" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 15, 2023

နိုင်ငံတစ်နိုင်ငံတည်းကို ဦးတည်ပစ်မှတ်ထားသည့် လူ့အခွင့် အရေးယန္တရားများ၏ လက်ခံနိုင်ဖွယ်မရှိသောအပြုအမူများ ကို မြန်မာနိုင်ငံကထောက်ပြ

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်



ဂျီနီဗာမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်မှ အောက်တိုဘာလ ၁၃ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အထောက် အ ထား ခိုင်လုံမှုမရှိဘဲ မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် ဆွေးနွေးပွဲနှစ်ခုပါဝင်ခဲ့သည်။ယင်းတို့မှာမြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Investigative Mechanism for Myanmar – IIMM) ၏ အစီရင်ခံစာနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာ မင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုများဖြစ်ပြီး ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နှင့် ၂၆ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ပြုလုပ်သော ယင်းဆွေးနွေးပွဲများ၏ လုပ်နည်းလုပ်ဟန်များသည် တစ်ဖက်သတ်ဖြစ်နေပြီး သက်ဆိုင်သည့်နိုင်ငံထံမှ ပူးပေါင်းဆောင်ရွက်မှုမရရှိဘဲ မြန်မာနိုင်ငံ၏မျက်ကွယ်တွင် ကျင်းပခဲ့မှုကြောင့်ပို၍ပင်တစ်ဘက်စောင်း နင်းဖြစ်ခဲ့သည်။

လူ့အခွင့်အရေးကောင်စီသည် တရားစွဲဆိုသည့် ယန္တရားထူထောင်ရန် လုပ်ပိုင်ခွင့်မရှိဘဲ ယင်း၏ လုပ် ပိုင်ခွင့်ကိုကျော်လွန်၍ IIMM ကို ထူထောင်ခဲ့သည်။ IIMM သည် လူ့အခွင့်အရေး ကောင်စီ၏နိုင်ငံတစ် နိုင်ငံတည်းအပေါ် ဦးတည်ပစ်မှတ်ထားသည့်နိုင်ငံရေးသွတ်သွင်းထားသောဆုံးဖြတ်ချက်အဆိုမှစ တင် ပေါ်ပေါက်လာခြင်းဖြစ်ရာ စတင်တည်ထောင်ချိန်မှအစပြု၍ IIMM ၏ လုပ်ပိုင်ခွင့်ကို မြန်မာ နိုင် ငံက မည်သည့်အခါကမျှ အသိအမှတ်ပြုလက်ခံခြင်းမရှိခဲ့ပါ။ IIMMကစုဆောင်းခဲ့သည်ဟုဆိုသောသတင်း အချက်အလက်အပိုင်းအစ ၂၃ သန်းနှင့်ပတ်သက်၍ မည်သို့ စိစစ်သည်ကို ဖော်ပြထားခြင်းမရှိရာယင်း အချက်အလက်များ၏ မှန်ကန်မှုကိုအတည်ပြုနိုင်ခြင်း မရှိပါ။ အစိုးရများထံမှ ထောက်ပံ့ငွေရယူ ခြင်း မပြု ရန် ကုလသမဂ္ဂအထူးလုပ်ပိုင်ခွင့် ရရှိထားသူများအား တင်းကြပ်စွာ တားမြစ်ထားသည့်တိုင် IIMM  သည် အချို့သောအစိုးရများထံမှ ထောက်ပံ့ငွေေများကို ပြောင်ပြောင်တင်းတင်းလက်ခံလျက် ရှိသည်။ သို့ဖြစ်ရာ IIMM သည် ၎င်းကို ဖန်တီးသူများ၏ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံအ ပေါ် အကွက်ချ အမှု ဆင်ရန် အစီအမံသက်သက်သာ ဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေ အနေ ဆိုင် ရာအစီရင်ခံစာကို အပြန်အလှန်ဆွေးနွေးမှုမပြုလုပ်မီ အချိန်အနည်းငယ်အလိုမှထုတ်ပြန် ခဲ့ပြီး တုံ့ပြန်ရန် လုံလောက်သောအချိန်မပေးခဲ့ပါ။ အစီရင်ခံစာတွင် စွပ်စွဲထားသည့်ဖြစ်ရပ်များသည် အစိုး ရ ကို ဆန့်ကျင်သည့်ရင်းမြစ်များ သို့မဟုတ် အကြမ်းဖက်သမားများကိုထောက်ခံသည့်သတင်းမီဒီယာများ ကို ကိုးကားထားကြောင်းတွေ့ရှိရသည်။ အစီရင်ခံစာတွင် အစိုးရမှပံ့ပိုးထားသည့် စိစစ် အ တည်ပြု ပြီး သော ယုံကြည်စိတ်ချရသည့်သတင်းအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိချန်လှပ်ထားပြီး စိစစ် ထားခြင်းမရှိသည့် စွပ်စွဲချက်များပေါင်းထည့်ထားသည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရ သည်။

ကလေးသူငယ် ၂၂၈ ဦးနှင့် ဝန်ထမ်း ၂၇၄ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၆,၆ဝဝ ကျော်ကို သတ်ဖြတ်မှု အတွက်တာဝန်ရှိသည့် NUG နှင့် PDF အကြမ်းဖက် အုပ်စုများကကျူးလွန်သည့် အလွန်ဆိုးရွားသော ရာဇဝတ်မှုများကို မဟာမင်းကြီး၏ အစီရင်ခံစာတွင် သိသာစွာလျှော့ပေါ့ဖော်ပြခဲ့သည် ယင်းအကြမ်း ဖက် အဖွဲ့အစည်းများ၏ ပြည်သူများကို ရက်စက်စွာသတ်ဖြတ်မှုများ၊ ၎င်းတို့ အချင်းချင်း အပြန်အလှန် တိုက်ခိုက်မှု၊ သတ်ဖြတ်မှုသတင်းများ ကျယ်ပြန့်စွာထွက်ပေါ်လျက်ရှိသော်လည်းဘက် လိုက်သော အစီရင်ခံစာရေးသားသူသည် ယင်းသို့သောသတင်းများကို အလေးမထားခဲ့ကြောင်း တွေ့ရှိရသည်။ NUG အကြမ်းဖက်များ၏ပယောဂကြောင့် လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ကြသော လူ ငယ်များသည် ဥပ ဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ အစိုးရ အနေဖြင့် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်အထိ ၆၆၇ ဦးကို မိသားစုများနှင့် ပြန်လည်ပေါင်းစည်း ပေးခဲ့ပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလမှစ၍ အစိုးရအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသော အားဖြင့်လည်း ကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်အားဖြည့်နိုင်ရန်အတွက်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (၂၂)ကြိမ် ထုတ်ပြန်ခဲ့ပြီး အကျဉ်းသား/သူ စုစုပေါင်း ၇၆,၂၃ဝ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လူပေါင်း ၅ဝဝ,ဝဝဝ ကျော် နေရပ်စွန့်ခွာခဲ့ရခြင်း၏ အကြောင်းရင်းမှာ ARSA ခေါ် အကွာမူလ်မူဂျာဟစ်ဒင်အဖွဲ့က ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်များတွင် အကြမ်းဖက် တိုက်ခိုက်မှု များပြုလုပ်ပြီး ၎င်းတို့၏လမ်းစဉ်ကိုမလိုက်သော ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့် မွတ်စလင် ဘာသာဝင်များကို သတ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာမှုများဖြစ်ပေါ် ခဲ့ရခြင်းမှာ ယင်းတိုက်ခိုက်မှုများကြောင့်သာ ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် စိစစ်အတည်ပြုပြီး သော ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ရန်အ တွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ယင်းကြိုး ပမ်းမှုများကို ထိခိုက်စေ ရန်ဦးတည်သည့် မဟာမင်းကြီး၏အားထုတ်မှုများသည် သင့်လျော်မှုမရှိပါ။ မြန်မာနိုင်ငံ၏သမိုင်းနှင့် ဥပဒေအပါအဝင် အထောက်အထားမှတ်တမ်းများတွင် မည်သည့်အခါကမျှ ပါဝင်ခဲ့ခြင်းမရှိသည့် “ရိုဟင်ဂျာ”ဟူသောအသုံးအနှုန်းကို အသိအမှတ်မပြုသည့်ရပ်တည်ချက်ကို ထပ်လောင်းဖော်ပြအပ် သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှုများသည် နိုင်ငံတကာတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေး အပေါ် မည်သည့်သက်ရောက်မှုမျှမရှိသည့်တိုင် မဟာမင်းကြီးသည် ၎င်း၏အစီရင်ခံစာတွင်မြန်မာကိစ္စ အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပို့ရေး အပါအဝင် ဆီလျော်မှုမရှိသည့် သုံးသပ် အကြံပြုချက်များကို ထည့်သွင်းရေးသားခဲ့သည်။ သို့ဖြစ်၍ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာ မင်းကြီးနှင့် နိုင်ငံအချို့၏ ယင်းကဲ့သို့လျော်ကန်မှုမရှိသည့် ရည်ညွှန်းပြောဆိုချက်များကို ခြွင်းချက် မရှိ ပယ်ချလိုက်သည်။

အပြန်အလှန်ဆွေးနွေးမှုများအတွင်း မြန်မာနိုင်ငံအပေါ် နားလည်ပေးပြီး အပြုသဘော ရပ်တည်မှုပေး ခဲ့သည့် နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်သည်။ ဂျီနီဗာမြို့ရှိ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးသည် သက်ဆိုင်ရာအပြန်အလှန်ဆွေးနွေးမှု အသီးသီးအပေါ် တုံ့ပြန် မှုပြုလုပ်ခဲ့ပြီးဖြစ်ရာ အသေးစိတ်ကို အဖွဲ့ရုံး၏ အင်တာနက်စာမျက်နှာတွင် ကြည့်ရှုနိုင်သည်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */