" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 2, 2022

ပထမကမ္ဘာစစ်


ပထမကမ ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သော ကြီးမားသော စစ်ပွဲမျိုး သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး(Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ် အကြာတွင် နောက် တစ်ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးပေါ်လာသောကြောင့် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ဟု ခွဲခြား ခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်သည်ပေါင်း ၉ သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည်များသည် စစ်ကြီးမဖြစ်ခင်က သာမန်ပြည်သူများ အများဆုံးဖြစ်ကြသည်။ ကျဆုံးခဲ့သော စစ်သည်များအား ဦးခေါင်းမှနေ၍ ခြေဖျားအထိဆက်လိုက်လျင် ၁၅၀၈၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ ရှိသည်ဟု ပြောကြသည်။ ထိုအကွာအ ဝေးသည် ကမ္ဘာကြီးကို တစ်ပတ် ပတ်ပါက ထက်ဝက်နီးပါးခန့် ရှိမည်ဖြစ်သည်။

ပါဝင်သောနိုင်ငံများ

ပထမကမ္ဘာစစ်အတွင်းတွင် နိုင်ငံအုပ်စုကြီး နှစ်ခုပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိန်၊ ပြင်သစ် နှင့် ရုရှားတို့ ပါဝင် သော မဟာမိတ်နိုင်ငံများ (Allied Powers) နှင့် ဂျာမနီ၊ သြစတြီးယား နှင့် ဟန်ဂေရီတို့ ပါဝင်သော ဗဟိုအင် အားကြီး နိုင်ငံများ (Central Power) တို့ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မဟာမိတ် နိုင်ငံများ ဘက်မှ ဂျပန်နိုင်ငံစသောနိုင်ငံငယ်များပါဝင်လာပြီး၊ ဗဟိုအင်အားကြီးနိုင်ငံများဘက်မှ တူရကီ၊ ဘူလ်ဂေးရီယား စသော နိုင်ငံများပါဝင်လာခဲ့သည်။ စစ်ပွဲကြီး ပြီးခါနီးတွင်မှ အမေရိကန်နိုင်ငံသည် မဟာမိတ်နိုင်ငံများဘက်မှ ပါဝင်လာခဲ့သည်။ စစ်ပွဲကြီးအပြီးတွင် ဗဟိုအင်အားကြီးနိုင်ငံများရှုံးနိမ့်၍ မဟာမိတ်နိုင်ငံများ အနိုင်ရရှိခဲ့သည်။

စစ်ဖြစ်ပွားသော နေရာများ

တိုက်ခိုက်မှုအားလုံးနီးပါးသည် အင်္ဂလိပ်ရေလက်ကြားမှ ဆွစ်ဇာလန်အကြား အရှေ့ဥရောပအပါအဝင် ဥရောပ တိုက်၌ ဖြစ်ပွားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့တွင်လည်း အနည်းငယ် ဖြစ်ပွားခဲ့သည်။

စစ်ဖြစ်ရသည့် အကြောင်းအရင်းများ

အရင်းရှင်နိုင်ငံကြီးများအကြား အချင်းချင်းပြိုင်ဆိုင်မှုပြင်းထန်လာသောကြောင့် ပထမကမ္ဘာစစ်ကြီးစတင် ဖြစ်ပွားခဲ့သည်။ စစ်ကြီးဖြစ်ပွားစေသော အကြောင်းအရင်းများမှာ -

  • ကိုလိုနီ နယ်မြေများအပြိုင်အဆိုင်ရှာဖွေလာခြင်း
  • အမျိုးသားရေးဝါဒများ ပြင်းထန်လာခြင်း
  • မဟာမိတ်စစ်အုပ်စုများ အပြိုင်ဖွဲ့စည်းလာခြင်းနှင့်
လက်နက်အပြိုင်တပ်ဆင်လာခြင်းတို့ကြောင့် ဖြစ်သည်။

ပထမကမ္ဘာစစ် စတင်ဖြစ်ပွားရခြင်းအကြောင်
 
ပထမကမ္ဘာစစ်သည် ၁၉၁၄၊ ဇွန်လ (၂၈) ရက်နေ့တွင် သြစတြီးယားအိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် နှင့် ကြင် ယာတော်တို့ ဘော့စနီးယားနိုင်ငံ ဆာရာယေဗို မြို့တွင်လုပ်ကြံခံရရာမှစတင်ခဲ့သည်။ ဘော့စနီးယား နိုင်ငံသည် ၁၉၀၈ ခုနှစ်တွင် သြစတြီးယားနိုင်ငံ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ ဘော့စနီးယန်းအများစုမှာ ဆာ့ဘ်လူမျိုး များဖြစ်ကြသည်။ ထိုသူတို့သည်သြစတြီးယားလက်အောက်မှ လွတ်မြောက်၍ အိမ်နီးချင်း ဆားဘီးယားနိုင်ငံနှင့် ပေါင်းစည်းလိုကြသည်။ သြစတြီးယားအိမ်ရှေ့မင်းသားကို လုပ်ကြံသူမှာ Black Hand ဟုခေါ်သော ဆာ့ဘ်အ ကြမ်းဖက်အသင်းဝင် ဘော့စနီးယန်း အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ဆားဘီးယားနှင့် ဘော့စနီးယား ပေါင်း စည်းရေးကို လိုလားသူဖြစ်သည်။

ဆားဘီးယားနိုင်ငံမှ ယင်းကဲ့သို့လုပ်ကြံမှုမျိုးပေါ်ပေါက်အောင် အားပေးသည်ဟုဆိုကာ သြစတြီးယားကဆားဘီး ယားကို ပြင်းထန်သည့်ရာဇသံများပို့ခဲ့သည်။ သြစတြီးယား၏ ရာဇသံကို ဂျာမနီကထောက်ခံခဲ့သည်။ ထိုရာဇသံ ပါအချက်အလက်များသည် ဆားဘီးယား၏လွပ်လတ်ရေးကိုထိပါးသောကြောင့်လည်းကောင်း၊ ရုရှားနိုင်ငံ၏ ထောက်ခံမှုကိုရရှိသောကြောင့်လည်းကောင်း ဆားဘီးယားသည် သြစတြီးယားကိုရင်ဆိုင်ရန် စစ်ပြင် ဆင်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ရာဇသံကိုလက်မခံနိုင်ကြောင်း သြစတြီးယားအား အကြောင်းကြား ခဲ့သည်။

ထို့ကြောင့် ၁၉၁၄၊ ဇူလိုင်(၂၈) တွင် သြစတြီးယားက ဆားဘီးယားကို စစ်ကြေညာခဲ့သည်။ သြစတြီယားနှင့် ဆား ဘီးယားတို့စစ်ဖြစ်ရာတွင် သြစတြီးယားဘက်မှ ဂျာမနီကလည်းကောင်း၊ ဆားဘီးယားဘက်မှ ပြင်သစ်၊ ရုရှားနှင့် အင်္ဂလန်တို့မှလည်းကောင်း အသီးသီးပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ကိုလိုနီခွဲဝေပေးမည်ဟူသော အင်္ဂ လိပ်နှင့် ပြင်သစ်တို့၏ ဆွဲဆောင်မှုကြောင့် ၁၉၁၅ တွင် အီတလီသည် ယင်းတို့ဘက်မှ ပါဝင်တိုက်ခိုက် ခဲ့သည်။

စစ်ပွဲအခြေအနေ
ပွဲဦးထွက်

စစ်ဦးဘီလူးထွက် ထွက်လာသည့် ဂျာမနီကို တစ်ကမ္ဘာလုံးက အံ့ဩခဲ့ကြသည်။ ဂျာမန်တပ်တို့၏ တိုက်ခိုက်ပုံ များမှာ အနှစ်နှစ်အလလက ကြိုတင်၍ သေချာစွာ ပြင်ဆင်မှု ရှိသကဲ့သို့ အချက်ကျကျ အရာရောက်ရောက်နှင့် ထိမိစွာ တိုက်ခိုက်နိုင်သည်။ ဂျာမနီ၏ စစ်တပ်အင်အားမှာ ဥရောပ တစ်တိုက်လုံး၌ အကြီးမား အထင်ရှားဆုံး ကဲ့သို့ ဖြစ်ခဲ့သည်။ ဂျာမနီသည် တစ်လအတွင်း ပြင်သစ်အား သိမ်းပိုက်ပြီးမှ ရုရှားကို တိုက်ခိုက်ရန် ရည်ရွယ် ထားသည်။ ထို့အပြင် ဗြိတိန်ကို သိမ်းသွင်းပြီး အရှေ့ဘက်သို့ နယ်ချဲ့ရန်၊ ဗော်လကန်နယ်များကို သိမ်းသွင်းရန် အစီအစဉ်လည်း ရှိလေသည်။

ဘယ်လဂျီယမ်ကို ဖြတ်ကျော်ခြင်း

ဂျာမနီသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ပြင်သစ်အား ပိုမိုလျင်မြန်လွယ်ကူစွာ သိမ်းပိုက်နိုင်ရန် ဘယ်လဂျီ ယမ်နိုင်ငံထံ ဖြတ်သန်းခွင့် တောင်းခံခဲ့သည်။ ဘယ်လဂျီယမ်မှာ ကြားနေနိုင်ငံဖြစ်ရာ ဖြတ်သန်းခွင့် မပေးခဲ့ချေ။ ထိုအခါ ဂျာမနီသည် ဇွတ်အတင်း ဖြတ်ကျော်လေသည်။ ဘယ်လဂျီယမ်တွင် ဂျာမန်တပ်များ ရှိနေပါက အင်္ဂလန် ကျွန်း၏ လုံခြုံရေးကို စိုးရိမ်ရသည်က တစ်ကြောင်း၊ဘယ်လဂျီယမ်၏ ကြားနေရေးကို အာမခံထားသည့်အပြင် ယင်းကို ထိပါးလာပါက ကူညီပါမည်ဟု စာချုပ်ချုပ်ထားသည်က တစ်ကြောင်းတို့ကြောင့် ဘယ်လဂျီယမ်ဘက်မှ ကူညီတိုက်ခိုက်ရန် အကြောင်းပြု၍ ဂျာမနီက ဘယ်လဂျီယမ်အား စတင်တိုက်ခိုက်သည့် ဩဂုတ်လ ၄ ရက်နေ့ မကုန်မီမှာပင် ဗြိတိန်က စစ်ကြေငြာကာ စစ်ထဲပါဝင်လာသည်။ ဂျပန်သည် ဗြိတိန်နှင့် ချုပ်ဆိုထားသော မဟာ မိတ်စာချုပ်အရ မကြာမီ ဗြိတိန်ကို ကူညီရန် စစ်ကြေငြာကာ စစ်ထဲဝင်ခဲ့သည်။ အခြား ဟန်ဂေရီ၊ ဘူလ်ဂေးရီ ယား၊ တူရကီစသော နိုင်ငံများကလည်း ဂျာမနီနှင့် ဩစတြီးယားဘက်မှ စစ်ထဲဝင်လာကြရာ ဗဟိုအင်အားကြီး နိုင်ငံများဟု ခေါ်သော ထိုနိုင်ငံများကတစ်ဘက် ရုရှား၊ ပြင်သစ်၊ အင်္ဂလိပ်စသော မဟာမိတ်နိုင်ငံများကတစ် ဘက် စစ်ရေးပြိုင်ကြသည့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာခဲ့သည်။

ဘယ်လဂျီယမ်သည် ရှိသမျှစစ်သား ၂ သန်းခန့်နှင့် အင်အားကြီးမားသော ဂျာမန်စစ်တပ်ကြီးကို ရက်သတ္တ ၂ ပတ်မျှ ကြာအောင် ခုခံတွန်းလှန်နေခဲ့သဖြင့် ပြင်သစ်အဖို့ ဂျာမန်များဝင်ရောက်မည့် လမ်းများတွင် စစ်အင်အား ထပ်ဖြည့်ထားရန် အချိန်ရခဲ့သည့်အပြင် ပြင်သစ်နိုင်ငံမြောက်ပိုင်းသို့ ရှိသမျှသော အင်္ဂလိပ်စစ်တပ်များကိုလည်း တင်ပို့နိုင်ခဲ့သည်။ ထိုသို့ မဟာမိတ်များဘက်တွင် စစ်အင်အား ဖြည့်တင်းရန် အချိန်ရရှိသွားသည့်အတွက် ဂျာမနီမှ စစ်ကိုလျင်မြန်စွာ အနိုင်နှင့်ပိုင်းရန် ရည်မှန်းချက်ကြီး ပျက်ပြားရသည်။

ဘယ်လဂျီယမ် အာဇာနည်စစ်သည်များသည် အစွမ်းကုန်ကြိုးစား တွန်းလှန်ကြသော်လည်း ဂျာမနီ၏ ကြီးမား တောင့်တင်းလှသော ဒဏ်ကို မခံနိုင်ပဲ ဩဂုတ်လ ၁၅ ရက်နေ့တွင် လီအေ့ခံတပ်ကြီး ကျိုးပေါက်သွားပြီးနောက် ၄ ရက်မျှအကြာတွင် ဗရပ်ဆဲမြို့တော်ကြီး ကျဆုံးခဲ့ရလေသည်။ ဘယ်လဂျီယမ် အစိုးရအဖွဲ့လည်း ပြင်သစ်နိုင်ငံ သို့ ပြောင်းရွှေ့သွားရသည်။

ပထမမန်းတိုက်ပွဲ

ဘယ်လဂျီယမ်နိုင်ငံကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံဘက်သို့ ဂျာမန်တပ်များ ဆက်လက် ချီတက်ခဲ့ သည်။ ထိုအခါ ဘယ်လဂျီယမ်၊ ပြင်သစ်၊ အင်္ဂလိပ်တပ်များကလည်း တွန်းလှန်နိုင်သမျှ တွန်းလှန်ခဲ့သည်။ ဤ သို့ဖြင့် မဟာမိတ်တပ်များနှင့် ဂျာမန်တပ်များစသည့် အနောက်ဘက် စစ်မြေပြင် မန်းမြစ်အနီးတွင် ယှဉ်ပြိုင် တိုက် ခိုက်ကြရာ ဂျာမန်တို့ နောက်ဆုတ်ပေးရသည်။ ထို့ကြောင့် ပြင်သစ်နိုင်ငံအတွက် အတန်စိတ်အေး သွားရ သော် လည်း ဂျာမန်တို့မှာ ပြင်သစ်နိုင်ငံ၏ အကြွယ်ဝဆုံးသောနယ် ဆယ်ပုံတစ်ပုံခန့်ကို သိမ်းပိုက်မိထား ကြ သည်။

စစ်ဖြစ်၍ ကြည်းကြောင်းတိုက်ပွဲများတွင် မဟာမိတ်တပ်များသာလျှင် အရှုံးများလေသည်။ ဘယ်လဂျီယမ်နိုင်ငံ အီးပရားတိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်ကြီး တပ်လုံးပြုတ်လုမတတ် ကျဆုံးခဲ့သည်။ ထို့ကြောင့် ဗြိတိန်သည် စစ် တပ်အင်အားကို ထပ်မံဖြည့်တင်းခဲ့ရာ တစ်နှစ်အတွင်း တပ်သားပေါင်း ၁ သန်းကျော် ရရှိခဲ့၍ ဗြိတိသျှ နိုင်ငံတော် အတွင်းမှ စစ်တပ်အင်အားများပါဆိုလျှင် တပ်သား ၂ သန်းကျော် ရှိခဲ့သည်။ သို့သော် စစ်ပွဲတွင် ရန်သူတပ်များ နှင့် ယှဉ်ပြိုင်တိုက်နိုင်လောက်အောင်ကား ကျင့်သား မရှိကြသေးပေ။ ၁၉၁၇ ခုနှစ်လောက်တွင်မှ အင်္ဂလိပ်တို့၏ တိုက်ခိုက်မှု အင်အားမှာ ထိပ်တန်းသို့ ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

စစ်မျက်နှာများ

ပထမ ကမ္ဘာစစ်ကြီးတွင် နိုင်ငံအများ ပါဝင်တိုက်ခိုက်ကြသဖြင့် စစ်မျက်နှာမှာ တစ်နေရာတည်းတွင် မဟုတ်ပေ။ အနောက်ဘက် စစ်မျက်နှာ၊ အရှေ့ဘက် စစ်မျက်နှာ၊ အီတာလျံ စစ်မျက်နှာ၊ ဗော်လကန်တောင်ပိုင်း စစ်မျက်နှာ ဟူ၍ နေရာအနှံ့အပြား ရှိခဲ့သည်။ ထိုစစ်မျက်နှာများတွင် အရေးအပါဆုံးမှာ အနောက်ဘက် စစ်မျက်နှာ ဖြစ် သည်။ အင်္ဂလိပ်ရေလက်ကြားကြီးမှ ဆွစ်ဇာလန်နိုင်ငံအထိ စစ်ကြောင်း ပြန့်နေ၍ မိုင်ပေါင်း ၄၅၀ မျှ ရှည်လျား သည်။

အရှည်လျားဆုံးဖြစ်ပြီး ဒုတိယ အရေးအပါဆုံး စစ်မျက်နှာမှာ အရှေ့ဘက် စစ်မျက်နှာ ဖြစ်၍ ဗောလတစ် ပင် လယ်ကမ်းခြေရှိ ရီးဂမှ ပင်လယ်ကမ်းခြေတိုင်အောင် မိုင်ပေါင်း ၁၁၂၅ မိုင်မျှ ရှည်လျားသည်။ ၁၉၁၅ ခုနှစ်မေလ ၂၃ ရက်နေ့တွင် အီတလီသည် မဟာမိတ်တို့ဖက်မှ စစ်ထဲဝင်လာသောအခါ မိုင် ၃၂၀ မျှ ရှည်လျားသည့် အီတာ လျံ စစ်မျက်နှာတစ်ခု ဖွင့်ခဲ့ပြန်သည်။ စစ်မပြီးမီ နောက်ဆုံး ဖွင့်ရသော စစ်မျက်နှာမှာ စစ်ကြောင်းမိုင် ၃၀၀ မျှ ရှည်လျားသည့် ဗော်လကန်တောင်ပိုင်း စစ်မျက်နှာ ဖြစ်သည်။

တိုက်ခိုက်ရာတွင် နည်းသစ်ထွင်ကာ တစ်ဖက်နှင့် တစ်ဖက် ကတုတ်ကျင်းများထဲမှ ပစ်ခတ်တိုက်ခိုက်ကြသဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်း၊ လျင်မြန်စွာ နေရာပြောင်းရွှေ့ တိုက်ခိုက်ခြင်းများ နည်းပါးလှသည်။ ထိုနည်းဖြ်တိုက် ခိုက် ခြင်းကြောင့် သုံးနှစ်အတွင်း အနောက်ဘက် စစ်မျက်နှာတွင် စစ်ကြောင်းမိုင် ၂၀ မျှ ကျွံဝင်အောင် မည် သည့်ဘက်ကမျှ မတိုက်နိုင်ခဲ့ချေ။ သို့သော် ထိုသို့ စစ်ကြောင်းကို ထိုးဖောက်ရန် ကြိုးစားကြရာ၌ တပ်သားပေါင်း ၁ သန်းကျော် ကျဆုံးခဲ့သည်။

ထိုစစ်မျက်နှာတွင် မဟာမိတ်တပ်များဖက်မှ ထင်ရှား၍ စစ်မှုရေးရာ ကျွမ်းကျင်သော ဆာဂျွန်ဖရင့်၊ စစ်သူကြီး ဆာဒေါက်ကလပ်ဟိတ်၊ မာရှယ်ဂျော့ဖား၊ ဗိုလ်ချုပ်မှူး ပေတန်းနှင့် မာရှယ်ဖော့ စသည့် စစ်ဗိုလ်ကြီးများ ကွပ် ကဲအုပ်ချုပ် တိုက်ခိုက်ခဲ့သည်။ စစ်ထဲသို့ အမေရိကန် ဝင်လာသောအခါ ဗိုလ်ချုပ်မှူး ပါးရှင်းက ဦးစီးခဲ့သည်။ ဂျာမနီစသည့် ဗဟိုနိုင်ငံများဘက်မှ ဂျာမနီ အိမ်ရှေ့ဥပရာဇာနှင့် ဗာဗေးရီးယား ဥပရာဇာများ ကိုယ်တိုင်ကွပ်ကဲ တိုက်ခိုက်ကြသည်။

အရှေ့ဘက် စစ်မျက်နှာတွင် ရုရှားက ခေါင်းဆောင် တိုက်ခိုက်လေရာ နစ်ကလတ် မင်းသားကြီး ကိုယ်တိုင် တစ် နှစ်ခွဲခန့် ဦးစီးခဲ့ပြီးနောက် ရုရှားဇာဘုရင်ကိုယ်တိုင် ကွပ်ကဲတိုက်ခိုက်လေသည်။ ထိုစစ်မျက်နှာတွင် ဂျာမန် တို့ဘက်မှ စစ်ဦးစီးချုပ် လူဒင်ဒေါ့၏ အကူအညီဖြင့် ဗိုလ်ချုပ်မှူး ဟင်ဒင်ဗတ်က ကြီးမှူးတိုက်ခိုက်ခဲ့ရာ တန်နင် ဗတ်တိုက်ပွဲတွင် နာမည်ရခဲ့ပြီး မကြာမီ ဂျာမနီ၏ စစ်သေနာပတိချုပ် ဖြစ်လာသည်။

၁၉၁၅ ခုနှစ်အတွင်း စစ်အခြေအနေ

အနောက်ဘက် စစ်မျက်နှာတွင် သုံးနှစ်ခန့်အတွင်း အကြီးအကျယ် ပြောင်းလဲခဲ့ခြင်း မရှိပေ။ ထိုကြောင့် အင်္ဂလိပ် နှင့် ပြင်သစ်တို့သည် လက်နက်ခဲယမ်း မီးကျောက်များ တိုးတက်တည်ဆောက် ထုတ်လုပ်နိုင်ခဲ့သည် ဖြစ်ရာ တိုက် ပွဲများတွင် အများအားဖြင့် အမြောက်ကို သုံးနိုင်ခဲ့ကြသည်။ ထိုနှစ်အတွင်း စစ်မျက်နှာ၌ အရေးအပါဆုံး တိုက်ပွဲမှာ ဗာဒန်တိုက်ပွဲ ဖြစ်သည်။ ဗာဒန်မှာ ပဲရစ်မြို့သွားရာ လမ်းပေါ်တွင် တည်ရှိ၍ ပြင်သစ်ခံစစ်ကြောင်း၏ အချက်အချာ ဖြစ်လေရာ ဂျာမန်အိမ်ရှေ့ ဥပရာဇာကိုယ်တိုင် ဗာဒန်ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့သည်။ ပြင်သစ်တို့ကလည်း ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့၍ သွေးချောင်းစီးသော တိုက်ပွဲကြီးများ ထိုမြို့အနီး၌ ဖြစ်ပွားခဲ့ လေ သည်။ သို့သော် ဗာဒန်မြို့မှာ ဗိုလ်ချုပ်မှူး (နောက်မာရှယ်) ပေတန်း၏ ကြိုးပမ်းချက်ကြောင့် မကျပဲရှိနေခဲ့ သည်။ ထိုနှစ်တွင် ဂျာမန်တို့သည် အင်္ဂလန်ဘက်သို့ လွယ်ကူစွာ ကူးနိုင်ရေးအတွက် ကဲလေးမြို့ကို သိမ်းပိုက်ရန် စစ်ဆင်ကြပြန်ရာ ဓာတ်ငွေ့များကိုပင် အသုံးပြုလေသည်။ သို့သော် ကနေဒီယန် တပ်သားများ၏ ရွပ်ရွပ်ချွံချွံ တွန်းလှန်မှုကြောင့် ၁၉၁၈ ခုနှစ်တိုင်အောင် ဂျာမန်တို့၏ရန်မှ ကင်းလွတ်ခဲ့သည်။ ထိုနှစ်တွင် မဟာမိတ်တို့မှ အ ရေးပါသော အောင်မြင်မှုမှာ သံမဏိနှင့် အင်္ဂတေတို့ဖြင့် ခိုင်ခံ့စွာ ပြုလုပ်ထားသော လက်ဗီရင့်ခေါ် ဝင်္ကပါအ မည်ရှိ ဂျာမန်မြေအောက်ခံတပ်ကြီးကို သိမ်းပိုက်နိုင်ခြင်း ဖြစ်ပေသည်။ မဟာမိတ်တို့သည် ပြင်သစ်နှင့် ဘယ်လ ဂျီယမ်နိုင်ငံတို့မှ ရန်သူလက် ကျရောက်ခဲ့သော နယ်များကို ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း စတုရန်းမိုင် ပေါင်း ၅၀ ခန့်သာ ပြန်ရခဲ့သည်။

အရှေ့ဘက် စစ်မျက်နှာ မြောက်ဘက်တွင် ဗွန်ဟင်ဒင်ဗတ်၏ ဂျာမန်စစ်တပ်များသည် မဆူးရီယန်အိုင်များ ဒေသတစ်ဝိုက်၌ အရေးသာနေကြသည်။

တောင်ဘက်တွင် ပထမသော် ရုရှားသည် စစ်ရေးလှခဲ့သည်။ ဩစတြီးယားတပ်များ ဂလစ်ရှာနယ်ကိုဖြတ်၍ ဟန်ဂေရီနိုင်ငံထဲသို့ပင် ဝင်နိုင်ခဲ့သည်။ သို့သော် ၁၉၁၅ ခုနှစ် နွေရာသီတွင် ဂျာမန်နှင့် ဩစတြီးယားတပ်များ ပူး ပေါင်း၍ ရုရှားတို့အား ဂလစ်ရှာနယ်ထဲမှ အထူးအောင်မြင်စွာ မောင်းထုတ်လိုက်သည်။ ထိုအခါ နစ်ကလပ် မင်း သားကြီးနေရာတွင် ရုရှားဇာဘုရင်ကိုယ်တိုင် ထိုတပ်များကို ကွပ်ကဲတိုက်ခိုက်လေသည်။

ရုရှားအား ဗဟိုနိုင်ငံများ၏ ဖိနှိပ်ခြင်းမှ သက်သာရာရစေရန် မဟာမိတ်တပ်များသည် တူရကီပိုင် ဒါးဒနဲရေ လက် ကြားမှ ဂလစ်ပိုလီကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူရန် ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် မအောင်မြင်သည့်အပြင် ဗော်လကန်ပြည်နယ်များ၏ အထင်သေးခြင်းကိုပင် ခံရလေသည်။ ဩစတြီးယားသည် ဆားဗီးယားကို တိုက် ခိုက် ခဲ့ရာတွင် မျှော်လင့်သလောက် မလွယ်ကူလှချေ။ ဩစတြီးယားတို့က ဆားဗီးယားမြို့တော် ဗဲလ်ဂရိတ်မြို့ ကို သိမ်းပိုက်ခဲ့သော်လည်း ဆားဗီးယားတို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် မကြာမီ အူရောင်ငန်းဖျား ရောဂါ ကျရောက်သဖြင့် ဆားဗီးယားတပ်များ အတော်ပင် အင်အားနည်းသွားလေသည်။

ထိုကာလအတွင်း ဘူလ်ဂေးရီးယားနိုင်ငံသည် ဗော်လကန်စစ်အတွင်းက ဆုံးရှုံးခဲ့သော ဗော်လကန်ပြည်နယ်အ ချို့ကို ပြန်ရရန် ရည်ရွယ်ချက်ဖြင့် ဗဟိုနိုင်ငံများဖက်သို့ ၁၉၁၅ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီးသော် ဆားဗီးယားကို တိုက်ခိုက်သည်။ ဂျာမန်နှင့် ဩစတြီးယားတပ်များကလည်း ကူညီသဖြင့် ၁၉၁၅ ခုနှစ် ဒီဇင်ဘာလတွင် ဆားဗီး ယားတစ်ပြည်လုံးပင် ရန်သူ့လက်သို့ ကျရောက်သွားသည်။ မဟာမိတ်တို့ဘက်မှ ဆားဗီးယားကို ကူညီရန် ဆယ် လိုနီးကားမြို့သို့ သန်းဝက်မျှရှိသော တပ်များကို ၁၉၁၅ ခု အောက်တိုဘာလတွင် ပို့ခဲ့သည်။ ဆားဗီးယားတပ်ကို လည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုတပ်များသည် မည်သို့မျှ အရာရောက်အောင် မစွမ်းဆောင်နိုင်ပဲ ဆယ်လိုနီးကားတွင်သာ သောင်တင်နေကြသည်။ မဟာမိတ်တို့လည်း မိမိတို့၏ ဂုဏ်သရေကို ထိခိုက်မည်စိုး သောကြောင့် ထိုတပ်များပြန်၍ မဆုတ်ခိုင်းသဖြင့် ၁၉၁၈ ခုနှစ်တိုင်အောင် ထိုတပ်များမှာ ထိုမြို့တွင်ပင် နေခဲ့ ကြသည်။

၁၉၁၆ ခုနှစ်အတွင်း စစ်အခြေအနေ

ထိုနှစ် ဩဂုတ်လအတွင်း ရူမေနီးယားနိုင်ငံသည် မဟာမိတ်တို့ဘက်မှ စစ်ထဲဝင်လာလေသည်။ ရူမေနီးယား သည် ဟန်ဂေရီနိုင်ငံ လက်အောက်သို့ ကျရောက်ခဲ့သော ရူမေနီးယန်း အမျိုးသားတို့၏ လွတ်မြောက်ရေးအ တွက် စစ်ထဲဝင်လာခြင်း ဖြစ်သည်။ ရူမေနီးယားသည် ဟန်ဂေရီနိုင်ငံတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရာ ဂျာမနီနှင့် ဘူလ်ဂေးရီးယားတပ်များက ပြန်လှန်တိုက်ခိုက်သဖြင့် အရေးနိမ့်ခဲ့ရသည့်ပြင် ရူမေနီးယားနိုင်ငံ၏ တစ်ဝက်မျှ ရှိသော အဖိုးတန် ရေနံနှင့် ဂျုံစပါးထွက် ဒေသများမှာ ရန်သူ့လက်တွင်း ကျရောက်ခဲ့သည်။

၁၉၁၅ ခုနှစ် မေလ ၃ ရက်နေ့တွင် အီတလီသည် ဩစတြီးယားပိုင် နယ်မြေအချို့ ရမည်ဟူသော လျှို့ဝှက်ကတိ ကြောင့် ယခင်က ဂျာမနီနှင့် သုံးနိုင်ငံ ချစ်ကြည်ရေး စာချုပ်ကို ဖောက်ဖျက်ပြီးလျှင် မဟာမိတ်တို့ဘက်မှ စစ်ထဲ သို့ ဝင်လာလေသည်။ ထိုနှစ်အတွင်း၌ အီတလီစစ်မျက်နှာတွင် ကြီးကျယ်လှသော တိုက်ပွဲကြီးများ မရှိခဲ့ပေ။ ၁၉၁၆ ခုနှစ် ဩဂုတ်လအတွင်း၌ကား အီတလီသည် ဩစတြီးယားနိုင်ငံကို ထိုးစစ်ဆင်ခဲ့ရာ အရေးအပါဆုံးသော အောင်မြင်မှုမှာ ဂိုးရီးဇီးယားကို သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။ ဆောင်းရာသီ မကျမီလေးတွင် အီတလီသည် အေဒြီယက်တစ်ပင်လယ် သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သော ထရီးယက်မြို့ကို သိမ်းပိုက်တိုက်ခိုက်ရန် အသင့်ပြင် ထားခဲ့သည်။

ထိုနှစ်အတွင်း အရေးအပါဆုံး တိုက်ပွဲမှာ အနောက်ဘက် စစ်မျက်နှာမှ ဗာဒန်တိုက်ပွဲ ဖြစ်သည်။ ဂျာမန်တို့ ဘက် မှ အိမ်ရှေ့ဥပရာဇာ ကိုယ်တိုင်ကွပ်ကဲ တိုက်ခိုက်သည်။ ဖေဖော်ဝါရီလ မကုန်မီမှ စက်တင်ဘာလ ဆန်းခန့် အထိ ၆ လ ခန့် တိုက်ခိုက်ခဲ့သည်တွင် ရှေ့သို့ ၄ မိုင်ခန့်မျှသာ တိုးတက်နိုင်သဖြင့် ဗာဒန်ခံတပ်မြို့ သိမ်းပိုက်ရေးကို ဂျ ာမန်တို့ လက်လျှော့လိုက်ရသည်။ ယင်းသို့ ရှိနေစဉ် မဟာမိတ်တို့သည် မြောက်ဘက်ရှိ ဆုမ်းမြစ်တစ်လျှောက် တွင် အကြီးအကျယ် ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့သည်။ ထိုအချိန်လောက်တွင် မဟာမိတ်တို့၏ အမြောက်လက် နက်များမှာ အထူးတိုးတက် ကောင်းမွန်လာပြီဖြစ်ရာ သံမဏိ၊ အင်္ဂတေတို့ဖြင့် ခိုင်ခံ့လှသည့် မိုင်ပိုင်းများစွာ ရှည် လျားသော ဂျာမန်ကတုတ်ကျင်းများကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် ထိုနှစ်တွင် မဟာမိတ်တို့သည် တင့်ကားများကို စတင်သုံးခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတိုင်အောင် မဟာမိတ်တို့သည် ဖိ၍တိုက်လာခဲ့ရာ ဂျာမန် တို့ သည် ကြံ့ကြံ့ခံယင်း နောက်သို့ တဖြည်းဖြည်း ဆုတ်ပေးခဲ့ရသည်။

အရှေ့ဘက် စစ်မျက်နှာတွင် ဆောင်းရာသီအတွင်း၌ ရုရှားသည် အားဖြည့်နိုင်ခဲ့၍ ဇွန်လလောက်တွင် အရှေ့ ဘက် စစ်ကြောင်း တောင်ဘက်စွန်းမှ ထိုးစစ်ဆင်ကာ ဩစတြီးယားတပ်များကို ကာပေသီယန် တောင်တန်းများ သို့ တိုက်ထုတ်နိုင်ခဲ့သည်။

၁၉၁၆ ခုနှစ်အတွင်း အိုင်ယာလန်ပြည်၌ သူပုန်ထလေရာ မဟာမိတ်တို့၏ စစ်ဆင်မှုတွင် အတန်ပင် ထိခိုက်ဖို့ အကြောင်း ပေါ်ပေါက်ခဲ့သည်။ ထိုမှတပါး ဗြိတိသျှ အစိုးရ၏ အရေးပါသော ရာထူးများကို ထမ်းရွက်ခဲ့သူ ဆာ ရော်ဂျာကေ့စမင်သည် ဂျာမန်လက်နက်များကို အိုင်ယာလန်ပြည်တွင်းသို့ ခိုးသွင်းကာ ပုန်ကန်ရန် ကြံစည် ခဲ့ သဖြင့် အပေါင်းအပါ အခြားခေါင်းဆောင် ၆ ဦးတို့နှင့်အတူ စစ်ဆေး၍ အဆုံးစီရင်လိုက်သည်။

ထိုနှစ်အတွင်း ဂရိနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေကို မဟာမိတ်တို့ဘက်မှ လည်းကောင်း ဗဟိုနိုင်ငံများဘက် မှ လည်းကောင်း စောင့်ကြည့်ခဲ့သည်။ ဂရိနိုင်ငံသည် ဆားဗီးယားအား ရန်သူတို့ ထိပါးလာလျှင် ကူညီတိုက်ခိုက် ပေးရန် သဘောတူညီချက်များ ရှိခဲ့သည်။ သို့သော် ဂရိဘုရင်မှာ ဂျာမန်ကိုင်ဇာဘုရင်၏ ယောက်ဖတော် ဖြစ်သ ဖြင့် ထိုစစ်ထဲတွင် မပါဝင်ပဲ ကြားနေမည့်ယောင်ယောင် ပြုနေခဲ့သည်။ ဂရိမျိုးချစ်များကား ဆားဗီးယားကို ကတိ ထားချက်အတိုင်း ကူညီလိုကြသည်။ ထိုကြောင့် မဟာမိတ်များ ဘူလ်ဂေးရီးယားကို တိုက်ခိုက်သောအခါ ဂရိ မျိုးချစ်တပ်များသည် မဟာမိတ်တို့ဘက်မှ ကူညီတိုက်ခိုက်ခဲ့သည်။ ထိုသို့ ဂရိနိုင်ငံ၏ သဘောထား မပြတ်မသား ရှိနေခဲ့သဖြင့် မဟာမိတ်တို့က ဂရိနိုင်ငံကို စိတ်ချရအောင် ကြိုတင်၍ ရေကြောင်းမှ ပိတ်ဆို့ထားသည်။

ထို့အပြင် အာမေးနီးယားပြည်နယ်ဖက်တွင် နစ်ကလပ် မင်းသားကြီး ကွပ်ကဲသော ရုရှားတပ်များသည် အတန် ပင် အရေးသာခဲ့သည်။ တူရကီနိုင်ငံသည် ဆူးအက်တူးမြောင်းကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း ဗြိတိသျှ တပ်များက တွန်းလှန်လိုက်သဖြင့် မအောင်မြင်ခဲ့ချေ။

ထို့အပြင် အာမေးနီးယားပြည်နယ်ဖက်တွင် နစ်ကလပ် မင်းသားကြီး ကွပ်ကဲသော႐ုရွားတပ်ျမားသည် အတန်ပင် အေရးသာခဲ့သည်။ တူရကီနိုင်ငံသည် ဆူးအက်တူးေမြာင်းကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း ဗြိတိသျှတပ်များက တွန်းလွန်လိုက်သဖြင့် မအောင်မြင်ခဲ့ချေ။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */