.8 (အဆင့် - 34th)
GDP (PPP) 2008 ခန့်မှန်း
• စုစုပေါင်း
$202.562 billion[၄] (အဆင့် - 50th)
• Per capita $28,473[၄] (အဆင့် - 31st)
GDP (nominal) 2009 ခန့်မှန်း
• စုစုပေါင်း
$215.727 billion[၄] (အဆင့် - 42nd)
• Per capita $29,671[၄] (အဆင့် - 29th) Gini (2005) 38.6[၂]
အလယ်
HDI (2007) Increase 0.935[၅]
အလွန်မြင့် · 27th
ငွေကြေး Shekel (ILS or NIS)
အချိန်ဇုန် (UTC+2)
• နွေရာသီ (DST)
IDT (UTC+3)
ယာဉ်ကြောစနစ် right
တယ်လီဖုန်းကုဒ် 972
Internet TLD .il

 


Excluding / Including the Golan Heights and East Jerusalem; see below.
Includes all permanent residents in Israel proper, the Golan Heights and East Jerusalem. Also includes Israeli population in the West Bank. Excludes non-Israeli population in the West Bank and the Gaza Strip.


အစ္စရေးနိုင်ငံသည် ၁၉၄၈ ခုနှစ် က ထူထောင်လိုက်သော ခေတ်သစ်ဂျူး (ရဟူဒီ)နိုင်ငံ ဖြစ်သည်။ကမ္ဘာ့ သမိုင်းတွင် လူသားတို့ ပထမဆုံး အိုးအိမ်ထူထောင် နေခဲ့သော ဒေသတစ်ခုဖြစ်သည့် ပါလက်စတိုင်း နိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

မြောက်လတ္တီ တွဒ် ၃၃ ဒီဂရီ ၁၅ မိနစ် နှင့် ၂၉ ဒီဂရီ ၃ဝ မိနစ် အတွင်းနှင့် အရှေ့လောင်ဂျီတွဒ် ၃၄ ဒီဂရီ ၁၇ မိနစ် နှင့် ၃၅ ဒီဂရီ ၄၁ မိနစ် အကြား၌ တည်ရှိ သည်။ မြောက်ဘက်တွင် လက်ဗနွန်နိုင်ငံ၊ အရှေ့ ဘက်တွင် ဆီးရီးယားနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံ၊ တောင်ဘက်တွင် အီဂျစ် နိုင်ငံ၊ အနောက်ဘက်တွင်မြေထဲ ပင်လယ်တို့ ဝန်းရံလျက်ရှိ သည်။ အစ္စရေးနိုင်ငံ၏ ကမ်းရိုးတန်းသည် မြေထဲပင်လယ် ဘက်၌ ၁⁠၁၇ မိုင် ရှည်၍ ပင်လယ်နီဘက်တွင် ခြောက်မိုင်ရှည် သည်။ အစ္စရေးနိုင်ငံသည် ၈ဝ၁၇ စတုရန်းမိုင် ကျယ်ဝန်း သည်။

ယခု အစ္စရေးနိုင်ငံအပါအဝင် ပါလက်စတိုင်းနိုင်ငံ သည် ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝ⁠ဝဝ ခန့်ကပင်ဘုရင် စနစ် ထူထောင်၍ တစ်ထီးတစ်နန်းတည်ရှိခဲ့သည်။ ဘီစီ ၁ဝ ရာစုနှစ် မှစ၍ နိုင်ငံနှစ်ခြမ်းကွဲပြီးသော် ဂျူ ဒါနိုင်ငံနှင့် အစ္စရေးနိုင်ငံ ဟူ၍ နှစ်နိုင်ငံဖြစ်လာလေသည်။ ဘီစီ ၇၂၂ ခုနှစ်တွင် အစ္စရေးနိုင်ငံကို အဆီး ရီးယန်းလူမျိုးတို့က တိုက်ခိုက်သိမ်းပိုက်၍ လူပေါင်းများစွာကို နိုင်ငံရပ်ခြားသို့ပို့သည်။ ဘီစီ ၁၇ဝ ခန့် တွင် ဂရိတို့ကသိမ်းပိုက်၍ ဘီစီ ၆၃ ခုနှစ်တွင် ရောမတို့က သိမ်းပိုက်ပြန်သည်။ ယဟူဒီလူမျိုးနှင့် ရောမ လူမျိုးတို့ နှစ် ပေါင်းများစွာ ပဋိပက္ခဖြစ်ခဲ့ကြပြီးနောက် အေဒီ ၇ဝ ပြည့်တွင် ယဟူဒီများ ပြင်းပြင်းထန် ထန် နှိပ်ကွပ်ခံရရုံမက ဂျေရုဆလင် မြို့တော်ကြီးပါ ရောမတို့၏ အဖျက်အဆီးကိုခံလိုက်ရသည်ယဟူဒီ အမြောက်အမြားလည်း ကမ္ဘာအရပ်ရပ်သို့ အနှံ့အပြား ရောက်ရှိသွားလေသည်။ အေဒီ ၆ဝဝ ခန့်တွင် အစ္စလာမ် အယူဝါဒီ အာရပ်လူမျိုးတို့က တိုက်ခိုက်သိမ်းပိုက်ပြန်သည်။

 ဥရောပအလယ်ခေတ်တွင်ဥရော ပတိုက်မှ ခရစ်ယာန် အယူဝါဒီ ဘုရင်တို့သည် ပါလက်စတိုင်ကို မွတ်စလင်တို့လက်မှ လွတ်မြောက်အောင် လာရောက်တိုက်ခိုက်ကြသဖြင့် ခရူးဆိတ် စစ်ပွဲများဖြစ်ခဲ့ သော်လည်း ကရူးဆိတ်တို့ အရေးမလှခဲ့ချေ။

၁၅၁၇ ခုနှစ်တွင် ပါလက်စတိုင်းသည် တူရကီလက်အောက်သို့ ကျရောက်ပြီးလျှင် တူရကီစိုးမိုးမှုကို အ နှစ် ၄ဝဝ ခန့်ခံခဲ့ရသည်။ထိုအချိန်၌ ပါလက်စတိုင်းတွင် ယဟူဒီလူမျိုးနည်း၍ အာရပ်လူမျိုးလူ ဦးရေ များသည်။ ၁၈⁠၈၂ ခုနှစ်ခန့်တွင် ဥရောပတိုက်သို့ရောက်နေသော ယဟူဒီလူမျိုးအုပ်စုသည် ပါလက်စ တိုင်းတွင် အခြေစိုက်ရန် ပထမဆုံး ရောက်လာကြသည်။ ဤသို့ရောက်လာခြင်းကား ခေတ်သစ်အစ္စ ရေး နိုင်ငံပေါ် ပေါက်ရန် လမ်းစပင်ဖြစ်လေသည်။

၁၉၁၇ ခုနှစ်တွင် ပါလက်စတိုင်တွင် ယဟူဒီနိုင်ငံ ပြန်လည်ထူထောင်ရေးဂိုဏ်းဖြစ်သော ဇိုင်ယွန်ဂိုဏ်း ဝင် ဗြိတိသျှ သိပ္ပံပညာရှင် ရှိမ်ဗိုက်ဇမန်းက ဗြိတိသျှအစိုးရအား ပါလက်စတိုင်းပြည်ကို ယဟူဒီများ၏ ဇာတိနိုင်ငံအဖြစ် သတ်မှတ်ရန် တိုက်တွန်းခဲ့ရာ ဗြိတိသျှအစိုးရက သဘောတူ၍ ဘဲလ်ဖိုးကြေညာ ချက် ခေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ပေးသည်။ ၁၉၁၈ ခုနှစ်တွင် ဗြိတိသျှတို့သည် ပါလက်စ တိုင်း မှ တူရကီတို့အား တိုက်ထုတ်သည်။ ပထမကမ္ဘာစစ်ပြီးသော် နိုင်ငံပေါင်းချုပ် အသင်းကြီးကဘဲလ် ဖိုးကြေညာချက်ကို အတည်ပြုကာ ဗြိတိသျှ အစိုးရအား ယင်း၏ကိုယ်စားလှယ်အဖြစ်ထားရှိ၍ ပါလက် စ တိုင်းပြည်ကို အုပ်ချုပ်စေသည်။ အာရပ်တို့သည် ရဟူဒီနိုင်ငံ သစ်သတ်မှတ်ရန် ကြေညာ သည် ကို မလိုလားဆုံးသူများ ဖြစ်ကြ သည်။

ကမ္ဘာအရပ်ရပ်၌ နိုင်ငံမဲ့လူမျိုးအဖြစ် နေထိုင်ကြရသော ရဟူဒီများသည် ပါလက်စတိုင်းသို့ ပြန်၍ အ ခြေ စိုက်ကာ မြို့သစ်ပြသစ်လုပ်ငန်းသစ်များ ထူထောင်ကြရာ အာရပ်တို့နှင့် ပဋိပက္ခဖြစ်ကြရ ပြန်သည်။ ၁၉၃၉ ခုနှစ်တွင် ဗြိတိသျှအစိုးရ က ရဟူဒီများဝင်ရောက် အခြေစိုက်မှုကို ဥပဒေဖြင့်တားမြစ် လေ သည်။ သို့ဖြင့် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ အာရပ်-ယဟူဒီပြဿနာသည် လိပ်ခဲတင်း လင်း ဖြစ်နေလေသည်။ ဒုတိယကမ္ဘာစစ် ပြီးသွားသည့်နောက် ၁၉၄၇ ခုနှစ်တွင် ဗြိတိ သျှအစိုးရက အာရပ်-ရဟူဒီပြဿနာကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးသို့ တင်ပြ၏။ ကမ္ဘာ့ကုလသမဂ္ဂက ထိုပြဿနာကို စုံစမ်း စစ်ဆေးပြီးနောက် ပါလက်စတိုင်ပြည်ကို အာရပ်နိုင်ငံနှင့် ယဟူဒီနိုင်ငံဟူ၍ နှစ်ပိုင်းခွဲခြား သတ်မှတ် လိုက် သည်။ ကမ္ဘာ့ ကုလသမဂ္ဂက ယင်းသို့သတ်မှတ်ပေးလိုက်သည့် အစီအစဉ်ကို ယဟူဒီတို့ကလက်ခံ သော်လည်း အာရပ်တို့က လက်မခံသဖြင့် အာရပ်-ရဟူဒီတိုက်ပွဲများ မစဲခဲ့ချေ။


၁၉၄၈ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ပါလက်စတိုင်းမှ ဗြိတိသျှတို့အုပ်ချုပ်ရေး ရုပ်သိမ်းချိန် ကျသော အ ခါ ပါလက်စတိုင်းရှိ ဇိုင်ယွန်ဝါဒီများက မရုပ်သိမ်းမီတစ်ရက်ဖြစ်သော မေလ ၁၄ ရက်နေ့ ညနေတွင် အဇ္ဇရီယယ်ဟူသော လွတ်လပ် သည့်သမ္မတနိုင်ငံသစ်တစ်ခု တည်ထောင်လိုက်ကြောင်း တဲလာ ဗစ်မြို့ မှ ကြေညာလိုက်သည်။ ကြေညာစဉ်က အစ္စရေးနိုင်ငံ အဖြစ် ကမ်းရိုးတစ်လျှောက်မျှသာရှိလေသည်။ ဒေါက်တာရှိမ် ဗိုက်ဇမန်းက သမ္မတ၊ ဒေးဗစ်ဗင်ဂူးရီးယန်းက ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်လေသည်။ အစ္စရေးသမ္မတနိုင်ငံသစ်ကို အမေရိကန်နှင့်ရုရှတို့က ချက်ချင်းပင်အသိအမှတ်ပြုလေသည်။ 

အစ္စရေးနိုင်ငံကြေညာသည့်နေ့၌ပင် အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ လက်ဗနွန်၊ ဆော်ဒီအာရေဗျစသောအာ ရပ်နိုင်ငံ များက အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ကြရာ တဖြည်းဖြည်း တိုက်ပွဲပြင်းထန်သည် ထက်ပြင်း ထန် လာသဖြင့် ကုလသမဂ္ဂက စစ်ငြိမ်းရေးဆွေးနွေးရန် ပထမကော်မရှင်တစ်ခု လွှတ်ရလေ သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယင်းပြဿနာကို ဖြန်ဖြေရန်စေလွှတ်ခဲ့သော ကိုယ်စားလှယ် ကောင့် ဗာနာဒေါ့အား လည်း အကြမ်းဖက်လိုသူတစ်စုက ပစ်သတ်သဖြင့် ဒေါက်တာ ရပ်ဗန့်ဆိုသူအား ဖြန်ဖြေ ရန် ထပ်မံစေလွှတ်ခဲ့ရပြန်သည်။ ၁၉၄၉ ခုနှစ် ဇန္နဝါရီလတွင်ဒေါက်တာရပ်ဗန့်၏ ဆောင်ရွက်မှုကြောင့် အစ္စရေးနိုင်ငံနှင့် အိမ်နီးချင်းအာရပ်နိုင်ငံများဖြစ် သော အီဂျစ်၊ လက်ဗနွန်၊ ဂျော်ဒန်၊ ဆီးရီး ယားနိုင်ငံ များ စစ်ငြိမ်းစာချုပ်ချုပ်ဆိုနိုင်ခဲ့ရာ အတိအလင်း တိုက်ပွဲများဖြစ်ပွား ခြင်း ရပ်စဲသွားသော်လည်း နယ် စပ်တွင်မကြာခဏပစ်ခတ်မှု များကား ရှိနေမြဲရှိနေလေသည်။ ယင်းသို့ဖြစ်ရခြင်းမှာ နယ်နိ မိတ်ပြ ဿ နာ၊ ဆက်ဆံရေးပြဿနာများ မပြေလည်မှုကြောင့် ဖြစ်လေသည်။ နယ်စပ်တွင် အချင်းဖြစ်ပွားတိုင်း ကုလသမဂ္ဂသို့ တင်ပြတိုင်တန်းခဲ့ကြသည်။ ၁၉၅၆ ခုနှစ် အောက်တိုဘာလတွင် အီဂျစ်နိုင်ငံက ဆူး အက် တူးမြောင်းကို ပြည်သူပိုင်လုပ်သဖြင့် ဗြိတိန်နှင့် ပြင်သစ်တို့က အီဂျစ်နိုင်ငံကို ဝင်တိုက်ရာ အစ္စ ရေး တပ်များကလည်း အီဂျစ်နိုင်ငံကိုဝင်ရောက်တိုက်ခိုက် ၍ ဆိုင်နိုင်းကျွန်းဆွယ်၏ များရာစုအပိုင်းကို သိမ်းကာ ဆူးအက်တူးမြောင်းအထိရောက်ခဲ့ရာ နောက်ဆုံး ကုလသမဂ္ဂ၏ ကြားဝင်ဖြန်ဖြေမှုကြောင့် အတိုက်အခိုက်ရပ်စဲသည်။ အစ္စရေးတို့က တပ်များကိုရုပ်သိမ်းပေးကြသည်။ ကုလသမဂ္ဂ ထိန်းသိမ်း ရေးတပ်များကို ချထားသည်။

၁၉၆၇ ခုနှစ်တွင် အီဂျစ်နိုင်ငံတောင်းဆိုချက်ကြောင့် ကုလသမဂ္ဂထိန်းသိမ်းရေးတပ်များကို ဆိုင်းနိုင်း ကျွန်းဆွယ်မှ ရုပ်သိမ်းသည်။ နယ်စပ်တိုက်ပွဲ အများအပြား ဖြစ်ပွားပြီးနောက် အစ္စရေးက ဇွန်လ ၄ ရက် နေ့တွင် ရှောင်တခင်ဝင်၍ တိုက် သည်။ အီဂျစ်လေကြောင်းအင်အားပျက်စီးသည်။ ခြောက်ရက် ကြာ စစ်ပွဲပြီးသည့်နောက် အစ္စရေးတပ်များ ဆိုင်းနိုင်း ကျွန်းဆွယ်ကို ပြန်လည်တပ်စွဲမိသည်။ ဆီးရီးယား နိုင် ငံမှ ဂိုလန် တောင်ကုန်းကိုလည်း သိမ်းမိသည်။ ဂျော်ဒန်နိုင်ငံမှ ဂျော်ဒန်မြစ် ၏ အနောက်ဘက် ကမ်း နှင့် ဂျေရုဆလင်မြို့ အာရပ်နယ်ပိုင်းကို သိမ်းသည်။

၁၉၇၃ ခုနှစ်အောက်တိုဘာလ ၆ ရက်နေ့တွင် အီဂျစ် နှင့် ဆီးရီးယားနိုင်ငံတို့သည် ဆူးအက်တူးမြောင်း ဒေသနှင့် ဂိုလန်ကုန်းမြင့်ဒေသများတွင် စစ်မျက်နှာဖွင့်၍ အစ္စရေးနိုင်ငံ ကို အလုံးအရင်းဖြင့် ဝင်တိုက် သည်။

အီဂျစ်တို့သည် အလုံးအရင်းဖြင့် ဆူးအက်တူးမြောင်း ကိုဖြတ်ကျော်၍ ဆိုင်းနိုင်းကျွန်းဆွယ်ရှိ အစ္စရေး တို့၏ ဗာလက်ခံကတုတ်ကြောင်းကို လျှပ်တပြက်ဖြိုဖျက်နိုင်သည်။ ဆီးရီးယားတပ်များကလည်း အစ္စ ရေးတို့သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ဆိုဗီယက်ယူနီ ယံက အီဂျစ်နှင့် ဆီးရီးယားနိုင်ငံတို့အတွက် လေ ကြောင်းဖြင့် စစ်ရေးအကူအညီအမြောက်အမြား ပို့ ဆောင်ပေး သကဲ့သို့ အမေရိကန်ပြည်ထောင်စုကလည်း အစ္စရေးနိုင်ငံ အတွက် ပို့ဆောင်ပေးခဲ့သည်။

အစ္စရေးတို့ကလည်း တန်ပြန်တိုက်ခိုက်ခဲ့ရာ ဦးစွာ၌ ဆီးရီးယားတပ်များကို တွန်းလှန်ကာ ဒမတ်စကပ် မြို့မှ မိုင် ၂ဝ ကွာသည်အထိ ဖိတိုက်သွားနိုင်ခဲ့သည်။ အီဂျစ်စစ်မျက်နှာဘက် တွင် အစ္စရေးတို့သည် ဆူးအက်တူးမြောင်းတစ်လျှောက်ရှိ အီဂျစ်တို့၏ ပေါင်းကူးခြေကုတ်နှစ်ခုအကြားမှ ဆူးအက်တူးမြောင်း ကို ဖြတ်ကျော်ပြီးသော် ဆူးအက်မြို့ကိုဝိုင်းရံထားသော ဆိုင်းနိုင်းစစ်ဦးကင်းမှ အီဂျစ်အမှတ် ၃ တပ်မ တော်ကိုလည်း ပိတ်ဆို့ထားခဲ့လေသည်။

ထို့နောက်တွင် အစ္စရေးနှင့် အီဂျစ်တို့သည် ကုလ သမဂ္ဂ၏စေ့ဆော်မှုကြောင့် အပစ်အခတ်ရပ်စဲရန် သ ဘောတူညီခဲ့ ပြီးနောက် နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင် အီဂျစ်နှင့်အစ္စရေး ဗိုလ်ချုပ်ကြီးများသည် ကိုင် ရို-ဆူးအက်တူးမြောင်း လမ်းမကြီး ပေါ်ရှိ ကီလိုမီတာ ၁ဝ၁ စခန်းတွင် ငြိမ်းချမ်းရေးအစီအစဉ်ကို လက် မှတ်ရေးထိုးခဲ့ကြသည်။ ထိုမှတစ်ဖန် နှစ်ဖက်တပ်များ ပိုင်းခြားရေးအတွက် အမေရိကန်နိုင်ငံခြား ရေး ဝန်ကြီး ကစ်ဆင် ဂျာ၏စေ့စပ်ဖြန်ဖြေမှုကြောင့် ၁၉၇၄ ခုနှစ် ဇန္နဝါရီလ ၁၈ ရက် နေ့တွင် တပ်များပိုင်း ခြားရေး သဘောတူညီချက်ကို အီဂျစ်- အစ္စရေး နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့၏။ အစ္စရေးတပ်များကို ဆူးအက်တူးမြောင်း အနောက်ဘက် ကမ်းမှ ဆုတ်ခွာပေး ရသည်။ ဆူးအက်တူးမြောင်း အရှေ့ဘက် ကမ်းတစ်လျှောက် ငါးမိုင်မှခုနှစ်မိုင်အထိ ကျယ်ဝန်းသော ကမ်းမြောင်နယ်မြေတွင် အီဂျစ်တို့သည် အ ကန့် အသတ်ဖြင့် တပ်များချထားနိုင်သည်။ ထိုနယ်မြေမှ အရှေ့ဘက်တွင် တပ်သားဦးရေ ကန့် သတ် ထားသည့် အစ္စရေးတပ်များရှိနေရာ ယင်းသည့်အစ္စရေးနှင့် အီဂျစ်တပ်များအကြားတွင် ကုလသမဂ္ဂ ထိန်းသိမ်းရေးတပ်များကို ချထားလေသည်။ ထိုစာချုပ်အရ တပ်များရုပ်ရေးအစီအစဉ်သည် မတ်လ ၄ ရက်နေ့တွင် ပြီးဆုံးသွားသည်။

အစ္စရေးနှင့် ဆီးရီးယားနိုင်ငံတို့အကြား တပ်ပိုင်း ခြားရေး သဘောတူညီချက်ကိုကား ဇွန်လ ၁ ရက်နေ့ တွင်မှ လက်မှတ်ရေးထိုးခဲ့ကြလေသည်။

ဆိုင်နိုင်းကျွန်းဆွယ်ဒေသတွင် နောက်ထပ်တပ်များ ပိုင်းခြားရေးအတွက် စာချုပ်ထပ်မံချုပ်ဆိုနိုင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာကစ်ဆင်ဂျာသည် အစ္စရေးတို့ ၏ မြို့တော်နှင့် အာရပ် တို့၏ မြို့တော်များအကြားငြိမ်းချမ်းရေး လွန်းပျံခရီးလှည့်လည် ကြိုးပမ်းခဲ့ရာမှ ၁၉၇၅ ခုနှစ် စက်တင် ဘာလ ၄ ရက်နေ့တွင် အစ္စရေးနှင့် အီဂျစ်တို့သည် ဆိုင်နိုင်းဒေသ ကြားဖြတ်တပ်ပိုင်းခြားရေးစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်အရ ဆိုင်နိုင်းသဲကန္တာရမှ အစ္စရေးတပ်ဖွဲ့များသည် နောက် ထပ် စတုရန်းမိုင် ၁၉ဝဝ နောက် ပြန်ဆုတ်ပေးရေးနှင့် အဗူရူဒစ်ရေနံတွင်းများ ပြန်ပေးရေးကို သဘော တူညီလိုက်သည်။ ထိုစာချုပ်အရ အီဂျစ်နှင့် အစ္စရေး တို့သည် အင်အားသုံးစွဲခြင်း၊ သို့မဟုတ် အင်အား သုံးရန် ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် စစ်ရေးအရပိတ်ဆို့ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်းနှင့် သဲ ကန္တာရအတွင်း အချက်ပေး စခန်းများ၌ အမေရိကန်စက်မှုပညာရှင် ၂ဝဝ ချထားပြီး စစ်ရေးနှင့် မပတ် သက်သော အစ္စရေးကုန်သင်္ဘောများကို ဆူးအက်အတွင်း ဖြတ်သန်းခွင့်ပြုရန် အီဂျစ်တို့က သဘော တူညီကြောင်းဖော်ပြထားသည်။ ထို့ပြင် ထိုစာချုပ်အရ အရေးပါ သော ဂစ်ဒီနှင့်မတ်တလာ တောင် ကြား လမ်းများကို ကုလသမဂ္ဂ ထိန်းသိမ်းရေး တပ်များက ကွပ်ကဲထိန်းသိမ်းထားမည် ဖြစ်လေ သည်။

အစ္စရေးနိုင်ငံသူ နိုင်ငံသားတို့က သူတို့၏နိုင်ငံကို မဲဒီနတ်ယဇ္ဇရီယယ်ဟု ခေါ်ကြသည်။ ယင်းအမည်မှာ ဟီဘရူး ဘာသာစကားဖြစ်၍ အစ္စရေးနိုင်ငံဟု အဓိပ္ပာယ်ရသည်။ အစ္စရေးနိုင်ငံကို သဘာဝအားဖြင့် ကမ်းရိုးတမ်း ဒေသ၊ တောင်ကုန်းဒေသနှင့် ဂျော်ဒန်မြစ်ဝှမ်းဒေသဟူ၍ သုံးပိုင်း ပိုင်းနိုင်သည်။

ကမ်းရိုးတမ်းဒေသသည် မြေထဲပင်လယ် ကမ်းရိုးတမ်း တစ်လျှောက်ဒေသဖြစ်၍ ကာမယ်တောင် တန်း နှင့် ဂါဇာဒေသ ကြားတွင် တည်ရှိသည်။

တောင်ကုန်းဒေသသည် ပျမ်းမျှခြင်းအားဖြင့် ပေ ၂ဝ⁠ဝဝ ခန့်မြင့်၍ အမြင့်ဆုံးတောင်ထွတ်သည် အက်ဇ မွန် တောင် ဖြစ်ပြီးလျှင် ပေ ၃ယ၉၆၃ မြင့်သည်။ ထိုဒေသတွင် ဂယ်လီလီ တောင်တန်း၊ ဆမားရီးယား တောင်တန်း၊ ဂျူဒီယာတောင်တန်း နှင့် ကျောက်တောင်ကျောက်ကမ်းပါး မီးတောင်ဝကြီးများဖြင့် ပြည့် နှက်နေသော နီဂက်သဲကန္တာရတို့ ပါဝင်သည်။ဂျော်ဒန်မြစ်သည် ဟူလာရေအိုင်၊ ကင်းနာရက်ရေအိုင် (ဂယ်လီ⁠လီပင်လယ်)နှင့် ပင်လယ်သေတို့ကို ဆက်ထား၍ မိုင် ၂ဝဝ ခန့် ရှည်လျားသောဂျော်ဒန်မြစ်၏ ၇၃ မိုင်ခန့်သည် အစ္စရေးနိုင်ငံထဲ၌ ပါဝင်သည်။

အစ္စရေးနိုင်ငံ၏တောင်ပိုင်း တစ်ဝက်ကျော်ကျော် သည် တောင်ပိုင်းပြည်၊ သို့မဟုတ် နီဂက်ဟုခေါ်သော ပြည် ဖြစ် သည်။ ထိုဒေသသည် တစ်ခါက အသုံးမကျသောသဲကန္တာရ လွင်တီးခေါင်ကြီး ဖြစ်ခဲ့သော် လည်း ယခုအခါ အဖိုးတန်လယ် ယာမြေဘဝသို့ ရောက်ရှိနေလေပြီ။

အစ္စရေးနိုင်ငံသည်ငယ်ပင်ငယ်သော်လည်းတစ်နေရာ နှင့်တစ်နေရာ ရာသီဥတုအလွန်ကွာတတ်သည်။ ယေဘုယျ အားဖြင့် အစ္စရေးနိုင်ငံ၏ ရာသီဥတုသည် နွေအခါ၌ပူ၍ ဆောင်းအခါ၌ အပူအအေး မျှတ သည်။ ဇန်နဝါရီလတွင် အအေးဆုံးဖြစ်၍ အပူချိန်ဖာရင်ဟိုက် ၄ဝ ဒီဂရီခန့်ရှိပြီးလျှင် အပူဆုံးဖြစ်သော ဩဂုတ်လတွင် ၆၅ ဒီဂရီမှ ၈၅ ဒီဂရီထိရှိ သည်။ ဆောင်းရာသီဖြစ်သော နိုဝင်ဘာလမှ ဧပြီလအတွင်း မိုးရွာ၍ မြောက်ပိုင်းတွင် တစ်နှစ်လျှင် ပျမ်းမျှခြင်းမိုးရေချိန် ၄၂.၅ လက်မရွာပြီးသော် တောင်ပိုင်းတွင် .၈ လက်မသာ ရွာ သည်။

အစ္စရေးနိုင်ငံ၌ ခြောက်သွေ့သော သဲကန္တာရအပိုင်း ကများသဖြင့် စိုက်ပျိုးရေးအတွက် ခက်ခဲသည်ကို အစ္စရေးအစိုးရက ရေအလုံအလောက်ရအောင် စီမံလိုက်သဖြင့် နိုင်ငံ တည်ထောင်စ ပထမငါးနှစ် က ထက် လယ်ယာစိုက်ပျိုးရေးကို ယခုအခါ နှစ်ဆပိုလုပ်ကိုင်နိုင်ကြသည်။ အစ္စရေးနိုင်ငံ၌ အဓိကလုပ် ငန်း လုပ်ကိုင်သော လယ်ယာစိုက်ပျိုးနည်းမှာ ရော ပြွမ်းစိုက်ပျိုးမွေးမြူခြင်းနှင့် ရှောက်လိမ္မော်တို့ကဲ့သို့ အရည်ရွှမ်း သီးထွက်ပင်များ စိုက်ပျိုးခြင်းတို့ဖြစ်သည်။ ရောပြွမ်းစိုက်ပျိုး မွေးမြူခြင်းအားဖြင့် ကောက် ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ နို့နှင့်ဥတို့ ရရှိသည်။ စိုက်ပျိုးရေးတွင် အစ္စရေးနိုင်ငံသည် အံ့မခန်းနိုင်အောင် တိုးတက်လျက်ရှိသည်။ လယ် ယာမြေအမြောက်အမြားသည် နိုင်ငံပိုင်ဖြစ်၍ လယ် သမား ယာသမားများသည် မိမိနှင့် မိမိ၏မိသားစု လုပ်ကိုင်နိုင်သော ခြေနိုင်လက်နိုင်ရှိသော မြေယာ များကိုသာ လုပ်ကိုင်ရန်ရရှိကြ သည်။

လယ်ယာလုပ်ငန်းအပြင် အစ္စရေးနိုင်ငံသည် စက်မှု လုပ်ငန်း၌လည်း အလွန်တိုးတက်လျက်ရှိသည်။ လူဦးရေ၏ လေးပုံတစ်ပုံသည် စက်မှုလုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြသည်။ စားသောက်ဖွယ်များ၊ အ ဝတ်အထည်သတ္တုပစ္စည်း၊ အိမ်ထောင် ပရိဘောဂ စသောလူသုံးကုန်ပစ္စည်းများကို အထူးသဖြင့် လုပ် ကိုင်ကြသည်။ အခြားထင်ရှားသော စက်မှုလုပ်ငန်းများမှာ စက်ပစ္စည်းကရိယာများ၊ ပလပ်စတစ် ထည်၊ ဖန်ထည်၊ ကြွေ ထည်၊ မော်တော်ကား၊ ရေခဲသေတ္တာ၊ ရေဒီယို၊ မော်တော်ကား တိုင်ယာ၊ သားရေ ထည်၊ ဆေးဝါး၊ အဆောက်အအုံပစ္စည်း လုပ် ငန်းတို့ဖြစ်သည်။ စိန်ဖြတ်ခြင်း၊ စိန်သွေးခြင်းလုပ် ငန်း သည် လည်း အစ္စရေးနိုင်ငံ၏ ဒုတိယအကြီးဆုံး ထုတ်ကုန်လုပ် ငန်းဖြစ်သည်။

အစ္စရေးနိုင်ငံ၏ အဓိကထုတ်ကုန်များမှာ ရှောက် မျိုးဝင်သီးနှံများ၊ သွေးပြီးစိန်များ၊ ဓာတုဗေဒပစ္စည်း များ၊အထည် အလိပ်များနှင့် ခေတ်စားသည့်ပစ္စည်းများ၊ စက်ကိရိယာများ၊ ပလပ်စတစ်ပစ္စည်းများ၊ မော်တော်ကားတာယာများနှင့် ဆေးဝါး ပစ္စည်းများဖြစ်လေသည်။

အစ္စရေးနိုင်ငံတွင် ဧည့်ကြိုလုပ်ငန်းသည် ရှောက် မျိုးဝင်သီးနှံများနောက် ဒုတိယဝင်ငွေအများဆုံး ဖြစ် သည်။အစ္စရေးနိုင်ငံတွင် အာရပ်နှင့် ဒရုလူမျိုးအနည်းငယ် မှတစ်ပါး ကျန်လူဦးရေ အားလုံးလိုလိုပင် ရဟူဒီလူမျိုးများဖြစ် ကြသည်။ အစ္စရေးနိုင်ငံသည် အာရှတိုက်တွင် ပါဝင်သော နိုင်ငံဖြစ်သော်လည်း နိုင်ငံသူနိုင်ငံသားတို့၏ နေထိုင်ပုံသည် အနောက်တိုင်းဆန်သည်။ မြို့ရွာအဆောက်အအုံများလည်း ဥရောပ သို့မဟုတ် အမေရိကန်မြို့ရွာ အဆောက်အအုံများနှင့် တူသည်။ သို့ရာတွင် မည်သူမျှ အလွန် ချမ်းသာသည်၊ အလွန် ဆင်းရဲသည်ဟူ၍မရှိပဲ အဆင့်အတန်းမှာ များစွာမကွာကြချေ။ ၁၉၇၃ ခုနှစ် ခန့် မှန်းသန်းခေါင်စာရင်းအရ အစ္စရေးနိုင်ငံ၏ လူဦးရေသည် ၃၂⁠၂၈ဝ⁠ဝဝ ယောက်ဖြစ်သည်။ အစ္စရေး နိုင်ငံ ၏ ရုံးသုံးဘာသာသည် ဟီဘရူးဘာသာဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားတို့သည် လွတ်လပ်စွာ ကိုး ကွယ်နိုင်ခွင့်ရှိသည်။ အစ္စရေးနိုင်ငံ၏မြို့တော်သည် နိုင်ငံတည်ထောင်စ ၁၉၄၈ ခုနှစ်၊ ၁၉၄၉ ခုနှစ်က တဲလဗစ် မြို့ဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်ဇန်နဝါရီလမှစ၍ ဂျရူးဆလမ်းမြို့သစ်သို့ မြို့တော် ပြောင်း၍ ရုံး စိုက်ထားပြီဖြစ်သော်လည်း တဲလဗစ်မြို့သည် အစ္စရေးနိုင်ငံ၏ အကြီးဆုံးမြို့ပင်ဖြစ်သည်။ အစ္စရေး နိုင် ငံ၏ အခြားထင်ရှားသောမြို့ကြီးများမှာ ဗီယာရှီဗာမြို့၊ ဟိုင် ဖာမြို့၊ ဂျက်ဖာမြို့၊ တိဗေရီယပ်မြို့ စသည် တို့ဖြစ်ကြသည်။ အစ္စရေးမြို့ကြီးများ အားလုံးလိုလိုပင် သမ္မာကျမ်းစာဝင်မြို့ ကြီးများဖြစ်ကြသည်။ ထင် ရှားသော ဆိပ်ကမ်းမြို့များမှာ ဟိုင် ဖာမြို့၊အိုင်းလတ်မြို့(ပင်လယ်နီကမ်းခြေတွင်ရှိသည်၊) အေကာမြို့ နှင့် တဲလဗစ်မြို့နှင့် မိုင် ၂ဝ ကွာရှိ အက်ရှဒေါ့မြို့တို့ဖြစ်သည်။

အစ္စရေးနိုင်ငံသည် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်သည်။ ၁၈ နှစ်ပြည့်ပြီးသည့် ပြည်သူပြည်သား များ က လျှို့ဝှက်မဲ ဆန္ဒဖြင့် တင်မြှောက်လိုက်သော အမတ် ၁၂ဝ ပါဝင်သည့် နက်ဆက်ခေါ် ပြည်သူ့လွှတ် တော်က ရွေးချယ်ခန့်ထားသည့် သမ္မတနှင့် သမ္မတကရွေးချယ်ခန့်ထားသော ဝန်ကြီးချုပ်အမှူးရှိသည့် ဝန်ကြီးများအပါဝင် အစိုးရအဖွဲ့ဖြင့် အုပ်ချုပ် သည်။ နက်ဆက်ပြည်သူ့လွှတ်တော်ကိုလေးနှစ်တစ်ကြိမ် ရွေး ကောက်ပွဲကျင်းပ၍ သမ္မတကို ငါးနှစ်တစ်ကြိမ်ရွေးချယ်တင် မြှောက်ရသည်။ အစ္စရေးနိုင်ငံတွင် စာဖြင့်ရေးသား အတည် ပြုထားသော အုပ်ချုပ်မှုအခြေခံဥပဒေဟူ၍ မရှိသော်လည်း လွှတ်တော်ကပြ ဌာန်းသော ဥပဒေများ၊ အစိုးရအဖွဲ့က ချမှတ် သောစီမံကိန်းများဖြင့် အုပ်ချုပ်လျက်ရှိသည်။

အစ္စရေးနိုင်ငံတွင် အသက် ငါးနှစ်မှ ၁၅ နှစ် အကြား ကလေးသူငယ်များအတွက် မူလတန်းပညာ အခမဲ့ မသင်မနေရ ပြဌာန်းထားသည်။ မူလတန်းပညာရေးကို တစ်စုံ တစ်ခုသောအကြောင်းကြောင့် အပြီးမ သတ်နိုင်ဘဲ အလုပ်လုပ်နေ သောအသက် ၁၅ နှစ်မှ ၁၈ နှစ်အထိ လူငယ်များအတွက်လည်းပညာဆက် လက်သင်ကြားနိုင်ရန် ယင်းတို့၏လုပ်ငန်းရှင် များက ခွင့်ပြုရမည်ဟုလည်းသတ်မှတ်ပြဌာန်းထားသည်။ အထက်တန်းပညာ သင်ကြားရေးအတွက်လည်း တက္ကသိုလ်များ ကောလိပ်များကိုဖွင့်လှစ်ထားရှိရာ ဂျေရူးဆလင်မြို့ရှိ ဟီဘရူးတက္ကသိုလ်၊ တဲလာဗစ်မြို့ရှိ တဲလာဗစ်တက္ကသိုလ်၊ ဗားအီလန် တက္ကသိုလ်၊ ဟိုင်ဖာကောလိပ်၊ နီဂတ်တက္ကသိုလ်၊ အစ္စရေးစက်မှုတက္ကသိုလ်နှင့် ဗိုက်ဇမန်းသိပ္ပံတက္ကသိုလ်တို့သည် ထင်ရှား လေသည်။

အစ္စရေးနိုင်ငံသည် ၁၉၄၉ ခုနှစ်မှ အစပြု၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လေသည်[၆]အဇ္ဇရီယယ်နိုင်ငံ

အဇ္ဇရီယယ်နိုင်ငံသည် ဆိုင်းနိုင်းဒေသ ပြဿနာကို အိဂျစ်နှင့် အသင့်အတင့်ဖြေရှင်းနိုင်ခဲ့ သော်လည်း တဘက်တွင် ပယ်လက ်စတိုင်ပြောက်ကျားတို့နှင့် တိုက်ပွဲများဆက်လက် ဆင်နွှဲနေရလေသည်။ ၁၉၇၇ ခုနှစ်တွင် အဇ္ဇရီယယ်နိုင်ငံ၌ အပြောင်းအလဲများ ပေါ်ပေါက်ခဲ့သည်အဇ္ဇရီယယ်နိုင်ငံထူထောင် ချိန်မှစ၍ ၁၉ နှစ် တိုင်တိုင် ဆက်တိုက်အာဏာရခဲ့သော လေဘာပါတီ သည် ၁၉၇၇ ခုနှစ်တွင် ကျင်း ပသော ရွေးကောက်ပွဲ၌ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရလေသည်။

၁၉၇၄ ခုနှစ် ဧပြီလတွင် ဝန်ကြီးချုပ် [[[[ဂိုလ်ဒါမယ်ယာ]]]] နုတ်ထွက်၍ ယစ်ဇတ်ရာဗင် ဦးဆောင်သည့် အစိုးရအဖွဲ့ တက်လာပြီးသည့်နောက်မှာပင် လေဘာပါတီတွင်း၌ ညီညွတ် မှု လျော့နည်းစ ပြုခဲ့သည်။

ဂျော်ဒန်မြစ် အနောက်ကမ်းဒေသနှင့် ပတ်သက်သော ပြဿနာ ရေးရာများ၌ ရာဗင်အစိုးရအဖွဲ့ဝင်အ ချင်းချင်း သဘောထား ကွဲလွဲခဲ့ကြသည်။ တစ်ဖက်တွင် လေဘာပါတီဝင်များ၏ စာရိတ္တပျက်ပြားမှုများ ပေါ် ပေါက်လာခြင်းသည်လည်း လေဘာပါတီအတွက် သိက္ခာကျဆင်းစရာအကြောင်း ဖြစ်ခဲ့ သည်။ ပြဿနာအရပ် ရပ်နှင့် ရင်ဆိုင်နေရသော ရာဗင်အစိုးရ အဖွဲ့ကို ဘာသာရေးပါတီမှ လွှတ်တော်အမတ် များက အယုံ ကြည်မ ရှိ အဆိုတင်သွင်းသဖြင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရာဗင်အစိုးရ အဖွဲ့ နုတ်ထွက်ပေးခဲ့ရ သည်။

၁၉၇၇ ခုနှစ် မေလ ၁၇ ရက်နေ့တွင် နဝမအကြိမ် ရွေး ကောက်ပွဲကို ကျင်းပရာ၌ လီယာကွတ်ပါတီ၏ ခေါင်းဆောင် မီနာချင်ဗယ်ဂင် ဦးဆောင်၍ ညွှန့်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။

ဗယ်ဂင်က လွှတ်တော်၌အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ထိပ်သီးညီလာခံကျင်းပ ရန် အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်နိုင်ငံ ခေါင်းဆောင်များကို ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်ကို တုံ့ပြန် သောအားဖြင့် ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အီဂျစ် သမ္မတ အန္နဝါဆဒတ်သည် အဇ္ဇရီ ယယ် နိုင် ငံသို့ လာရောက် ကာ အဇ္ဇရီယယ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးသည်။ ယင်းဆွေးနွေး ပွဲတွင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ဂျီနီဗာငြိမ်းချမ်းရေး ကွန်ဖရင့်ကိုပြန် လည်ကျင်းပနိုင်ရန် အတွက် ရှေ့ပြေးညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ကိုင်ရိုမြို့တွင် ကျင်းပရန် ဆုံးဖြတ်ကြသည်။ ယင်း ကိုင်ရို ဆွေးနွေးပွဲသို့ တက်ရောက်ရန် အဇ္ဇရီယယ်နိုင်ငံ၊ အာရပ်နိုင်ငံများနှင့် ပယ်လက်စတိုင် လွတ် မြောက် ရေး အဖွဲ့၊ ရုရှနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့အား အီဂျစ်က တရားဝင်ဖိတ်ခေါ် ကမ်းလှမ်း ခဲ့သည်။ ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကိုင်ရို ဆွေးနွေးပွဲကို တရားဝင် စတင်ကျင်းပသော အခါ၌မူ အဇ္ဇရီယယ်နိုင်ငံမှ ဗင်အဲလစ်ဇာခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကုလ သမဂ္ဂကိုယ်စားလှယ်၊ အမေရိ ကန်နိုင်ငံ ကိုယ်စားလှယ်နှင့် အီဂျစ်နိုင်ငံ၏ကိုယ်စားလှယ်တို့သာ ပါဝင်ဆွေးနွေးခဲ့ကြလေ သည်။ ရုရှနိုင်ငံက ယင်းဆွေးနွေးပွဲသည် ဂျီနီဗာကွန်ဖရင့် ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်နေ သည်ဆိုကာ မတက်ရောက် ဘဲနေခဲ့သည်။

၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အဇ္ဇရီယယ် ဝန်ကြီးချုပ်ဗယ်ဂင်သည် အမေရိကန်သမ္မတ ကာတာနှင့် တွေ့ဆုံပြီးလျှင် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးနှင့် စပ်လျဉ်း ၍ ပြဿနာများကို ဖြေရှင်း ရန်နည်း လမ်းများ၊ လျာထား ချက်များကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ တွင် အီဂျစ်နိုင်ငံ အစ္စမေး လီးယားမြို့၌ အီဂျစ်သမ္မတဆဒတ်နှင့် အဇ္ဇရီယယ်ဝန်ကြီးချုပ် ဗယ်ဂင်တို့ တွေ့ဆုံ ဆွေးနွေးကြပြန်သည်။

ဆဒတ်-ဗယ်ဂင် ဆွေးနွေးပွဲ၌ဝန်ကြီးချုပ် ဗယ်ဂင်၏တင်ပြ ချက်တွင် အဇ္ဇရီယယ်က သိမ်းယူထား သော ဂျော်ဒန်အ နောက်ဘက်ကမ်းဒေသနှင့် ဂါဇာကမ်းမြောင်ဒေသတို့၌ အဇ္ဇရီယယ်စစ်တပ်များကို လုံခြုံ ရေး တပ်များ အသွင်ဖြင့် ဆက်လက်ထားရှိမည် ဖြစ်ကြောင်း၊ ယင်းဒေသများမှ အဇ္ဇရီယယ် စစ်တပ် များကို ရုပ် သိမ်းခဲ့လျှင် ပယ်လက် စတိုင်း လွတ်မြောက်ရေးတပ်များက ဝင်ရောက် သိမ်းပိုက် မည့်အ ဖြစ် ကို လက်မခံနိုင် ကြောင်း၊ ယင်းဒေသနှစ်ခု၌ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်း၍ ကိုယ်ပိုင် အုပ်ချုပ်ရေး ကို အစားထိုးပေးမည်ဖြစ် ကြောင်း၊ ဆိုင်းနိုင်းမှ စစ်တပ်များ ရုပ်သိမ်းရေးကို သုံးနှစ်မှ ငါးနှစ်အတွင်း အဆင့်ဆင့်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း၊ ဆိုင်းနိုင်းဒေသ၌ ဂျူးလူမျိုး များ အခြေစိုက် နေထိုင် ခြင်း ကို ဆက်လက်ခွင့်ပြု၍ ယင်း တို့ကို အဇ္ဇရီယယ်က အကာအကွယ် ပေးရမည်ဖြစ်ကြောင်း၊ ယင်းပြ ဿနာများကို ဆက်လက်စဉ်းစားရန် လမ်းဖွင့် ပေး ထားကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ဗယ်ဂင်၏ အစိုးရလက်ထက်၌ သိမ်းပိုက်ထား သော နယ်မြေများတွင်အဇ္ဇရီယယ်နိုင်ငံသား တို့ကို အခြေ စိုက်နေထိုင်ခွင့်များ တိုးချဲ့ခွင့်ပြုသဖြင့် ယင်းလုပ်ရပ်ကို ၁၉၇၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ဂျီနီဗာမြို့၌ ကျင်းပ သော ကုလသမဂ္ဂလူ့အခွင့်အရေးကာကွယ်ရေးကော်မရှင်က ရှုတ် ချဝေဖန်ခဲ့ သည်။

အဇ္ဇရီယယ်၏ ကမ်းလှမ်းချက်နှင့် စပ်လျဉ်း၍ အီဂျစ်သမ္မတ ဆဒတ်၏ သဘောထားမှာ ဂျော်ဒန်အ နောက်ဘက်ကမ်း ဒေသနှင့် ဂါဇာကမ်းမြောင်ဒေသတို့၌ အဇ္ဇရီယယ်တို့က အုပ်ချုပ်ရေးရုပ်သိမ်း ပေး ပြီးသည်နှင့် တစ်ပြိုင်နက်ပယ်လက် စတိုင်နိုင်ငံကို ထူထောင်ပေးရမည်၊ ဆိုင်းနိုင်းဒေသမှ ငါးနှစ် အ တွင်း တပ်ရုပ်ပေးမည့် ကိစ္စတွင်အဇ္ဇရီယယ်တို့ဆက်လက်အခြေစိုက်နေထိုင်ခွင့်ကိုပေးနိုင်မည်မဟုတ်  ကြောင်း၊ တပ်ရုပ်သိမ်းပေး ရေးဆိုရာ၌ ၁၉၆၇ ခုနှစ် စစ်ပွဲမတိုင်မီက နယ်မြေများအထိ ဆုတ်ခွာပေး ရမည်ဖြစ်ကြောင်းကို ထုတ်ဖော် ပြော ကြားသည်။ အီဂျစ်၏တောင်းဆိုချက်မှာ ဆိုင်းနိုင်းဒေသ၊ ဂို လန် ကုန်းမြင့်၊ ဂျော်ဒန်အနောက်ဘက်ကမ်းဒေသ နှင့် ဂါဇာ ကမ်းမြောင်ဒေသတို့မှ အဇ္ဇရီယယ်တို့ အပြီး အပိုင် ဆုတ်ခွာ ထွက်ပေးရေးဖြစ်သည်။

ယင်းသို့ဖြစ်သည့်အားလျော်စွာ အစ္စမေးလီးယားမြို့၌ ကျင်း သည့် ဆဒတ်ဗယ်ဂင် ဆွေးနွေးပွဲ၌အရှေ့ အလယ်ပိုင်းငြိမ်း ချမ်းရေးပြဿနာမှာ မည်သို့မျှ မပြေလည်နိုင်ဘဲ ဂျရူးဆလမ်းနှင့် ကိုင်ရိုဆွေး နွေးပွဲ တို့၌ဆက် လက်ညှိနှိုင်းယူရမည့် အခြေအနေ တွင် တည်နေသည်။ [၇] 

"အစ္စရေးလူမျိုးများက သူတို့ရဲ့သမိုင်းဝင်မြို့တော်ဟောင်း  ဂျေရုဆလင် ကို ပြန်လည် သိမ်းပိုက်ခြင်း"

အစ္စရေးလူမျိုးတွေ သူတို့ရဲ့သမိုင်းဝင်မြို့တော်ဟောင်း  ဂျေရု ဆလင်မြို့ ကို ပြန်လည် သိမ်းပိုက်ခဲ့တဲ့ " အာရပ် – အစ္စရေး ၆ ရက် ကြာ စစ်ပွဲ" အကြောင်း

" အာရပ် – အစ္စရေး ၆ ရက် ကြာ စစ်ပွဲ" အကြောင်းမလာခင်၊ ကျနော် အစ္စရေးလူမျိုးတွေရဲ့ သမိုင်း နောက်ကြောင်းကို အကျဉ်းချုံးတင်ပြမှ ဇာတ်ရည်လည်မှာဖြစ်လို့အစ္စရေးလူမျိုးတွေရဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်းကို အတိုဆုံးရေးလိုက်ပါတယ်။ ကျနော့်မှတ်ဉာဏ်ထဲကနေပြီး ဒါရိုက်ရေးတာပါ။ ဖတ်ထားမှတ်ထားတာတွေ ပြန်ပေါ်လာတဲ့သဘောပေါ့။ ..

အစ္စရေးလူမျိုးတွေဟာ အခု အစ္စရေးတိုင်းပြည်နေရာမှာ ရှေးနှစ်ပေါင်း အနဲဆုံး သုံးထောင်ကျော် လောက်ကတည်းက နေထိုင်ခဲ့တဲ့ ဌာနေလူမျိုးတွေပါ။ ပီရမစ်ကြီးတွေ တည်ဆောက်ခဲ့တဲ့ ဖာရိုဘုရင် များ ခေတ် မတိုင်မီလောက်ကတည်း နေထိုင်လာခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။ 

ဒီလိုနေထိုင်လာရင်းနဲ့ အီဂျစ်ဖာရိုဘုရင်များ သိမ်းပိုက်တာလည်း အစ္စရေးလူမျိုးတွေ ခံရဘူးပါတယ်။ နောက်ပိုင်းကျတော့ ရောမအင်ပါယာကြီး အားကောင်းလာပြီး ဥရောပ၊ အရှေ့အလည်ပိုင်း၊ အာဖရိက မြောက်ပိုင်း စသည်ဖြင့်တို့ဟာ အင်အားကြီးမားလှတဲ့ ရောမတပ်ကြီးတွေတိုက်ခိုက်မှုကြောင့် အသီး သီး စစ်ရှုံးကြပြီး ရောမအင်ပါယာထဲ ထဲ့သွင်းသိမ်းယူတာ ခံခဲ့ရတယ်။

ဒါနဲ့ အရှေ့အလယ်ပိုင်းဒေသက တိုင်းပြည်သေးသေးလေးဖြစ်တဲ့ အစ္စရေးလည်း ရောမအင်ပါယာထဲ ပါသွားပါတယ်။ ဒါတောင် ရှေးဟောင်းအစ္စရေးလူမျိုးတွေက အင်အားကြီးမားလှတဲ့ ရောမတပ်ကြီး တွေကို လွယ်လွယ်နဲ့ အရှုံးမပေးခဲ့တာကို အာမာဂက်ဒန် (Armageddon) တောင်ကုန်းခံတပ်ကြီးမှာ ခံတိုက်ခဲ့တဲ့ စစ်ပွဲကြီးက သက်သေပါ။ 

ရောမအင်ပါယာအောက် ရောက်ခဲ့ရပေမဲ့ အစ္စရေးတွေက လက်မလျှော့ဘဲ မကြာခဏဆိုသလို သူပုန် ထပြီး ရောမတပ်တွေကို တိုက်ထုတ်ဘို့ ကြိုးစားမှုတွေဖြစ်ခဲ့တယ်။ ယေရှုခရစ္စတော်ဖွားမြင်တဲ့ခေတ် (BC 0000  လောက်မှာ) အစ္စရေးတိုင်းပြည်ဟာ ရောမအင်ပါယာထဲက ပြည်နယ်လေးတခုအဖြစ် ဆက်ရှိနေတဲ့ အချိန်ပါ။ 

ခေတ်အဆက်ဆက် အစ္စရေးဒေသကို အုပ်ချုပ်ခဲ့တဲ့ ရောမဘုရင်ခံတွေဟာ အစ္စရေးတွေ ခဏခဏ ပုန်ကန်လို့၊ အစ္စရေးလူမျိုးတွေကို ဘယ်လိုအကြောင်းနဲ့မှ လူမစုနိုင်အောင် နှိပ်ကွပ်ပါတယ်။ ဥပမာ ဘာသာရေးကိုအကြောင်းပြုပြီးလူတွေကို စည်းရုံးခဲ့တဲ့ နှစ်ခြင်းဆရာ ယောဟန် (John the Baptist) ဆိုရင် အစ္စရေးကိုအုပ်ချုပ်တဲ့ ရောမဘုရင်ခံက ဖမ်းယူပြီးခေါင်းဖြတ်ပစ်ပါတယ်။ နှစ်ခြင်း ဆရာယောဟန်ရဲ့ ခေါင်းပြတ်ကို လင်ပန်းပေါ်မှာတင်ပြီး ရောမဘုရင်ခံရဲ့ သမီးကိုမွေးနေ့ လက်ဆောင် အဖြစ်ပေးခဲ့ပါတယ်။ 

ယေရှုခရစ်တော် စတင် တရားဟောပြောလာတော့လည်း ရောမဘုရင်ခံက တချိန်လုံးထောက် လှမ်း နေ တာပါ။ ခရစ်တော်ရဲ့ တပည့်ရင်းကြီးတွေထဲက တယောက်ကို ပိုက်ဆံနဲ့ လာဘ်ထိုးပြီး သတင်းပေး လုပ်ခိုင်းခဲ့ပါတယ်။ ဂျုဒအိစ်ကာရီရုဒ် (Judas Iscariot) ပါ။ ခရစ်တော်မှာ နောက်လိုက်နောက်ပါ တွေ များလာတော့ ရောမဘုရင်ခံနဲ့ အစ္စရေးဘာသာရေးခေါင်းဆောင်တွေ ပေါင်းပြီး ခရစ်တော်ကို သတ်ဖြတ်ဘို့စီစဉ်ခဲ့ပါတယ်။ ချုပ်ပြောရရင် ခရစ္စတော်က ရှေးဘုရားကျောင်း တော်ကြီးမှာဈေးရောင်း ပြီး စီးပါွးရှာနေသူတွေ စသည်ဖြင့်ကို ဒုတ်ရှည်နဲ့ လိုက်ရမ်းပြီး နှင်ထုတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစ္စ ရေး ဘုန်းကြီးတွေက ခရစ္စတော်ကို ရန်ငြိုးဖွဲ့ပြီး ရှင်းပစ်ဖို့ရောမဘုရင်ခံနဲ့ ပူးပေါင်းခဲ့ပါတယ်။ 

နောက်ဆုံးမှာ ခရစ္စတော်ကို အစ္စရေးလူမျိုးဘာသာရေးခေါင်းဆောင်များကဘဲ ဖမ်းဆီးပြီးရောမဘုရင် ခံ ပိလတ် ဆီကိုပို့ကာ သေဒဏ်ချပေးဘို့ တောင်းဆိုခဲ့ပါတယ်။ ရောမဘုရင်ခံ ပိလတ် ဟာ လူလည်ဖြစ် တော့ ခရစ္စတော်ကို သေဒဏ်ပေးမယ်၊ ဒါပေမဲ့ ငါနဲ့ မဆိုင်ဘူး မင်းတို့ အစ္စရေးလူမျိုးတွေ တောင်းဆို လို့သာဖြစ်တယ် ဆိုပြီး၊ လက်ဖဝါးနှစ်ဖက်ကို ရေဆေးပြီး ငါနဲ့ကင်းလွတ်တယ် ငါမပါဘူးဆိုပြီးနိုင်ငံရေး အရ လူလည်လုပ်ခဲ့ပါတယ်။ ဒါနဲ့ဘဲ ခရစ္စတော်ကားတိုင်ပေါ် အတင်ခံခဲ့ရ တာပါ။ 

ခရစ္စတော်နောက်ပိုင်းလည်း အစ္စရေးတွေက လက်မလျှော့ဘဲ အခွင့်သာတိုင်း လူစုပြီး ရောမစစ်တပ် ကို ပြန်ချတော့၊ နောက်ပိုင်းမှာ ရောမအင်ပါယာရဲ့ ဧကရာဇ်က အစ္စရေးလူမျိုးတွေကို အဲ့ဒီဒေသကနေ ဥရောပတိုက် အနှံံ့အပြားကို နှင်ထုတ်ပြီး လူစုခွဲပစ်လိုက်ပါတယ်။ အင်္ဂလိပ်လို Diaspora ပေါ့။ 

ဒီလိုလူမျိုးလိုက်ကို ကိုယ့်ဇာတိမြေက နှင်ထုတ်ခံရပေမဲ့ ကမ္ဘာအရပ်ရပ်ကို ပြန့်နှံ့သွားခဲ့တဲ့ အစ္စရေး လူမျိုးတွေဟာ အစ္စရေးတိုင်းပြည်ကို ပြန်တည်မယ်။ အစ္စရေးဒေသကို တနေ့ရအောင်ပြန်မယ် ဆိုပြီး ခေတ်အဆက်ဆက် နှစ်ထောင်ချီပြီး ကြိုးစားခဲ့တာ ၁၉၄၈ ကျမှဘဲ အစ္စရေးတိုင်းပြည်ကို ပြန်လည် တည်ဆောက်နိုင်ခဲ့ပါတယ်။ အစ္စရေးလူမျိုးတွေရဲ့ဇွဲနဲ့ ဇာတိမာန်ဟာ သိပ်ချီးကြူးစရာကောင်းပါတယ်။

(Six-Day War) ခေါ် "အာရပ် – အစ္စရေး ၆ ရက်ကြာ စစ်ပွဲ" ( ၁၉၆၇-ခုနှစ်၊ ဇွန်လ-၅ ရက် မှ ၁၁-ရက် ) ကိုဆက်ဖတ်ကြပါစို့။

၁၉၆၇ မေ လ ( ၁၈ ) တွင် အီဂျစ် သမ္မတ ( Nasser ) နတ်ဆာ က ( ၁၁၇ )မိုင် ရှည်လျား သောအစ္စရေး - အီဂျစ် နယ်ခြား ဖြစ်သည့် ( Gaza ) ဂါဇာ ကမ်းမြောင် ဒေသ နှင့် ( Sinai ) ဆိုင်းနိုင်း သဲကန္တာရ ၌တပ် စွဲ ထားသော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ များကို ရုပ်သိမ်း ပေးပါ ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် ထံ တောင်းဆို လိုက်သည်။ ဦးသန့် က ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်း ရေး တပ်ဖွဲ့များ ကို ရုပ်သိမ်း ပေးလိုက် သည်။ ထို တပ် ရုပ်သိမ်းမှု့ကြောင့် ကနေဒါ နိုင်ငံ က ဦးသန့် ကို အပြင်းထန် ကန့်ကွက် ခဲ့လေသည်။

ဦးသန့် ကလည်း တပ် ရုပ်သိမ်း ပေးရုံ မှ တပါး ဘာ မှ မတတ်နိုင်။ ကုလသမဂ္ဂ တပ်များ ရုပ်သိမ်း ပေး ရေး / မ ပေးရေး သည် အီဂျစ် သမ္မတ နတ်ဆာ ပေါ်မှာ မူတည် သည်။ နတ်ဆာ က ရုပ်သိမ်း ပေးပါ ဟု တောင်းဆို လာ ပါ က ရုပ်သိမ်း ပေးရ ရုံ သာ ရှိသည်။

ကုလသမဂ္ဂ တပ်များ ဆိုင်းနိုင်း သဲကန္တာရ နှင့် ဂါဇာ ကမ်းမြောင် ဒေသ တို့မှ ရုပ်သိမ်း သွားကြ ပြီး ( ၄၈ ) နာရီ အတွင်း အီဂျစ် နှင့် ဆီးရီးယား တပ်များ ဝင်ရောက် နေရာ ယူလိုက် ကြ တော့ သည်။ ထို့ အပြင် ဆိုင်းနိုင်း သဲကန္တာရ သို့ အစ္စရေး တိုက်လေယာဉ်များ ဝင်ရောက် လာ ပါ က ပစ်ချ ရန် ဆိုဗီယက် လုပ် မြေပြင် မှ ဝေဟင်ပြစ် ( SAM ) ဆမ် ဒုံးကျည်များ၊ ရေဒါများ ချထား လိုက် သေး သည်။

တပ်ဖွဲ့ဝင်များ မှာ မနည်း ပေ။ အီဂျစ် စစ်သား က ရှစ်သောင်း၊ ဂျော်ဒန် နှင့် ဆီးရီးယား တပ်ဖွဲ့များ ပါ ပေါင်းထည့် လိုက် လျှင် အင်အား တစ်သိန်းကျော် ရှိ သည်။ အစ္စရေး ကို အပြီး တိုင် ချေမှုန်း ပြစ်ဖို့ ပင် ဖြစ် သည်။ ထိုစဉ် က အစ္စရေး နိုင်ငံ ၏ လူဦးရေ သည် ( ၂ ) သန်း ( ၇ )သိန်း သာ ရှိ သည်။ အစ္စရေး ကို ဝိုင်းရံ ထားသော အာရပ် နိုင်ငံများ ၏ လူဦးရေ သည် သန်း ( ၁ဝဝ ) ကျော် သည်။


အစ္စရေး တပ်များ လည်း အီဂျစ် နယ်စပ် ထိ ချီတက် တပ်စွဲ ရ လေတော့ သည်။ အာရပ်တပ် နှင့် အစ္စရေး တပ်များ ကြား တွင် လူ သူ မရှိ ( No Man's Land ) ဗလာ နယ်မြေ သာ လျှင် ကြားခံ လျက် ရှိနေ လေတော့ သည်။ စစ်ပွဲ ကို မရှောင် သာ တော့ ပြီ။ နေ့လား ညလား နီးကပ် လာချေ ပြီ။
မေလ ( ၂ဝ ) တွင် အစ္စရေး ထောက်လှမ်း ရေး မော့ဆက် သည် အစ္စရေး ဝန်ကြီးချုပ် လီဗီ အက်(ရှ်) က တိုက်ရိုက် ရေးသား သော စာ တစ်စောင် ကို အရေးပေါ် ဆက်သွယ်ရေး လမ်းကြောင်း တစ်ခု မှ အီဂျစ် သမ္မတ နတ်ဆာ ထံ ပေးပို့ လိုက် သည်။
အစ္စရေး ဝန်ကြီးချုပ်။…..။"ကျုပ်တို့ ဘက် မှ စ၍ မတိုက် လို ပါ၊ ခင်ဗျား တို့ တပ်တွေ ဆိုင်းနိုင် သဲကန္တာရ မှ မူလ နေရာ သို့ ပြန်ဆုတ် ပေးရင် ကျုပ်တို့ တပ်တွေ ကို နယ်စပ် ကနေ ပြန် ဆုတ်ပေး ပါ မယ်။"
အီဂျစ် သမ္မတ နတ်ဆာ။…..။"ကျုပ်တို့ ရဲ့ အဖြေ ကို ခင်ဗျား တို့ မကြာမီ သိ ရ မယ်" ဟု တိုတို နှင့် ပြတ်ပြတ် စာပြန် လိုက် လေ သည်။


မေ လ ( ၂၂ ) တွင် အီဂျစ် သမ္မတ နတ်ဆာ က ( Aqaba ) အက္ကဘာ ပင်လယ်ကွေ့ရှိ ( Tiran ) တိုင်ရန် ရေလက်ကြား ကို ပိတ်လိုက် သည်။ ( Red Sea ) ပင်လယ်နီ ကို ဖြတ်၍ အာဖရိက နှင့် အာရှ သို့ သွား ရ သော အစ္စရေး သင်္ဘောများ ၏ ရေလမ်းကြောင်း ပိတ်သွား ရ လေ သည်။ အစ္စရေး သင်္ဘောများ ကို ပြစ်ခတ်ရန် လက်နက်ကြီးများ တပ်ဆင် ထားလိုက် သည်။ ဆည်ဝ ကနေ ဗျိုင်း စောင့် နေသည့် ပုံစံ အီဂျစ် က အစ္စရေး အပေါ် ကျင့်သုံး နေ သည်။

အီဂျစ် သမ္မတ နတ်ဆာ က အစ္စရေး ကို စိန်ခေါ်ခြင်း
"တိုင်ရန် ရေလက်ကြား ရှိ ပင်လယ် ရေပြင် ဟာ ကျုပ်တို့ အီဂျစ် နိုင်ငံ ရဲ့ ရေပြင် ပိုင်နက် ဖြစ်တယ်။ တကယ် လို့ အစ္စရေးတို့ က ကျုပ် ဒီလို ပြောဆိုတာ ကို မကျေနပ် လို့ စစ်ရေး ဖြင့် တုံ့ပြန် ချင်သပ ဆို လည်း ရတယ်။ ကျုပ်တို့ အီဂျစ် ကတော့ 'အာဟာလန် ဝါ-ဆာဟာလန်'ပဲ ( လာခဲ့ပါ…နှုတ်ဆက် ကြိုဆို ပါတယ် ) Ahalan Wa-s Sahalan ( Hello And Welcome) ကျုပ်တို့ ရဲ့ တပ်တွေ က အစ္စရေး တပ်တွေ ကို အသင့်စောင့် နေတယ် ၊ လာခဲ့ ကြ ပါ။"

ဦးသန့် သည် အခြေနေ ကို ဝင်ထိန်း ရန် အီဂျစ် သို့ အရေးတစ်ကြီး သွား၍ အီဂျစ် သမ္မတ နတ်ဆာ နှင့် တွေ့ဆုံ ဖြောင်းဖျ ဆွေးနွေး သည်။ သို့ရာ တွင် နတ်ဆာ က သန္နဋ္ဌာန် ချပြီး ဖြစ် သည်။ ဒီ တစ်ချီ တွင် အစ္စရေး ကို အပြတ် တိုက်နိုင် မည်ဟု ယုံကြည် ထားသည်။

အစ္စရေး နိုင်ငံသမိုင်း တွင် တစ်ခါ မှ မကြုံဖူးသော နိုင်ငံတော် အရေးပေါ် အခြေနေ ဆိုက်ရောက် ကာ အကြီးမားဆုံး ခြိမ်းခြောက် ခံရမှု့ကြီး ရင်ဆိုင် နေရ သည်။ တိုင်းပြည် ကို ရန်သူတွေ က ဝိုင်းဝိုင်း လည် နေ သည်။ သေရေး ရှင်ရေး တမျှ အရေးကြီး နေပြီ။

 အစ္စရေး ကာကွယ်ရေး ဦးစီးချုပ် ရာဘင် သည် စိုးရိမ်မှု့လွန်ကဲ ပြီး စိတ်ပန်း ကိုယ်ပန်း ဖြစ် ကာ မူးလဲ သည် ထိ ဖြစ်သွား သည်။ အစ္စရေး တပ်မတော်ထဲ မှာ လည်း အစ္စရေး တပ်ဖွဲ့အားလုံး ကို ပြတ်ပြတ် သားသား အမိန့်ပေး ညွှန်ကြားမည့် ခေါင်းဆောင်ကောင်း မရှိ ဖြစ်နေ သည်။

သူရဲကောင်းကြီး မိုရှေ ဒါယန် သည် လည်း တပ်မတော် မှ အငြိမ်းစား ယူပြီး ဖြစ်နေ သည်။ ထိုအခြေ အနေ အတိုင်း ဆိုလျှင် အာရပ် စစ်တပ်ကြီး ကို အစ္စရေး က ရင်ဆိုင် ချေမှုန်း နိုင်ပါ့ မလား ဟု ကမ္ဘာ့ နိုင်ငံများ ၏ ရင်ထဲ မှာ သံသယ ဖြစ်နေ သည်။


အစ္စရေး ၏ အားနည်းချက် ကို သိနေ သဖြင့် အာရပ် တပ်ပေါင်းစုများ က တစ်နေ့တခြား ပို ၍ အတင့် ရဲလာ ကာ ဆိုင်းနိုင်း သဲကန္တရ တွင် အာရပ်တပ်များ များသထက် များလာ လေ သည်။ထိုအချိန် တွင်… အစ္စရေး ပြည်သူ တစ်ရပ်လုံး ၏ အသံ ထွက်ပေါ် လာလေ သည်။
"မိုရှေ ဒါယန် ကို ကာကွယ်ရေး ဝန်ကြီး ခန့်အပ် ပေး"
"မိုရှေ ဒါယန် ကာကွယ်ရေး ဝန်ကြီး"
"ကာကွယ်ရေး ဝန်ကြီး မိုရှေ ဒါယန်"
ရှေ့တန်းရောက် အစ္စရေး စစ်သားများ က လည်း မိုရှေ ဒါယန် ကို ကာကွယ်ရေးဝန်ကြီး ခန့်အပ် ဖို့ တောင်းဆို နေကြ သည်။ "မိုရှေ ဒါယန် ကိုပဲ အလို ရှိတယ်"။

ထို့ကြောင့် အစ္စရေး ပြည်သူ့ ဆန္ဒ အရ မိုရှေ ဒါယန် သည် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာ ရလေ သည်။
အီဂျစ်တို့ ကလည်း မိုရှေ ဒါယန် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာ ပြီ ဆိုကတည်း က စစ်ဖြစ် ဖို့ သေချာပြီ ဟု ယူဆ ထားပြီ ဖြစ်သည်။ အီဂျစ် စစ်တပ် က "မိုရှေ ဒါယန် ၏ ကျန်ရှိ နေသေး သည့် ညာဘက် မျက် လုံး ကို လည်း ဖောက်ပြစ် မယ်"ဟု ကြုံးဝါး လိုက်သေး ၏။

မိုရှေ ဒါယန် ၏ စစ်ရေး အစီအမံ

အစ္စရေး ရေဒီယို မှ စကားဝှက်များ ဖြစ်သည့် Love of Zion , Close Shave , Man of Work , Alternating Current , Open Window Good Friend တို့ ကို ထုတ်ပြန် ကြေညာ လိုက်သည် နှင့် အရန် တပ်ဖွဲ့များ ကို ဆင့်ခေါ် ပြီးသား ဖြစ်သွား သည်။ အရန် တပ်များ သည် ရောက်ရာ နေရာ မှ နေ၍ သတ်မှတ် ထားသော စုရပ်များ သို့ အမြန်ဆုံး သွားရောက် သတင်းပို့ ရသည်။

စုရပ်များ မှ တစ်ဆင့် ကားကြီးများ ဖြင့် ရှေ့တန်း စစ်မျက်နှာ သို့ ပို့ပေး လေ သည်။ အရန် တပ်များ သည် ယူနီဖောင်း ဝတ်စရာ မလို၊ ကြုံရာ ဝတ်စုံဖြင့် လိုက်ပါ ရ သည်။ ပို့ဆောင်ရေး ကားများ ကို လည်း စုဆောင်းစရာ မလို၊ ပုဂ္ဂလိက ကား ပိုင်ရှင် များစွာ တို့ က လိုသည် ထက် ပို နေအောင် ပင် လာရောက် ပေးအပ် ထားကြ လေသည်။

အစ္စရေး အမျိုးသား၊ အမျိုးသမီး အရွယ်ရောက် သူတိုင်း စစ်မှု့မထမ်း မနေရ စစ်ထဲ ဆွဲသွင်း သည်။ အလုပ်သမား၊ လယ်သမား၊ စာရေးဆရာ၊ အနုပညာသမား၊ ယာဉ်မောင်းပါ မကျန် အရန် တပ်ထဲ စုစည်း သိမ်းသွင်း သည်။

တကယ်တမ်း မှာ အစ္စရေး တပ်မတော် စစ်သည် အင်အား သည် ( ၅ ) သောင်း မှ ( ၆ ) သောင်းခန့် သာ ရှိ သည်။ သို့သော် အရန်တပ်များ စုစည်း ပြီး စစ်မြေပြင် သို့ တပ်ဖြန့် လိုက်သည် အခါတွင် မူ စစ်သည် အင်အား ( ၂ ) သိန်း ( ၆ ) သောင်းကျော် အင်အားကြီး သော တပ်မတော်ကြီး ဖြစ်လာ ခဲ့ တော့ သည်။
အစ္စရေး တပ်မတော် သည် ကမ္ဘာ မှာ ထူးခြား သည်။ ( ၂၄ ) နာရီ အတွင်း စစ်ပြင် နိုင် သည်။ တပ်များ ကို အလွယ်တကူ ပြောင်းနိုင် ရွှေ့နိုင် သည်။ တက်နိုင် ဆုတ်နိုင် သည်။ ဖွဲ့နိုင် ဖျောက်နိုင် သည်။ ဆန့်နိုင် ကွေးနိုင် သည်။ တိုင်းပြည် နှင့် လူမျိုး အတွက် လုံခြုံရေး သတိ အမြဲရှိနေ သော တပ်မတော် ဖြစ်သည်။
သံချပ်ကာ ကားများ၊ တင့်ကား တပ်များ၊ အမြောက် တပ်များ လည်း အားလုံး ခေတ် အမှီဆုံး အဆင့် သို့ ရောက်နေ သည်။

နောက်ထပ် အား အထားရ ဆုံး သော တပ် မှာ လေတပ် ဖြစ် သည်။ အစ္စရေး လေတပ် တွင် ဗုံးကြဲ လေ ယာဉ်ကြီး များ သိပ် မရှိ။ ဗုံးကြဲ တိုက် လေယာဉ်ငယ် တွေ ကိုသာ ပဓာန ထားပြီး ဖွဲ့စည်း ထား သည်။
တစ်နာရီ လျှင် ( ၁၄ဝဝ ) မိုင်နှုန်း ဖြင့် ပျံသန်း နိုင်သည့် တံလှပ် ဟု အမည် ပေးထား သော ပြင်သစ် လုပ် ( Mirages ) မီရတ်ချ် တိုက် လေယာဉ်များ ကို ဝယ်ယူ အားဖြည့် ထား သည်။ပြင်သစ် လုပ် ( Mirages ) မီရတ်ချ် နှင့် ( Mysteres ) မစ္စတေးရီ တိုက် လေယာဉ်များ ကို ဆီ ဖြည့်ခြင်း၊ အောက်ဆီဂျင် ဖြည့် ခြင်း၊ စက်သေနတ် ကျည်ကပ်များ တပ်ခြင်း၊ တောင်ပံ အောက် မှာ ဗုံး ( ၁ဝ ) လုံး ချိတ်ခြင်း စသည် များ ကို ( ၇ ) မိနစ် အတွင်း အပြီးအစီး ဆောင်ရွက် ကာ လေထဲ သို့ ပျံတက်သွား သည် ထိ လျင်မြန်မှု ရှိ အောင် အထပ်ထပ် အခါခါ လေ့ကျင့် ထား သည်။

မိုရှေ ဒါယန် ၏ လှည့်ကွက်များ

ရန်သူ ဘက်က အစဉ်အမြဲ အသင့် ဖြစ်နေချိန် တွင် စစ်ဆင် ပါ က မိမိဘက် က တပန်း ရှုံးတတ် သည်။ ရန်သူ ကို အငိုက်ဖမ်း နိုင်မှ သာ စစ်ပွဲ တစ်ဝက် အောင်မြင်ဖို့ သေချာ မည်။ ဤ ပရိယာယ် ကို မိုရှေ ဒါ ယန် က အတွေ့အကြုံ ရင့်ကျက် ခဲ့ပြီ ဖြစ်သည်။

ဇွန် လ ( ၃ ) နေ့ တွင် မိုရှေ ဒါယန် က နိုင်ငံခြား သတင်းထောက်များ ကို ဤ သို့ ပြောကြား လိုက် သည်။
"တိုင်ရန် ရေလက်ကြား ကို ပိတ်ဆို့ လိုက်တာ ဟာ အီဂျစ် တို့ လက်ဦး သွားတာ ပဲ။ ဒီတော့ ကျုပ်တို့ အစ္စရေး အဖို့ ချက်ချင်း စစ်ရေး အရ လက်တုံ့ပြန် ဖို့ သိပ် နောက်ကျ သွားပြီ။ ဒီ ကိစ္စ ကို သံတမန်နည်း နဲ့ ဆောင်ရွက် နေပါ တယ်။ ဘယ်လို ပြေလည် မလဲ ဆိုတာ ကိုတော့ ပြောဖို့ စောပါ သေးတယ်။

ကျွန်တော် ကာကွယ်ရေး ဝန်ကြီး ဖြစ် မလာခင် အစ္စရေး အစိုးရ နဲ့ သံခင်း တမန်ခင်း အရဖြေရှင်းလက် စ ရှိနေ ပါသေး တယ်။ အဲဒီ ကြိုးစားမှု အဖြေ ကို စောင့်ကြည့် ရဦး မှာ ပါ။" အီဂျစ် တို့ စစ် အင်အား ကြီးမားလွန်း သဖြင့် မိုရှေ ဒါယန် သည် စစ်တိုက် ဖို့ တုံ့ဆိုင်း နေဟန် တွေဝေ နေဟန် ပြလိုက် သည်။

မိုရှေ ဒါယန် က နောက်ထပ် ဒုတိယ လှည့်ကွက် တစ်ခု ဖန်တီး ပြန်သည်။ ဤ ကား တခြား မဟုတ်၊ အစ္စ ရေး တပ်မတော် မှ အရာရှိ နှင့် စစ်သား များစွာ တို့ ကို ခွင့်ရက် ရှည်များ ပေးလိုက် ကြောင်း သတင်း လွှင့် သည်။ ကမ္ဘာ့ သတင်းစာများ တွင် စိတ်လွတ် ကိုယ်လွတ် အပန်းဖြေ နေသော အစ္စရေးစစ်သားများ ၏ ဓာတ်ပုံများ ကို အထင်အရှား တွေ့မြင် ရ သည်။ အီဂျစ် စစ်ခေါင်းဆောင်များ က အစ္စရေး အနေ ဖြင့် လောလောဆယ် စစ်တိုက် ရန် အဆင်သင့် မရှိ သေးကြောင်း ယုံကြည် လျက် ရှိသည်။

အစ္စရေး ၏ ဆွေးနွေး သုံးသပ် ပုံ •

အစ္စရေး က စတိုက် လျှင် အစ္စရေး လူထု မည်မျှ သေမည် နည်း။
အီဂျစ် က စတိုက် လျှင် အစ္စရေး လူထု မည်မျှ သေမည် နည်း။
အစ္စရေး က စတိုက် လျှင် အစ္စရေး ဘက်က လူ အသေအပျောက် နည်းမည်။ ရာဂဏန်း သာ ရှိမယ်။ အီဂျစ် က လာတိုက် သည့်ထိ စောင့်နေမယ် ဆိုရင် တော့ အစ္စရေး က နိုင်တယ် ပဲထား၊ လူ အသေ အပျောက် ( ၁ဝဝဝဝ ) တစ်သောင်း နီးပါး ရှိသွား မှာ သေချာ တယ်။ လူဦးရေ အလွန် နည်းတဲ့ အစ္စရေး အဖို့ လူ တစ်သောင်း အသေ ခံရ လျှင် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်တယ်။

အစ္စရေး တပ်မတော် ကို အရံတပ်တွေ စုစည်းပြီး အသင့်အနေထား ဖြစ်နေပြီ။ ဒါပေမယ့် ဒီ အတိုင်း ကြီး အကြာကြီး မနေနိုင် ဘူး။ စစ်တပ်ထဲ မှာ အရပ်သား အလုပ်သမားတွေ ပါတယ်။ အခု လောလော ဆယ် ကောက်ပဲ သီးနှံတွေ ရိတ်သိမ်း ဖို့ လူမရှိ ဘူး ဖြစ်နေ တယ်။ သကြား ထွက်တဲ့ မုံလာဥနီ တွေဟာ မြေကြီး ထဲ မှာပဲ ပုပ်ကုန် ပြီ။ နိုင်ငံ စီးပွားရေး ဟာ ရပ်တန့် နေပြီ။

အီဂျစ်တွေ က အစ္စရေး ရန် ကာကွယ်ဖို့ ခံစစ် ပါလို့ ပြောတယ်။ ဒီလို ဆိုရင် ဘာ့ကြောင့် ဆိုင်းနိုင် ကန္တာ ရ သို့ ရုတ်တရက် အလုံးအရင်း နဲ့ ရောက်လာ ကြ တာလဲ။ ခံစစ် အနေထား ကနေ ထိုးစစ် အနေအ ထား ကို မိနစ် ပိုင်း အတွင်း ချက်ချင်း ပြောင်းသွား နိုင် ပါတယ်။ အီဂျစ် တို့ သဘောထား က အစ္စရေး ကို အနိုင် တိုက်နိုင်မယ် လို့ တွက်ပြီး သားပါ။

ဇွန် လ ( ၄ ) ရက်နေ့ တွင် အစ္စရေး အစိုးရ အဖွဲ့ တံခါးပိတ် ဆွေးနွေး ကြ သည်။ ထို ဆွေးနွေးပွဲ သို့ မိုရှေ ဒါယန် ပါဝင် လာပြီ ဖြစ် သည်။ မိုရှေ ဒါယန် သည် ကာကွယ်ရေး ဝန်ကြီး တာဝန် ကို ယူထား သည် မှာ ( ၄ ) ရက် သာ ရှိသေး သည်။ ထို ဆွေးနွေးပွဲ ၏ ရလာဒ် ကို မည်သူ ကမျှ မသိ၊ ဘာ သတင်း မှ လည်း မထုတ် ပြန်။ နောက်တစ်နေ့ မနက်ဖြန်….

၁၉၆၇ ဇွန် လ ၅ ရက် နေ့ နံနက် စောစော...

အစ္စရေး လေတပ်စခန်း မှ ပြင်သစ် လုပ် ( Mirages ) မီရတ်ချ် နှင့် ( Mysteres ) မစ္စတေးရီ တိုက် လေယာဉ်များ တစ်သုတ် ပြီး တစ်သုတ် မြေထဲ ပင်လယ်ပေါ်သို့ ပျံတက် သွားကြ လေသည်။မြေထဲပင် လယ် ပေါ်သို့ ရောက်ချိန် တွင် အရှေ့ဘက် ကောင်းကင် မိုးကုတ် စက်ဝိုင်း မှ နေဝန်းနီ က ပေါ်ထွက် စ ပြုနေ ပြီ။ အစ္စရေး တိုက် လေယာဉ် ( ၁၉၆ ) စီးတို့ ဦးတည် ပျံသန်း နေသည့် အရပ် မှာ အနောက်ဘက် ရှိ အီဂျစ် နိုင်ငံ သို့။ ပျံသန်းရာ လမ်းကြောင်း မှာ မြေထဲ ပင်လယ် ရေပြင်ပေါ် ကနေဖြစ် သည်။ အစ္စရေး တိုက် လေယာဉ်များ သည် ဆိုင်းနိုင်း သဲကန္တာရ ပေါ်မှ ပျံသန်း ၍ မသွား။

ထို ပျံသန်းမှု့ကို အီဂျစ် တို့ မသိစေချင် ၍ မြေထဲ ပင်လယ်ပေါ် ကနေ တမင် ပျံသန်း သွားကြ ခြင်း ဖြစ် သည်။ အစ္စရေး တိုက်လေယာဉ် အုပ်စုများ သည် ရည်ရွယ်ချက် ပစ်မှတ် များပေါ်သို့ ချောချော မောမော ရောက် နိုင်ရန် အတွက် ပင်လယ်ရေ မျက်နှာပြင်ပေါ် မှ ပေ ( ၃ဝ ) ထက် ပို မမြင့် စေဘဲ ခပ် နိမ့်နိမ့် ပျံသန်း သွား ကြ သည်။

အကြောင်း မှာ အီဂျစ် ရေဒါများ က ၎င်းတို့ ချဉ်းကပ် လာမှု ကို ကြိုတင် ဖမ်းယူ မသိ ရှိစေ လိုသော ကြောင့် ဖြစ် သည်။

အစ္စရေး တိုက်လေယာဉ် အုပ်စုများ သည် နိုင်း မြစ်ဝ ကျွန်းပေါ်ဒေသ ကို ရောက်သော အခါ အင်္ဂလိပ် အက္ခရာ ( U ) ပုံစံ ချိုးကွေ့လိုက်ပြီး အီဂျစ် နိုင်ငံ မြို့တော် ( Cairo ) ကိုင်ရို မြို့အနီး သို့ ဦးတည် သွား ကြ သည်။ ထို အချိန် မှာ အီဂျစ် စံတော်ချိန် ( 7:45 ) ( အစ္စရေးစံတော်ချိန် 8:45 ) ရှိနေပြီ။ ထို အချိန် တွင် အီဂျစ် လေယာဉ်မှူးတို့ မှာ နံနက်စာ စား၊ ကော်ဖီသောက် ကောင်းနေ ကြ ဆဲ။

အစ္စရေး တိုက်လေယာဉ်များ ကိုင်ရို မြို့ ကောင်းကင်ပေါ် ဝေါခ နဲ့ ရောက်လာတော့ မှ ကိုင်ရို လေဆိပ် လေကြောင်း မျှော်စင်ပေါ်က တပ်လှန့် ဥသြ ဆွဲသံ များ အဆက်မပြတ် ပေါ်ထွက် လာတော့ သည်။အစ္စ ရေး တိုက်လေယာဉ်များ အီဂျစ် လေကြောင်း ပိုင်နက် ထဲသို့ ရောက်လာပြီ ဟူသော အန္တရာယ် အချက် ပေးသံ ဖြစ်သည်။ အီဂျစ် တိုက်လေယာဉ်မှူးများ သည် မိမိ လေယာဉ်များဆီ သို့ အပြေးအလွှား သွား ကြ လေသည်။ အချို့မှာ ယူနီဖောင်း ဝတ်စုံ ကိုပင် မဝတ် ရသေး။ အီဂျစ် တို့ သိပ် နောက် ကျ သွား လေ ပြီ။

အီဂျစ် တိုက်လေယာဉ်များ ကွင်းပေါ် မှ စက်မနှိုး လိုက် ရခင် အစ္စရေး တိုက်လေယာဉ်များ က အီဂျစ် လေယာဉ်ကွင်း ရှိ အစီအရီ ရပ်နား နေသည့် အီဂျစ် တို့ ၏ ဆိုဗီယက် လုပ် MIG တိုက် လေယာဉ်များ ပေါ်သို့ ဗုံးကြဲ ချလေ သည်။ အီဂျစ် လေယာဉ်များ မီးလောင် ပေါက်ကွဲ ပျက်စီး လေသည်။လေယာဉ် ပြေးလမ်း၊ သိုလှောင်ရုံတွေ ကိုပါ ဗုံးကြဲ ချ သည်။ အစ္စရေး လေယာဉ်များ က ပစ်မှတ်များ ပေါ်သို့ သုံးကြိမ် သုံးခါ တစ်ကျော့ ပြီး တစ်ကျော့ ၊ တစ်သုတ် ပြီး တစ်သုတ် တိုက်ခိုက် ကြ သည်။တစ်သုတ် လျှင် တိုက်လေယာဉ် (၄) စီး ပါဝင် သည်။ (၂) စီး က ဗုံးကြဲ သည်။ ကျန် (၂) စီး က စက် သေနတ် ဖြင့် မွှေ သည်။

လေယာဉ် ပြေးလမ်း ပျက်စီး သွားသည့် အတွက် မပျက်စီး ဘဲ ကျန်ရှိ သည့် လေယာဉ်များ မှာ လည်း မပျံ တက်နိုင် တော့ပေ။ အီဂျစ် တိုက်လေယာဉ် အစီး (၂ဝ) က လည်း ခက်ခက် ခဲခဲ ကြား က ပျံတက် လာ နိုင်သေး သည်။ ထို ပျံ တက်လာ တဲ့ အီဂျစ် တိုက်လေယာဉ်များ ကို လည်း အစ္စရေးတိုက်လေ ယာဉ်များ က စက်သေနတ် ဖြင့် ပစ်ခတ် ရာ မီးလောင် ပြီး မြေပြင် သို့ ထိုးကျ ပျက်စီး သွား လေသည်။

အီဂျစ် တို့ ကလည်း လေယာဉ်ပြစ် အမြောက်များ နဲ့ အစ္စရေး လေယာဉ်များ ကို ထိထိ ရောက်ရောက် မပြစ် နိုင်။ ဆိုဗီယက် လုပ် SAM (ဆမ်) ဒုံးကျည်များ ဖြင့် ပြစ် သော်လည်း ထိရောက်မှု့မရှိ။အစ္စရေး တိုက်လေယာဉ် တို့သည် မိနစ် (၈ဝ) ကြာ စိတ်တိုင်း ကျ မွှေနှောက် တိုက်ခိုက်ပြီး သော အခါအခြေစိုက် စခန်း (၁၉) ခု နှင့် ဖွဲ့စည်း ထားသည့် အီဂျစ် လေတပ်ကြီး တစ်ခုလုံး တုတ်တုတ်မျှ မလှုပ် မြေပြင် ပေါ် တွင် ပြားပြားဝပ် ဇီဝိန်ချုပ် သွားလေ တော့သည်။

အီဂျစ် ကို သွားရောက် တိုက်ခိုက်စဉ် (၂၅) မိနစ် အချိန် အတွင်း အီဂျစ် တို့ မရှု မလှ ခံ နေရ ချိန်တွင် အခြားသော အစ္စရေး တိုက်လေယာဉ်စု များက ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ် နိုင်ငံများ ရှိ လေယာဉ် ကွင်းများ ကို တပြိုင်တည်း ဗုံးကြဲ ပြန် သည်။ အီဂျစ် လေယာဉ်ကွင်း (၁၉) ခု အပါအဝင် အာရပ်တို့ ၏ လေယာဉ်ကွင်း (၂၅) ခု ကို ဖျက်ဆီး နိုင်ခဲ့ သည်။

ပျက်စီး သွားသော အာရပ် တို့ ၏ လေယာဉ်များ မှာ-
အီဂျစ် လေယာဉ် = 400 စီး
ဂျော်ဒန် လေယာဉ် = 35 စီး
ဆီးရီးယား လေယာဉ် = 60 စီး
အီရတ် လေယာဉ် =15 စီး

အစ္စရေး တိုက်လေယာဉ်များ အီဂျစ် ကောင်းကင်ယံ ကို စိုးမိုး ပြီ
အစ္စရေး တိုက်လေယာဉ် များသည် စနစ်တကျ ကြိုတင် တွက်ချက် အကွက် ချထား ပြီး မှ သွားရောက် တိုက်ခိုက်ခြင်း ဖြစ် သည်။ လေယာဉ် တစ်အုပ်စု နှင့် တစ်အုပ်စု သည် ကွင်း မှ ပျံတက် သွားသည့်အချိန် ချင်း မတူညီ ကြ။


သို့ရာတွင် ပစ်မှတ် အသီးသီး ပေါ်သို့ တစ်ပြိုင်တည်း ရောက်ရှိသည့် အချိန် တူညီလေသည်။အီဂျစ်တို့ အလစ်ငိုက် မိကာ ချေမှုန်း ခံရ လေသည်။ ဇွန်လ (၅) ရက် နေ့ တစ်နေ့ တည်း မှာပင်အစ္စရေးတိုက်လေ ယာဉ်မှူး တစ်ဦးလျှင် (၈) ကြိမ်တိုင်တိုင် ရန်သူ့ စခန်း သို့ သွားရောက် ဗုံးကြဲ တိုက်ခိုက် သည်။ အစ္စရေး ဘက် မှ တိုက်လေယာဉ် (၁၉) စီး ဆုံးရှုံး သည်။ မြေပြင် မှ တုံပြန် ပြစ်ခတ်မှု့ ကြောင့် ဖြစ် သည်။ အီဂျစ် ကောင်းကင် တစ်ခုလုံး စိုးမိုး ထားလိုက် နိုင်သည်။

မြေပြင် မှာ လည်း အီဂျစ် တပ်တွေ ထောင်းလမောင်းကြေ •
ဤသို့ အစ္စရေး တို့ လေကြောင်း မှ တိုက်ခိုက်မှု့ ကြောင့် အာရပ် တို့ ၏ လေတပ်ကြီး လက်တံရှည် ရိုက် ချိုး ခံရ ကာ ပြားပြား ဝပ်သွားအောင် ဖျက်ဆီး ခံလိုက် ရပြီ ဖြစ်ကြောင်း သတင်းရ ရချင်း အစ္စရေး မြေ ပြင် တပ်များ အနေဖြင့် အီဂျစ် လေတပ် ၏ အန္တရာယ် ကို လုံးဝ စိုးရိမ်စရာ မလို ကြောင်း မိုရှေ ဒါယန် က သိလိုက် ပြီ။

မိုရှေ ဒါယန် က စစ်ကြောင်း ကြီး (၃) ကြောင်း ခွဲ ၍ ဆိုင်းနိုင်း သဲကန္တာရ ရှိ အီဂျစ် စစ်တပ်ကြီး ကို တိုက် ခိုက်ရန် အမိန့်ပေး လိုက် သည်။ပထမ စစ်ကြောင်း ကို ဗိုလ်ချုပ်ကြီး တာလ် ဦးစီး သည်။ ဒုတိယ စစ် ကြောင်း ကို ဗိုလ်ချုပ် ယိုဖီ ဦးစီး သည်။ တတိယ စစ်ကြောင်းကို ဗိုလ်ချုပ် အေရီယယ် ရှရွန် ဦးစီးသည်။


စစ်ကြောင်း တစ်ကြောင်း စီတွင် အင်အား (၁၅ဝဝဝ) စီ ဖွဲ့ထား ၍ ရှေ့တန်းရောက် စစ်သည် အင်အား မှာ (၄၅ဝဝဝ) လေးသောင်းခွဲ ဖြစ် သည်။ အီဂျစ် တို့ အင်အား က စစ်သည်ပေါင်း( ၈ဝဝဝဝ) ရှစ်သောင်း ရှိသည့် ရှစ်ခေါဘဏီ တပ်ကြီး ဖြစ် သည်။ (ခေါဘဏီ=တစ်သောင်း) (ရှစ်ခေါဘဏီ=ရှစ်သောင်း)အစ္စ ရေး ကြည်းတပ်များ စတင် ချီတက်ချိန် မှာ နံနက် (၈) နာရီ (၁၅) မိနစ်။ ပထမ စစ်ကြောင်း က ဂါဇာ ကမ်းမြောင် ဒေသ ရှိ အီဂျစ် တို့ ၏ ခံစစ်ကြောင်း ကြီး ကို ထိုးဖောက် နိုင်ခဲ့ သည်။ အီဂျစ် တပ်များ အစ္စ ရေး တို့၏ ထိုးစစ် ကို ကြံ့ကြံ့ မခံ နိုင်တော့။ အစ္စရေး တို၏ တာဝေးပြစ် အမြောက်များ ထိမှန် ခံထား ရရုံ ဖြင့် အတော် အင်အား ပျော့နေ ခဲ့ပြီ။

ဂါဇာ ကမ်းမြောင် ဒေသ မှ မြေထဲ ပင်လယ် ကမ်းခြေ အတိုင်း စူးအက် တူးမြောင်း သို့ ထိုးဖောက် သွားနိုင် ခဲ့ သည်။ အီဂျစ် တို့၏ ဆိုဗီယက် လုပ် SAM ဒုံးကျည် စခန်းကြီးများ ကိုလည်း မြေလှန် ဖျက်ဆီး လေသည်။

နတ်ဆာ ၏ အား အထားရဆုံး အီဂျစ် တင့်ကားတပ် နှင့် သံချပ်ကာ ကားတပ်များ ကိုယ်လွတ်ရုန်း ထွက် ပြေး ကြရ လေသည်။ ကျန်စစ်ကြောင်း ကြီး နှစ်ကြောင်း ကလည်း နီဂျစ် ဒေသ မှ ဆိုင်းနိုင်း သဲကန္တာရ ကို ဖြတ်၍ စူးအက် ပလယ်ကွေ့ကမ်းခြေ အရောက် ထိုးဖောက် ဝင်ရောက် သွားလေ သည်။

အစ္စရေး တို့၏ မုန်တိုင်း စစ်ကြီး တရကြမ်း တိုက်ခိုက်ပြီး ဆိုင်းနိုင်း သဲကန္တာရ တွင် အီဂျစ်တို့၏ စစ် ယန္တ ရားကြီး တစ်ခုလုံး မှာ အပျက်အစီး အကျအဆုံး များစွာ ဖရိုဖရဲ ဖြစ်သွား ခဲ့လေ ပြီ။မီးလောင် ပျက်စီး နေသော အီဂျစ် တို့၏ ဂျစ်ကားများ၊ စစ်ကားများ၊ ထရပ်ကားများ၊ သံချပ်ကာ ကားများ၊ တင့်ကားများ ကို မြင် မကောင်းအောင် တွေ့မြင် ရသည်။ ကျဆုံး ကျန်ရစ်သော ထောင်ချီ သော အီဂျစ် စစ်သားများ ၏ အလောင်းများ သည် နေရာတိုင်း မှာ ထောင်ပုံ ရာပုံ ဖြစ်နေ လေသည်။ အဖမ်းခံ ရသော အီဂျစ် စစ်သားများ သည်လည်း နည်းနည်းပါးပါး မဟုတ်။ ထောင် နှင့် ချီ၍ ရှိသည်။

တစ်ချို့ အီဂျစ် စစ်သားများ သည် လက်နက် မချ၊ အဖမ်း မခံဘဲ ပူပြင်း ခြောက်သွေ့လှသည့် ဆိုင်းနိုင်း သဲကန္တာရ ထဲ ခြေဦး တည့်ရာ ထွက်ပြေး နေကြ ရင်း အစာပြတ် ရေပြတ် ဖြစ်ကာ ပူပြင်း လှသည့် နေ ရောင် အောက်တွင် အသက် ပျောက်ကုန် ကြရ သည်။ စူးအက် တူးမြောင်း သို့ အရောက် ပြန်နိုင် သော စစ်သားများ သာ အသက် ရှင်ခွင့် ရသွား ကြ သည်။

ဇွန် လ (၇) ရက် နေ့တွင် တိုင်ရန် ရေလက် ကြားသည် လမ်းပွင့် သွားလေ သည်။ ရေလက်ကြား သို့ ပထမဦး ဆုံး ခုတ်မောင်း ဝင်ရောက် သည့် သင်္ဘော ကား အစ္စရေး ရေတပ် တိုက်သင်္ဘောများ ဖြစ်လေ သည်။

ဂျေရု ဆလင် ကို သိမ်းပိုက်ခြင်း •
 *******************************
ဇွန် လ (၇ )ရက် နေ့တွင် (Jerusalem) ဂျေရူ ဆလင် မြို့ အရှေ့ဘက်ခြမ်း ဂျော်ဒန် တပ်များ ကို တိုက် ခိုက် သည်။ ဂျေရု ဆလင် မြို့ကို သိမ်းပိုက် ရာတွင် ဘာသာရေး အရာ အထွတ် အမြတ် ထား သော အဆောက် အဦးများ ပျက်စီး မည်စိုး သဖြင့် အစ္စရေး က လက်နက်ကြီး များ မသုံးဘဲ တိုက်ခိုက် ရ သည်။
ဘာသာရေး အရ မြင့်မြတ်သော နေရာများ ကို ကျည် တစ်ချက် မျှ မထိ စေဘဲ ခက်ခက်ခဲခဲ တိုက်ခိုက် ရ သည်။ အစ္စရေး တို့၏ တိုက်ခိုက်မှု ကို ကြာရှည် မခံ နိုင်တော့ ဘဲ ထိုနေ့ နံနက်ပိုင်း တွင် ဂျော်ဒန် တပ်များ အခြေအနေ မလှ သဖြင့် ဆုတ်ခွာ သွားရ လေသည်။ နေ့လည် (၂) နာရီ တွင် မိုရှေ ဒါယန် သည် စစ်ဦးစီးချုပ် ရာဘင် နှင့် အတူ ဂျေရု ဆလင် မြို့ဟောင်း သို့ အမိုးဖွင့် ဂျစ်ကား ဖြင့် ရောက်လာ သည်။

ဂျူးလူမျိုး တို့၏ ရှေးဟောင်း သမိုင်းဝင် ဖြစ်သော Wailing Wall ( မြည်တမ်း ငိုညဉ်းခြင်း ) တံတိုင်း ကြီး သို့ ရှေးဦးစွာ သွားရောက် သည်။ မိုရှေ ဒါယန် က စာရွက် တစ်ရွက် ပေါ်တွင် ဘောလ်ပင် ဖြင့် "အစ္စရေး နိုင်ငံတော် ၌ ယခု ချိန်မှ စ၍ စစ်မှန် သည့် ငြိမ်းချမ်းရေး အစဉ်ထာဝရ လွှမ်းမိုး ပါစေ သော်" ဟူ၍ စာတစ်ကြောင်း ရေးလိုက်ပြီး တံတိုင်းကြီး ၏ ကျောက်တုံးကြီးများ ကြားသို့ ထိုးညှပ် လိုက် သည်။ ထို့နောက် ဂျူးလူမျိုး တို့ ထုံးတမ်း စဉ်လာ အရ အောက်ပါ အတိုင်း ဆုတောင်း လိုက်လေသည်။
"We Have Returned To The Holiest Of Our Holy Places, Never Again To Part From It."

"အမြင့်မြတ် တကာ အမြင့်မြတ်ဆုံး ဘုရားရှင် မြေသို့ ကျွန်ုပ် တို့ ပြန်ရောက် လာပါ ပြီ။ ဤနေရာ မှ နောက် တစ်ဖန် ဘယ်တော့ မှ မခွဲခွာ တော့ပါ။ ထာဝရ ဘုရားသခင် ကို ကတိ သစ္စာစကား ဆိုပါ ၏"
မိုရှေ ဒါယန် က ကတိ သစ္စာ ဆိုလိုက် ပြီးနောက် အစ္စရေး စစ်သားများ သည် လက်ဖဝါး ဖြင့် တံတိုင်း ကြီး ကို ထိကိုင် ရင်း နဖူး ဦးတိုက် ကြ သည်။ ပြီးမှ တံတိုင်းကြီးကို နမ်းရှုပ်လိုက်ကြသည်။ ဤ သို့ဖြင့် ဂျူးလူမျိုး တို့ နှစ်ပေါင်း များစွာ က အလွန်လိုလား တောင့်တ ခဲ့ရ သော ဂျေရု ဆလင်မြို့သည် အစ္စရေး တို့ လက်ထဲ လုံးလုံး ကျရောက် သွားလေ သည်။

ဂျော်ဒန် ဘုရင် ဟူစိန်၏ မဟာအမှား
ဂျေရု ဆလင်မြို့ အသိမ်း ခံရ သော ဇွန် လ (၇) ရက် နေ့တွင် ဂျော်ဒန် ဘုရင် ဟူစိန် က ကုလသမဂ္ဂ ဖြန်ဖြေမ့ှု ကို လက်ခံ ရလေ သည်။ ဂျောဒန် ဘုရင် သည် အီဂျစ် သမ္မတ နတ်ဆာ သွေးဆောင်မှု့ ကြောင့် စစ်ပွဲ တွင် ပါဝင် လာ ရခြင်း ဖြစ်သည်။

သို့ရာ တွင် အစ္စရေး တို့နှင့် တိုက်ခိုက် ရသော အခါ ဂျော်ဒန် စစ်တပ်များ မှာ စနစ်တကျ ပြင်ဆင်မှု့ မရှိသည် ဖြစ်၍ အလူး အလဲ ရှုံးနိမ့် ခဲ့ရ သည်။ ဂျောဒန် ဘုရင် ဟူစိန် ကိုယ်တိုင် က "ဒီ တစ်ချီလည်း ကွဲခဲ့ ရပြန် ပြီ၊ ဂျော်ဒန် စစ်သား (၁၅ဝဝဝ) ကျဆုံး ခဲ့ရ ပါသည်၊ စစ်လက်နက်များ လည်း ဆုံးရှုံး ခဲ့ရ သည်"ဟု စိတ်ပျက် စွာ ဆိုလေ သည်။

အနောက်ဘက်ကမ်း ဒေသ နေ ပါလက်စတိုင်း လူမျိုးများ သည် အစ္စရေး ၏ သိမ်းပိုက်ခံ အောက် မှာ မနေလို့ တော့ သဖြင့် ဂျော်ဒန် နိုင်ငံ ထဲသို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ခိုလှုံ လာ ကြာ တော့သည်။
ယာယီ တဲများ ထိုးတာ ဖြစ်သလို နေ ဖြစ်သလို စားကြ ရ သည်။ နဂို ကတည်း က စစ်ရှုံး ၍ ချွတ်ခြုံ ကျနေ ရသည့် ဂျော်ဒန် နိုင်ငံ သည် ပါလက်စတိုင်း ဒုက္ခသည်များ ကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေ တော့ သည်။ ထို သိန်းချီသော ပါလက်စတိုင်း လူမျိုးများ ၏ စားဝတ်နေရေး ပြန်လည် နေရာ ချထား ရေး ကို ဂျော်ဒန် တစ်နိုင်ငံ တည်း က လည်း ဖြေရှင်း မပေး နိုင်။ ထို အချိန် မှ စ၍ ပါလက်စတိုင်း နိုင်ငံ ပျောက်သွား လေ သည်။

အီဂျစ် သမ္မတ နတ်ဆာ စစ်ရပ် စဲရေး လက်ခံ လိုက်ရ ခြင်း
ဇွန် လ (၈) ရက် နေ့ တွင် အီဂျစ် သမ္မတ နတ်ဆာ က ကုလသမဂ္ဂ ၏ အတိုက်ခိုက် ရပ်စဲ ရေး ဖျန်ဖြေမှု့ ကို လက်ခံ လိုက်ရ တော့သည်။ လက်မခံ လို့လည်း မရ။ ဆိုင်းနိုင်း သဲကန္တာရ စစ်မျက်နှာပြင် တွင် အီဂျစ် တပ်များ အရှုံး နှင့် သာ ရင်ဆိုင် နေရ ပြီး ထောင်းလမောင်း ကြေနေ သည်။

ဂိုလန် ကုန်းမြင့် ကို သိမ်းယူခြင်း •
အစ္စရေး က အီဂျစ် နှင့် ဂျော်ဒန် တို့ကို အားခဲပြီး တိုက်ခိုက် နေရ သဖြင့် ဆီးရီးယား ကို မတိုက်နိုင် သေးဘဲ ရှိနေ သည်။ ယင်း ကို "အစ္စရေး က မတိုက် ရဲဘူး"လို့ ဆီးရီးယား က ထင်နေပုံ ရသည်။ ဇွန် လ (၆) ရက် နေ့ မှ စ၍ ဆီးရီးယား တို့ က (Golan Height) ဂိုလန် ကုန်းမြင့်ပေါ် မှ အပေါ်စီး ယူကာ အမြောက်ကြီး များဖြင့် အစ္စရေး ဘက်သို့ ပစ်ခတ် နေသည်။ သို့သော် လည်း ပထမ (၃) ရက် လုံးလုံး အစ္စရေး က ပြန်လည် ပစ်ခတ်ခြင်း မပြုဘဲ ဆီးရီးယား စစ်ခန်းများ ၏ နေရာ မှန်ကို သိရှိရန် စောင့် ကြည့် အကဲခတ် နေခဲ့ သည်။

ဇွန် လ (၈) ရက် နေ့တွင် ဂိုလန် ကုန်းမြင့် ရှိ ဆီးရီးယား တို့၏ အမြောက်ကြီးများ ပေါ်သို့ အစ္စရေး တိုက်လေယာဉ်များ က ဗုံးကြဲ ချသည်။ အမြောက် ခံတပ်များ ပျက်စီး သွားလေ သည်။ ထို အချိန် မှ စ ၍ အစ္စရေး ဘက် သို့ ကျ လာသော အမြောက်ဆံ များလည်း သိသိသာသာ လျော့နည်း သွားသည်။
ဇွန် လ (၉) ရက်၊ (၁ဝ) ရက် နေ့တွင် အစ္စရေး တိုက်လေယာဉ်များ က ဂိုလန် ကုန်းမြင့် ရှိ ခံတပ်ကြီး ကို ဆက်လက် ဗုံးကြဲ ချပြန် သည်။ အင်္ဂတေ များဖြင့် အလွန်ထူထဲ ခိုင်ခံ့စွာ ဆောက်လုပ် ထားသော ဘန်ကာကြီး ဖြစ်၍ အလုံးစုံ ပျက်စီးအောင် ဗုံးမကြဲ နိုင်ခဲ့ ပေ။

အစ္စရေး လေတပ် နှင့် ကြည်းတပ် ပေါင်းပြီး ညှပ်တိုက် သည်။ တောင်ကမ်းပါးယံများ ခက်ခဲစွာ တက်ရ သည်။ မိုင်းများ ကိုလည်း ရှင်းလင်း ရသည်။ အနီးကပ် လှံစွပ် ထိုး တိုက်ခိုက် ရသေး သည်။ အစ္စရေး တို့က အချက်အချာ ကျကျ ပိတ်ဆို့ ဝန်းရံ တိုက်ခိုက် သည်။ ဆီးရီးယား က အစ္စရေး တို့ ထိုးစစ် ကို ကြာရှည် မခံ နိုင်တော့ ဘဲ ဆင်းပြေး ရတော့ သည်။

ထို တိုက်ပွဲ တွင် ဆီးရီးယား စစ်သည် (၁ဝဝဝ) ကျော် ကျဆုံးပြီး (၆ဝဝ) ခန့် အဖမ်း ခံရ သည်။အစ္စရေး စစ်သည် (၁၁၅) ယောက် ကျဆုံး သည်။ ဆီးရီးယား တို့၏ လက်နက်ကြီး (၅ဝ%) ဖျက်ဆီး ခံရ ပြီး ကျန် (၅ဝ%) မှာ အကောင်း ပကတိ အတိုင်း အစ္စရေး တို့ သိမ်းယူ ခံရ သည်။

ဂိုလန် ကုန်းမြင့်ကြီး အစ္စရေး တို့ သိမ်းယူ လိုက်ပြီ။ ဂိုလန် ကုန်းမြင့် ပေါ်မှ (၂၅) မိုင်ခန့် ဝေးသော ဆီရီး ယား နိုင်ငံ (Damascus) ဒမတ် စကတ် မြို့ကို လက်နက်ကြီးများ နှင့် ချိန်ထား လိုက်သည်။ ဂိုလန် ကုန်းမြင့်ကြီး သိမ်းပိုက် ရလိုက် သဖြင့် အစ္စရေး ဆီးရီးယား နယ်စပ် ဂါလီလီ ရေအိုင်ကြီး အနီးရှိ အစ္စ ရေး ကျေးရွာများ လုံခြုံမှု ရှိသွား လေသည်။ ထို့ပြင် ဂိုလန် ကုန်းမြင့် မှ ရေ အရင်းမြစ်များ အစ္စရေး တို့ အတွက် များစွာ အကျိုး ရှိလေ သည်။

၁၉၆၇ ဇွန် လ (၅) ရက် မှ (၁၁) ရက် အထိ (၆) ရက် ကြာ ဖြစ်ပွား ခဲ့သော အာရပ်-အစ္စရေး တတိယ စစ်ပွဲကြီး သည် ပြီးသွား လေသည်။ အစ္စရေး စစ်သား လေးသောင်းကျော် က အီဂျစ်စစ်သားရှစ်သောင်း ကျော် အပါအဝင် အာရပ် စစ်သား တစ်သိန်းကျော် ကို ချေမှုန်း လိုက်နိုင် သော စစ်ပွဲ ပေတည်း။

စစ်ပွဲ စာရင်းချုပ် လိုက်သော အခါ အစ္စရေး တို့ သိမ်းပိုက် ထားသော နယ်မြေ များ မှာ ဂါဇာကမ်းမြောင် ဒေသ၊ ဆိုင်းနိုင်း သဲကန္တရကြီး တစ်ခုလုံး၊ ဂျေရု ဆလင်မြို့ဟောင်း၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသ၊ ဆီးရီးယာ ပိုင် ဂိုလန် ကုန်းမြင့် ဒေသများ ကို သိမ်းပိုက် ရရှိ သည်။ ထို သိမ်းပိုက် ရရှိ သော နယ်မြေများ သည် အစ္စရေး နိုင်ငံ ထက် (၄) ဆ ကျယ်ဝန်း သည်။

ထို စစ်ပွဲ တွင် အစ္စရေး စစ်သား (၇၇၉) ဦး ကျဆုံး ခဲ့ရ သည်။ အာရပ် စစ်သားများ သောင်းဂဏန်း ချီပြီး ကျဆုံး သည်။ အာရပ် တို့ နှင့် နှိုင်းယှဉ် လိုက်လျှင် အလွန်ပင် နည်းပါး လှသည် ဟု ဆိုရ ပေမည်။သို့ပေ မယ့် အလွန်တရာ လူဦးရေ နည်းပါး သည့် အစ္စရေး နိုင်ငံ အဖို့ ထို ကျဆုံး စစ်သား (၇၉၉) ဦး သည် နည်းတယ် လို့ မဆို နိုင်ပေ။ စစ်သား တစ်ယောက် ကိုပင် အဆုံးရှုံး မခံ နိုင်ပါ ဟု မိုရှေ ဒါယန် က ဆို သည်။


Link: Here

More detilas

ကမ္ဘာပေါ်တွင် အစ္စရေးနိုင်ငံသမိုင်းသည်လည်း စိတ်ဝင်စားစရာကောင်းသော သမိုင်းနောက်ခံများ တည်ရှိခဲ့ပေ သည်။ ထို သမိုင်းနောက်ခံများထဲမှ စိတ်ဝင်စားဖွယ်ရာကောင်းသော၊ သင်ခန်းစာ ယူ ဖွယ်ရာကောင်းသော အစ္စရေး နိုင်ငံ၊ အစ္စရေးလူမျိုးများ၏ ကမ္ဘာပေါ်တွင် ရပ်တည်ရှင်သန် နေထိုင်ခဲ့ ရပုံများ ကို မှတ်သားဖွယ်ရာ တွေ့ရှိရပေ သည်။

အတိတ်သမိုင်း
=======
ဣသရေလ လူမျိုးများ
--------------------
ဣသရေလခေါ်၊ ရေဝတီခေါ်၊ ရဟူဒီခေါ်၊ ဟေဗြဲခေါ်၊ ဂျူးခေါ်သော လူမျိုးတစ်မျိုးသည် ရှေးဟောင်း ခေတ်တွင် အင်ပါယာကြီးတစ်ခုကို ထူထောင်ခဲ့သော လူမျိုးတစ်မျိုး မဟုတ်ခဲ့သော်လည်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းအတွက် အရေးပါအရာရောက်သော ယဉ်ကျေးမှု အမွေအနှစ်များကို ပေးခဲ့သော လူ မျိုးဖြစ်သည်။ ဣသရေလ (သို့မဟုတ်) ဟေဗြဲလူမျိုးသည် အာမော်ရီတ၊ ကင်နာနိုက်၊ အာရာမေယန်း လူမျိုးများကဲ့သို့ပင် ဆေးမီတစ်အမျိုးအနွယ်မှပင် ဆင်းသက်လာကြသည်ဟု ယူဆခဲ့ကြသည်။ 

ဣသရေလတို့သည် သိုးအုပ် ဆိတ်အုပ်များကို ထိန်းကျောင်း၍ ရေကြည်ရာ မြက်နုရာ လှည့်လည် သွားလာနေသော လူမျိုးတစ်မျိုးဖြစ်သည်။ ယနေ့ထက်တိုင် မိမိတို့၏ သီးခြား ယဉ်ကျေးမှုနှင့် လူမျိုးမ ပျောက်ဘဲ ရှိနေသော ဣသရေလလူမျိုးတို့သည် အာဘရာဟမ်အမည်ရှိသော ပုဂ္ဂိုလ်မှ ဆင်းသက် လာကြသော လူမျိုးဖြစ်သည်ဟု ယခုတိုင် ဣသရေလလူမျိုးတို့က ယုံကြည်ကြသည်။

ပါလက်စတိုင်း (သို့မဟုတ်) ကာန်နန်ပြည်သို့ ရောက်ရှိခြင်း
----------------------------------------------------------
ဘီစီ (၁၄ဝဝ)လောက်တွင် လှည့်လည်ကျက်စားနေသော ဣသရေလ လူမျိုးများကို ခေါင်းဆောင် ဂျိုး ရှူအာက ကွပ်ကဲ၍ ဂျော်ဒန်ကို ဖြတ်ပြီး ပါလက်စတိုင်းသို့ ဣသရေလများ ရောက်ရှိလာခဲ့ကြသည်။ ထို့အပြင် အီဂျစ်ကို ဟစ်ကဆိုး လူမျိုးများ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်ကလည်း ဟစ်ကဆိုးတို့နှင့်အတူ ဣသရေလ လူမျိုးများ အများအပြား ပါသွားပြီး အီဂျစ်ပြည်၌ နေထိုင်ခဲ့ကြသည်။ အီဂျစ်မှ ဣသရေ လများသည် မိုးဆက်ခေါ် မောရှေ ခေါင်းဆောင်သည့် ဣသရေလ်များ တစုတရုံးကြီး အီဂျစ်မှထွက် ခွာသွားကာ ပါလက်စတိုင်းသို့ရောက်သွားကြပြီး၊ ထိုပြည်က ဌာနေလူမျိုးများနှင့် ရောယှက်သွား ကြ သည်။ ကာန်နန်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဣသရေလတို့၏ ယဉ်ကျေးမှုများလည်း ပေါင်းစပ် တူညီ သွားခဲ့ကြသည်။ ဣသရေလ လူမျိုးများတွင် မျိုးရိုးချင်းတူလျက် အုပ်စုအလိုက် (၁၂)မျိုး ကွဲပြားလျက် ရှိသည်။

ဣသရေလ နိုင်ငံအစိုးရ
-----------------------
ဘီစီ ၁ဝ၂၅ နှစ်အထိ ဣသရေလ အမျိုးသားတို့၏ အစိုးရသည် သီအိုကရေစီခေါ် ဘုရားရှိခိုး ကျောင်း မှ အုပ်ချုပ်သော ဘာသာရေးအုပ်ချုပ်မှုကို ကျင့်သုံးခဲ့သည်။ ရှေးဦးစွာ မောရှေက လူမျိုးအုပ်စုများကို ထိန်းချုပ်အုပ်ချုပြပြီးလျှင် ဘုရားသခင်၏ ပညတ်တော်များကို ဟောပြော၍ ကျင့်ဝတ်နှင့် စည်းကမ်းကို လိုက်နာအောင် ထိန်းသိမ်းခဲ့ကြသည်။

နောင်တွင် လူမျိုးအုပ်စုအလိုက် တရားသူကြီးများ ခန့်အပ်ထား၍ တရားသူကြီးများက အမှုအခင်းများ စီရင်ဆုံးဖြတ်ခြင်း၊ လုပ်ငန်းတာဝန်ခွဲဝေခြင်း၊ ကွပ်ကဲခြင်းတို့ကို တာဝန်ယူခဲ့ကြသည်။ ဣသရေလ များသည် အတန်းအစား မခွဲခြားပဲ အများစုပေါင်း လုပ်ကိုင်သော ဘုံလုပ်ငန်းစနစ်နှင့် အကျိုးစီးပွားကို အများကပင် စုပေါင်းခံစားရသည့် လူနေမှုစနစ်ကို တည်ထောာင်ကျင့်သုံးခဲ့သည်။ ထို့နောက်ပိုင်းတွင် အနာဂတ်ကို အမြင်ရသူများဟု ယုံကြည်ကြသော တမန်တော်များ ပေါ်လာပြီး၊ ထိုတမန်တော်များ၏ ဟောပြောအုပ်ချုပ်မှုဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြသည်။

ဣသရေလ နန်းဆက် ပေါ်ပေါက်လာပုံ
--------------------------------------
ဖီလစ္စတင်းတို့က ပါလက်စတိုင်းကို ဝင်ရောက်တိုက်ခိုက်လာသည်ကို သူရသတ္တိနှင့် ပြည့်စုံသော သူရဲ ကောင်း ဆာဦးလ်က ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သောကြောင့် ဆာဦးလ်ကို တမန်တော်များ၏ သဘော တူညီချက်ဖြင့် နန်းတင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဣသရေလနိုင်ငံ ပေါ်ပေါက်လာပြီး ဆာဦးလ် ဘုရင် က ပထမဆုံး မင်းအဖြစ် အုပ်စိုးခဲ့သည်။ ဣသရေလတို့၏ ဘာသာအယူဝါဒ ရည်ရွယ်ချက်မှာ မိမိတို့ လူမျိုး တစည်းတလုံးတည်း နေထိုင်နိုင်ရန် ဖြစ်သည်။ ဣသရေလတို့က တစ်ဆူတည်းသော ယေဟို ဗာ ဘုရားကိုသာ စွဲမြဲစွာ ယုံကြည်ကိုးကွယ်ကြသည်။ ဣသရေလတို့သည် ဘုရင်အုပ်ချုပ်ရေးနှင့် ဘုရား ကိုးကွယ်မှုကို မရောယှက်ကြပေ။ ဘုရင်များကိုလည်း ဘုရားအဖြစ် မကိုးကွယ်ကြပေ။ ဘုရားသခင် အလိုတော်ကျ ဘုရင်များက ပြည်သူတို့ အကျိုးကို ဆောင်ရမည်ဟုသာ ယုံကြည်ကြသည်။ 

ဣသရေလတို့သည် စာပေတွင်လည်း ကိုယ်ပိုင်စာပေကို ဖန်တီးခဲ့ကြသူများ ဖြစ်ကြောင်း ဘီစီ (၁၄ဝဝ) ခန့်၌ နောင်တွင် ရောမအက္ခရာဖြစ်လာမည့် မူလအက္ခရာကို ဣသရေလတို့ ကတီထွင်ခဲ့ကြကြောင်း သမိုင်းအထောက်အထားများက သက်သေပြခဲ့သည်။ ပါလက်စတိုင်း၏ မြောက်ဘက်ရှိ ဣသရေလ တို့နှင့် အနွယ်တူ လူမျိုးများ နေသော ဂျူဒါနိုင်ငံကို ဒေဗစ်ဘုရင် အုပ်စိုးသည်။ ဆာဦးလ်ဘုရင်၏သား အစ်ရှဘလ် ဘုရင် ကွယ်လွန်သောအခါ ဣသရေလနိုင်ငံ ကဒေးဗစ်ဘုရင်ထံ သစ္စာခံခဲ့သည်။

ဒေဗစ်ဘုရင် ကွယ်လွန်သောအခါ ဆော်လမွန်ဘုရင် နန်းတက်ခဲ့သည်။ ဆော်လမွန်သည် ဉာဏ်ပညာ ထက်မြက်၍ အမြင်ကျယ်သူတစ်ဦး ဖြစ်သောကြောင့် ဣသရေလ နိုင်ငံတွင် တိုးတက်မှုအများ အပြား ဖြစ်ပေါ်ခဲ့သည်။ ဆော်လမွန် လက်ထက်တွင် စီးပွားကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုများကို အားပေး ပြီးလျှင် ကူးသန်းသွားလာရေး လမ်းမကြီးများကို ထိန်းသိမ်း စောင့်ရှောက်ပေးသည်။ ဆော်လမွန် လက် ထက်တွင် သတ္တုတူးဖော်မှုနှင့် သတ္တုကျိုချက်မှုများ ထွန်းကားပြီးလျှင် အပြည်ပြည်နှင့် ကူးသန်းရောင်း ဝယ်ရေးလည်း ထွန်းကားခဲ့သည်။ ထို့အပြင် ဆော်လမွန်က ပင်လယ်နီတဝိုက်၌ ကုန်သွယ်မှုကို အား ပေး ရန်အတွက် တီယာပြည် ဟီရမ်ဘုရင်နှင့် သဘောတူ စာချုပ်ချုပ်ပြီးလျှင် ကုန်တင်သင်္ဘော အ မြောက်အမြားကိုလည်း တည်ဆောက်ခဲ့သည်။

သို့သော် ဆော်လမွန် တိုးချဲ့့လုပ်ကိုင်သော စီမံကိန်းများမှာ ဇယားမကိုက်ခဲ့ပေ။ အဘယ်ကြောင့် ဆို သော် ဆော်လမွန်၏ နိုင်ငံသည် သယံဇာတပစ္စည်းများ ရှားပါးပြီးလျှင် တိုးချဲ့သော လုပ်ငန်းများအတွက် ကုန်ကျစရိတ်မှာလည်း အင်မတန်ကြီးမားသောကြောင့် ဖြစ်သည်။ ထို့အပြင် စီမံကိန်းများအတွက်ကုန် ကျသော စရိတ်များကို နိုင်ငံသားများထံမှအခွန်ကောက်ခံ၍ပြည်သူတို့အားအလုပ်ခိုင်းခြင်းတို့ကြောင့်  ပြည်သူများက ဆော်လမွန်အပေါ် မကျေမနပ်ဖြစ်ခဲ့ကြသည်။ ဆော်လမွန်ဘုရင် ကွယ်လွန်သောအခါ ဣသရေလသည် ယခင်ကဲ့သို့ပင် တောင်ပိုင်းနှင့် မြောက်ပိုင်းဟု (၂)ခြမ်း ပြန်၍ကွဲသွားပြီးလျှင် မြောက် ပိုင်းက ဣသရေလ နိုင်ငံဖြစ်လာပြီး၊ တောင်ပိုင်းက ဂျူဒါနိုင်ငံ ဖြစ်လာခဲ့သည်။ ထို့နောက် အေဒီ(၇ဝ) ရောမလူမျိုးတို့က ဂျေရုစလင်မြို့တော်ကို တိုက်ခိုက်ဖျက်ဆီးရာမှ ဂျူးနိုင်ငံ ပျောက်ကွယ်ခဲ့ရသည်။

ဂျူးလူမျိုးတို့ရဲ့ဘဝ
-------------------
၁၉ ရာစုနောက်ပိုင်းတွင် ဇီယွန်ဝါဒခေါ် ဂျူးအမျိုးသားရေးဝါဒကို သြစထရီးယားနိုင်ငံသား သီယိုဒိုး ဟာဇ် က ဖော်ထုတ်ခဲ့သည်။ ဇီယွန်ဝါဒ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာအနှံ့အပြား ဂျူးလူမျိုးအတွက် ပါလက်စတိုင်းဒေသတွင် နိုင်ငံတည်ထောင်ရန် ဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ဖြစ်ပွားသော ပထမ ကမ္ဘာ စစ်အတွင်း အာရပ်တို့က တူရကီတို့ကို ပုန်ကန်ရာတွင် ဗြိတိသျှတို့က အာရပ်တို့ဘက်မှ ကူညီခဲ့သဖြင့် ပါလက်စတိုင်းဒေသကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂) ရက်နေ့တွင် ဗြိတိသျှ နိုင်ငံ ခြားရေးဝန်ကြီး အာသာဂျိမ်းဘဲလ်ဖိုးက ကြေငြာစာတမ်းတစ်ခုကို ထုတ်ပြန်ခဲ့သည်ထိုကြေငြာစာတမ်း တွင် ဂျူးလူမျိုးများအတွက် ပါလက်စတိုင်းဒေသ၌ နိုင်ငံတစ်နိုင်ငံ တည်ထောင်ပေးနိုင်ရေးနှင့် ပတ် သက် သော သဘောထားကို ဗြိတိသျှအစိုးရက ဖော်ပြခဲ့သည်။

မကြာမီ အာရပ်နှင့် ဂျူးအမျိုးသားများ၏ ပဋိပက္ခမှုပေါ်ပေါက်လာကာ တနေ့တခြား ပြင်းထန်လာခဲ့ပြီး အကြမ်းဖက် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ သည်တွင် ဗြိတိသျှအစိုးရက စုံစမ်းရေးကော်မတီရှင် တစ်ရပ်ကို စေလွှတ်၍ ပါလက်စတိုင်းဒေသတွင် ဂျူးလူမျိုးများ အခြေချခြင်းကို တားမြစ်ရာ ရောက် သည့် စက္ကူဖြူစာတမ်းကို ၁၉၃ဝ ပြည့်နှစ်တွင် လော့ဒ်ပတ်စ်ဖီးလ်က ထုတ်ပြန်ခဲ့သည်။ 

ထိုကြေငြာစာတမ်းသည် ဗြိတိသျှနှင့် ဂျူးအမျိုးသားတို့၏ ဆက်ဆံရေးတွင် အတားအဆီးသဖွယ် ဖြစ် လာသည်။ ဘဲလ်ဖိုးကြေငြာစာတမ်းကိုလည်း ဆန့်ကျင်သကဲ့သို့ ဖြစ်နေသည်။ သို့ဖြင့် ထိုစက္ကူဖြူစာ တမ်း ကို ပြန်လည်ပြင်ဆင်သည့် ကြေငြာချက်တစ်ရပ် ထုတ်ပြန်ရသည်။ ယင်းကြေငြာချက်အရ ယ ခင်က တားမြစ်ထားသည့် ပါလက်စတိုင်းဒေသတွင်းသို့ ဂျူးလူမျိုးများ ဝင်ရောက် အခြေချခြင်းကို ပြန် လည်ခွင့်ပြုခဲ့ရသည်။ ထိုအချိန်မှစ၍ ၁၉၃၃ ခုနှစ် တိုင်အောင် အရှေ့ဥရောပနှင့် ဂျာမနီနိုင်ငံတို့မှ ဂျူး များတဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။ ဆက်လက်၍ ၁၉၃၃ ခုနှစ်၊ ဂျာမနီတွင် ဟစ်တလာ အာဏာ ရရှိသည့် အချိန်မှစ၍ ဂျာမနီနိုင်ငံနှင့် ဥရောပအလယ်ပိုင်း ဒေသတို့မှ ဂျူးလူမျိုးများသည် ပါလက်စ တိုင်း ဒေသသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့သည်။ အာရပ်နယ်မြေရှိ ဗြိတိသျှ စီးပွားရေး ရင်းနှီး မြုပ်နှံမှုများနှင့် စူးအက်တူးမြောင်း ပတ်ဝန်းကျင်ရှိ ဗြိတိသျှစစ်အခြေခံစခန်းများ လုံခြုံရေးအတွက် ဗြိတိသျှတို့သည် အာရပ်တို့နှင့် ရင်းနှီးမှုရရန် အဘက်ဘက်မှ ကြိုးပမ်းခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ဂျူးလူမျိုး တို့ လာရောက် အခြေချခြင်းကို ကန့်သတ်သည့် စက္ကူဖြူစာတမ်း တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဂျူးလူမျိုးတို့သည် ဗြိတိသျှအစိုးရက ထုတ်ပြန်သော စက္ကူဖြူစာတမ်းကို မကျေနပ်သော်လည်း ၁၉၃၉ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာသောအခါ စက္ကူဖြူစာတမ်းပြဿနာကို ခေတ္တမေ့ ပျောက် ထားရသည်။ ဗြိတိသျှတို့နှင့် ပူးပေါင်းကာ ဘုံရန်သ ူနာဇီဂျာမနီကို တိုက်ခိုက်ခဲ့သည်။ ယင်းစစ်ကြီးပြီး ဆုံးတော့မှ ဂျူးတို့သည် ဗြိတိသျှအစိုးကို ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ကြသည်။ ဗြိတိသျှ ဆန့်ကျင် ရေး ပြောက်ကျားလှုပ်ရှားမှုများကို ဂျူးမြေအောက် အဖွဲ့အစည်း(၃)ခုဖြစ်သော ဟာဂါနာ၊ အာရ်ဂွန်နှင့် စတန်းဂိုဏ်းတို့က လုပ်ဆောင်သည်။ တစ်နေ့တစ်ခြား အခြေအနေ တင်းမာလာ၍ ကုလသမဂ္ဂမှ စေ လွှတ်သည့် အဖွဲ့ဝင်(၁၁)ဦး ပါဝင်သော အထူးစုံစမ်းရေးကော်မရှင်က ပါလက်စတိုင်းဒေသကို အာရပ် နိုင်ငံနှင့် ဂျူးနိုင်ငံဟူ၍ ခွဲဝေပိုင်းခြားပေးရသည်။ ဂျေရုစလင်ဒေသကို နိုင်ငံတကာ အစောင့်အ ရှောက် ခံ နယ်မြေအဖြစ် ထားရှိရန် အဆိုပြုခဲ့သည်။ ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ယင်းအဆိုပြု ချက်ကို အတည်ပြုခဲ့သည်။ ပါလက်စတိုင်းဒေသ၌ ဆူပူလှုပ်ရှား အကြမ်းဖက်မှုများ၊ မင်းမဲ့စနစ်သဏ္ဍာန် လွှမ်းမိုးလာရာ၊ ၁၉၄၈ ခုနှစ် မေလ(၁၄)ရက်နေ့တွင် ပါလက်စ တိုင်းဒေသမှ ဗြိတိသျှတပ်များ ဆုတ်ခွာ၍၊ ဂျူးလူမျိုးတို့က မိမိတို့၏ ဒေသကို လွတ်လပ်သော အစ္စရေး နိုင်ငံအဖြစ် ကြေညာခဲ့သည်။

ထိုဒေသတွင် ယာယီအစိုးရဖွဲ့စည်းပြီး ဂျူးခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေးဗစ် ဘင်ဂူရီယန်အားဝန်ကြီး ချုပ် ခန့်အပ်ခဲ့သည်။ ယင်းသို့ ပါလက်စတိုင်းဒေသကို အစ္စရေးနိုင်ငံ တည်ထောင်လိုက်ခြင်းကို အမေရိ ကန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က အသိအမှတ်ပြုခဲ့ကြသည်။ 

အာရပ်နိုင်ငံများအဖွဲ့ချုပ်က လုံဝ လက်မခံခဲ့သည့်အပြင်၊ အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံ၊ ဂျော်ဒန်၊ ဆီးရီးယား၊ လီဘာနွန်၊ အီရတ်နှင့် ဆော်ဒီအာရေးဘီးယား နိုင်ငံများက ဆန့်ကျင်ဆန္ဒပြကာ အစ္စရေး နိုင်ငံကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်အထိ ကန့်ကွက်ခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကောင့်ဘာနာဒေါ့တ်၏ စေ့စပ်ဖြေရှင်းမှုကြောင့် ၁၉၄၈ ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့တွင် အပစ်အခတ်ရပ် စဲရန် သဘောတူညီခဲ့ကြသည်။ ကောင့်ဘာနာဒေါ့တ် လုပ်ကြံခံရ၍ ၎င်း၏ရာထူးကို ဆက်ခံသောရာလ် ဖိဘန့်ချ်လက်ထက် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် အစ္စရေးနိုင်ငံကအာရပ်ပြည်ထောင် စု သမ္မတနိုင်ငံအပါအဝင် ဂျော်ဒန်၊ လီဘာနွန်၊ ဆီးရီးယား နိုင်ငံများနှင့်အပစ်အခတ်ရပ်ဆဲရေးသဘော တူညီချက်ကို ဂရိနိုင်ငံပိုင် ရုတ်စ်ကျွန်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤသို့ဖြင့် ဂျူးလူမျိုးများသည် ကမ္ဘာ့မြေပုံပေါ်တွင် ဂျူးလူမျိုးတို့အတွက် နေရာတစ်နေရာ ရအောင်ကြိုးစား အားထုတ်ခဲ့ကြသည်။

အစ္စရေး သမ္မတနိုင်ငံ
-------------------
အစ္စရေး သမ္မတနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၌ မြောက်လတ္တီတွဒ် ၂၉ ၂၈ ဒီဂရီ စင်တီဂရိတ် နှင့် ၃၃ ၁၄ ဒီဂရီစင်တီဂရိတ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၃၄ ၂၅ ဒီဂရီစင်တီဂရိတ် နှင့် ၃၅ ၃၂ ဒီဂရီစင် တီဂရိတ် အကြားတွင် တည်ရှိသည်။ အစ္စရေးနိုင်ငံ မြောက်ဘက်တွင် လက်ဘနွန်နိုင်ငံ၊ အရှေ့မြောက် ဖက်တွင် ဆီးရီးယားနိုင်ငံ၊ အရှေ့ဖက်တွင် ဂျော်ဒန်နိုင်ငံ၊ တောင်ဘက်တွင် အက္ကဘာပင်လယ်ကွေ့၊ အနောက်တောင်ဖက်တွင် အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံ၊ အနောက်ဖက်တွင် မြေထဲပင်လယ်တို့ ဝန်းရံလျက်ရှိသည်။

မြေမျက်နှာပြင် ပထဝီအနေအထားအရ အစ္စရေးနိုင်ငံကို လေးပိုင်းခွဲခြားထားသည်။ ၎င်းတို့မှာ-

၁။ တောင်တန်းဒေသ
၂။ ကမ်းခြေလွင်ပြင်ဒေသ
၃။ ကန္တာရဒေသ
၄။ မြစ်ဝှမ်းဒေသတို့ ဖြစ်သည်။

တောင်တန်းဒေသမှာ မြောက်ပိုင်းတွင်ရှိ၍ ဂယ်လီလီ၊ ဂျူဒါနှင့် ဆမာရီရာဒေသများ ပါဝင်ပြီး အချို့ နေ ရာများတွင် ပေ ၄ဝဝဝခန့်မြင့်မားသည်။ ကမ်းခြေလွင်ပြင်ဒေသမှာ အလယ်ပိုင်းတွင်ဖြစ်၍၊ ဂါဇာရေ လက် ကြားမှ အက်စ်ဒရေလွန်-လွင်ပြင်အပါအဝင် အာခ်ရာမြို့မြောက်ပိုင်းအထိ ကျယ်ပြန့်သည်။ သဲ ကန္တာရဒေသမှာ ဘာရှီဘာမြို့ တောင်ပိုင်းမှ အက္ကဘာပင်လယ်ကွေ့အထိ ကျယ်ဝန်းသည့် တရိဂံ ပုံသ ဏ္ဍာန် ရှိသောနီဂေ့ဒေသဖြစ်သည်။ ဂျော်ဒန်မြစ်ဝှမ်းဒေသတွင် ဟူလာဒေသ၊ တိုင်တီးရီးယပ်စ်ဒေသ နှင့် ပင်လယ်သေ အနောက်တောင်စွန်းဒေသများ ပါဝင်သည်။

နိုင်ငံအကျယ်အဝန်း စတုရန်းမိုင်ပေါင်း (၇၉၉၃) ခန့်ရှိသည်။အစ္စရေးနိုင်ငံသည် ပူအိုက်ခြောက်သွေ့ သော ရာသီဥတုနှင့် ဆောင်းရာသီ မိုးရွာသော မြေထဲပင်လယ်ရာသီ ဥတုမျိုးရှိသည်။ တစ်နိုင်ငံလုံး အပူချိန်မှာ ၄ဝ ဒီဂရီဖာရင်ဟိုက်မှ ၁ဝဝ ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိသည်။ ပင်လယ်ရေမျက်နှာပြင် အောက် ချိုင့်ဝှမ်းဒေသများတွင် အပူရှိန်လွန်စွာ ပြင်းထန်ပြီး ၁ဝဝ ဒီဂရီ ဖာရင်ဟိုက်ကျော်သည်။ မိုးရေချိန်မှာ ဒေသတစ်ခုနှင့် တစ်ခု လွန်စွာကွာခြားသည်။ မြောက်ပိုင်းရှိ ဂယ်လီလီ အထက်ပိုင်းတွင် နှစ်စဉ်ပျှမ်းမျှ မိုးရေချိန် လက်မ ၄ဝ ကျော်ရွာသွန်းသည်။ တောင်ဖက်စွန်းရှိ အီလတ်မြို့တွင် ၄ လက်မ ခန့်သာ ရွာသွန်းသည်။ ဆောင်းရာသီတွင် ဂျေရုစလင်မြို့၌ ဆီးနှင်းများ လက်မပေါင်းများစွာ ထူထပ် အောင် ကျဆင်းသည်။ ဂယ်လီလီ ထက်ပိုင်းတွင်မူ ပေပေါင်းများစွာ ထူထပ်အောင် ကျဆင်းသည်။

အစ္စရေးမြို့တော်မှာ တဲလ်အဗစ် ဖြစ်သည်။ ထင်ရှားသောမြို့ကြီးများမှာ ဟိုင်ဖာ၊ ဂျေရုစလင်၊ ဘာရှီ ဘာ၊ အက်ရှ်ဒေါ့ဒ်၊ အက်ရှ်ကလွန်နှင့် လော့ဒ်မြို့တို့ ဖြစ်သည်။ မော်တော်ကားလမ်းမှာ မိုင်ပေါင်း (၂၅ဝဝ)ခန့် ရှိသည်။ အီလတ်မြို့မှ ဟိုင်ဖာမြို့ထိ ဖောက်လုပ်ထားသော လမ်းမကြီးသည် ပင်လယ်နီနှင့် မြေထဲပင်လယ်ကို ဆက်သွယ်ထား၍ အစ္စရေးနိုင်ငံ၏ စူးအက်တူးမြောင်းဟု တွင်သည်။ မီးရထားလမ်း မှာ မိုင်ပေါင်း (၄၅၄) မိုင်မျှ ရှိသည်။ ရေကြောင်းလမ်းမှာ အဓိက သင်္ဘောဆိပ်သုံးခု ရှိသည်။ ခေတ်မီ၍ အကြီးကျယ်ဆုံးသော ဆိပ်ကမ်းမှာ ဟိုင်ဖာသင်္ဘောဆိပ်ဖြစ်သည်။ဇင်းမ် ရေကြောင်းကုမ္ပဏီ သည် အစ္စရေးနိုင်ငံ၏ အကြီးဆုံးသော သင်္ဘောဆိပ် ကုမ္ပဏီဖြစ်သည်။ ကုန်သွယ်သင်္ဘောများကို အစဉ်တိုး ချဲ့ လျက်ရှိသည်။ ၁၉၆၅ ခုနှစ်တွင်စတင် အသုံးပြုခဲ့သော အက်ရှ်ဒေါ့ဒ် သင်္ဘောဆိပ်သည် နီဂေ့ဒေသ မှ ထွက်သော တွင်းထွက်ပစ္စည်းများကို တင်ပို့ရာ သင်္ဘောဆိပ်လည်း ဖြစ်သည်။ တတိယသင်္ဘောဆိပ် မှာ အစ္စရေးနိုင်ငံ တောင်ဖက်စွန်းရှိ အီလတ်မြို့တွင် တည်ရှိ၍ အာရှ၊ အာဖရီက နိုင်ငံများနှင့်ကုန်သွယ် သည့် သင်္ဘောဆိပ် ဖြစ်သည်။

အစ္စရေးနိုင်ငံ၏ ပြည်ပလေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အဲလ်အဲလ် လေကြောင်း ကုမ္ပဏီက ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ လေကြောင်းကုမ္ပဏီ(၁၄)ခုနှင့် ဆက်သွယ်ထားသည်။ တဲလ်အဗစ်မြို့အနီးရှိ လော့ဒ်မြို့တွင် နိုင်ငံတကာလေဆိပ် ရှိသည်။ ပြည်တွင်းလေကြောင်း သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများကို အဲလ်အဲလ်လေကြောင်း ကုမ္ပဏီ၏ ဌာနခွဲဖြစ်သော အာကီယာက ဆောင် ရွက်သည်။ ပြည်တွင်းလေဆိပ်များမှာ ဟိုင်ဖာ၊ ဂျေရုစလင်၊ ဂယ်လီလီ၊ ဟာဇ်လီယာ၊ မဆာဒါနှင့် အီ လတ်တို့ ဖြစ်သည်။

အစ္စရေး လူဦးရေ(၃)သန်း အနက် ၈၉ ရာခိုင်နှုန်းသည် ဂျူးလူမျိုးများဖြစ်သည်။ ကျန်လူဦးရေမှာ အာ ရပ်လူမျိုးများ ဖြစ်သည်။ ဟီဘရူးနှင့် အာရပ်ဘာသာစကားတို့သည် တရားဝင်ရုံးသုံး ဘာသာစကား များ ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကို စီးပွားရေးရာ ကိစ္စများတွင် အသုံးပြုသည်။ ကိုးကွယ်သော ဘာသာမှာ ရဟူဒီ ဘာသာ၊ အစ္စလာမ် ဘာသာနှင့် ခရစ်ယာန်ဘာသာတို့ ဖြစ်သည်။

လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ရရှိပြီး ၊ ၁၉၄၉ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။ ၎င်းတို့အလံမှာ အဖြူခံပေါ်တွင် အလျားလိုက် အပြာစင်း(၂)ခု အထက်အောက်ပါရှိပြီး အလယ်တွင် ဒေးဗစ်ဘုရင်၏ တံဆိပ်ဖြစ်သော ထောင့်ခြောက်ခုပါ ကြယ်ပွင့် ပါရှိသည်။ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ပညာရေး ရန်ပုံငွေအဖွဲ့နှင့် ကုလသမဂ္ဂငြိမ်း ချမ်းရေး ကွပ်ကဲကြီးကြပ်ရေးအဖွဲ့များ ထားရှိကာ နိုင်ငံတာကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ထား သည်။

စီးပွားရေး
---------
အစ္စရေးနိုင်ငံ၏ စီးပွားရေးမှာ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်တို့ ပေါင်းစပ် ရောနှောလျက် ရှိသည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဖြင့်လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများလည်း ရှိသည်။ ပြည်တွင်း အဓိက စီးပွား ရေး လုပ်ငန်းမှာ သတ္တုတူးဖော်ရေး လုပ်ငန်းဖြစ်သည်။ ကမ္ဘာအနှံ့အပြားရှိ ဂျူးလူမျိုးအဖွဲ့များ ကငွေ ကြေး လက်ဆောင် ပေးခြင်းဖြင့်လည်းကောင်း၊ အစ္စရေးအစိုးရထံမှ စာချုပ်များကို ဝယ်ယူခြင်းအား ဖြင့်လည်းကောင်း အစ္စရေးနိုင်ငံ၏ စီးပွားရေးကို ကူညီထောက်ပံ့ကြသည်။ အမေရိကန်ပြည်ထောင်စု မှ ထောက်ပံ့ငွေနှင့် ကုလသမဂ္ဂ အတတ်ပညာဆိုင်ရာ ထောက်ပံ့မှုများကိုလည်း ရရှိခဲ့သည်။ အစ္စရေး ပေါင်ငွေကို ငွေကြေးအဖြစ် အသုံးပြုသည်။

၁၉၇ဝ ပြည့်နှစ်၊ ကုလသမဂ္ဂ ခန့်မှန်းခြေစာရင်းအရ တစ်မျိုးသားလုံး၏ ကုန်ထုတ်လုပ်မှုတန်ဖိုးစုစု ပေါင်း မှာ အစ္စရေးပေါင်(၁၈၉ဝ)ကုဋေ တန်ဖိုးရှိသည်။ သယံဇာတ အဓိကတွင်းထွက် ပစ္စည်းများမှာ ပိုတက်ရှိနှင့် ဘရိုမင်းတို့ဖြစ်သည်။ ထို့ပြင် ရေနံ၊ စိန်၊ ကြေးနီ၊ ဖော့စ်ဖိတ်၊ မင်းဂနီးစ်၊ သံရိုင်း၊ ဆား၊ သဘာဝဓာတ်ငွေ့၊ လချေးတို့ကို တူးဖော်ရရှိသည်။ အဓိက စိုက်ပျိုးရေးလုပ်ငန်းမှာ ရှောက်၊ သံပုရာနှင့် စပျစ်စိုက်ပျိုးရေးတို့ ဖြစ်သည်။ သံလွင်၊ ဆေး၊ ဟင်းသီးဟင်းရွက်၊ ငှက်ပျော ဝါဂွမ်း၊ ကြံ၊ အာလူး၊ မြေပဲ တို့ကိုလည်း စီးပွားဖြစ် စိုက်ပျိုးသည်။ စိုက်ပျိုးရေးတွင် ရေသွယ်ယူစို်က်ပျိုးခြင်းနှင့် အခြောက်စိုက်ပျိုး ခြင်း ဟူ၍ နှစ်မျိုး ဖြစ်သည်။

သိုးနွားကို စီးပွားဖြစ် မွေးမြူကြသည်။ သိုးကို အသားစားရန်အတွက်နှင့် သိုးမွေးအတွက် သီးသန့် မွေး မြူသည်။ မြေထဲပင်လယ်၊ ပင်လယ်နီနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့တွင် စနစ်တကျ ငါးဖမ်းခြင်းအပြင် ကင်နာရက်အိုင်နှင့် ရေကန်ကြီးများကို တူး၍လည်း ငါးမွေးမြူရေးကို လုပ်ကိုင်ကြသည်။ စိန်လယ်ယာ ထွက်ကုန်ပစ္စည်းများ၊ စားကုန်သောက်ကုန်များ၊ ဓာတ်သတ္တုပစ္စည်းများ၊ တွင်းထွက်ပစ္စည်းများ၊ စက်မှု လုပ်ငန်း ထွက်ကုန်များကို ပြည်ပသို့ တင်ပို့သည်။ စက်မှုလုပ်ငန်းဆိုင်ရာ ကုန်ကြမ်းများ၊ စက်ပစ္စည်း များ၊ ရေနံထွက်ပစ္စည်းများ၊ စားကုန်သောက်ကုန်များ၊ စိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများ၊ ဆောက်လုပ် ရေးပစ္စည်းများ၊ ယာဉ်နှင့် ယာဉ်အပိုပစ္စည်းများ၊ သင်္ဘောများနှင့် လေယာဉ်ပျံများကို ပြည်တွင်းသို့တင်ပို့ တင်သွင်းသည်။

ပညာရေး
---------
အသက် ၅ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများအတွက် အခမဲ့ မသင်မနေရ ပညာရေးစနစ် ပြဋ္ဌာန်းထား သည်။ အင်္ဂလိပ်ဘာသာမှာ အဓိက နိုင်ငံခြားဘာသာဖြစ်ပြီး အချို့ကျောင်းများတွင် ပြင်သစ်ဘာသာကို ုသင်ကြားသည်။ ဂျူးဘာသာသင်ကျောင်းများတွင် ဟီးဘရူးဘာသာကို သင်ကြားပြီး အာရပ်ဘာသာ သင်ကျောင်းများတွင် အာရပ်ဘာသာကို သင်ကြားစေသည်။ ဟီဘရူးဘာသာသင်ကျောင်း ၄၉၈၂ ကျောင်း ရှိသလို၊ အာရပ်ဘာသာသင်ကျောင်း ၃၇၄ ကျောင်းခန့်ရှိသည်။ တက္ကသိုလ်များမှာ တဲလ်အ ဗစ် တက္ကသိုလ်၊ ဂျေရုစလင်တက္ကသိုလ်၊ ရာမတ်ဂန်ဘာအီလန် ဘာသာရေးတက္ကသိုလ်၊ ဟိုင်ဖာစက်မှု တက္ကသိုလ်၊ ရက်ဟိုဗောက်ဝီးဇ်မင်း သိပ္ပံတက္ကသိုလ်တို့ ရှိသည်။ ကျောင်းသားများ အတွက်အသက် (၁၄) နှစ်မှစ၍ ကျောင်းပိတ်ချိန်တို့ကို အထူးအသုံးပြုခါ စစ်ပညာသင်ကြားစေသည်။ လက်နက်ကိုင်၍ စစ်ပညာအခြေခံကို သင်ကြားပြသည်မ ှလွဲ၍ အခြားသင်ကြားသည်မှာ စကောက်သင်တန်းနှင့် ဆင် တူရိုးမှားများ ဖြစ်သည်။

ကျန်းမာရေး
------------
ပြည်သူ့ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ယူသည်။ ဟစ်စတာဒရုဒ် မြို့တွင် ကူ ပတ်ဟိုလင် ကျန်းမာရေးအာမခံ ရန်ပုံငွေအသင်းသည် အစ္စရေးနိုင်ငံ၏ အကြီးမားဆုံးသော ကျန်းမာ ရေးအဖွဲ့အစည်း ဖြစ်သည်။ ထိုအဖွဲ့အစည်းက ဆေးရုံများ၊ ဆေးပေးခန်းများ၊ ဆေးဆိုင်များ၊ ဓာတ်ခွဲ ခန်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များနှင့် ဆေးဖက်ဆိုင်ရာ သုတေသနဌာနတို့ကို ဖွင့်လှစ်ထားသည်။

ကာကွယ်ရေး
--------------
နိုင်ငံတော်စစ်မှုထမ်း ဥပဒေအရ အသက်(၁၈)မှ (၂၆)နှစ်အတွင်း အမျိုးသားတိုင်း(၂နှှစ်) (၆)လ စစ် မှုထမ်းရပြီး၊ အိမ်ထောင်မပြုသေးသော အမျိုးသမီးတိုင်း (၂)နှစ် စစ်မှုထမ်းရသည်။ အစ္စရေး တပ်မ တော်တွင် (၃)မျိုး(၃)စား ရှိသည်…

၁။ အမြဲတမ်းစစ်တပ် (Regular Army)
တပ်မတော်သားအဖြစ် အမှုထမ်းနေကြသော အင်အားဖြစ်သည်။

၂။ ပြည်သူ့စစ်မှုထမ်း (National Service)
အရွယ်ရောက်သူတိုင်း စစ်ထဲ မဝင်မနေရ ဥပဒေအရ ခေတ္တ တာဝန်ထမ်းဆောင်ရသူများ ဖြစ်ပြီး၊ တာဝန်ပြီးဆုံးချိန်တွင် အမြဲတမ်းတပ်သို့ ဝင်ရောက်သူများမှအပ ကျန်သူများ အရပ်သားအဖြစ်သို့ ပြန်ရောက်ကြသည်။

၃။ အရံစစ်တပ်(Reserve Service)
ပြည်သူ့စစ်မှုထမ်းပြီးဆုံးသူများ၊ ၎င်းပြင်ပြည်သူ့စစ်မှုထမ်းအတွက် ခေါ်ယူရန် အသက်ပိုင်းကျော်လွန်ပြီးသူများအားလုံးသည် အရံတပ်စစ်မှုထမ်းများဖြစ်ကြသည်။ ယောကျ်ာား (၄၉)နှစ်၊ မိန်းမ (၃၄) နှစ်ထက် အသက်ကျော်လျှင် စစ်အတွင်းမှ လွဲ၍ စစ်မှုထမ်းမခေါ်နိုင်ပေ။

ထို(၃)မျိုးမှာ အရွယ်ရောက်သော (၁၈)နှစ်မှစ၍ တိုင်းသူပြည်သား ယောကျင်္ား-မိန်းမများ ပါဝင်ကြသည်။ ခလေးများအတွက် (၁၄)နှစ်မှစ၍ ကျောင်းပိတ်ချိန်တို့ကို အထူးအသုံးပြုကာ စစ်ပညာသင်ကြားစေသည်။

အုပ်ချုပ်မှု
----------
လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် အုပ်ချုပ်သည်။ နက်ဆက်လွှတ်တော်တွင် နိုင်ငံရေးအာဏာ ရှိ သည်။ လွှတ်တော်သက်တမ်းမှာ (၄)နှစ်ဖြစ်ပြီး အဖွဲ့ဝင်(၁၂ဝ)ကို ပြည်သူလူထုက အချိုးကျ ကိုယ်စား လှယ် ရွေးချယ်တင်မြှောက်သည့် စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရသည်။ ဝန်ကြီးချုပ်နှင့် ဝန်ကြီး အဖွဲ့ပါဝင်သော အစိုးရအဖွဲ့သည် လွှတ်တော်ကို တာဝန်ခံရသည်။ လွှတ်တော်က ရွေးချယ်တင်မြှောက် သော (၅)နှစ်သက်တမ်းရှိသည့် သမ္မတနိုင်ငံ၏ အကြီးအကဲဖြစ်သည်။ အစ္စရေးနိုင်ငံတွင် အက္ခရာတင် ထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သီးခြားမရှိပေ။ ပါလီမန်သည် ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲ ပြ ဋ္ဌာန်းရန် အဆိုပြုချက်များကို ပယ်ချခဲ့ပြီး သီးခြားဥပဒေများ ပြဋ္ဌာန်းရင်းဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ထားရှိရေးကို မဲပေးဆုံးဖြတ်ကြသည်။

အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနကို အတွင်းဝန်များရုံးနှင့် (General Staff) ရုံးဟူ၍ (၂)နေရာ ခွဲ ထားသည်။ အတွင်းဝန်များရုံးတွင် အရံတပ်စစ်မှုထမ်းများ အမှုထမ်းလျက် ဘဏ္ဍာရေးဌာန၊ လူအင် အား ဌာန၊ စစ်လက်နက်ပစ္စည်းဝယ်ယူမှုဌာန၊ စစ်ဘက်စက်မှုလက်မှု ထုတ်လုပ်ရေးဌာန၊ ရှာဖွေစီမံရေး ဌာန၊ ထောက်ပ့ံရေးဝယ်ယူမှုဌာန၊ စစ်အုပ်ချုပ်ရေးဌာန၊ လူငယ်ဌာန၊ တရားရေးဌာန စသည်တို့ရှိ သည်။ General Staff ရုံးတွင် တပ်မတော်သားများ အမှုထမ်းလျက် စစ်ဦးစီးဌာန၊ စစ်ရေးချုပ်ဌာန၊ စစ်ထောက်ချုပ်ဌာန၊ ထောက်လှမ်းရေးဌာနများ ရှိကြပြီး စစ်ဆင်ရေး၊ ဖွဲ့စည်းရေးတပ်များ၊ အုပ်ချုပ် ရေး ထောက်ပံ့ရေး၊ လေ့ကျင့်ရေးစသည့် ဌာနခွဲများ တပ်အမျိုးအစားလိုက်၍ ခွဲခြားထားရှိသည်။ အတွင်းများရုံး သည်အရပ်သားများ နှင့်တိုက်ရိုက်သက်ဆိုင်ပြီး အရံစစ်မှုထမ်းများ အမှုထမ်းလျက်၊ General Staff မှာ စစ်ဘက်၊ တပ်မတော်ဘက်နှင့် တိုက်ရိုက်ပတ်သက်သော ကာကွယ်ရေးဝန်ကြီး၏ ညွှန်ကြားချက်များကို တာဝန်ယူလုပ်ကိုင်ရသည်။ ထို့အပြင်အချို့ဌာနများဖြစ်သော စစ်လက်နက် ပစ္စည်း ဝယ်ယူရေးဌာန၊ ထောက်ပံ့ရေးဝယ်ယူမှုဌာနနှင့် လူငယ်ဌာနတို့၏ ဌာနမှုးများမှာ ယူနီဖောင်း ဝတ် စစ်မှုထမ်းများဖြစ်ကြသည်။

အင်အားနည်းသော်လည်း စွမ်းအား မနည်းပါ
----------------------------------------------
အစ္စရေးတပ်မတော်။
သဲကန္တာရနှင့် ကျောက်မြေများဖြင့်သာ ပြည့်လွှမ်းနေသောတည်နေရာ။ နိုင်ငံအကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း (၈ဝဝဝ)ခန့်သာရှိသော အစ္စရေးပြည်။ လူဦးရေ(၂)သန်းကျော်မျှဖြင့် ၁၉၄၈ ခုနှစ်၊ မေလတွင် ဗြိတိသျှတို့၏ ပါလက်စတိုင်းပြည် ဘုရင်ဒိတ်ထရီ အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်သည့် အချိန်တွင် လွတ်လပ်ရေး ကြေညာနိုင်ခဲ့သည်။

လွတ်လပ်ရေးမရမီကပင် လွန်ခဲ့သော နှစ်ပေါင်း(၃ဝ)အတွင်း ဗြိတိသျှတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို တော်လှန်ခဲ့ကြသည်။ ကျွနု်ပ်တို့နိုင်ငံကဲ့သို့ အမျိုးမျိုးသော နိုင်ငံရေးလှုံ့ဆော်မှုများ ပြုခဲ့သည်။ နိုင်ငံ ရေး ပဋိပက္ခများ ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ပထမ မဟာမိတ်တပ်များ လက်အောက်ခံ ဂျူး တပ်ကို ဖျက်သိမ်းလိုက်ရာ၊ ထိုစဉ်က အဆောက်အအုံ ကြီးမားနေပြီဖြစ်သော ဟာဂါနာခေါ် မြေ အောက် လွတ်မြောက်ရေး တပ်မတော်သို့ အများအပြားဝင်ရောက်သွားကြပြီးဗြိတိသျှတို့အားအနှောင့် အယှက် အမြဲပေးခဲ့သည်။ နောက်ဆုံး အမေရိကန်ပြည်၏ အကူအညီဖြင့် ဂျူးများ၏ လွတ်လပ်သော နိုင်ငံ တည်ဆောက်ရေးကိစ္စကို ဗြိတိသျှတို့က ကုလသမဂ္ဂအရောက် ပို့ပေးရသည်အထိ အောင်မြင်ခဲ့ သည်။ သို့ဖြင့် ဗြိတိသျှတို့က ပါလက်စတိုင်းပြည်မှ ထွက်ခွာပေးသွားရသည်။ ယင်းသို့ အစ္စရေးနိုင်ငံ တွင် လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်မှာ ဆိုရှယ်လစ်ပါတီအင်အား စု ကြီးမားသော (Histadruth) ခေါ် (General Federations of Labour) အဖွဲ့ချုပ်ကြီး ဖြစ်သည်။ ထိုစဉ်က အစ္စရေးနိုင်ငံတွင် နိုင်ငံရေးပါတီ ပေါင်းစုံ ပါဝင်လျက်ရှိသည်။ မာပိုင်းဆိုရှယ်လစ်ပါတီ၊ ဘာ သာရေးပါတီ၊ တိုးတက်ရေးပါတီ၊ ကွန်မြူနစ်ပါတီ စသည်တို့ ဖြစ်သည်။ ရွေးကောက်ပွဲတွင်မူ တသီးတ ခြားစီ ပါတီအမည်ဖြင့် ဝင်ရောက်ကြသည့် လွှတ်တော်၏ အမတ်ဦးရေကို တွက်ချက်ရာတွင် အဖွဲ့ချုပ် အမတ်ဟူ၍ မခေါ်ဆိုပေ။ ဆိုင်ရာပါတီ၏ အမည်ဖြင့်သာ ခေါ်ဆိုရေတွက်သည်။ အလုပ်အမှုဆောင် ကော်မတီတွင်သာ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ ထည့်သွင်းထားသည်။

မာပိုင်းဆိုရှယ်လစ်ပါတီသည် အင်အားကြီးမားဆုံးဖြစ်လျက် အဖွဲ့ချုပ်ကြီး၏ ကြိုးကိုင် ပါတီဖြစ်ခဲ့သည်။ အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ပြည် ထဲရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး စသည်ဖြင့် လူများစုမှာ မာပိုင်းပါတီမှဖြစ်သည်။ ကျန်ရှိသော ရဲဌာ နဝန်ကြီး၊ သာသနာရေးဝန်ကြီး၊ ခရီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး နေရာတို့ကို လူနည်းစုပါတီများ က ရရှိကြသည်။ အစ္စရေးပြည်အစိုးရသည် နှစ်ပေါင်းများစွာ နိုင်ငံအရေးကြိုးပမ်းမှုဖြင့် ပြည်သူပြည် သားတို့၏ အဖွဲ့အစည်းများမှ အာဏာကိုရရှိ၍ တက်ရောက်လာသော အစိုးရဖြစ်သည်။ 

ထို့ကြောင့်အများ ပြည်သူတို့၏ ကောင်းစားရေး၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပြည်သူပြည်သားတို့၏ အဖွဲ့အစည်းတို့ဖြင့် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်လာခဲ့သည်။ ထိုဝါဒမှာ အစ္စ ရေးတို့အား နိုင်ငံတစ်ခုအဖြစ် ကြေညာနိုင်အောင် အားပေးအားမြောက်လုပ်ခဲ့သော အမေရိကန် နိုင်ငံ တွက် သဘောကျသော ဝါဒမဟုတ်ပေ။ အမေရိကန်ပြည်တွင် ဂျူးလူဦးရေ (၆)သန်းမျှရှိရာ အစ္စရေး ပြည်၏ လူဦးရေထက်(၃) ဆရှိသည်။ စက်မှုလက်မှု တည်ထောင်ခြင်းတွင် ချမ်းသာသော အမေရိကန် ဂျူးများ၏ အကူအညီမှာ သော့ချက်ကြီးပင်ဖြစ်သည်။ တည်ထောင်ထားသော စက်ရုံကြီးများတွင် ၎င်း ဂျူးများ၏ ငွေပင်ငွေရင်း (၄၉)ရာခိုင်နှုန်းပါရှိသည်။ ထိုစဉ်က အမေရိကန်အစိုးရသည် အာရပ်နိုင်ငံ များကို စီးပွားရေး၊ စစ်ရေးထောက်ပံ့ခြင်းများ ပြုလုပ်နေသည်ကို အစ္စရေးက အပြင်းအထန် ကန့်ကွက် နေချိန် ဖြစ်သည်။ အာရပ်နိုင်ငံတို့ကလည်း အစ္စရေးပြည်သည် ကွန်မြူနစ်နှင့် နီးစပ်သောဝါဒ ထားရှိ သည်ဟု ဝင်ရောက်တိုက်ခိုက်ကြစဉ်က အကြောင်းပြခဲ့ဘူးသည်။ နိုင်ငံပေါးချုပ် အစည်းအဝေးများ တွင်လည်း အစ္စရေးတို့က အမေရိကန်ဘက်က အမြဲတမ်း မျက်စိမှိတ် ထောက်ခံသည်မဟုတ်၊ ထို့ ကြောင့် အမေရိကန်ခေါင်းဆောင် အတော်များများက ခေါင်းမာသော အစ္စရေးကို သဘော ကျနေ သည် မဟုတ်ပေ။

ဟာဂါနာခေါ် မြေအောက် တော်လှန်ရေးတပ်သည် အစ္စရေးကာကွယ်ရေးတပ် (Israel Defence Army)အဖြစ်သို့ လွတ်လပ်ရေးရသည့် အချိန်မှာပင် ပြောင်းလဲလာသည်။ တော်လှန်ရေးတပ်ကို အခြေခံ၍ တည်ဆောက်ခဲ့ရသော တပ်မတော်တွင် ထိုတော်လှန်ရေးတပ်၏ ခေါင်းဆောင်ခဲ့သူများပင် ဦးစီးခဲ့သည်။ လွတ်လပ်ရေးကြေညာသည်နှင့် တပြိုင်နက် ဘေးပတ်လည်ဝိုင်းနေသော အာရပ်နိုင်ငံ အားလုံးက အစ္စရေးပြည်ကို စစ်ကြေညာတိုက်ခိုက်ကြရာ၊ လူဦးရေ(၁)သန်းမျှပင် မရှိသေးသော နိုင်ငံသည် သန်းပေါင်း(၄ဝ)မျှရှိသော အာရပ်နိုင်ငံတို့နှင့် ၁၉၄၈-၄၉ ခုနှစ်များတွင် ? ( မြန်မာ့ ဒီမိုကစီ နှင့် နိုင်ငံရေးမှတ်တမ်းများ ) 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */