VOA
ဗွီအိုအေ (မြန်မာပိုင်း)10 ဇူလိုင်၊ 2020
ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှားရဲက မှတ်ပုံတင် စိစစ်နေစဉ်
အင်ဒိုနီးရှားရေပြင်ကို ဇွန်လ ၂၄ ရက်နေ့က ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉၉ ယောက်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနဲ့ Aceh ဒေသအာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုအတွက် အမေရိကန်ပြည်ထောင်စုက ချီးကြူး ဂုဏ်ပြုကြောင်း ဇူလိုင်လ ၉ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR နဲ့ နိုင်ငံတကာရွေ့ ပြောင်း နေ ထိုင်သူများအရေး လုပ်ဆောင်နေတဲ့ IOM အဖွဲ့တို့နဲ့ အနီးကပ်ပူးတွဲ လုပ်ဆောင်နေကြောင်း သိရသလို ဒီအကာကွယ်မဲ့ လူစု ပြဿနာကို အာဆီယံအဖွဲ့အတွင်းမှာ ဦးဆောင်ပြီး လူသားချင်းစာနာမှုအကူညီပေး တာ အတွက် ဂုဏ်ပြုကြောင်းလည်း ပြောပါတယ်။
ဒါဟာ ဒေသတွင်းနိုင်ငံတွေ အတွက်သာမက နိုင်ငံတကာ အသိုင်းဝိုင်း တခုလုံးအတွက်ပါ အကောင်းဆုံး စံန မူနာဖြစ်ကြောင်းနဲ့ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဒဏ်ခံနေရချိန်မျိုးမှာ အာဆီယံနိုင်ငံတွေရဲ့ကမ်း ခြေကိုရောက်လာတဲ့ အကာကွယ်မဲ့သူတွေအတွက် ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လူသားချင်းစာနာ မှု အကူညီပေးရေးမှာ ပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်း ကျရာတာဝန်ကို မ ျှဝေယူကြဖို့လည်း အမေရိကန် ပြည်ထောင်စုက အားပေးကြောင်း ဖေါ်ပြထားပါတယ်။

အင်ဒိုနီးရှားမှာ ယာယီထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို IOM ကူညီပေးနေ
တချိန်ထဲမှာပဲ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ် ဆင်မှုကြောင့် တိုင်းရင်းသား ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် ထောင်နဲ့ချီပြီး အိုးအိမ်ရွှေ့ပြောင်း ထွက်ပြေးနေရတဲ့ အနေထားမျိုး ရောက်နေတယ် ဆိုတဲ့ သတင်းတွေကြောင့် အတော်စိတ်အနှောက်အယှက် ဖြစ်ရကြောင်းလည်း ဖေါ်ပြထား ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ ဒီအခြေနေ တွေ ဒေသခံအသိုင်းဝိုင်းတွေအပေါ် ရိုက်ခတ်မှု ရှိနေတာကို အထူးစိုးရိမ်ကြောင်းလည်း ပြောပါတယ်။
အမေရိကန်အစိုးရက အရင်ကတည်းက တောင်းဆိုထားတဲ့ ဒေသတွင်း အပစ်အခတ်ရပ်စဲဖို၊့ ငြိမ်းချမ်းရေး ဆွေး နွေးဖို့ ဒေသခံအသိုင်းဝိုင်းတွေကို အကာကွယ်ပေးရေး ပြန်လုပ်ဆောင်ဖို့နဲ့ လူသားချင်းစာနာမှု ဆိုင်ရာအဖွဲ့အစည်း တွေ အဲဒီဒေသတွေကို သွားရောက်ခွင့် ပေးဖို့လည်း အလေးအနက်ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ သူတို့ကို စိစစ်ပြီး ပြန်လည်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားတာပါ။
Link : Here

No comments:
Post a Comment