" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 5, 2023

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ရခိုင်ပြည်နယ်မှာ လာရောက်အကဲခတ်

VOA
ဗွီအိုအေမြန်မာပိုင်း
ရန်နိုင်
၀၅ မေ၊ ၂၀၂၃ 

မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလေ့လာဖို့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံရောက်ရှိ (မေ ၅၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သတ်ပြီးမောင်တောမြောက် ပိုင်းမှာ မြန်မာ စစ်ကောင်စီဘက်က ပြင်ဆင်ထားတာတွေကို ဒုက္ခသည် တချို့အပါအဝင် ဘင်္ဂလားဒေရှ့်တာဝန် ရှိ သူတွေ ဒီကနေ့ လာရောက် ကြည့်ရှုနေကြပါတယ်။ ဒုက္ခသည်တွေ ပြန်လာမှာကို ကြိုဆိုပေမယ့် သူတို့တောင်း ဆို ထားကြတဲ့ အခွင့်အရေးတွေကိုရမှ ပြန်လာစေချင်တယ်လို့လည်း မောင်တောဒေသခံ ရိုဟင်ဂျာတဦးက ပြောပါ တယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးပါမယ်။


ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက် က ပြင်ဆင်ထားတာတွေကို ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် ဘင်္ဂလားဒေရှ့် တာဝန်ရှိသူတွေ ဒီကနေ့ လာ ရောက် စစ်ဆေးကြည့်ရှု့နေကြတယ်လို့ မောင်တောဒေသခံ ရိုဟင်ဂျာတဦးက ပြောပါတယ်။

“သူတို့က တောင်ပြိုကို မနက်ပိုင်း ၉ နာရီရောက်တယ်လို့ပြောတယ်။ အဲဒီက တောင်ပြိုစခန်းက ကားနဲ့လာပြီး တော့ လှဖိုးခေါင်စခန်းကို ရောက်တယ်။ ဟိန္ဒူ ၃ယောက်ပါတယ်၊ ဒုက္ခသည်စခန်းက။ နောက်ပြီးတော့ ရိုဟင်ဂျာ ၇ယောက်ပါတယ်။ နောက်ပြီးတော့ လှဖိုးခေါင်စခန်းရယ်၊ ဒုက္ခသည်တွေလာပြီးတော့ ယာယီနေထိုင်ဖို့ဆိုတဲ့ ဟာ တွေကို ပြသတယ်။ ပြီးတော့ ငခူရ သွားတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ၁၃ယောက်လောက်ပါ တယ်ပြောတယ်။ ဘယ်သူတွေပါလဲတော့ ကျနော်အတိအကျမသိဘူး။”

ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်က ပေးပို့လာတဲ့ အိမ်ထောင်စုစာရင်းထဲက လူအ ယောက် ၁၀၀၀ ကျော်ကို လက်ခံသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ပြောဆိုထားပေ မယ့် ဒီကနေ့အထိ လက်ခံတာ မတွေ့ရသေးပါဘူး။

ဒုက္ခသည်တွေပြန်လာရင် နေထိုင်ဖို့အတွက်တော့ မောင်တောမြောက်ပိုင်းမှာ အဆင်သင့်ပြင်ဆင်ထားတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။ လက်ရှိမှာတော့ စိစစ်ချက်အရ ဒုက္ခသည် ၇၀၀ကျော်ကို ပြန်လာဖို့ အတည်ပြုထားပြီး၊ တခြားစစ်ဆေးနေတာ တွေရှိတယ်လို့လည်း ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှ သိန်း က ပြောပါတယ်။

“အဲဒီမှာတော့ လူ ၇၀၀ စာရင်းက အတည်ပြုပြီးသား၊ ၇၁၁ ယောက်ပေါ့။ အဲဒီ ၇၁၁ ယောက်နဲ့ ချိတ်ဆက်ပြီး တော့ ထပ်ပြီးတော့ စိစစ်ထားတဲ့ လူတွေလည်းရှိတယ်။”

ရခိုင်ပြည်နယ်ကို ဒီကနေ့ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေအဖွဲ့ရဲ့ ခရီးစဥ် ဘယ်လောက်ကြာမယ်ဆိုတာနဲ့ သူတို့ ဘယ်နေရာတွေကို သွားရောက် လေ့လာမယ်ဆိုတာနဲ့ပတ်သက်လို့ နှစ် ဘက် တာဝန်ရှိသူတွေဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာရေးနဲ့ ပတ်သတ်ပြီး ဒေသခံ ရိုဟင်ဂျာ တွေ က ကြိုဆိုကြပေမယ့် လက်ရှိအနေအထားအရ ပိုပြီးတော့ ဒုက္ခဖြစ်မှာကို စိုးရိမ်တယ်လို့လည်း မောင်တော ဒေသခံ ရိုဟင်ဂျာတဦးက ပြောပါတယ်။

“ပြန်လာမယ်ဆိုတဲ့ အနေအထားမှာ သူတို့အခွင့်အရေးနဲ့ သူတို့ ရသင့်ရထိုက်တာကိုရပြီး ပြန်လာတယ်ဆိုရင် တော့ ကောင်းတာပေါ့ဗျာ။ သူတို့အခွင့်အရေးမရပဲ လာတယ်ဆိုရင်တော့ ဒီနေရာက အရင်ထက် ပိုဆိုးလာနိုင် တယ် လို့ ကျနော်ထင်တယ်။ အခုလက်ရှိ ကျနော်တို့ ဘယ်မှမပြေးပဲနဲ့ ဒီမှာနေတာတောင် ကျနော်တို့ ဒုက္ခရောက် နေတာ။ တိုင်းရင်းသားစစ်စစ် ရခိုင်လူမျိုးတွေတောင်မှ ဒီအခြေအနေမှာ လုံးဝမလွတ်လပ်ဘူး၊ ဖိနှိပ်ချုပ်ချယ်မှု တွေထဲမှာ ရှိတယ်။”

ရိုဟင်ဂျာတွေဖက်ကတော့ နေရပ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး၊ သူတို့ရဲ့ မူလနေရပ်မှာ ပြန်လည်နေရာချ ထားပေးဖို့နဲ့ လုံခြုံရေး အာမခံချက်ပေးဖို့တို့အတွက် တောင်းဆိုထားပြီး၊ စစ်ကောင်စီအနေနဲ့ လက်ရှိရင်ဆိုင်နေရ တဲ့ နိုင်ငံရေးအကြပ်အတည်းက ရုန်းထွက်နိုင်ရေး နိုင်ငံတကာဖိအားတွေ လျော့ကျဖို့အတွက် ဟန်ပြ လုပ်ဆောင် တာမျိုး ဖြစ်မှာကိုလည်း ရိုဟင်ဂျာဒုက္ခသည်တွေက စိုးရိမ်နေကြတာပါ။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန် လည်ပို့ဆောင်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ဘင်္ဂလားဒေရှ့် နိုင်ငံကို တိုက်တွန်းထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မ တော်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း ရိုဟင်ဂျာ ၇သိန်းကျော်လောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ကို ထွက်ပြေးသွားခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */