Monday, June 1, 2020

ရိုဟင်ဂျာ IDP တွေ နေရပ်ရင်းမှာ အခြေချနိုင်ရေး DHRP ပါတီ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
01 ဇွန်၊ 2020
အိမ့်သန္တာထွန်း
နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၂၊ ၂၀၁၇)

IDP စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးရာမှာ အဆင်မပြေမှုတွေရှိနေ သလို၊ လူ့အခွင့်အရေးချိုးဖောက်မှု ထပ်မံကျူးလွန်တဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ နိုင်ငံရေးပါတီတခုက သတိပေးလိုက်တာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။
ကျောက်ဖြူမြို့ ကျောက်တစ်လုံးဘက်မှာရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကိုလည်း မူလနေရာမဟုတ် ဘဲ ကျောက်တစ်လုံးကနေ နှစ်ဖာလုံနီးပါးဝေးတဲ့ နေရာမှာနေရာချထားပေးဖို့ ဆောင်ရွက်နေတယ်လို့ သမ္မ တ ရုံးပြောခွင့်ရသူ ဦးဇော်ဌေးက မေလ ၃၀ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုအပြီး အခုလို တုံ့ပြန် လာတာပါ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ DHRP ရဲ့ မေလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဒီ ဒုက္ခသည်တွေကို မူရင်းနေ ရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ တိုက်တွန်းသလို၊ သူတို့ရဲ့မူလနိုင်ငံသား အခွင့်အရေးတွေ ကို ပြန်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ခရီးသွားအထောက်အထား မရှိဘူးဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီး ထောင်ချခံရသူ ရိုဟင်ဂျာ ၈၀၀ ကျော် ပြန်လွှတ်ပေးခဲ့တာကို ကြိုဆိုကြောင်းဖော်ပြသလို ဥပဒေအကာအ ကွယ်မရဘဲ ဖမ်းဆီးထောင်ချခံရတဲ့ ကျန်တဲ့သူတွေကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ICJ ရဲ့ ကြားဖြတ်အစီအမံကိုလည်း အလေးအနက်ထားဖို့ တိုက်တွန်းထား ပါတယ်။ ရိုဟင်ဂျာတွေရဲ့ မူရင်းအိမ်ရာတွေမှာ အခြားကျူးကျော်ဆောက်လုပ်နေထိုင်မှုတွေဟာ ICJ ရဲ့ ကြားဖြတ်အစီအမံနဲ့လည်း ငြိစွန်းတယ်ဆိုပြီး ထောက်ပြထားပါတယ်။

IDP ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မူလ နေရာအစစ်ကို ပြန်ပေးသင့်ပြီး နေရာ အစား ထိုးပေးတာက သူတို့တွေအတွက် ပိုပြီး အခက်အခဲဖြစ်စေတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီ ရဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းက VOA ကို ခုလိုပြောပြပါတယ်။
 
“သူ့နေရာသူ ရောက်သွားရင် ပြဿနာရှင်းသွားမယ်။ အစိုးရဆီက တခြားသော ငွေရေးကြေးရေး ပစ္စည်း ဥစ္စာ အကူအညီမပေးလည်း ရတယ်။ ဒီလူတွေက ကိုယ်ဟာကိုယ် ဒုက္ခခံပြီးတော့ အလုပ်လုပ်ပြီးတော့ ထမင်းစားမယ်။ နေရာတစ်ခု ရဖို့ လိုတာ။ ရခိုင်ပြည် မြို့ပေါ်က နေရာတွေကနေ မောင်းထုတ်ပစ်ပြီးတော့ နယ်စွန်နယ်ဖျားကို ပို့တာ၊ အဲ့ဒီ တော့ ဒုက္ခသည်တွေကလည်း မလိုလားဘူး။ ကျနော်တို့ကလည်း မလိုလားဘူး အဓိက အဲ့ဒါပဲ။ မြေပုံကလူ တွေ ကန့်ကွက်တယ် မရတော့ဘူး။ သူတို့ မူလနေတဲ့ နေရာကနေ ၃၊ ၄ မိုင်ဝေးတဲ့ နေရာမှာ သွားပြီး နေရာချ တယ်။ မြေပုံက လူတွေအားလုံး ရေလုပ်ငန်းလုပ်စားတယ်နော်။ ပင်လယ်နဲ့ ဝေးတယ် ၃၊ ၄ မိုင်ဝေးတဲ့ နေရာ မှာ သွားပြီးတော့ နေရာချတော့ သူတို့လုပ်စားလို့ မရတော့ဘူး။ အခုနေရာချတဲ့နေရာမှာသူတို့မှာ လယ်မြေ ဘာညာလည်း ရှိတာမဟုတ်ဘူးဘယ်လို ထမင်းစားမလဲ။ အဲ့ဒီတော့ သူနေရာနဲ့ သူမပေးဘဲနဲ့ တခြားနေရာ မှာ ပေးတဲ့ဟာက ငါးကို ကုန်းပေါ်မှာတင်ထားသလို ဖြစ်သွားမယ်၊ ငါးသေမှာပဲ။ ဒါမျိုး မလုပ်သင့်ဘူး၊ ဒါလူ့အ ခွင့်အရေးချိုးဖောက်မှုပဲ။ ICJ ကစွဲထားတဲ့ အမှုမှာလည်း ငြိစွန်းသွားနိုင်တယ်လို့ ကျနော်မြင်တယ်။”

ကုလရဲ့ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ တစ်ချက်အပါအဝင်ဖြစ်တဲ့ IDP တွေကို မူလနေထိုင်ရာ နေရာတွေကို ပြန်ရွှေ့ပေးဖို့ အကြံပေးထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ ဦးကျော်မင်းက ခုလို သုံးသပ်ပါတယ်။

“မူလ ရိုဟင်ဂျာတွေရဲ့ နေရာ၊ အဲ့ဒီမှာ ရခိုင်တွေလည်း ကျူးကျော်ပြီးတော့ အိမ်တွေဆောက်နေတာကို အစိုး ရက မြင်နေမှာပေါ့၊ မမြင်ဘဲနေမလား အိမ်ခြေ ၁,၂၀၀ ဆိုတာနည်းတာမှ မဟုတ်တာ။ အဲ့တော့ အစိုးရ ပေါ် လ စီကိုယ်၌က ကိုဖီအာနန်ပြောတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ပေါ့။ ဒီလူတွေကို မူလနေရာ မပေးချင်လို့ ရခိုင်တွေကို သူတို့ရဲ့ နေရာမှာ အိမ်ဆောက်ခွင့်ပေးခဲ့တာပါ။ အခြားမြို့နယ်တွေ ကျောက်ဖြူမှာလည်း ဒီလို ပဲ၊ မူလနေရာကို မပေးနိုင်ရင် တခြားနေရာကို ပေးရမယ်။ အဲ့တော့ ကိုဖီအာနန်ပြောတဲ့အထဲမှာ မူလနေရာ ဟာ ပထမ ဦးစားပေး မတတ်သာမှဘဲ တခြားသင့်တော်တဲ့ နေရာလို့ပါတယ်။ အားလုံးကို သူ့နေရာသူ့ မပေး နိုင်ဖြစ်နေတယ်ဆိုတော့ အစိုးရ ပေါ်လစီထဲမှာကို ဒီလူတွေကို နေရာရင်း မူလနေရာ မပေးချင်တဲ့ ပေါ်လစီ ရှိနေတယ်ပေါ့။”

ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ IDP တွေကို သူတို့ မူလနေထိုင်ရာ ဒါမှမ ဟုတ်တခြား နေရာ သစ်ကို ပြန်လည်ရွှေ့ပြောင်းပေးမယ်ဆိုရင် သူတို့ရဲ့ သဘောဆန္ဒအရသာ ဆောင်ရွက်ပေးရမယ်၊ လုံခြုံမှုရှိရမယ်ဆိုတာတွေအပြင် ဂုဏ်သိက္ခာနဲ့အညီ ပြောင်းရွေ့နိုင်ရမယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါ တယ်။ အဲ့ဒါတွေအပြင် သူတို့မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ရ မှာ ဖြစ်ပြီး အဲ့ဒီလို မလုပ်နိုင်ဘူးဆိုရင် IDP တွေပြောင်းရွှေ့လိုတဲ့ နေရာသစ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက် ပေးရမယ်လို့လည်း အကြံပေးထားပါတယ်။


SEE ALSO:
စစ်တွေက မွတ်ဆလင်ရပ်ကွက် ကျူးကျော်တွေ ဖယ်ရှားဖို့အမိန့် ပြန်ရုပ်သိမ်း 


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်က ဖြစ်ခဲတဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေကြောင့် ဒေသခံရခိုင်ပြည်သူတွေရော မွတ်ဆလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ရိုဟင်ဂျာ ၆၀၀,၀၀၀ လောက် ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရ တာပါ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲမှာတော့ ဒုက္ခသည် ၉၀၀,၀၀၀ ဝန်းကျင်လောက် ရှိနေပါတယ်။ အဲ ဒီဒေသက မွတ်ဆလင်အသိုင်းအဝိုင်းကို ရိုဟင်ဂျာအဖြစ် မြန်မာအစိုးရက အသိအမှတ်မပြုပေးမဲ့လို့ ဒုက္ခ သည်တွေ ပြန်လည်လက်ခံရေး နေရာချထားရေးတွေကို မူအားဖြင့် လက်ခံထားပါတယ်။

ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းကြောင်း ထုတ်ပြန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာဒေသမှာ လွှတ်တော်အမတ် လေးနေရာရခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ နိုင်ငံ ရေးပါတီအဖြစ် တရားဝင်ပြန်မှတ်ပုံတင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကိုယ် စားလှယ်အတော်များများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။  

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */