Monday, February 15, 2021

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို Bhasan Char ကျွန်းသို့ ဆက်လက်ပို့ဆောင်မည်

 VOA
ဗွီအိုအေ( မြန်မာပိုင်း)
15 ဖေဖော်ဝါရီ၊ 2021  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။  
 
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက နောက်ထပ် ရိုဟင်ဂျာမွတ်စလင် ၃၀၀၀-၄၀၀၀ ကျော်ကို လာမယ့် နှစ် ရက် အတွင်း Bhasan Char ကျွန်းကို ထပ်ပြီး ပို့ဆောင်ဖို့ရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက နောက်ထပ် ရိုဟင်ဂျာမွတ်စလင် ၃၀၀၀-၄၀၀၀ ကျော်ကို လာမယ့် နှစ် ရက်အတွင်း Bhasan Char ကျွန်းကို ထပ်ပြီး ပို့ဆောင်ဖို့ရှိကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူနှစ်ဦးက တနင်္ဂနွေ နေ့က ပြောကြားလိုက်တယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။ ဝေးလံခေါင်ဖျားမှာရှိနေတဲ့ ဘင်္ဂလားပင် လယ်အော်ထဲက အဲဒီကျွန်းမှာ မုန်းတိုင်းတွေနဲ့ ရေကြီးမှု အန္တရာယ်တွေ အတွက် စိုးရိမ်မှုတွေရှိနေပေမယ့် ဘင်္ဂ လားဒေ့ရှ်အစိုးရဘက်ကတော့ ဒုက္ခသည်တွေပို့ဆောင်ရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းကတည်းက Bhasan Char ကျွန်းကို စတင် ရွှေ့ပြောင်းခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀ လောက်ရှိနေပြီဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဖြိုဖျက် ထား တဲ့ တောင်စောင်းတွေပေါ်မှာ ယာယီတဲစခန်းတွေဆောက်ပြီး ခိုလှုံနေကြတာဖြစ်ပါတယ်။

ကျွန်းကိုရွှေ့ပြောင်းမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကို တနင်္လာနဲ့အင်္ဂါနေ့တွေမှာ သင်္ဘောတွေနဲ့ သယ်ယူပို့ ဆောင် ပးမှာဖြစ်တယ်လို့ ရေတပ်ဗိုလ်မှူးချုပ် Rashed Sattar က ပြောကြားခဲ့ပါတယ်။ အခုလို ကျွန်းနေရာကို ရွှေ့ပြောင်းနေထိုင်မှုဟာ မိမိဆန္ဒအလျောက်သာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောထားပေမယ့် ပထမ ဆုံးအသုတ်ထဲမှာ ပါဝင်သူတချို့ကတော့ သူတို့အနေနဲ့ အတင်းအကျပ်ရွှေ့ပြောင်းခံရတာဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဏာသိမ်းပြီး ပထမဆုံးပြောကြားတဲ့ သူ့မိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်ခေါ်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိုနှိုင်းဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
 
Link: Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */