လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.06.02
အူခီးယာ ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ အသက် ၇၁ နှစ်ရှိ ရိုဟင်ဂျာဒုက္ခသည် အမျိုး သားတဦး ပြီးခဲ့တဲ့စနေနေ့က သေဆုံးသွားခဲ့တာမှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ UNHCR ကုလသ မဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးပြောရေးဆိုခွင့်ရှိသူ Louise Donovan လူဝီးစ် ဒိုနိုဗန် က RFA ကို မနေ့က အတည်ပြုပြောကြားပါတယ်။
မြန်မာဌာန | သတင်းများ
2020.06.02
အူခီးယာ ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ အသက် ၇၁ နှစ်ရှိ ရိုဟင်ဂျာဒုက္ခသည် အမျိုး သားတဦး ပြီးခဲ့တဲ့စနေနေ့က သေဆုံးသွားခဲ့တာမှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ UNHCR ကုလသ မဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးပြောရေးဆိုခွင့်ရှိသူ Louise Donovan လူဝီးစ် ဒိုနိုဗန် က RFA ကို မနေ့က အတည်ပြုပြောကြားပါတယ်။
တဆက်တည်းမှာပဲ လူဝီးစ် ဒိုနိုဗန်က ကော့ဆက်ဘဇားဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးတဲ့ ဓာတ် ခွဲခန်းတခု ထူထောင်ထားပြီး လက်ရှိမှာ တနေ့ကို လူ ၂ဝဝ ထံကရရှိတဲ့ နမူနာတွေကို စစ်ဆေးနိုင်ပါတယ်၊ WHO ကမ္ဘာ့ကျန်းမာရေးဌာနက ပေးပို့တဲ့ နောက်ထပ်စက်တလုံးကို လာမယ့်အပတ်မှာ ရရှိမှာဖြစ်ပြီး အဲဒီ စက်ကိုပါ တပ်ဆင်ပြီးရင်တော့ တရက်ကို လူ ၅ဝဝ ခန့်အထိ ဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်ပါလိမ့်မယ်လို့ ဆိုပါ တယ်။
ဒါ့အပြင် အသည်းအသန်နာမကျန်းဖြစ်တဲ့ ဗိုင်းရပ်စ်လူနာတွေကို ကုသပေးရေးအတွက် ICU အထူးကြပ် မတ်ကုသဆောင်တခုကို ကော့ဆက်ဘဇားကဆေးရုံတခုမှာ တည်ဆောက်နေပါတယ်။ အဲဒီ ကုသဆောင် မှာ အသက်ရှူစက် ၁ဝ လုံးရှိမှာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကိုသာမက ဒေသခံပြည်သူတွေကိုပါ ကုသ ပေး မှာဖြစ်ပါတယ်လို့ ကုလအရာရှိက RFA ကိုပြောပါတယ်။
ကုတုပလောင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာခေါင်းဆောင် ဆိုင်းဖူးလ်ဆိုသူကတော့ အခုလို အူခီး ယာစခန်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပထမဆုံးလူတယောက်သေဆုံးတဲ့သတင်းကို ကြားရတဲ့အတွက် သူတို့စ ခန်း က လူတွေလည်း စိုးရိမ်နေကြကြောင်း ဒါပေမယ့် စခန်းထဲမှာ လူတွေသိပ်များပြားပြီး တဦးနဲ့တဦး ခပ် ခွာခွာနေဖို့ သတိ ပေးတိုက်တွန်းတာကို လူတွေက လိုက်နာမှုအားနည်းကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်က ထွက်ပြေးပြီး အဲဒီကော့ဆက်ဘဇားဒေသဒုက္ခသည်စခန်းတခုမှာ ရောက်ရှိနေတဲ့ ဟိန္ဒူ လူမျိုး ၄ဝဝ ကျော်ရှိပါတယ်။ အဲဒီ ဟိန္ဒူစခန်းမှာတော့ အခုအချိန်အထိ ဒီဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ မရှိသေးပါဘူး။ ဒါပေမယ့် အာလုံးစိုးရိမ်ကြောက်လန့်နေကြပြီး မြန်မာပြည်ကို သူတို့ အလွန်ပြန်ချင်နေကြတယ် လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ရခိုင် ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ ဦးဆောင်တာဝန်ခံ ဦးရာဂူနေမြင့် က RFA ကို မနေ့ညပိုင်းမှာ ပြောကြားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ ရခိုင်ပြည်နယ်က ထွက်ပြေးခိုလှုံနေ တဲ့ ရိုဟင်ဂျာ ၁ သန်းခန့်ရှိပြီး ၁ဝ ပေ ပတ်လည်လောက် အခန်းတခုမှာ လူ ၁၂ ဦးလောက်အထိ နေထိုင် လျှက်ရှိတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမယ့် အန္တရာယ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေက စိုးရိမ်နေကြပါတယ်။
Link : Here
No comments:
Post a Comment