Thursday, December 10, 2020

တပ်မတော်နှင့် AA ပန်ဆန်းတွင် ဆွေးနွေး

ဧရာဝတီ
နန်းလွင်နှင်းပွင့်
10 December 2020
 
၂၀၁၆ ခုနှစ်က မိုင်ဂျာယန် တွင်ပြုလုပ်ခဲ့သော ညီလာခံသို့ တက်ရောက်ခဲ့သော AA အဖွဲ့များ / ဧရာဝတီ

တပ်မတော် နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ နှစ်ဖက် ကိုယ်စားလှယ်များသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင် ဒီဇင်ဘာ ၉ ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြကြာင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲကို တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးဒုတိယအရာရှိချုပ်၊ ဗိုလ်ချုပ်တိုးရီ နှင့် AA ၏ ဒု တိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်တို့က ဦးဆောင်ခဲ့ကြပြီး AA က ရခိုင်ပြည်နယ်တွင် ရွေးကောက် ပွဲ ပြန်ကျင်းပနိုင်ရေးနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

AA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ငြိမ်း ချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့နဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကိစ္စကို သေချာအောင် လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြောသည်။

နှစ်ဖက်တွေ့ဆုံမှုမှာ တနာရီကြာ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဦးခိုင်သုခက “ဆွေးနွေးပွဲအသေးစိတ် ကိစ္စတွေကတော့ လောလောဆယ်ထုတ်ပြောဖို့ မရှိသေးပါဘူး” ဟုဆို သည်။

ပန်ဆန်းဆွေးနွေးပွဲနှင့် ပတ်သတ်၍ တပ်မတော်၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ ဆက်သွယ် မေးမြန်းသော် လည်း ဆက်သွယ်၍ မရပါ။

AA တောင်းဆိုနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရွေးကောက်ပွဲ ပြန်ကျင်းပပေးရေးအချက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ပါက တပ်မတော်၊ အစိုးရ၊ AA တို့ ၃ ဘက်လုံး၏ ဆက်ဆံရေးက ပိုပြေလည် လာ နိုင်လိမ့် မည်ဟု မြောက်ဦးမြို့နယ် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

မြောက်ဦးမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက “အဲ့တာအဆင်ပြေရင် တပ်မတော်ရော AA ရော အစိုးရ ဘက်ရော အကုန်လုံး ၃ ဦး၊ ၃ ဘက်ဆိုင် ချောမွေ့သွားမယ်လို့ ယူဆတယ်။ ချောမွေ့သွားရင် အပစ်အခတ် ရပ်စဲရေးမှသည် ပိုပြီး အဆင့်မြင့်တဲ့ သဘော တူညီချက်ပေါ့။ အခု အပစ်ရပ်စဲရေးက နှစ်ဦးနှစ် ဖက် နား လည်မှုနဲ့ ရပ်ထားတာလောက်ပဲရှိတယ်။ ဘာမှ စာချုပ် မရှိဘူး။ အဆင်ပြေရင် အဆင့်ထပ်မြင့်ပြီး Bilateral လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲ့မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ AA ပါဝင်လာမယ်။ အဲ့လို မျှော်လင့်လို့ ရ တာပေါ့။ အခုကတော့ မဖြစ်တဲ့ အပေါ်မှာ အထစ်အငေ့ါ တခု ရှိတယ်” ဟု ပြောသည်။

တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာမှ ၂၀၂၀ ခုနှစ် နိုဝင်ဘာ အထိ နှစ်နှစ်ကျော်ကြာ တိုက်ခိုက်ခဲ့ ပြီး ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ရွေးကောက် ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါယိုဟီအိ Sasakawa Yohei က ကြားဝင်ညှိနှိုင်းပေး ခဲ့ပြီးနောက် တိုက်ခိုက်မှုများကို ရပ်ဆိုင်းခဲ့သည်။

တိုက်ခိုက်မှုများ ရပ်ဆိုင်းပြီးနောက် AA က ထုတ်ပြန်ချက်တစောင်ထုတ်ကာ အထွေထွေရွေးကောက်ပွဲ ကျင်း ပချိန်က ချန်လှပ်ခံခဲ့ ရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်များကို ဒီဇင်ဘာ ၃၁ မတိုင်ခင် ပြန်ကျင်းပ ပေး ရန် တောင်းဆိုရာ တပ်မတော် ကလည်း သဘောတူလက်ခံကြောင်း၊ နှစ်ဖက်လုံးက တည်ငြိမ်သည့် အ ခင်းအကျင်းကို ဖန်တီးပေးမည်ဟု ကတိပြုထားကြသည်။

ဦးဦးလှစောက “တပ်မတော်ရဲ့သဘောထား၊ AA ရဲ့ တောင်းဆိုချက်ကို UEC က တန်ဖိုးထားရာကျတယ်ဆိုရင် တယောက်နဲ့တယောက် ယုံကြည်မှု ရှိသွားတာပေါ့။ တန်ဖိုးမထားဘူးလို့ အဓိပ္ပာယ်ထွက်သွားရင် ဒီအဖွဲ့ အ စေည်း တွက လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ သူတို့ရဲ့ စဉ်းစားပုံ စဉ်းစားချက်တွေက ကျနော်တို့ မခန့်မှန်းနိုင် ဘူး” ဟုလည်း ဆိုသည်။

တဖက်တွင် AA က ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ မကျင်းပခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါ တီ (NLD) ၏ ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးထားသဖြင့် ပြန်လွှတ်ပေးရန် NLD က တောင်းဆိုလျက် ရှိ သည်။

ဦးဦးလှစောက “သူတို့ကတော့ ရွေးကောက်ပွဲလုပ်ပြီး အေးအေးဆေးဆေးဖြစ်ရင်တော့ လွှတ်မယ်လို့တော့ ပြေတာပဲ။ ကျနော်တို့ ကတော့ ရွေးကောက်ခံကိုယ်စားလှယ် ပေါ့နော်။ ပါတီ Legitimacy၊ ဒီမိုကရက်တစ် Legitimacy လို့ စဉ်းစားတယ်ပေါ့ဗျာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ လူကို လူလို့ပဲ မြင်လိမ့်မယ်။ လူလူချင်း လို့ပဲ မြင်လိမ့်မယ်။ တောင်ကုတ်မှာ ကျနော်တို့ ANP က ဥက္ကဋ္ဌ၊ စည်ပင်ကရယ် ပရဟိတလုပ် သူ တွေ ကို ဖမ်းထားတာ တော် တော်ကြာပြီ။ ရခိုင်ဘက်မှာရော အများကြီး ဖမ်းထားတာ ဆိုတော့ သူဖမ်းကိုယ် ဖမ်းပေါ့။ ဒီပြဿနာကို ကိုင်တွယ်ရာမှာ ကျနော်တို့ကတော့ အမတ်တွေ ကိုယ်စားလှယ်တွေ စဉ်းစားတာပေါ့။ သူပုန်တွေ ကတော့ ဘယ်စဉ်းစားမလဲ။ ကိုယ့်လူဖမ်းရင် သူ့လူလည်း ဖမ်းမှာပဲ စဉ်းစားမှာပဲ” ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးညိုအုန်းမြင့်ကလည်း ပန်ဆန်းဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး တို့ကို တပ်မတော်နှင့် AA ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်ဟု ပြောသည်။

ဦးညိုအုန်းမြင့်က “ဒီလိုဆွေးနွေးညှိနှိုင်းနိုင်တာ မရှိခဲ့ဘူး။ အခုက ထူးခြားပါတယ်။ ဘာပဲပြောပြော ကျနော်တို့ ပြည် ထောင်စုထဲမှာ ရှိနေတဲ့ ပြည်နယ်တခု၊ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို တဆင့်ပြီးတဆင့် ဖြေ ရှင်းသွားနိုင်မယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ အခက်အခဲရှိတာက စိန်ခေါ်မှု တခုဖြစ်ပါတယ်။ ဒီ စိန်ခေါ်မှုကို ကျော်လွှားဖို့ လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းဖို့ ဆောင်ရွက်တယ် ဆိုတာ ဘာပဲပြောပြော ကျ နော်တို့ တိုင်းပြည်က အလားအလာ ကောင်းတယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။

တပ်မတော်နှင့် AA တို့ ပြောဆိုနေသည့် ချန်လှပ်ခံခဲ့ရသည့်မြို့နယ်များကို ရွေးကောက်ပွဲ ပြန်ကျင်းပပေးရေး မှာ ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်ဖြစ်သည့်အပြင် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်တခုဖြစ်သဖြင့် အစိုးရ အနေဖြင့် လည်း ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးရေးကို အငြင်းပွားမည်ဟု မထင်ကြောင်း ဦးညိုအုန်းမြင့်က ပြောသည်။

တပ်မတော်နှင့် AA သည် လက်ရှိ အပစ်ရပ်ဆိုင်းထားသည့် အခြေအနေမှ ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆို ရန်လည်း ညှိနှိုင်းလျက်ရှိသည်။

ကနဦးက Bilateral ညှိနှိုင်းရာတွင် AA ၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၊ မြန်မာအမျိုးသားဒီမိုကရက် တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အဖြစ် တစုတည်း ရပ်တည်ကာ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ညှိ နှိုင်းနေသည်။

ယခုအခါ တပ်မတော်နှင့် AA သည် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုနေမှုများ ရပ် တန့် နိုင်ရန် နှစ်ဖက်တပ်ခေါင်းဆောင်များကြား သီးသန့် ညှိနှိုင်းနေခြင်း ဖြစ်သည်။

နှစ်ဖက် တပ်များအကြား ပြေလည်မှု ရရှိပါက Bilateral စာချုပ် လက်မှတ်ရေးထိုးနိုင်မည် ဖြစ်သည်။

Bilateral ရေးထိုးရန် အဓိက ဆွေးနွေးနေသည့် အချက်များမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ် စပ် နှင့် ပလက်ဝမြို့နယ်အတွင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များအတွင်း အခြေစိုက် လှုပ်ရှားနေ သည့် AA ၏ တပ်များ တည်ရှိမှုကို တပ်မတော်က အသိအမှတ်ပြုပြီး နှစ်ဖက် သဘောတူညီမှုဖြင့် တပ်နေရာ ချထားရေး၊ အပစ်ရပ်ရာတွင် နှစ်ဖက် တပ်များ တည်ရှိမည့် နေရာများ သတ်မှတ်ပြီးနောက် အပစ်ရပ် ဆိုင်းရေး တို့ဖြစ်သည်။

You may also like these stories:


 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */